Tag Archives: hosting

Hosting

Web Hosting လို့ဆိုရင်

- Share Hosting
- VPS
- Dedicated Server
- Cloud Server
- Grid Server

ဆိုပြီး ရှိပါတယ်။ ကျွန်တော် ပထမဆုံး အသုံးပြုခဲ့တာကတော့ Share Hosting ပါ။

Share Hosting က အခြား hosting တွေထက် စျေးပိုသက်သာပါတယ်။ ကြော်ငြာတွေကို ကြည့်လိုက်ရင်လည်း Ulimited Space , Ulimited Bandwidth စတာတွေကို တွေ့နိုင်ပါတယ်။ တကယ်တန်းတော့ Ulimited Space , Ulimited Bandwidth လို့ ရေးထားပေမယ့် ကိုယ့် လုပ်ပိုင်ခွင့်က အကန့်အသတ်နဲ့ပါ။ ပုံမှန် php , html website လေး run လို့ရတယ် ဆိုရုံလောက်ပါပဲ။ ကိုယ့် website က MySQL မသုံးထားဘူး။ Mongodb သုံးထားတယ်။ Share hosting က support မလုပ်ထားရင် သုံးမရဘူးပေါ့။ နောက်ပြီး ကိုယ့် website မှာ curl သုံးထားတယ်။ သို့ပေမယ့် share hosting ရဲ့ php က curl library ကို enable မလုပ်ပေးထားရင် သုံးမရပြန်ဘူး။ Python သို့မဟုတ် ruby on rail စမ်းချင်တယ်။ ဒါလည်း မရပြန်ဘူး။ SSH တော့ access ရတယ်။ သို့ပေမယ့် ဘာမှ သွင်းမရဘူး။ တနည်းပြောရင် website လေး run တယ်ဆိုရုံလောက်ပဲရပါတယ်။ CPU usages က 1% ထက် ကျော်သွားရင် down သွားတတ်တယ်။ CPU usages 1% ကျော်ရတာက image upload ကြီးတာ ဒါမှမဟုတ် image ကို resize လုပ်တာ ဒါ့အပြင် chat script run ထားတာတွေက အသာလေး ကျော်သွားနိုင်ပါတယ်။ Share Hosting အများစုကတော့ CPanel ကို ပေးထားပြီး ၁ လ ကို US $ 3 ဝန်းကျင်သာ ရှိပါတယ်။ Share Hosting ဆိုတာကတော့ computer တစ်ခုတည်းကို user တွေ အများကြီး ဝိုင်းသုံးတာမျိုးပေါ့။ ဒါကြောင့် အများကြီး ပြုပြင်ခွင့် မပေးထားဘူးပေါ့။ ကျွန်တော် ပထမဆုံး သုံးခဲ့တဲ့ Share Hosting Awardspace ဖြစ်ပြီး သုံးရတာ အဆင်မပြေလှဘူး။ ပုံမှန် curl script လေး သုံးတာတောင် CPU 1% ကျော်လို့ ပိတ်ခံထိတာနဲ့ hostmonster ပြောင်းခဲ့တယ်။ hostmonster မှာ ebooks တွေ တင်လို့ ဆိုပြီး ပိတ်ခံခဲ့တာနဲ့ bluehost ကို ပြောင်းခဲ့တယ်။ bluehost မှာက အကြောင်း အမျိုးမျိုးကြောင့် CPU က 1% ကျော်တာ ခဏ ခဏ ဖြစ်တာနဲ့ share hosting တွေ မသုံးတော့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ပုံမှန် အားဖြင့် share hosting တွေက CPanel ပေးထားပြီး domain ထည့်တာတွေ file manager တွေ FTP account ဖန်တီးတာတွေ အားလုံးကို လွယ်လွယ်လုပ်လို့ရပါတယ်။

Share Hosting ကနေ ပြောင်းပြီးသုံးဖြစ်တာက​ောတ့ mediatemple grid server ပါ။ CPU usages တွေ bandwidth တွေ ဘယ်လောက် ကျော်ကျော် site down သွားတာ မရှိဘူး။ သုံးသလောက် ပိုပေးရတယ်။ Media Template Grid Server က ပုံမှန် website အတွက် တော်တော် လေး ကို ကောင်းပါတယ်။ သို့ပေမယ့် full root access မရပါဘူး။ managment hosting ဖြစ်ပြီး သုံးရတာလွယ်တယ်။ ကိုယ်လိုချင်တာကို သူတို့ကို ပြောလိုက်ရင် သွင်းပေးတယ်။ ကိုယ်လုပ်ချင်သလို လုပ်ခွင့် မရှိသလို စျေးလည်း များလှပါတယ်။ Media Temple က ၁လ ကို US $ 30 ပေးရပါတယ်။

Media Temple ကနေ rackspace ကို ပြောင်းခဲ့တယ်။ Rackspace မှာ Ubuntu Server တင်လိုက်တာ မိနစ်ပိုင်းလောက်ပဲ ကြာပါတယ်။ ပြီးတာနဲ့ ကိုယ့်ဘာသာကိုယ် nginx ထည့် ။ PHP သွင်း ။ MySQL သွင်း စတာတွေ လုပ်တာကတော့ အချိန် တော်တော်ပေးရပါတယ်။ အတွေ့အကြုံမရှိသေးရင် nginx , apache စတာတွေမှာ domain တစ်ခု ထည့်ရတာ တော်တော် ရှု့်တယ်လို့ ထင်ရတယ်။ domain တစ်ခု လောက် ထည့်ပြီးသွားရင်တော့ ထမင်းစား ရေသောက်ဖြစ်သွားပြီ။ ကိုယ့်ဘာသာကိုယ် shell script လေး ရေးပြီး domain တစ်ခု ထည့်တာ လွယ်လွယ် ဖန်တီးလို့ရပါတယ်။ rasckspace cloud hosting က မိမိ စိတ်ကြိုက် hosting ကို ပြောင်းလို့ရတယ်။ သူတို့ သုံးတဲ့ စကားလုံးနဲ့ ပြောရရင်တော့ elastic ဖြစ်တယ်ပေါ့။ size သေးသေးကနေ ကြီးကြီးလွယ်လွယ် ပြောင်းလို့ရတယ်။ မလိုတော့ရင် size သေးသေးပြန်ပြောင်းလို့ရတယ်။ Cloud server သုံးရင်း သတိထားမိတာက ကျွန်တော့် အတွက် cloud server ကြီးက လိုမှ မလိုတာ။ ပုံမှန် website လေးတွေ ဘာမှလည်း usages က မများလှဘူး။ cloud hosting က ၁ လ ကို $21 ဝန်းကျင် လောက်ကျတယ်။ သုံးတဲ့ usages ပေါ်မှာ မူတည်ပြီးတော့ ပေးရတာပါ။ အဓိက ပေးရတာကတော့ bandwidth out ပဲ။ file တွေ backup လုပ်ပြီး ကိုယ့်ဘာသာကိုယ် download ချပြီး သိမ်းရင်တော့ အဲဒီလ ပိုပေးရတတ်တယ်။
Continue reading

Changing Server

သောကြာနေ့ည က server စပြောင်းပါတယ်။ MZ ကို file တွေကြီးပဲ backup လုပ်လိုက်တာ 1GB ဖြစ်နေလို့ data တွေကို ပြန်စစ်ပြီး duplicate folder တွေကို ဖျက် မလိုအပ်တာတွေကို ဖျက်နေတာနဲ့ တော်တော်အချိန်ကြာသွားတယ်။ အခုထပ်ပြီး zip ပြန်လုပ်လိုက်တာ 510 MB ဖြစ်သွားတယ်။ အခုတော့ download ချဆဲ။ပြီးရင် upload တင်ရအုံးမယ်။ မနက်ဖြန်မှာ ပြီးအောင်တော့ ကြိုးစားဆဲပါ။ Dreamhost ကိုပဲပြောင်းဖြစ်သွားတယ်။ VE ထက်စာရင် dreamhost က ပိုကောင်းမယ်ထင်တာကြောင့်လည်း ပါတယ်။ လိုအပ်ရင် memory ထပ်တိုးလိုက်ရုံပဲလေ။ သိပ်လည်း များများစားစားမကုန်တော့ဘူးပေါ့။

MZ Server will change soon

MZ server 18 ရက်နေ့ဆိုရင် expire ဖြစ်ပါပြီ။ Grid Server ($20/month) ကနေ VE server ($30/month) ကို ပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် file တွေ backup လုပ်ရမှာရယ် နောက်ပြီး upload ပြန်တင်ရမှာတွေကြောင့် ၁ ရက် ၂ ရက်လောက်တော့ Ornagai , MZ စတာတွေ သုံးလို့ရမှာမဟုတ်ပါဘူး။ လက်ရှိ MZ server ပေါ်မှာ ရှိနေတဲ့ site တွေကတော့

http://blog.ornagai.com

http://code.mysteryzillion.org

http://edu.mysteryzillion.org

http://mysteryzillion.org

http://ornagai.com

http://wiki.mysteryzillion.org

အဲဒီ site တွေ ဝင်လို့ရမှာ မဟုတ်တော့ပါဘူး။ ပြောင်းမယ့် နေ့ရောက်ရင် ထပ်ကြေငြာပါ့မယ်။ သောကြာနေ့ ညလောက် ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ hosting အသစ်နဲ့ အတူ MZ 2.0 အတွက် ရေးထားတဲ့ user.mysteryzillion.org ပါလာမှာပါ။ လုံးဝ user တွေ သီးသန့်အတွက်ပါ။ ဥပမာ။။ jailbreak ဘယ်လိုလုပ်ရလဲ။ virus ထိနေလို့။ စတဲ့.. စတဲ့… လုံးဝ enduser တွေအတွက် သီးသန့် site လေးပါ။ Beta version တော့ ရေးပြီးပါပြီ။ MZ 2.0 မိတ်ဆက်ကအတိုင်းပေမယ့် feature တွေတော့ အကုန်မပါသေးပါဘူး။ အဲဒါလေးရအောင်ပါ ve server ပြောင်းလိုက်ရတာပါ။

Continue reading

Stupid Webhostingpad

ကျွန်တော်တို့ MZ ရတော့မယ်ဆိုပြီး ညက ပြန်လုပ်ကြပါတယ်။ file တွေပြန်တင်ကြတယ်။ ကိုမင်းကျော် တင်ပေးတာ ၂ ရက်လောက်ကြာတယ်ဗျ။ အဲလောက်စောင့်ရတာ။ database ပြန်တင်မယ်ဆိုကော webhostingpad ရဲ့ backup ထဲမှာ ပါမလာပါဘူးဗျာ။ တော်တော်တော့ တင်းသွားတာ။ ဒါနဲ့ edu ရအောင်လုပ်မယ်ဆိုပြီး ပြန်လုပ်တယ်။ အဲမှာကျတော့ database ပဲပါလာတယ်။ file ပါလာဘူး။ ဘာပြောလို့ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ။ တော်တော်ညံတဲ့ webhostingpad ဗျာ။

hostmonster Recommend မလုပ်ပါ

အခုတလော hostmonster သုံးရတာ တော်တော်စိတ်ပျက်တယ်.. ကျွန်တော်ကတော့ hostmonster မှာ မဝယ်စေချင်ဘူး.. အခုတင်ထားတဲ့ ကြော်ငြာလည်း ဒီ post ပြီးရင် ဖြုတ်တော့မယ်.. တော်တော်လေးကို မကောင်းတာပါ… အဓိကတော့ copyright တွေအရမ်းလိုက်တယ်… နောက်ပြီး customer care အဲလောက်မကောင်းတဲ့ အပြင် server က တခါတလေ CPU က limit execess ဆိုပြီး ဖြစ်ဖြစ်သွားတတ်တယ်… အထူးသဖြင့် copyright ညှိတဲ့ post တွေ မိသွားခဲ့ရင် ပြဿနာရှာတတ်ပါတယ်… သူက နာမည်ကြီးဆိုတော့ copyright ထိန်းသိမ်းလို့နဲ့ တူပါတယ်.. ML ကတော့ Hostmonster ပြဿနာလုပ်တာနဲ့ ၂ ခါရှိပြီ.. စာအုပ်တွေ ဖျက်ချခံထိတာ… စိတ်တောင် ကုန်သွားပြီ.. hostmonster ဝယ်မယ်အစား.. တခြား hosting ပြောင်းဝယ်မလို့… အဲ… ဒီဘက်ကဟာတွေကို အကုန်ပြောင်းလို့ရမယ်ဆိုရင်တော့ ပြောင်းမယ်လို့ စဉ်းစားထားတယ်… ခက်တာက Hostmonster မှာ ၂နှစ်မှ စျေးသက်သာတယ်ဆိုပြီး ၂ နှစ်စာဝယ်ထားမိတယ်.. IP လည်းဝယ်ထားမိတော့ ပြဿနာပဲ… ML ကလည်း ကျွန်တော်တို့အတွက် အရေးကြီးတယ်ဗျ… ebook တွေကို တင်နိုင်မှ ဖြစ်မယ်လေ… နောက်တစ်နည်းတော့ ကြံရတော့မယ်… ဒီအတိုင်းဆိုရင်တော့ မဖြစ်ဘူး… တခြားနည်းတမျိုး ပြောင်းရမယ်… ၁ နှစ်ကျော်တော့ သည်းခံရအုံးမယ်ဗျာ…

copyright ညှိတာကို တင်တာ ကျွန်တော်တို့အမှားဆိုပေမယ့်… ကျွန်တော်တို့ ML ကို စတင်တည်ထောင်ခဲ့တဲ့ ရည်၇ွယ်ချက်ကိုက လေ့လာသူတွေ လွယ်လွယ download ချလို့ရအောင်လေ… အခုတော့ နောက်တစ်နည်းပဲ စဉ်းစားရတော့မှာပေါ့ဗျာ….

ခက်၏..ခက်၏….