နောက်ဆုံးတော့ google လည်း OS လောကထဲ တိုးဝင်လာပါပြီ။ Netbooks တွေအတွက် MS က Windows 7 Starter Edition စီစဉ်ထားပေမယ့် google ကတော့ $100 ကနေ $200 ကြား Netbooks ထုတ်ချလိုက်ပါပြီ။ Mac ကလည်း Netbooks ထုတ်ဖို့ ပြင်ဆင်နေတယ်လို့တော့ ဖတ်လိုက်ရပါတယ်။ Free & Opensource ဖြစ်တဲ့ Android က handphone သာမဟုတ်တော့ဘူး အခု netbooks လောကထဲပါ တိုးဝင်လာပြီဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းလာပြီ။ Continue reading
Tag Archives: google
GoogleBook Downloader
ကဲ.. google ebook တွေကို pdf အနေနဲ့ download ရပြီတဲ့ဗျာ။ စမ်းတော့ မစမ်းရသေးဘူး။ ခဏနေရင် စမ်းကြည့်မယ်။ အခုမှ download ဆွဲမလို့။ google ebook တွေကို အလကားရရင်တော့ ရေလည်မိုက်ပြီ။ အဲမှာ တန်ဖိုးရှိတဲ့ စာအုပ်တွေ အများကြီးပဲဗျ။
http://www.codeplex.com/GoogleBookDownloader
အဲဒါလေးနဲ့ ဆွဲလို့ရပါပြီဗျာ။
Google Chrome 2 Beta
အသစ်ထွက်တော့ စမ်းကြည့်လိုက်တော့ ထူးထူးခြားခြားမတွေ့ဘူးဗျ။ ဒါနဲ့ online မှာ ရှာပြီး ဖတ်ကြည့်လိုက်တော့ သူက safari 4 ထက်မြန်အောင် လုပ်ထားတယ်ဆိုတာပဲ တွေ့တယ်။ ဘာမှ ထူးထူးခြားခြားမပြောင်းသွားသလိုပဲ….
http://www.filehippo.com/download_google_chrome/
အဲမှာ download ချလို့ရပါတယ်ဗျာ..
Chrome & Youtube
Chrome နဲ့ Youtube ကို ကြည့်တာ မြန်တယ်ဆိုလို့ ဒီနေ့ youtube ကို chrome နဲ့ ဖွင့်ကြည့်ပါသေးတယ်။ ဒါပေမယ့် We,soory ဆိုတာပဲ တက်တက်လာတယ်။ ဘယ်တစ်ခုမှ ဖွင့်လို့မရဘူး။ ဒါနဲ့ တစ်ခုခုတော့ တစ်ခုခုပဲ။ သူများတွေ ဖွင့်လို့ရတယ်။ ငါတော့ ဖွင့်လို့မရဘူး။ ဒီတော့ ဟိုကလိ ဒီကလိ လုပ်လိုက်တော့ တွေ့ပါပြီဗျာ။
Google Earth Street View
ကျွန်တော် ဒီနေ့ Rome, France , Sydeny စတဲ့ မြို့တွေ ရောက်ပြီးပြီ။ ကျွန်တော် တစ်ရက်တည်းနဲ့ အဲဒီ မြို့တွေသွားတာ passport , visa မလိုဘူး။ လေယာဉ်ခလည်းကုန်ဘူး။ ဒါပေမယ့် မြို့ကလူတွေနဲ့ စကားမပြောဖြစ်ဘူး။ ပြောလို့မှ မရတာကို။ ကျွန်တော် က google earth street view နဲ့ သွားလိုက်တာကိုး…
Google Analytics In Air
ကျွန်တော်တို့တွေ အမြဲ Google ကို အသုံးပြုနေကြဆဲပါ။ ကိုယ့် website ဒါမှမဟုတ် blog လူဝင်နှုန်းကို ကြည့်ဖို့အတွက် Google Analytics ကို အသုံးပြုကြပါတယ်။ ကျွန်တော်လည်း အခုအချိန်ထိ သုံးနေဆဲပါ။ သုံးလို့လည်းကောင်းတယ်။ ဘယ်နိုင်ငံကနေ ကိုယ့် blog ကို လူတွေ ကြည့်လဲဆိုတာသိနိုင်တယ်လေ။ တနေ့ကို လူဘယ်နှစ်ယောက်လောက် ဝင်လဲ စတာတွေ သိနိုင်တယ်။ Continue reading
Picasa For Ubuntu
ကျွန်တော် သဘောကျနှစ်သက်တဲ့ Google Picasa ဟာ Ubuntu မှာလည်း သုံးလို့ရပါပြီ။ Windows မှာ Picture တွေ တက်လာသလိုတော့ မတက်ဘူးဗျ။ ဒါပေမယ့် Picasa ထဲဝင်ပြီးတော့ ဓာတ်ပုံတွေ ပြင်လို့ရတယ်။ resize လုပ်လို့ရတယ်။ နောက်ပြီး web နဲ့လည်း တွဲသုံးနိုင်တယ်လေ။ အဲဒါလေးသုံးလို့ရတာကို ကျေနပ်တာ။ အဲ.. keybaord input ကတော့ မြန်မာလို မရဘူးဗျ။ copy paste လုပ်ပြီး ထည့်နေရတာကတော့ မမိုက်ဘူး။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ Windows သမားတွေသာမက Linux သမားတွေပါ သုံးသင့်တဲ့ phot editing software လေးဆိုလည်း မမှားပါဘူးဗျာ။ download ချမယ်ဆိုရင်တော့
http://picasa.google.com/linux/download.html
မှာရယူနိုင်ပါတယ်။ DEB , RPM package နှစ်ခုလုံးရယူနိုင်ပါတယ်ဗျာ။
I Like Picasa 3
ဒီနေ့မှ Picasa 3 ကို သုံးကြည့်မိတယ်။ အရင်တုန်းက ကျွန်တော် Picasa ကို လုံးဝ မကြိုက်ဘူး။ Picasa web ပေါ်မှာတင်ရတာ အဆင်မပြေလို့လေ။ နောက်ပြီး သုံးရတာ သိပ်ပြီး လက်ဝင်တာ။ အခု version 3 လည်းရောက်ရော ကျွန်တော် အရင်က ထင်သလိုမဟုတ်တော့ပဲ တော်တော်လေးကို ကောင်းလာတယ်ဗျ။ အထူးသဖြင့် GUI ပိုင်းပေါ့။ အခုဆိုရင် Windows မှာပါတဲ့ Picture Viewer မသုံးပဲ Picasa ကို မရှိမဖြစ် ထည့်သွင်းထားရပြီ။ နောက်ပြီးတော့ Web ပေါ်မှာ upload တင်ရတာ အရမ်းကောင်းတယ်ဗျ။ ကိုယ့် picasa မှာ ကိုယ်ကြိုက်တဲ့ပုံလေးတွေကို ရွေးပြီး upload တင်လိုက်ရုံပဲလေ။ နောက်ပြီးတော့ resize ပါ တစ်ခါတည်း ချုံ့ပေးတော့ တော်တော်အဆင်ပြေတယ်ဗျာ။ ကျွန်တော်ကတော့ လက်ရှိ Picasa က မရှိမဖြစ်လို့ဆိုလို့ရလိမ့်မယ်။ အင်တာနက်ရှိပြီးတော့ picasa web ကို အမြဲ သုံးနေတဲ့လူဆိုရင်တော့ picasa 3 ကို မဖြစ်မနေ သုံးသင့်တယ်ဗျ။ နောက်ပြီး သမာရိုးကျ design မဟုတ်တော့ပဲ ဓာတ်ပုံ rotation effect လေးတွေနဲ့ တော်တော်လေးကို လှပါတယ်။ သုံးရတာလည်း ပျော်ဖို့ကောင်းပြီး ဓာတ်ပုံတွေကို လွယ်လွယ်ကူကူပြင်နိုင်ပါတယ်။ တစ်ခုပဲရှိတယ်။ CMYK ပုံတွေ မဖတ်နိုင်တာပါ။ RGB ကိုကောင်းစွာ ဖတ်နိုင်ပေမယ့် CMYK ပုံတွေကိုတော့ ဖတ်တဲ့အခါမှာ ကာလာက ကြောင်ထွက်သွားပါတယ်။ ဘာပဲပြောပြော သင့်စက်ထဲမှာ ထည့်ထားသင့်တဲ့ software တစ်ခုပါပဲ။