http://video.saturngod.net ကိုတော့ HTML5 video ပဲ ဆက်လက် အသုံးပြုသွားတော့မှာပါ။ ရေးရတာလွယ်သလို အဆင်လည်းပြေပါတယ်။ flv အစား HTML5 Video ဖြင့်သာ တင်သွားမှာပါ။ ဒါကြောင့် HTML5 video support လုပ်တဲ့ Firefox 3.6 , Chrome 2, Safari 4 တို့လိုအပ်ပါတယ်။
Tag Archives: HTML5
3D Site with HTML
တစ်ချိန်တစ်ခါတုန်းက HTML နဲ့ 3D လုပ်မယ်ဆိုတာ စိတ်ကူးပဲရှိခဲ့တာပါ။ အခုအခါမှာတော့ လက်တွေ့ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့တွေ HTML design တွေကို 3D ပုံစံနဲ့ ဖန်တီးလို့ရနေပြီ။ အခုအချိန်က ပြီးပြည့်စုံတဲ့ 3D မဟုတ်သေးပေမယ့် နောက်တစ်ချိန်မှာ Web Design လောက အနေနဲ့ပြောင်းလဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ Firefox 3.5 နဲ့ Safari 4 , Chrome 3 တို့မှာ 3D Effect တွေ ရရှိလာပြီလေ။ တကယ်ကို အံဩဖို့ ကောင်းပြီး အဲဒီ site ကို မြင်လိုက်ချိန်က ဟာ ခနဲ့ ဖြစ်သွားပါတယ်။ coding ပိုင်းကလည်း CSS လေးနဲ့ပဲ သုံးသွားတော့ ယုံတောင် မယုံနိုင်ဘူး။ နောက်ပြီး HTML5 မှာ ပုံတွေကို run time မှာ ဆွဲလို့ရနေပြီဆိုတော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ မယုံမရှိ လက်တွေ့မြင်ရအောင်
http://www.zachstronaut.com/lab/isocube.html
Site တစ်ခုလုံးကို ရိုးရှင်းတဲ့ coding နဲ့ ပဲ ဖန်တီးထားတယ်။ ဒါနဲ့ သူ့အတိုင်း စမ်းလုပ်ကြည့်တော့လည်း အဆင်ပြေတာကို တွေ့ရပါတယ်။ ကျွန်တော် စမ်းရေးကြည့်ထားတာတဲ့ coding ကတော့
This is topThis is leftThis is rightThis is shadow
HTML 5 Cheat Sheet
HTML 5 အတွက် Cheat Sheet ထွက်လာပါပြီ။ Smashing Magazine မှာ တွေ့တာပါ။ HTML5 ကို စူးစမ်းလေ့လာနေတဲ့သူတွေအတွက် တော်တော်လေးကို အသုံးဝင်ပါတယ်။
http://www.smashingmagazine.com/2009/07/06/html-5-cheat-sheet-pdf/
HTML 5 for a better Web
တော်တော်ကောင်းတဲ့ Article လေးပါ….
The HTML 5 will definitely contribute to a better Web. Despite its specification is still being drafted, several browsers like Firefox 3.5, Internet Explorer 8, Safari 4, Chrome 2 and Opera 10 already implement a significant part of the current HTML 5 specification.
This article reviews a bit of the history of how we got to HTML 5 and presents an overview of the enhancements that HTML 5 introduces to provide a better Web.
It also presents a reflection about whether HTML 5 will render useless browser extensions like Flash, Silverlight and Java.
What New In HTML 5
HTML5 မှာ tag အသစ်တွေပါဝင်လာတယ်။ section , article,nav စတဲ့ tag တွေက div အစားထိုးအနေနဲ့ ဝင်ရောက်လာပါတယ်။ အရင်က ul,ol တွေ div အစား ဝင်ရောက်လာသလိုပေါ့… နောက်ပြီး header ဆိုပြီး သီးသန့်ပါလာပါတယ်။ ပုံစံက html4 ကနဲ့ မတူတော့ပဲ အနည်းငယ်ပြောင်းလဲသွားတယ်။ ဘယ်လိုမျိုးလဲဆိုတော့ HTML5 မှာ
လို့ ပုံစံ အကြမ်းပြောလို့ရတာပေါ့။ ပိုပြီး structure ကျလာတယ်ထင်တယ်။ ဒါပေမယ့်လည်း event အသစ်များစွာအတွက် javascript example code တွေ မရှိသေးဘူးဖြစ်နေတယ်။ attribute အသစ်ဖြစ်တဲ့ draggable ကို true ပေးထားသော်လည်း drag လုပ်လို့မရသေးဘူး။ ကျွန်တော် သေသေချာချာ မသုံးတတ်သေးတာလည်း ဖြစ်ကောင်းဖြစ်မယ်။ နောက်ပြီး ref ဆိုတဲ့ attribute ကို mootools မှာ သုံးနေပေမယ့် HTML မှာတော့ သုံးတာ တော်တော်ရှားတယ်။ အခု ပါဝင်လာတာ တော်တော်ကောင်းပါတယ်။ sematic network အတွက် ref က လိုအပ်ပါတယ်။ နောက်ပြီး contextmenu attribute ပါဝင်လာပေမယ့် အလုပ်မလုပ်သေးပါဘူး။ HTML5 ဟာ အချို့ဟာတွေ သုံးလို့ရနေပါပြီ။ ဒါပေမယ့် အချို့ဟာတွေကတော့ စာပဲ ရှိသေးတယ်။ လက်တွေ့ အလုပ်မဖြစ်သေးတာကို တွေ့ရတယ်။ နောက်ပြီး IDE တွေ text editor တွေ မထွက်ပေါ်လာသေးဘူး။ လေ့လာလို့ရပေမယ့် ဒါကတော့ ဒါလုပ်တာလို့ပဲ သိထားလို့ရမယ်။ တနည်းပြောရင် စာတွေ့ပဲပေါ့။ လက်တွေ့အနေနဲ့ အကုန်မရသေးတဲ့အပြင် IDE,texteditor တွေ မရှိတဲ့အတွက်ကြောင့် လေ့လာဖို့ရာ အခက်အခဲလေးတွေ တွေ့နိုင်ပါတယ်။ event တွေအတွက်လည်း javascript example လေးတွေ မကြာခင်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။
HTML5 သာ standard ဖြစ်သွားရင် HTML4 ထက်အများကြီး သာလွန်သွားမှာသေချာတယ်။ Web Design ပိုင်းတွေမှာ အများကြီး ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့မြင်ပါတယ်။
HTML 5 ပြောင်းသင့်ပြီလား
လက်ရှိ HTML 5 မှာ ပါဝင်တဲ့ tag တွေကို w3school မှာ ဖော်ပြထားပါတယ်။ quackit မှာလည်း w3schools ထက်ပိုပြီး ပြည့်စုံအောင် example လေးတွေနဲ့ ရှင်းပြထားပါတယ်။ လက်ရှိမှာတော့ chrome 3 , firefox 3.5 တို့ဟာ HTML 5 ကို support တယ်လို့ ကြေငြာထားပါတယ်။ သို့သော်လည်းပဲ HTML 5 မှာ ပြောထားတဲ့ tag တွေကို သာ သိရုံအဆင့်ပဲရှိသေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
Continue reading