HTML5 Offline

ဒီနေ့ ကိုသီ (Myanmar Tutorial) က ipad မှာ HTML website offline ရအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး facebook မှာ မေးထားတာ တွေ့လိုက်တယ်။ ဒါနဲ့ အရင်ကတည်းက ကြားဖူးတဲ့ HTML5 offline လေးကို စမ်းကြည့်ဖြစ်တယ်။ တစ်ခါမှတော့ ipad မှာ မစမ်းဖူးဘူး။

HTML 5 မှာ Cache Manifest ပါလာပါတယ်။ Google Chrome , Safari , firefox , opera စတာတွေမှာ support လုပ်ပါတယ်။

HTML5 cache ကို support လုပ်ဖို့ .htaccess မှာ

AddType text/cache-manifest .manifest

ဆိုပြီး ထည့်ပေးရပါတယ်။
Continue reading

Devfest 2010

သောကြာနေ့တိုင်းက Devfest ကိုသွားဖြစ်တယ်။ ရုံးက registration လုပ်ပေးထားလိုက်လို့ သွားလိုက်ရတာ။ အစက ရှိမှန်းတောင် မသိ။ ပွဲကတော့ အဓိက HTML5 နဲ့ Chrome အကြောင်းကို အဓိကပါပဲ။ ကျန်တာတွေက ကျွန်တော်လည်း သိပ်ပြီး စိတ်မဝင်စားမိဘူး။ App Engine ဆိုတာကကောင်းပေမယ့် Python သမားမဟုတ်တော့ ဘာမှမဟုတ်ပြန်ဘူး။ နောက်ပြီး Google က Google Storage အသစ်အကြောင်းလေး မိတ်ဆက်သွားတယ်။ နောက်ပြီး သဘောကျတာကတော့ Google Maps V3 API ပဲ။ သူပြသွားတဲ့ မိတ်ဆက်လေးကြည့်ပြီး ရန်ကုန်အတွက် Website လေးရေးကြည့်ရင် ကောင်းမလားလို့တောင် စဉ်းစားမိသေးရဲ့။

Continue reading

HTML 5 form

HTML စာအုပ်ကတော့ ရေးဖူးပါတယ်။ အခု HTML5 ရောက်လာတော့ စာအုပ်ထဲမှာ ထပ်ဖြည့်စွက်ဖို့ လိုတာလေးတွေ ရှိတယ်။ အခုတော့ နည်းနည်းခြင်းဆီ စုပြီး ဖော်ပြသွားပါမယ်။ HTML 5 မှာ အသစ်သုံးပြုလို့ရတဲ့ form attribute တွေကို MZ Edu မှာ ပြန်ရေးထားပါတယ်။ HTML5 နဲ့ ပတ်သက်တာလေးတွေကို နည်းနည်းခြင်းဆီ အပိုင်းလေးတွေ အလိုက် စုပြီး ဖော်ပြသွားပါမယ်။

http://edu.mysteryzillion.org/html5-form

HTML5 section

HTML 5 section ကို ဒီနေ့မှ စမ်းကြည့်တယ်။ တော်တော်မိုက်တာပဲ။ contenteditable ကို အကြိုက်ဆုံးပဲ အရင်က content တွေကို editable ဖြစ်ဖို့ jquery နဲ့ ရေးရတယ်။ အခုတော့ လွယ်ပါ့။ editable ဖြစ်ချင်ရင် contenteditable ကို true ပေးလိုက်ရုံပဲ။ jquery နဲ့ ပေါင်းပြီး သုံးလိုက်တော့ inline edition က အရမ်းလွယ်သွားပြီ။

<section contenteditable=”true”>ဒီစာကို ပြင်လို့ရတယ်။</section>

HTML5 ကို သဘောကျပြီး ကျလာတာတော့ အမှန်ပဲ။

Why Flash won’t die ?

မနေ့တုန်းကတော့ Flash Future ဆိုပြီး ကျွန်တော် ရေးပြီးပါပြီ။ Flash ဟာ အနာဂတ်မှာ ပျောက်ဆုံးသွားမှာလားဆိုတဲ့ မေးခွန်း တစ်ခုကို ဖြေရမယ်ဆိုရတော့ မပျောက်ဆုံးပါ။ မသေဆုံးနိုင်ပါ။ Adobe ဟာလည်း flash ကို သေဆုံးခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး blog post တွေ တော်တော်များများမှာ Flash နဲ့ HTML 5, jquery ဟာ ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပြီ လို့ ရေးလာကြပါတယ်။ တကယ်တန်းစဉ်းစားကြည့်မယ်ဆို ဟုတ်သလိုလိုနဲ့ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့ Flash က မသေဆုံးနိုင်တာလဲ။
Continue reading

Flash Future ?

ဒီနေ့ Flash နဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ထူးတေဇာ ရဲ့ twitter status ကနေ link ရလို့ဖတ်ဖြစ်လိုက်တယ်။ Opera က HTML5 video ကိုပဲ support လုပ်မယ်ဆိုတာလေးပါ။ အကုန်လုံး သိကြတဲ့အတိုင်းပဲ Flash က iPhone, iPodTouch, iPad တွေမှာ မရသလို အသစ်ထွက်ရှိမယ့် iPhone OS 4 မှာလည်း အများမျှော်လင့်သလို မပါဝင်ခဲ့တာ သိကြပြီးတဲ့အတိုင်းပဲ။ ပထမဆုံး Apple က Flv တွေအစား HTML5 ကို video မှာ အသုံးပြုဖို့စတင်ခဲ့တယ်။ HTML5 အတွက် mp4 ကို အသုံးပြုခဲ့တယ်။ အဲလိုပဲ Google ကလည်း HTML5 video ကို စတင် support လုပ်ပြီး youtube မှာ HTML5 video version ကို စမ်းသပ်သုံးစွဲလို့ရနေတာ ကြာပါပြီ။ နောက်ပြီး မကြာခင်မှာ Google Docs တစ်ခုလုံးဟာ HTML5 ကိုပဲ အဓိက သုံးသွားတော့မှာပါ။ Microsoft ကလည်း အသစ်ထွက်မယ့် IE 9 မှာ HTML5 video ကို စတင်ပြီး support လုပ်ပါတော့မယ်။ Opera ကလည်း HTML5 video ကို support လုပ်နေပါပြီ။

Continue reading

HTML5 Video

HTML5 video ကိုတော့ မနေ့တုန်းက video.saturngod.net အတွက် စမ်းဖြစ်လိုက်တယ်။ ပုံမှန် သမာရိုးကျကတော့

<video width="100%" height="422" controls="controls" preload="none" tabindex="0" style="background-color:#111111" poster="http://video.saturngod.net/video/2019MS_Health.jpg"" >
<source type="video/mp4" src="http://video.saturngod.net/video/2019MS_Health.mp4"></source>
<source type="video/ogg" src="http://video.saturngod.net/video/2019MS_Health.ogg"></source>
</video>

အဲဒါလေးပဲ။ mp4 က safari နဲ့ chrome တို့အတွက်ပေါ့။ webkit က mp4 မှ အလုပ်လုပ်တယ်။ ogg နဲ့ogv ကတော့ firefox , opera တို့အတွက်ပေါ့။ တကယ်လို့ video.saturngod.net မှာလို ဖြစ်ချင်ရင်တော့

<script type="text/javascript"  src="http://html5.kaltura.org/js"  > </script>

ဆိုတာလေး ထည့်ပေးလိုက်ရုံပဲ။ နောက်ပြီး video tag မှာ class=”kskin” လို့ ထည့်ပေးလိုက်ရင်ရပါတယ်။ မူရင်းကတော့ jquery UI skin ကို သုံးထားတာပါ။ အဲဒီ skin ထက် kskin ကို ပိုသဘောကျတယ်။ button နည်းပြီး ရှင်းလို့ပါ။

HTML5 က ogg က flv ထက်စာရင် size သေးပြီး loading က ပိုမြန်တဲ့အတွက် ကျွန်တော်ကတော့ flv ထက်စာရင် html5  video ကို သဘောကျတာ အမှန်ပဲ။ HTML5 video က android 2.0 မှာတော့ မရသေးဘူး။ iPhone , iPodTouch တွေမှာတော့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။