Firefox Zawgyi fixed just double click

Firefox မှာ Zawgyi font setting ကို ဘယ်လို setting ချရမလဲ။ about:config ကို မသုံးတတ်ဘူး။ စတာတွေ.. စတာတွေ… အတွက်.. ဒီ bat file လေးကို download ချ ။ double click နှိပ်လိုက်။ မည်းမည်း screen တက်လာမယ်။ ခဏနေ ပြန်ပိတ်သွားမယ်။ ခဏလေးပဲ တက်လာမှာနော်။ ပြီးရင် firefox မှာ zawgyi font အလိုအလျောက် setting ချထားပြီးသားပါ။ ပြီးတော့ firefox ကို မြန်စေမယ့် နည်းလမ်းတွေပါ တစ်ခါတည်း setting ချပေးထားပါတယ်။

JSP need a new browser

ကျွန်တော် အခုတလော ကြည့်ကြည့်ဖြစ်တယ်။ ASP.NET က IE နဲ့ဆို မြန်တယ်လို့ဆိုလို့ရမယ်။ firefox ထက်စာရင်ပေါ့။ IE က PHP တွေ အခြား AJAX တွေက firefox လောက်မမြန်ပြန်ဘူး။ Firefox ကလည်း မြန်တယ်။ ဒါပေမယ့် ASP.NET page တွေကို IE လောက် လျင်လျင်မြန်မြန် မကြည့်နိုင်ဘူး။ AJAX ပိုင်းဆိုရင်တော့ chrome ကို ဘယ်သူမှ မယှဉ်နိုင်ဘူးဗျ။ Opera ကတော့ downloading ပိုင်းတော်တော် မြန်တယ်ဗျ။ Safari ကတော့ မကြိုက်ဘူးဗျ။ လေးလို့။ သူက memory တော်တော်စားတယ်။ Chrome က memory ပိုင်းသက်သတယ်။ FF3 ကတော့ chrome လောက်မသက်သာပေမယ့် IE ထက်စာရင် သာတယ်လို့ဆိုရမယ်။ အဲ… JSP ကတော့ တကယ့်ကို အားငယ်စရာပဲ။ JSP page တွေကတော်တော်ကြာတယ်ဗျာ။ ဘာနဲ့ မဆို PHP လောက်မမြန်ဘူးဖြစ်နေတယ်။ Sun ကတော့ JSP အတွက် browser လေးထုတ်ပေးသင့်နေပြီထင်တယ်။ google လိုမျိုး gmail တွေ google doc တွေ google gear တွေဆို အသေမြန်တဲ့ chrome လိုမျိုးလေး sun ကတော့ ထုတ်သင့်ပြီ။ Gmail ဖွင့်ရာမှာ chrome က firefox ထက်စာရင် အများကြီးမြန်တယ်။ Google Doc ဆိုရင် firefox မှာလုံးလုံး မမိုက်ပေမယ့် Chrome နဲ့ဆိုတော်တော်လန်းတာပဲ။ JSP ဘဝကတော့ တော်တော်လေး အားငယ်စရာပါလားနော်….

Chrome ကိုမကြိုက် firefox ကိုသာခိုက်

ရေးတောင်မရေးရသေးဘူး။ ခေါင်းစဉ်ယူထားတာတောင် comment တွေက တက်လာပြီ။ google chrome ကိုတော်တော်များများ စမ်းပြီးပြီ ထင်ပါ့။ ကဲ… အခုမှ ကျွန်တော် ဘာလို့ မကြိုက်ရတာလဲဆိုတာလေးကို ရေးပါတော့မယ်။ ရေးတာ ရေးရမှာ သူများတွေ comment မှာလာထည့်သွားပြီ။ ဒန်….တန်…တန်…… လိုက်ကာဖွင့်စေ… ( ကိုပီဇီ ဇာတ်ဆရာ အထာတွေ :P )

Continue reading

Gmail Manager

ကျွန်တော်တို့တွေဆီမှာ Google account တစ်ခုမက ရှိကြပါတယ်။ Gmail စစ်ရင် ပြသနာ အမြဲဖြစ်တယ်။ account တစ်ခုကနေ တစ်ခုပြောင်းရတာ ပြသနာပဲဗျ။ အခုတော့ ကျွန်တော်က firefox addon လေး သုံးလိုက်တော့ အဆင်ပြေသွားပါတယ်ဗျာ။ ကျွန်တော် သုံးတဲ့ add on ကတော့ Gmail Manager လို့ခေါ်တဲ့ add on လေးပါပဲ။ Google account တွေ တစ်ခု မကထည့်လို့ရတယ်။ နောက်ပြီး account အားလုံးရဲ့ email အဝင်ကို ကြည့်လို့ရတယ်။ ကိုယ်ပြောင်းချင်တဲ့ account လေးကို နှိပ်လိုက်ရုံပါပဲ။ ကျွန်တော့် အတွက်တော့ တော်တော်လေးကို အဆင်ပြေတာပဲဗျာ။

Scribe Fire

ကျွန်တော်တို့တွေ Blog ရေးမယ်ဆိုရင် wordpress ကိုဝင်ရ။ ပြီးရင် Login တွေ ဝင်ရ။ နောက်ပြီး Menu တွေ အဆင့်ဆင့်ဝင်နေရတယ်။ Blog ဆိုတာကတော့ အလောတကြီးရေးစရာတွေတော့ မရှိပါဘူး။ ဒါပေမယ့် internet connection မကောင်းတဲ့လူတွေတော့ Scribe Fire ဆိုတဲ့ firefox plugin လေး မိတ်ဆက်ပေးပါရစေ။ Continue reading

Flash Game တွေဆော့မလား

online သုံးနေရင်း တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိ ပျင်းလာတတ်ပါတယ်။ တစ်ခါတစ်လေ ဘာမှကို လုပ်ချင်စိတ်မရှိတော့တာ။ အဲဒီလို အခါလေးတွေမှာ ကျွန်တော်ကတော့ www.y8.com ကို ညွှန်းပါရစေ။ အဲဒီမှာ flash game တွေ ပုံနေပါတယ်။ အားရပါးရ ထိုင်ဆော့ နေရုံပဲ။ တကယ်လို့ game တွေကို လိုချင်သပါ့ဆိုရင်တော့ Fire fox addon Embeded Download ကို အသုံးပြုပြီး ကိုယ့်စက်ထဲကို download ချနိုင်ပါတယ်။