Hanlinn WP-Plugin

ဟန်လင်းဆိုတာကတော့ bookmarks site တစ်ခုပါ။ နာမည်ကျော် digg လို မျိုး site တစ်ခုဖြစ်ပြီး ထူးတေဇာ က တည်ထောင်ထားတဲ့ site တစ်ခုပါ။ ကျွန်တော် အရင်ကတော့ ဟန်လင်း ကို google bookmarks လိုမျိုး firefox မှာ အသုံးပြုလို့ရအောင် ရေးခဲ့ဘူးတယ်။ အဲဒါကို ဒီမှာ ဖတ်လို့ရပါတယ်။ အခုတော့ wordpress plugin ရေးပြီးသွားပြီ။ MZ က ကောင်းကင်ပြာက သူ့ blog မှာ ထည့်ချင်တယ်ဆိုတာနဲ့ plugin ကောက်ရေးလိုက်တာ။ WP-plugin က ရေးနေကျ မဟုတ်တော့ google အားကိုးနဲ့ အိုကေသွားတယ်။ မသိရင်တာ ရေးရခက်တာ။ အခုသိသွားတော့လည်း လွယ်သွားတာပဲ။ plugin ကို အောက်က link မှာ ရယူနိုင်ပါတယ်။

http://www.saturngod.net/project/hanlinn.zip

ဟန်လင်း social Bookmarks

ဟိုးအရင်တုန်းက digg တို့ StumbleUpon တို့ သုံးဖူးတယ်။ ဒါပေမယ့်လည်း ကျွန်တော်က မကြိုက်တော့ နောက်ပိုင်းမသုံးဖြစ်တော့ဘူး။ အခု မြန်မာလူငယ် ထူးတေဇာ လုပ်ထားတဲ့ ဟန်လင်းကတော့ မြန်မာလုပ်ထားတာကတစ်ကြောင်းလူခြင်းရင်းနှီးတာက တစ်ကြောင်း နောက်ပြီးတော့ လုပ်မယ့်လုပ် အောင်မြင်အောင်လုပ်ဆိုပြီး အားပေးချင်တာက တစ်ကြောင်း ဟန်လင်းကို သုံးဖြစ်တယ်။ အများအားဖြင့် သုံးဖြစ်တာကတော့ google bookmarks ပဲ။ သူကတော့ ရိုးတယ်။ ရှင်းတယ်။ vote တွေဘာတွေ မပါဘူး။ ကိုယ့် တစ်ယောက်တည်းအတွက်ပဲလေ။ ဒါကြောင့် အမြဲသုံးဖြစ်တယ်။ ဟန်လင်းကတော့ vote တွေပါတယ်။တေဇာကတော့ firefox အတွက် addon ရေးပြီးပြီတော့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မရှည်တာနဲ့ ကိုယ်တိုင် bookmarks လေးလုပ်လိုက်တယ်။ Continue reading