Online Bookmarking

ကျွန်တော်တို့တွေ browser တွေမှာ အများအားဖြင့် bookmark လုပ်ပြီး အသုံးပြုကြတာများပါတယ်။ ဒါပေမယ့် ပြသနာက ကိုယ့် browser မဟုတ်ပဲနဲ့ အသုံးပြုတဲ့အခါမှာ ကိုယ်မှတ်ထားတဲ့ bookmark တွေမပါရှိတော့တာပဲ။ အဲဒီအခါမှာ Search Engine ကနေ ပြန်ရှာဖွေရတော့တာပဲ။ ဒါအတွက်ကြောင့် ကျွန်တော်တို့တွေဟာ Online ပေါ်မှာ bookmark လုပ်ဖို့လိုအပ်လာတာပေါ့။ အရင်တုန်းကလည်း browser မှာ RSS နဲ့ဖတ်နေပေမယ့် browser မရှိတဲ့အခါမှာ ပြသနာစတာပဲ။ ဒါကြောင့် ကျွန်တော်တို့တွေဟာ နောက်ပိုင်းမှာ google reader လိုမျိုး online rss reader တွေအသုံးပြုလာခဲ့ကြတယ်။

Continue reading

JSP need a new browser

ကျွန်တော် အခုတလော ကြည့်ကြည့်ဖြစ်တယ်။ ASP.NET က IE နဲ့ဆို မြန်တယ်လို့ဆိုလို့ရမယ်။ firefox ထက်စာရင်ပေါ့။ IE က PHP တွေ အခြား AJAX တွေက firefox လောက်မမြန်ပြန်ဘူး။ Firefox ကလည်း မြန်တယ်။ ဒါပေမယ့် ASP.NET page တွေကို IE လောက် လျင်လျင်မြန်မြန် မကြည့်နိုင်ဘူး။ AJAX ပိုင်းဆိုရင်တော့ chrome ကို ဘယ်သူမှ မယှဉ်နိုင်ဘူးဗျ။ Opera ကတော့ downloading ပိုင်းတော်တော် မြန်တယ်ဗျ။ Safari ကတော့ မကြိုက်ဘူးဗျ။ လေးလို့။ သူက memory တော်တော်စားတယ်။ Chrome က memory ပိုင်းသက်သတယ်။ FF3 ကတော့ chrome လောက်မသက်သာပေမယ့် IE ထက်စာရင် သာတယ်လို့ဆိုရမယ်။ အဲ… JSP ကတော့ တကယ့်ကို အားငယ်စရာပဲ။ JSP page တွေကတော်တော်ကြာတယ်ဗျာ။ ဘာနဲ့ မဆို PHP လောက်မမြန်ဘူးဖြစ်နေတယ်။ Sun ကတော့ JSP အတွက် browser လေးထုတ်ပေးသင့်နေပြီထင်တယ်။ google လိုမျိုး gmail တွေ google doc တွေ google gear တွေဆို အသေမြန်တဲ့ chrome လိုမျိုးလေး sun ကတော့ ထုတ်သင့်ပြီ။ Gmail ဖွင့်ရာမှာ chrome က firefox ထက်စာရင် အများကြီးမြန်တယ်။ Google Doc ဆိုရင် firefox မှာလုံးလုံး မမိုက်ပေမယ့် Chrome နဲ့ဆိုတော်တော်လန်းတာပဲ။ JSP ဘဝကတော့ တော်တော်လေး အားငယ်စရာပါလားနော်….

နားမလည်တဲ့ Google

Microsoft နဲ့ အပြိုင်ကြဲနေတဲ့ Google….
Microsoft က Yahoo! ကို ဝယ်မယ့်လုပ်တော့ Yahoo! ကိုမရောင်းအောင် အမျိုးမျိုးလုပ်တဲ့ Google…
Opensource တွေကို အားပေးပါတယ်ဆိုတဲ့ Google…
Photoshop ထက် GIMP ကိုအဓိကထားပြီးသုံးတယ်ဆိုတဲ့ Google…
Python ကိုပဲ အဓိကထားပြီး သုံးတယ်ဆိုတဲ့ Google…
Continue reading

Google ရဲ့ မှတ်တိုင်များ

ဖတ်ကြည့်ရင်း အားကျ အတုယူနိုင်တယ်။
သူတို့ လျှောက်လှမ်းခဲ့တာ လမ်းရှည်ကြီး။
project တွေအများကြီးလည်း ဖန်တီးခဲ့တယ်။
ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့တယ်။
အကုန်လုံး စုစည်းပြီးတော့ ဖြတ်ကျော်ခဲ့တယ်။
ပင်ပန်းတာတွေလည်း ရှိကောင်းရှိမယ်။
စိတ်ညစ်တာတွေလည်း ပါကောင်းပါမယ်။
ဒီနေ့ဆိုရင် ၁၀ နှစ်ကျော်ပြီ။
ဒီလောကမှာ နာမည်ကျော်နေပြီ။

သူတို့အကြောင်း ဖတ်ရင်းနဲ့ အားကျမိတာ အမှန်ပါပဲ။

http://www.google.com/tenthbirthday/

Gtalk တွေ ဝင်ရခက်နေ

ဒီနေ့ မနက်ကတည်းကနေ GTALK တွေ ဝင်ရခက်နေတယ်ဗျာ။ gmail က မနက်ပိုင်းက ဝင်မရပေမယ့် နေ့လည်လောက်တော့ ပြန်ဝင်လို့ရတယ်။ gtalk ကတော့ အခုထက်ထိ မရသေးဘူးဗျ။ Bagan က ဘာတွေလုပ်နေမှန်းမသိဘူး။ ဒါပေမယ့် web ကနေ တော့ ရတယ်။ ခက်တာက မြန်မာလိုရိုက်လို့မရဘူးလေ။ gmail က gtalk ကလည်း မတက်ဘူး။ talk.google.com ကနေပဲ သုံးမှရတယ်လေ။ တော်တော်ကိုလေတယ်။ google ကဖြစ်တာလား။ မြန်မာကဖြစ်တာလားတော့မသိဘူး။ ၉၀% သေချာတာကတော့ မြန်မာက ဖြစ်နေတာပဲ။ gtalk မသုံးတော့လည်း နားအေးပါးအေး အလုပ်လေးတွေတော့ လုပ်ဖြစ်သွားတာပေါ့။