Keymagic Developer , Thant Thet is working on iOS 5 keyboard

Good news who waiting keyboard, Keymagic Developer , Thant Thet is working on iOS 5 keyboard.

iOS 5 new keyboard making is not easy like before. If you want to create new keyboard , you need to do reverse engineering.

Thant Thet said :

It’ won’t be easy if you don’t have reversing engineering experience before. First, you will need to learn
1. ObjectiveC
2. ARM assembly

If you know about. Start reversing engineering on iOS. There is some resources on reversing iOS. Here some results from Google

http://media.hacking-lab.com/scs3/scs3_pdf/SCS3_2011_Bachmann.pdf

http://dvlabs.tippingpoint.com/blog/2009/03/06/reverse-engineering-iphone-appstore-binaries

http://networkpx.blogspot.com/

http://networkpx.blogspot.com/ is iKeyEx developer’s blog. it has resource for how iOS 3.x keyboard works.

And finally will have to write extension for MobileSubstrate and hook iOS keyboard functions and classes. http://iphonedevwiki.net/index.php/MobileSubstrate

It need a lot of time to do and need to learn a lot. Sorry, I can’t learn and can’t make keyboard for iOS 5.

Now, I am working on new DhammaStream that include download function and can work offline.

iOS 5 keyboard

Thanks Thant Thet for trying iOS 5 keyboard. I hope, he can make for Zawgyi Keyboard also.

Btw, like the keymagic on Facebook page to support him :)

Gardar

ဒီ ၃ လ အတွင်း ထွေထွေထူးထူး မလုပ်ဖြစ်ပဲ ဂါထာ ကိုပဲ ပြီးအောင် ရေးနေတယ်။ ဂါထာ ဆိုတာကတော့ ရွတ်ရတဲ့ ဂါထာ မဟုတ်ပါ။ iPhone, iPad app တစ်ခုပါ။

Gardar ဆိုတာ ဘာလဲ ?

Gardar ဆိုတာကတော့ Google Reader App တစ်ခုပါ။ မြန်မာ unicode နဲ့ ဇော်ဂျီဖတ်လို့ရပါတယ်။ နောက်ပြီးတော့ ခမာ စာတွေပါ ဖတ်လို့ရအောင် ဖန်တီးပေးထားပါတယ်။ ခမာ unicode ကလည်း အခု အချိန်ထိ iOS 5 မှာ အလုပ်မလုပ်သေးပါဘူး။ ဒါကြောင့် ခမာ unicode ပါ ထည့်သွင်းပေးထားတာပါ။

ဘာလို့ Gardar ကို ရေးရတာလဲ

မြန်မာတွေ Google Reader က iPhone , iPad ကနေ ဖတ်လို့ရအောင်ပါ။ မိုးကုတ် browser နဲ့ ဖတ်လို့ရပေမယ့် ကျွန်တော် google reader ဖတ်ရင် သုံးနေရ Read It Later , Delicious , Facebook Share, Twitter Share စတာတွေက သုံး မရပါဘူး။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

Offline ရလား ?

အခု version မှာတော့ မရသေးပါဘူး။ ကျွန်တော် Offline ရဖို့အတွက် ၂ လ လောက် လုပ်သေးတယ်။ Offline အတွက် အရင်ကြိုးစားကြည့်တာကြောင့် တော်တော် အချိန်ကုန်သွားတယ်။ Offline က ထင်တာထက် ပိုခက်နေလို့ အခု version မှာ မထည့်ထားသေးပါဘူး။
Continue reading

iOS Resource

iOS developer တွေ အနေနဲ့ အသုံးဝင်တဲ့ resource အချို့တွေက

Cocoa Control

iOS မှာ အခြား သူတွေ အသုံးပြုထားတဲ့ control တွေကို လွယ်လင့် တကူ ရှာဖွေ အသုံးပြုနိုင်ပါတယ်။ တော်တော်များများကတော့ github မှာ share ထားပြီးထားသားပါ။ http://cocoacontrols.com က resource တွေ အားလုံးကို စုစည်းထားပေးတာပါ။ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဥပမာ။။ twitter ipad version လိုမျိုး ဖန်တီးချင်တယ်ဆိုရင် လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်။

iOS Weekly

iosdevweekly.com ကို iOS Developer တိုင်း subscribe လုပ်ထားသင့်ပါတယ်။ အပတ်စဉ် iOS devleopment နဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ newsletter တွေ ပို့ပေးပါတယ်။ ပုံမှန်အားဖြင့် News , Design, Code , Tool ဆိုပြီး Section ၄ ခု ပါပါတယ်။

Continue reading

Test Flight SDK

Testflight ကိုတော့ iOS developer တော်တော်များများ သိကြပါလိမ့်မယ်။ iOS app development လုပ်တဲ့ အခါမှာ daily build တွေကို testing လုပ်ဖို့အတွက် testflight က အရေးပါလှပါတယ်။ အရင်တုန်းကတော့ SDK မထုတ်သေးပေမယ့် လွန်ခဲ့တဲ့ လအနည်းက SDK ထုတ်ပေးခဲ့ပါတယ်။ SDK က ဘာတွေ လုပ်လို့ရသလဲဆိုရင်တော့

၁။ Application ကို ဘယ်လောက်ကြာကြာသုံးသလဲဆိုတာကို သိနိုင်တယ်။်
၂။ NSLog နဲ့ ရေးထားတာတွေကို ပြန်ကြည့်လို့ရတယ်။ တနည်းပြောရင် ဘယ် line တွေက အလုပ်လုပ်သွားသလဲ မလုပ်သွားဘူးလဲဆိုတာကို သိနိုင်တယ်။
၃။ App က Crash ဖြစ်သွားခဲ့ရင် crash report ကို သူ့အလိုလို testflight ပေါ် တင်ထားပေးတယ်။ ဒါကြောင့် ဘယ်နေရာမှာ ဘာကြောင့် crash ဖြစ်သွားသလဲဆိုတာကို လွယ်လင့်တကူ သိနိုင်တယ်။
၄။ Check Point တွေထားခဲ့လို့ရတယ်။ ဥပမာ။။ Add friend လုပ်မလုပ် သိရအောင် check point ထားခဲ့တာမျိုးပေါ့။
၅။ In App Update လုပ်နိုင်တယ်။ version အသစ်ကို တင်လိုက်တာနဲ့ tester တွေက update မလုပ်ရသေးပဲ အဟောင်းကို ဖွင့်လိုက်တာနဲ့ update လုပ်လို့ရတယ်ဆိုပြီး notification တက်လာတယ်။
၆။ In-App Question ထည့်လို့ရတယ်။
Continue reading

RestKit Framework

RestKit ဆိုတာကတော့ Objective-C အတွက် framework တစ်ခုပါ။ အထိက RestFul API တွေအတွက် ဖန်တီးထားတဲ့ framework တစ်ခုပါ။ ပုံမှန် NSURLRequest နဲ့ အသုံးပြုတဲ့အခါမှာတော့ ရောက်လာတဲ့ JSON file ကို JSON framework ကနေ တဆင့် NSDictionary ပြောင်းရတယ်။ ရတဲ့ NSDictionary တွေက တစ်ခါတစ်လေမှာ Array ဖြစ်နေတာတွေလည်း ဖြစ်တတ်တယ်။ NSDictionary က data တွေကို objectForKey နဲ့ ပြန်ခေါ်ရတယ်။

ဥပမာ။။

ဆိုတဲ့ အထဲမှာ user က ထပ်ပြီးတော့ ပါနေပြန်တယ်။ အဲဒီလိုမျိုး ကိစ္စတွေမှာ NSURLRequest နဲ့ NSDictionary ကို သုံးရတာ တော်တော်လေးကို အဆင့်ဆင့်လုပ်နေရပါတယ်။ RestKit သုံးလိုက်တဲ့ အခါမှာ အလိုအလျောက် ဆောက်ရွက်ပေးသွားတယ်။ ဘယ်လို ဆောက်ရွက်သွားလဲဆိုတာကတော့ Object Mapping ပါ။

Object Relational Mapper ကို PHP မှာ Doctrine နဲ့ တွဲသုံးဖူးတဲ့သူတွေ သိပါလိမ့်မယ်။ နောက်ပြီးတော့ Symfony Framework ကို သုံးခဲ့တဲ့သူတွေ ကောင်းကောင်းနားလည်ပါလိမ့်မယ်။ RestKit က ရောက်လာတဲ့ JSON တွေကို Object အနေနဲ့ ပြောင်းပြီးတော့ ကျွန်တော်တို့ အနေနဲ့ object ကို ပြန်ခေါ်ရုံပါပဲ။

ဆိုတဲ့ JSON format နဲ့ တွဲသုံးဖို့အတွက် NSObject ကို အောက်ကလို ဆောက်ပါတယ်။

ပြီးတဲ့ အခါမှာ mapping ကို အောက်ကလို ချိတ်လိုက်ပါတယ်။

loading ပြန်ခေါ်တဲ့အခါမှာတော့

ဆိုပြီး ပြန်ခေါ်လိုက်တဲ့ အခါမှာ Objects NSArray ထဲမှာ article objects တွေ ဝင်သွားပါပြီ။ ဒါကြောင့် Articles တွေကို လွယ်လွယ်နဲ့ ခေါ်လို့ရသွားပါတယ်။
Continue reading

Useful library for objective-c

Objective-C အခုတလော အရေးများလာရင်း တချို့ library လေးတွေ တော်တော်လေးကို အသုံးဝင်လှပါတယ်။ တနည်းပြောရင် မူရင်း SDK ထဲမှာ မပါဝင်ပဲ အခြား developer တွေ ရေးပေးထားတဲ့ library တွေပေါ့။ အဲဒီ အထဲမှာ ကျွန်တော် အသုံးများတဲ့ library လေးတွေကို ပြန်လည်စုစည်းပြီး တင်ပြလိုက်တာပါ။

JSON Framework

ဒီ library ကတော့ အသုံးအများဆုံးပဲ။ အဓိက အသုံးပြုဖြစ်တာက API တွေကို ခေါ်တဲ့အခါမှာ JSON string return ပြန်ပါတယ်။ အဲဒီ JSON ကို NSDictionary ပြောင်းဖို့အတွက် အဓိက အသုံးပြုဖြစ်ပါတယ်။

Zip Archive

iOS ကနေ တဆင့် upload ပြန်တင်တဲ့ အခါ ဒါမှမဟုတ် download ဆွဲချပြီး zip ပြန်ဖြည်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ Library ပါ။ သာမာန် text data တွေကို zip လုပ်လိုက်တဲ့ အခါမှာ file size သိသိသာသာ သေးသွားပါတယ်။ အထူးသဖြင့် plist database တွေပေါ့။ လက်ရှိ dhamma stream project မှာ အသုံးပြုထားပါတယ်။

Audio Streamer

Audio player တစ်ခု ဖန်တီးတဲ့ အခါမှာ တော်တော် လေးကို အသုံးဝင်ပါတယ်။ iOS SDK မှာ ပါတဲ့ library ထက် ပိုမို အသုံးပြုရတာ လွယ်သလယ် ပိုမိုလည်း ကောင်းမွန်တယ်လို့ ဆိုရပါမယ်။ ဒီ library ကိုလည်း dhamma stream မှာ အသုံးပြုထားပါတယ်။

MM Unicode font on cydia

iOS အတွက် jailbreak MM Unicode ကို http://cydia.macforus.com မှာ ရပါပြီ။

Zawgyi Font သွင်းထားရင်တော့ သုံးမရပါ။ ဒါကြောင့် လက်ရှိ Zawgyi သွင်းထားသူများအနေနဲ့ကတော့ Zawgyi ကို ဖြုတ်ဖို့လိုပါတယ်။

Remove Zawgyi from iOS

၁. Zawgyi Font iOS Uninstaller ကို အရင် သွင်းပါ။

၂. ပြီးလျှင် Zawgyi Font iOS ကို update လုပ်ပါ။

၃. Zawgyi Font iOS ကို Uninstall လုပ်ပါ။

၄. နောက်ဆုံး Zawgyi Font iOS Uninstaller ကို Uninstall ထပ်လုပ်ပါ။

ဒါဆိုရင် Zawgyi Font iOS uninstall လုပ်ပြီးပါပြီ။

Install Unicode Font

Go to Cydia > Sources > Edit > Add

မှာ http://cydia.macforus.com ကို ထည့်လိုက်ပါ။

ပြီးလျှင် package ကို သူ update လုပ်သွားပါမယ်။

cydia.macforus.com ကို ထည့်ပြီးတဲ့သူတွေကတော့ Changes မှာ Refresh ကို နှိပ်လိုက်ရုံပါပဲ။

ပြီးလျှင် Sections > Zawgyi > MM Unicode Font ကို သွင်းလိုက်ရင် ရပါပြီ။

သွင်းပြီးရင် respring လုပ်ပါလိမ့်မယ်။ ပြီးလျှင် ရပါပြီ။ စက်ကို restart ချစရာမလိုပါ။ Uninstall လည်း ပြန်လုပ်လို့ရပါတယ်။