Ornagai Grease monkey and phpSDK

မနေ့က ornagai API ကို ကြေငြာခဲ့ပါတယ်။ ornagai API နဲ့ တွဲသုံးဖို့လွယ်အောင် php client library ကိုလည်း ရေးထားပါတယ်။ အဲဒါကိုတော့ http://github.com/saturngod/ornagai-phpSDK အဲမှာ ရယူနိုင်ပါတယ်။ နောက်ပြီး api ကို သုံးပြီး greasemonkey script တစ်ခုရေးထားပါတယ်။ greasemonkey script ကို သွင်းထားရင် စာလုံးကို double click နှိပ်လိုက်ရင် ဖြစ်စေ select မှတ်လိုက်ရင်ဖြစ်စေ api ကနေ တဆင့် ရှာပြီး return ပြန်ပေးပါတယ်။ http://userscripts.org/scripts/show/75285 မှာ ရယူနိုင်ပါတယ်။

Important :: မလိုအပ်လျှင် ornagai greasemonkey script ကိုပိတ်ထားပါ။ jquery 1.4 ကိုသုံးထားတဲ့အတွက်ကြောင့် jquery 1.4 နဲ့ အလုပ်မလုပ်တဲ့ site တွေ ပြဿနာတက်နိုင်ပါတယ်။ ဥပမာ။။ wordpress 2.9.2 admin panel.

onthefly greasemonkey

ကိုစိုးမင်တို့ လုပ်ထားတဲ့ greasemonkey က ကိုယ့် blog ထဲမှာ ထည့်ထားမှ အလုပ်လုပ်လိမ့်မယ်။ တကယ်လို့ မထည့်ထားတဲ့ my.wikipedia.org လိုမျိုး Unicode 5.1 နဲ့ သုံးထားတဲ့ site တွေဆို ဖတ်လည်းဖတ်ချင်တယ်။ ဖတ်ရတာလည်း အဆင်မပြေတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကိုစိုးမင်းတို့လုပ်ထားတဲ့ code လေးကို greasemonkey လေးနဲ့ ပြန်လုပ်ထားတယ်။ greasemonkey လေးနဲ့ လုပ်လိုက်တော့ ကိုယ့်ကြည့်ချင်တဲ့ site တွေကို Unicode 5.1 နဲ့ပဲဖြစ်ဖြစ် Zawgyi နဲ့ဖြစ်ဖြစ်ကြည့်လို့ရတာပေါ့။

hahauni greasemonkey မှာ greasemonkey သုံးနည်းလေးရေးထားတယ်ဗျ။ အခု onthefly greasemonkey ကို ဒီမှာ install သွင်းလို့ရတယ်။ Greasemoneky လေးသွင်းထားမယ်ဆိုရင် Install လေး နှိပ်လိုက်ရုံပဲလေ။

HahaUni Greasemonkey Script

ဒီနေ့ greasemonkey script ကို လေ့လာရင်း ဘာစမ်းရင်ကောင်းမလဲ စဉ်းစားကြည့်တော့ HahaUni ကိုသွားသတိရတယ်။ ဒါနဲ့ပဲ HahaUni အတွက် greasemonkey ကို စမ်းရေးကြည့်ဖြစ်တယ်။ ဘာထူးလဲဆိုတော့ HahaUni site ကိုသွားစရာမလိုပဲ Unicode 5.1 site တွေကို Zawgyi နဲ့ကြည့်ုလို့ရတယ်။ ဒါပေမယ့် ပြသနာက ဘာလဲဆိုတော့ အကုန်လုံးကို ဇော်ဂျီပြောင်းလိုက်တာ ဆိုးတယ်။ Unicode နဲ့ Zawgyi တွဲသုံးထားရင် အဲဒီ site က ဖတ်လို့မရတော့ဘူးဗျ။ လက်ရှိတော့ my.wikipedia.org site တစ်ခုပဲ run ခိုင်းထားပါသေးတယ်။ သွင်းမယ်ဆိုရင် greasemonkey အရင်သွင်းထားရပါမယ်။ firefox ရဲ့ အောက်ကညာဘက် ထောင့်မှာ မျောက်ပုံလေးရှိနေမယ်ဆိုမယ် greasemonkey စတင်အသုံးပြုလို့ရပြီ။

ပြီးရင် ဒါလေး ကို နှိပ်လိုက်ပါ။

greasemonkey

box တက်လာလျှင် Install ကို နှိပ်လိုက်ပါ။ greasemoneky မျောက်ပုံလေးမှာ install ပြီးသွားကြောင်း စာလေး တချက်ပေါ်လာပါမယ်။ ပြီးရင်တော့ http://my.wikipedia.org ကိုသွားကြည့်လိုက်ပါ။  အစမှာတော့ Unicode 5.1 ဖြစ်နေပေမယ့် ခဏကြာရင် Zawgyi ပြောင်းသွားတာကို တွေ့ရမှာပါ။ တခြား site တွေကိုလည်း ပြောင်းစေချင်ရင်တော့

မျောက်ပုံလေးမှာ right click လုပ်လိုက်ပါ။

Manage User Script… ကိုသွားပါ။

hahauni ကိုရွေးပါ။

Include Page ဆိုသည့်နေရာတွင် http://my.wikipedia.org/* ဆိုတာတွေ့ရပါမယ်။

ဘေးနားက Add ကိုနှိပ်လိုက်ပါ။ ထည့်လိုတော့ site ကိုထည့်လိုက်ပါ။ နောက်မှာတော့ * လေးထည့်လိုက်ပါ။

ဥပမာ။ www.example.com site ကိုပြောင်းချင်ရင် http://www.example.com/* လို့ထည့်လိုက်ပေါ့။

PS: hahauni.zawgyi.info မှ js file ကိုသာ အသုံးပြုထားပါသည်။ ထို့ကြောင့် internet မရှိလျှင် အလုပ်လုပ်ပေးမည် မဟုတ်။