မနေ့တုန်းကတော့ Flash Future ဆိုပြီး ကျွန်တော် ရေးပြီးပါပြီ။ Flash ဟာ အနာဂတ်မှာ ပျောက်ဆုံးသွားမှာလားဆိုတဲ့ မေးခွန်း တစ်ခုကို ဖြေရမယ်ဆိုရတော့ မပျောက်ဆုံးပါ။ မသေဆုံးနိုင်ပါ။ Adobe ဟာလည်း flash ကို သေဆုံးခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး blog post တွေ တော်တော်များများမှာ Flash နဲ့ HTML 5, jquery ဟာ ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပြီ လို့ ရေးလာကြပါတယ်။ တကယ်တန်းစဉ်းစားကြည့်မယ်ဆို ဟုတ်သလိုလိုနဲ့ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့ Flash က မသေဆုံးနိုင်တာလဲ။
Continue reading
Tag Archives: flash
Flash Future ?
ဒီနေ့ Flash နဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ထူးတေဇာ ရဲ့ twitter status ကနေ link ရလို့ဖတ်ဖြစ်လိုက်တယ်။ Opera က HTML5 video ကိုပဲ support လုပ်မယ်ဆိုတာလေးပါ။ အကုန်လုံး သိကြတဲ့အတိုင်းပဲ Flash က iPhone, iPodTouch, iPad တွေမှာ မရသလို အသစ်ထွက်ရှိမယ့် iPhone OS 4 မှာလည်း အများမျှော်လင့်သလို မပါဝင်ခဲ့တာ သိကြပြီးတဲ့အတိုင်းပဲ။ ပထမဆုံး Apple က Flv တွေအစား HTML5 ကို video မှာ အသုံးပြုဖို့စတင်ခဲ့တယ်။ HTML5 အတွက် mp4 ကို အသုံးပြုခဲ့တယ်။ အဲလိုပဲ Google ကလည်း HTML5 video ကို စတင် support လုပ်ပြီး youtube မှာ HTML5 video version ကို စမ်းသပ်သုံးစွဲလို့ရနေတာ ကြာပါပြီ။ နောက်ပြီး မကြာခင်မှာ Google Docs တစ်ခုလုံးဟာ HTML5 ကိုပဲ အဓိက သုံးသွားတော့မှာပါ။ Microsoft ကလည်း အသစ်ထွက်မယ့် IE 9 မှာ HTML5 video ကို စတင်ပြီး support လုပ်ပါတော့မယ်။ Opera ကလည်း HTML5 video ကို support လုပ်နေပါပြီ။
Could not find FlashPaper Printer
Flashpaper ကို Vista မှာ သွင်းပြီးတော့ အဆင်မပြေဘူးဖြစ်နေတယ်။ Could not find flashpaper printer ဆိုတာပဲ ပြနေတယ်။ ဒါနဲ့ google မှာ ရှာကြည့်လိုက်တော့
http://kb2.adobe.com/cps/670/2fc670f6.htm
အဲမှာ fix လုပ်ဖို့ပေးထားတာလေး တွေ့တယ်ဗျ။
http://kb2.adobe.com/support/flashpaper/ts/documents/2fc670f6/fpdriver_install.zip
fpdriver_install လေးကို သွင်းလိုက်တော့ Macromedia FlashPaper ဆိုတာ Printer ထဲမှာ ပေါ်လာတယ်။ ဒါပေမယ့် print က လုပ်လို့မရပြန်ဘူး။ ဒါနဲ့ Macromedia FlashPaper > R-Click > Properties >Ports ကိုသွားကြည့်လိုက်တော့ ports က လွဲနေတာကို။ FlashPaperPrinterPort ကိုပြန်ပြောင်းရွေးပေးလိုက်တော့ အဆင်ပြေသွားတယ်။ flash paper က pdf ထက်စာရင် site က ပိုကျုံ့တယ်။ share လုပ်ရတာ အဆင်ပြေတာပေါ့။
ColorWizard
ကျွန်တော်တို့တွေ web site တွေ ဆောက်တဲ့အခါမှာ color match ဖြစ်ဖို့က အရေးကြီးပါတယ်။ နောက်မို့ဆို ကြည့်ရဆိုးတယ်။ color match ဖြစ်ဖို့ကလည်း color theory ကျွမ်းမှဖြစ်မယ်လေ။ ဒါမှ ဘယ် color အတွဲတွေဆို လိုက်မယ်။ ဘယ် color နဲ့ ဘယ် color ဆို မသုံးရဘူး။ စတဲ့ theory တွေကို လေ့လာနေရပါအုံးမယ်။ ကျွန်တော်ကတော့
www.colorsontheweb.com/colorwizard.asp ကနေ ယူထားတဲ့ ColoWizard ဆိုတဲ့ flash file လေးကို သုံးတယ်။ adobe kular က online မှာမှ အဆင်ပြေမှာဖြစ်တဲ့အတွက်ကြောင့် offline သုံးလို့ကောင်းတဲ့ ColorWizard ကို ရွေးချယ်ခဲ့တာပါ။ တော်တော်လေးကို web design တွေ အတွက် အဆင်ပြေသွားတယ်။ ကိုယ် color ထည့်လိုက်တာနဲ့ သူ့ color အတွဲလေးတွေ ထုတ်ပေးပါတယ်။
Mirror ( For MPT )
Download
Ready For Use
Flash Player
http://www.4shared.com/file/70814179/3231f3b2/Flash_Player.html
Install သွင်းလိုက်ရုံပဲ, File assoication ပါ တစ်ခါတည်းရအောင် လုပ်ထားပေးတယ်။ တချို့တွေစက်ထဲမှာ firefox နဲ့ပဲ flash က ပွင့်တယ်ဆိုလို့ flashplayer CS 3 လေးကို package လုပ်လိုက်တာ။
Gtalk Smile
http://www.4shared.com/file/70814635/5aa46c18/smile_orkutPicture.html
Double Click လုပ်ပြီးသွင်းရုံပဲ။ ပြီးရင် Gtalk -> Setting -> Apperance မှာ Smile OrkutPicture ကိုရွေးပေးရုံပဲ။
Flash Game တွေဆော့မလား
online သုံးနေရင်း တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိ ပျင်းလာတတ်ပါတယ်။ တစ်ခါတစ်လေ ဘာမှကို လုပ်ချင်စိတ်မရှိတော့တာ။ အဲဒီလို အခါလေးတွေမှာ ကျွန်တော်ကတော့ www.y8.com ကို ညွှန်းပါရစေ။ အဲဒီမှာ flash game တွေ ပုံနေပါတယ်။ အားရပါးရ ထိုင်ဆော့ နေရုံပဲ။ တကယ်လို့ game တွေကို လိုချင်သပါ့ဆိုရင်တော့ Fire fox addon Embeded Download ကို အသုံးပြုပြီး ကိုယ့်စက်ထဲကို download ချနိုင်ပါတယ်။
Anim-FX
ကျွန်တော် Flash နဲ့ website တွေဆွဲတုန်းက အသုံးပြုခဲ့တာပါ။ မနေ့ကမှ အသုံးလိုလို့ ပြန်သုံးရင်း သူများတွေလည်း သုံးကြည့်ရအောင်ဆိုပြီး မျှဝေလိုက်ပါတယ်ဗျာ။ သုံးကြည့်လိုက်မှ ခိုက်သွားမယ်။ Flash ဆွဲတတ်စရာမလိုပဲ intro လန်းလန်းလေးတွေ လုပ်လို့ရပါတယ်။