Google ဘယ်လို အပင်ပန်းခံထားလဲဆိုတာကို သိသိသာသာ ပေါ်ပေါ်ထင်ထင် ချစ်ဖို့ကောင်းအောင် ဆွဲထားတဲ့ ကာတွန်းလေးပဲဗျ။
Google. Street View Privacy from Alex Gurghis on Vimeo.
Google ဘယ်လို အပင်ပန်းခံထားလဲဆိုတာကို သိသိသာသာ ပေါ်ပေါ်ထင်ထင် ချစ်ဖို့ကောင်းအောင် ဆွဲထားတဲ့ ကာတွန်းလေးပဲဗျ။
Google. Street View Privacy from Alex Gurghis on Vimeo.
တော်တော်ကောင်းတဲ့ ပွဲပဲ။ လူကတော့ အများကြီးတော့ မလာဘူး။ iPhone နဲက Google Android အကြောင်းတော့ ကောင်းကောင်းလေး သိလိုက်ရတယ်။ နောက်ပြီး opengap ဆိုတာလေးပါ အဆစ်သိလိုက်ရတာ တန်သွားတယ်။ လုပ်တဲ့နေရာကတော့ Singapore Microsoft Office မှာပါ။ NTUC 22 ထပ်မှာ လုပ်တာပါ။ ရယ်တော့ရယ်ရတယ်နော်။ iPhone နဲ့ Google Android ပြိုင်တာ Microsoft Office ရုံးမှာဆိုတော့။
Microsoft ကလည်း သူတို့ product အသစ်တစ်ခုကို မိတ်ဆက်သွားပါတယ်။ Website Spark အကြောင်းပြောသွားတယ်။ ကျွန်တော်နဲ့ MS က မသက်ဆိုင်တော့ သလိုဖြစ်တော့ ကျွန်တော်လည်း သူ့ site ကိုသွားပြီး မစမ်းရသေးဘူး။ company အသေးလေးတွေအတွက် လို့တော့ ပြောတာပဲ။ သိချင်ရင်တော့ http://www.microsoft.com/web/websitespark မှာ သွားကြည့်လို့ရပါတယ်။
Continue reading
Google Conversion Room Site မှာ ပေးတဲ့ စာအုပ်ထဲက အချက်အလက်လေးတွေပါ။ တောှတောှလေးကို ပြည့်စုံကောင်းမွန်ပါတယ်။ အချက်အလက်လေးတွေနဲ့ သေသေချာချာ ရှင်းပြထားတယ်။ ကျွန်တောှကတော့ Tip လေးတွေပဲ ထုတ်ပြတော့မယ်။
Continue reading
ဒီနေ့ Androido ကို စမ်းကြည့်တယ်။ အဖြေက ရှင်းပါတယ်။ မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ mouse သုံးမရလို့ပါ။ သူက touch ကို ရည်ရွယ်တဲ့ ပုံပေါ်တယ်။ နောက်ပြီးတော့ ဖုန်း OS တစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ အဆင်မပြေဘူး။ Netbook မှာ သုံးဖို့လည်း မသင့်တော်သေးဘူးထင်တယ်။ touch နဲ့ ဆိုမှ အဆင်ပြေလိမ့်မယ်။ web ကို အားကိုးတဲ့ OS ဖြစ်တဲ့အတွက်ကြောင့် developer တွေအတွက် လုံးဝကို အဆင်ပြေမှာမဟုတ်ဘူး။ အများအားဖြင့် local စမ်းပြီးမှပဲ web ပေါ်တင်ကြတယ်ဆိုတော့ IDE တွေကလည်း web ပေါ်မှာ အခုထက်ထိ မရှိသေးဘူးလေ။ web ပေါ်မှာ လုပ်လို့မရသေးတာ အများကြီးပါ။ ဖုန်း OS အနေနဲ့ပဲ သင့်တော်တယ် OS တစ်ခုပါ။ ဖုန်း OS အနေနဲ့ အဓိက ထုတ်လိုက်တာကြောင့် mouse သုံးလို့မရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
Android Developer1 မှာ ပြောထားတာကတော့
Android is a software stack for mobile devices that includes an operating system, middleware and key applications.
သူ့မှာ သုံးထားတဲ့ application တော်တော်များများကတော့ java နဲ့ရေးထားတာလို့ ထင်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့
အဲဒီအကြောင်းကို2 ဒီလိုပြောထားပြန်တယ်။
Android includes a set of core libraries that provides most of the functionality available in the core libraries of the Java programming language.
သူက Linux Kernel ကို အသုံးပြုပြီးတော့ Display Driver, Camera Driver,Flash Memory Driver,Keyboard Driver,Wifi Driver,Audio Driver,Power Management and Binder (IPC) Driver တို့ကို ခေါ်တင်ပြီး အလုပ်လုပ်ထားပါတယ်။3
Boot တက်တာတော့ တော်တော်မှန်တယ်။ ဒါပေမယ့် Touch မဟုတ်တဲ့အတွက် သူနဲ့ boot တက်ပြီး internet သုံးရတာ အဆင်မပြေလှဘူး။ Netbook တွေဟာ touch screen တာဖြစ်သွားခဲ့မယ်ဆိုရင်တော့ Android ဟာလည်း အသုံးဝင်လာကောင်း ဝင်လာမှာပါ။ အခုတော့ v0.1 ဆိုတဲ့အတွက် ဘာမှ သုံးလို့မရသေးပါဘူး။ သူပြောတဲ့ ၂၀၁၀ ကိုစောင့်ကြည့်ကြတာပေါ့ဗျာ။
ဒီနေ့ တစ်နေကုန် google မှာ word အတွက် syntax higlight လုပ်ဖို့ ရှာတာ။ add-in တွေကလည်း အသုံးမဝင်ဘူး။ google ကနေ ရှာတာ တော်တော်ကြာသွားတယ်။ ရတဲ့ result က တနေကုန်သွားတယ်။ စိတ်ကြိုက်မတွေ့ဘူး။ ဒါနဲ့ ညဘက် ရောက်တော့ bing နဲ့ ရှာတော့ နာရီ ဝက်လောက်နေတော့ တွေ့ရောပဲ။ keyword ကြောင့်ပဲလားမသိဘူး။ တော်တော်လေး ရှာယူရတယ်။ keyboard သိသွားတော့ google မှာ ရှာတော့ တွေ့နေတာပဲ။ syntax highlighting in word လို့ရှာတော့ result က သိပ်မကွာဘူး။ အဓိက search engine တွေက ရှာဖို့ keyword ကို သိဖို့ပဲ။ တနေကုန် google မှာ addin ဆိုပြီး ရှာနေလို့ မတွေ့တာဖြစ်မယ်။ အခုတော့ scite ဆိုတဲ့ software လေးကနေ တဆင့် copy paste လုပ်လိုက်လို့အဆင်ပြေသွားပါပြီ။ အသေးစိတ်သိလိုလျှင်
www.fauskes.net/nb/syntaxms/
မှာ ဖတ်ရှုနိုင်ပါတယ်။
Google ကတော့ Mail ကိုပြန်လည်ပြုပြင်ပြီး Web Communication ကို ပူးပေါင်းဖို့ စတင်ကြိုးစားနေပါပြီ။ google wave ဆိုပြီး စပြီး လုပ်နေပါတယ်။ အခုအချိန်ထိတော့ release မလုပ်သေးပဲ ဒီနှစ်မကုန်ခင် release လုပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဖတ်လိုက်ရတယ်။ google wave ကို wave.google.com မှာ သွားရောက်ဖတ်ရှုနိုင်ပါပြီ။ google wave ဟာ next evolution of email ဖြစ်လာနိုင်ပါတယ်။ google wave ဟာ hybrid of email, web chat, IM, and project management software လို့ ဆိုလို့ရတယ်။ နောက်ပြီး attachment တွေကို ကိုယ့်စက်ထဲကနေ google wave ထဲ drag & drop လုပ်လို့ရမယ်လို့ ဆိုထားပါတယ်။ နောက်ပြီး google wave ကို သင့် blog ထဲမှာလည်း အသုံးပြုနိုင်တဲ့အတွက် communication အတွက် ထူးခြားလာနိုင်တယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ evolution ဖြစ်လာမလားဆိုတာကတော့ မပြောတတ်သေးဘူး။ နည်းနည်းလေးစောနေသေးတယ်။ မြန်မာနိုင်ငံလို connection နဲ့ဆိုရင်တော့…
http://mashable.com/2009/05/28/google-wave/
မှာ google wave အကြောင်း ဖတ်ရှုနိုင်ပါတယ်
Google Search မှာ search result ထဲမှာ show options.. ဆိုတာလေး ပါလာပါတယ်။ တော်တော်လေးကို ထူးခြားကောင်းမွန်တယ်ဗျ။ Wonder Wheel , Timeline ဆိုတဲ့ search result ဖော်ပြနည်း အသစ်တွေပါလာတယ်။
Wonder Wheel
ကိုယ်ရှာလိုက်တဲ့ စာလုံးပေါ်မှာ ဆက်စပ်ပြီးတော့ wheel အနေနဲ့ ဖော်ပြပေးထားတယ်။ Zawgyi ဆိုတဲ့ စာလုံးကို ရှာလိုက်ရင် Myanmar Font , Zawgyi Font Download, Zawgyi Myanmar စတာတွေမျိုး ပတ်သက်တဲ့ စာလုံးတွေကို ဖော်ပြထားတယ်။ ကိုယ်နှစ်သက်ရာ ရွေးချယ်ရင် အဲဒီ result ပေါ်မှာမူတည်ပြီး ထပ်ရှာပေးတယ်။ ဖော်ပြပေးထားပုံလေးကလည်း ရိုးရှင်း လှပ သေသပ်တယ်။ သာမန် အသုံးပြုသူတွေ နားလည်လွယ်အောင် ဖော်ပြပေးထားတယ်။

Timeline
စာလုံးတစ်လုံးရှာလိုက်တဲ့ အပေါ်မှာ မူတည်ပြီးတော့ အချိန်နဲ့ ပြသပေးထားတယ်။ Zawgyi လို့ရှာထားတာကို 1044 AD က အနော်ရထာ လက်ထက်ကနေ စပြီး ဖော်ပြပေးထားတယ်။ အချိန်နဲ့ ဖော်ပြပေးထားတာကို တွေ့ရတယ်။

နောက်ပြီးတော့ နောက်ဆုံး အသစ် result တွေကိုပါဖော်ပြနိုင်တဲ့ Recent Result တွေလည်း ပါဝင်လာတယ်ဗျ။ တော်တော်လေးကို search method တွေက အံဩဖို့ကောင်းအောင် ကောင်းမွန်လာတာပဲဗျာ… ဒီပုံအတိုင်းဆို google ကို နိုင်ဖို့ မလွယ်ဘူး….
အခု Project တစ်ခုကို ၃ ရက်လောက်နဲ့ အပြီးရေးလိုက်ရတယ်။ Google Map API လေး သုံးပြီး ရေးရတာ။ google api ကတော့ အံဩဖို့ကောင်းလောက်အောင် documentation ပြည့်စုံတာပဲ။ အကုန်လုံးကို ပြည့်ပြည့်စုံစုံနဲ့လုပ်ထားပေးတယ်။ ကျွန်တော်က အဲလိုမျိုး Open Technology လေးလုပ်ချင်တယ်။ ကျွန်တော် လုပ်ထားတဲ့ code တွေအကြောင်းကို ပြည့်ပြည့်စုံစုံလေး ရှင်းပြချင်တယ်။ ခက်တာက အချိန်မရှိဘူး ဖြစ်နေတယ်
။ အဲမှာ ဘာတစ်ခု သွားတွေကလည်းဆိုတော့ IE မှာ onclick မရဘူးဗျ။
Continue reading