အခုတလော ရုံးမှာ framework ပြဿနာ တော်တော်လေး ရှုပ်သွားတယ်။ အဲဒီတော့ ကိုယ်ပိုင် framework တစ်ခု တည်ဆောက်ခြင်းရဲ့ ကောင်းခြင်း မကောင်းခြင်းတွေတော့ သဘောပေါက်သွားတာပေါ့။ framework တစ်ခု တည်ဆောက်တော့မယ်ဆိုရင် အခုနောက်ပိုင်းကတော့ MVC pattern နဲ့ ပဲ တည်ဆောက်ကြပါတယ်။ MVC Pattern အတွက် တစ်ယောက်နဲ့ တစ်ယောက် approve မတူကြဘူးဗျ။ ကျွန်တော်ကတော့ Symfony နဲ့ CI ပဲ သုံးဖူးတော့ သူတို့ ၂ ခု မတူညီတာကို သိတယ်။ ROR ကတော့ မေ့သွားပြီလို့ ဆိုလို့ရမယ်။ ROR ကို ခဏလောက်ပဲ လုပ်ဖူးတယ်။ နောက်ပိုင်း စာအုပ်က version နဲ့ ထွက်တဲ့ version မတူတာနဲ့ ရှေ့မဆက်ဖြစ်တော့တာ အခုထက်ထိပဲ။ အဲ… လွဲကုန်အုံးမယ်
Tag Archives: framework
Sencha Touch
အခုတလော နာမည်ကြီးနေတဲ့ Sencha Touch ကို စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လို့ အခုစမ်းကြည့်လိုက်တယ်။ တော်တော်မိုက်တာပဲဗျ။ ကိုယ့်မှာ iPad မရှိတော့ iPad view ဘယ်လိုပေါ်လဲဆိုတာကို Simulator နဲ့ပဲကြည့်နေရတယ်။ iPad Simulator က သေးသေးလေး။ Sencha ဆိုတာက ဂျပန် လက်ဖက်စိမ်း လို့ ခေါ်တယ်ထင်တယ်။ သူက jQTouch ထက်သာတာက အများကြီးပဲ။ iPad အတွက်နဲ့ iPhone အတွက် design ကို page တစ်ခုတည်းနဲ့ ဖြစ်အောင် လုပ်လို့ရတာလေးတော့ သဘောကျတယ်။ Code တွေကတော့ weekend မှပဲ လေ့လာတော့မယ်။ အခုတလော လုပ်ချင်တာတွေ အရမ်းများနေတယ်။ အလုပ်မှာလည်း မအားတာနဲ့ တခြားဘာမှ မလုပ်ဖြစ်ဘူး။ အားရင်တော့ ဆံချာ ဆိုတဲ့ဟာလေးနဲ့ Ornagai ကို ပြန်ပြင်မလား စဉ်းစားနေတယ်။
Why need to develop own php framework ?
တကယ်လို့ PHP developer တစ်ယောက်က PHP ကို ကျွမ်းကျင်နေပြီလို့ ယူဆရင်တော့ php framework တစ်ခုလောက် ဆောက်ကြည့်သင့်တယ်။ phpframework တွေက နည်းတာ မဟုတ်ဘူး ဘာလို့ framework ရေးမှာလည်း။ သူများ ရေးထားတာပဲ ယူသုံးမှာပေါ့လို့ ဆိုကောင်းဆိုမယ်။ ဟုတ်ပါတယ်။ http://www.phpframeworks.com/ မှာ ပြထားတဲ့ framework တွေတောင် မနည်းပါဘူး။ ဒါဆိုဘာလို့ ကိုယ်ပိုင် PHP framework ရေးဖို့လိုတာလဲ။ skill and knowledge အတွက်ပါ။
How to make MVC framework
ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။
Jumping to PHP framework
အရင်တုန်းကတော့ PHP Framework အကြောင်းပြောခဲ့ဘူးတယ်။ MVC အကြောင်းလည်း ပြောခဲ့ဘူးတယ်။ အခု ကျွန်တော်တို့တွေ framework ကိုပြောင်းသုံးတော့မယ်။ ဘာပိုကောင်းတာတွေလဲဆိုတာကို သိပြီ။ ကျွန်တော်တို့framework ကိုပြောင်းသုံးသင့်မသင့် စဉ်းစားရအောင်။
ဘယ်သူတွေပြောင်းသင့်လဲ။
ပြောင်းသင့်တာကတော့ Professional PHP Web Developer တွေပဲဗျ။ ဟင် professional web developer တွေပဲလား။ basic သမားတွေက ဘာလို့ ပြောင်းလို့မရမှာလဲ။ အဲလို မေးလာရင်တော့ ပြောင်းချင်ရင် ရပါတယ်ဗျာ။ အဲလိုပြောင်းလိုက်တဲ့အခါမှာ အခြေခံပိုင်နိုင်ခြင်း မရှိသေးပဲ Framework ကိုပြောင်းလိုက်တဲ့အတွက် နောက်ပိုင်း framework ကို သဘောကျပြီး ဆက်သုံးဖြစ်လိမ့်မယ်။ အဲဒီအခါ PHP ရဲ့ code အချို့ကို မေ့ကုန်လိမ့်မယ်။ နောက်ထပ် framework ကို ပြောင်းရင် အခက်အခဲတွေ ရှိလာနိုင်တယ်။ တနည်းပြောရရင်ဗျာ.. foundation ခိုင်ဖို့လိုတယ်။ foundation မခိုင်ပဲနဲ့ အဆင့်ကျော်တက်ရင် မြန်တာပဲရှိမယ်။ တြိဂံ ပြောင်းပြန် ကြီးဖြစ်သွားလိမ့်မယ်။
PHP CMS & Framework
CMS တွေက အများကြီးပဲ… ဒါပေမယ့် အောင်မြင်တဲ့ CMS က ရှားတယ်.. Framework တွေလည်း များပါတယ်.. popular ဖြစ်တဲ့ framework ကတော့ ရှားပါတယ်…. Linux OS တွေကတော့ အများကြီး ဒါပေမယ့် အောင်မြင်နေတဲ့ Linux OS ကတော့ ရှားနေဆဲပဲ…
Continue reading
MVC & Me
MVC (Model , View , Controller) ကို ROR ကတည်းက စပြီးတွေ့တယ်.. နောက်ပိုင်း cakePHP, symfony တွေလေ့လာတော့လည်း ကြုံရတယ်… အမှန်တိုင်းဆိုရင်တော့ MVC ကို မကျွမ်းဘူးဗျ… ဒါကြောင့် ROR ကို ကောင်းကောင်းမသုံးတတ်သလို cakePHP, symfony ကိုလည်း မရခဲ့ဘူး… အခုအချိန်မှာ လုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ Zend Framework ကိုလေ့လာပြန်တော့လည်း MVC နဲ့ တွေ့ပြန်ကော.. MVC က သမာရိုးကျ တွေးခေါ်ပုံနဲ့ မတူတော့ နားလည်အောင် အရင်လုပ်မှ ဖြစ်မယ်… သူ့ flow လေးတွေကို နားလည်အောင်တော့ စာသေချာဖတ်မှဖြစ်တော့မယ်… အခု website1 မှာတော့ သမာရိုးကျကနေ MVC ပြောင်းတာလေးပါတယ်.. မဆိုးဘူးဗျ.. ရေးထားတာလေး… အခုတော့ PHP ကို ကျေညက်အောင်ပြန်လုပ်ပြီးရင်တော့ MVC ကိုကူးမှ ဖြစ်မယ်… တော်တော်များများက နောက်ပိုင်း MVC တွေ ဖြစ်ကုန်ပြီ… အခုကတည်းက လေ့လာထားမှပဲ….
Zend Framework Ebook လေးတွေ
http://www.4shared.com/get/51914894/f2dc4662/Guide_to_Programming_with_Zend_Framework.html
- www.cyberciti.biz/tips/zend-framework-php-tutorial.html [↩]
