iPhon 4S

မနေ့က Oct 28 ရက် စင်္ကာပူမှာ iphone စပြီး ရောင်းချပါတယ်။ M1 ကတော့ ၂၈ ရက်နေ့ မနက် ၁၂ နာရီ ( ၂၇ ရက်နေ့ ည ၁၂ နာရီ ) ကတည်းက စတင် ရောင်းချပါတယ်။ Signtel မှာတော့ ညကတည်းက တန်းစီတဲ့ သူတွေ အများအပြားပါပဲ။ ကျွန်တော်ကတော့ လိုင်းအသစ်ကို starhub ကပဲ လျှောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် online pre order မရလို့ သွားတန်းစီးရပါတယ်။

မနက် ၉ နာရီ ကတည်းက Clementi Mall မှာ စပြီး တန်းစီပါကော။ ၁၀ နာရီမှာ ဆိုင်ဖွင့်ပြီးတော့ ၁၂ နာရီလောက်မှာ ကျွန်တော့်အလှည့်ကို ရောက်လာပါကော။ ကျွန်တော့် အရှေ့က တစ်ယောက်က 32 GB စာရင်း ကောက်ထားတဲ့ အထဲမှာ ပါပြီး အရှေ့ရောက်မှ 32 GB မရှိတော့ဘူးဆိုလို့ ပြဿနာ ဖြစ်ပါလေရော။ 32 GB ၅ လုံးပဲ ရှိတဲ့အတွက် အစောကြီးကတည်းက စာရင်းကောက်ထားပါတယ်။ သို့ပေမယ့် ရောင်းတဲ့သူက အခြား သူကို ၂ လုံး ရောင်းလိုက်တဲ့အတွက် အစောကြီးကတည်းက ကုန်သွားပါလေရော။ ဒါနဲ့ စာရင်းကောက်ထားတာတွေက တလွဲတွေ ဖြစ်ကုန်ပါလေရော။ ဒါနဲ့ ကျွန်တော့် ရှေ့က တစ်ယောက် 16 GB ပြောင်းယူလိုက်ရပါတယ်။

ကျွန်တော့် အလှည့်ရောက်တော့ New Line လျှောက်မှာ ဖြစ်တဲ့အတွက်ကြောင့် Address သေချာအောင် Bank Bill စာရွက်လိုပါတယ်တဲ့။ ” passport လည်းပါလာပါတယ်။ bank bill စာရွက်တော့ မပါလာဘူး။ အိမ်ပြန်ယူရမယ် ။ ပြန်လာရင် Queue ပြန်တန်းစီရမလား” ဆိုတော့ တန်းစီရပါမယ်တဲ့။ အဲလိုပြောပြီးတာနဲ့ နောက်လူ တစ်ယောက်ကို ခေါ်ပါလေရော ။ ကျွန်တော် စကားတောင် ပြီးအောင် မပြောလိုက်ရဘူး။ ဒါနဲ့ အိမ်ပြန် Queue ပြန်တန်းစီပေါ့။ ၁ နာရီခွဲလောက်နေတော့ အရှေ့ကလူတွေက ထွက်သွားလို့ ဘာဖြစ်တာလဲပေါ့ ဆိုပြီး ဆိုင်က ဝန်ထမ်းကို သွားမေးကြည့်လိုက်တော့မှ 16 GB ကော 32 GB ကော out of stock ဖြစ်သွားပြီး။ 64 GB တစ်မျိုးပဲ ကျန်တော့တယ်။ ဒါဆိုရင် ကျွန်တော် ၁ နာရီခွဲ တန်းစီထားတာ အလကားဖြစ်သွားတာပေါ့။ အဲဒီကတည်းက starhub ရဲ့ အလုပ်လုပ်ပုံကို စိတ်တော်တော် ညစ်သွားတယ်။ ၉ နာရီကတည်းက စလိုက်တာ ၁ နာရီထိုးတဲ့ အထိ အချိန်ကုန်သွားတာပဲ အဖတ်တင်လိုက်တယ်။ ဒါနဲ့ Jurong Point သွား။ Starhub မှာ မေး ။ မေးဖို့တေင် တော်တော် စောင့်လိုက်ရတယ်။ မမေးခင်မှာပဲ out of stock ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပါလေရော။ ဒါနဲ့ပဲ မရခဲ့ပြန်ဘူး။
Continue reading

Dhamma Stream 0.8

Dhamma Stream 0.8 ကို ဒီနေ့ မနက်ပဲ Approve ဖြစ်သွားတယ်။ Dhamma Stream 0.8 မှာ

- database ကို online ကနေ update လုပ်လို့ရလာပြီ။
- တရားတော်ကို app background run ထားပြီး နားထောင်လို့ရတယ်။
- သီးသန့် player ထည့်သွင်းထားတယ်။
- အရင် Link အဟောင်းတွေ အကုန်လုံး fixed ပြန်လုပ်ထားပါတယ်။
- UI design ကို ပြန်ပြင်ထားပါတယ်။ နောက်ပြီး Logo ပါ ပြင်လိုက်တယ်။

Continue reading

MMUnicode iPhone Keyboard

cydia.macforus.com မှာတော့ တင်ထားတာတော့ ကြာပြီ။ ရေးထားတဲ့ သူကတော့ ရှိန်ြမင့်အောင် ပါ။ ကျွန်တော်ကတော့ မစမ်းကြည့်ရသေးပါဘူး။ လက်ရှိ iphone ကော iPad ကပါ jailbreak မလုပ်ထားပါဘူး။ jailbreak လည်း လုပ်လို့ မရသေးတာ ကြောင့်လည်း ပါတယ်။ အခုတော့ in app purchases ပိုင်း ရေးနေတဲ့ အတွက်ကြောင့် jailbreak လုပ်လို့ မရဘူး။ jailbreak လုပ်လိုက်ရင် in app purchases က development ပိုင်းမှာ အလုပ်မလုပ်တော့လို့ပါ။ စမ်းချင်တဲ့ သူတွေ စမ်းလို့ ရပါတယ်။ ပြဿနာများကိုတော့ nasperlay.net မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။

Ornagaime

မနေ့ညကပဲ App Store မှာ Ornagaime ကို Approve ဖြစ်သွားပါတယ်။ Ornagaime ဆိုတာကတော့ Ornagai Myanmar to English Dictionary ဖြစ်ပါတယ်။ လက်ရှိ Ornagai က Data ကိုပဲ reverse ပြန်လုပ်လိုက်တာပါ။ reverse လုပ်တယ်ဆိုပေမယ့် လက်ရှိ www.ornagai.com မှာ သုံးထားတဲ့ နည်းပညာအတိုင်း တွေကို ခွဲထုတ်ပြီး တော့ လုပ်ထားပါတယ်။ စာလုံးပေါင်း 61579 ရှိပါတယ်။ သို့ပေမယ့် စာလုံးတွေက လိုအပ်နေပါသေးတယ်။ လက်ရှိ version ကတော့ 0.5 ဖြစ်ပြီးတော့ iOS 4.2 သို့မဟုတ် နောက်ပိုင်း version တွေမှသာ သွင်းလို့ရမှာပါ။ zawgyi keyboard အရံသင့်ထည့်သွင်းထားပါတယ်။ လက်ရှိ computer လက်ကွက်အတိုင်းပါပဲ။ Unicode ကို အစက ပြောင်းမလို့ စဉ်းစားပေမယ့် android version အတွက် ပြဿနာ ကြုံရနိုင်တာကြောင့် data ကို ဇော်ဂျီပဲ သုံးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လက်ကွက်ကို ပို အဆင်ပြေအောင် မလိုအပ်တဲ့ ​ြ– တွေကို ဖြုတ်ဖို့ လုပ်ပါအုံးမယ်။ အခု version ကတော့ အကုန်လုံး ဖြည့်ထားတဲ့အတွက် ခလုတ်လေးတွေက အရမ်းကို သေးသွားတယ်။
Continue reading

Lesson from Angry Birds

ဖတ်မယ် ဖတ်မယ် နဲ့ မဖတ်ဖြစ်ခဲ့တဲ့ Angry Birds အကြောင်းပါတဲ့ Wired Magazine ကို ရုံးကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လောက်က ယူလာပြီး ဖတ်ဖြစ်ခဲ့တဲ့။ ခဏလောက် အကြမ်းဖတ်မယ်ဆိုပြီး ရထားပေါ်မှာ ဖတ်လိုက်တာ ရပ်လို့ မရတော့လောက်အောင် စွဲဆောင်မှု ရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ။ တကယ်ကို ကောင်းမွန်တဲ့ Success Story ဆိုလည်း မမှားပါဘူး။ Angry Birds က Rovio ကို ကယ်တင်ခဲ့တဲ့ Game ဆိုလည်း မမှားပါဘူး။ တော်တော်များများက Angry Birds က ကံကောင်းလို့ အောင်မြင်သွားတယ်လို့ ဆိုတယ်။ အချို့တွေကလည်း ဘာမှ သိပ်ထူးထူးဆန်းဆန်း မဟုတ်ပဲ ဘာလို့ အောင်မြင်တာလဲဆိုတာကို မေးခွန်းထုတ်ကြတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို Wired Magazine April လထုတ် ထဲက What Angry Birds’ Success Mean For The Future Of Entertainment ဆိုတဲ့ ဆောင်းပါးမှာပါပါတယ်။
Continue reading

Dhamma Stream

Dhamma Stream ဆိုတာက iPhone Application တစ်ခုပါ။ တရားတော်တွေကို online ကနေ တိုက်ရိုက် နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဆရာတော် ၉ ပါး ကို online ကနေ တိုက်ရိုက် နားထောင်လို့ရပါတယ်။ data တွေ အားလုံးကို မူရင်း website ကနေ ပဲ ရယူထားပါတယ်။ တရားတော် များများကိုတော့ http://dhammadownload.com/ ကနေ ယူထားပါတယ်။ အခု version မှာတော့ download ချတာနဲ့ favorite list လုပ်တာတော့ မပါသေးဘူး။ Database ကို online ကနေ တိုက်ရိုက် update လုပ်ယူအောင် လုပ်ဖို့ ကြိုးစားပေမယ့် အချိန်ယူရမှာကြောင့် မထည့်ဖြစ်ဘူး။ နောက် version မှာ ပါလာအောင် ကြိုးစားပေးပါ့မယ်

ရေးဖြစ်သွားတာက website ကိုသွား ဖွင့်ရတာပျင်းတာကြောင့် phone ပေါ်ကနေပဲ တိုက်ရိုက်ဖွင့်လို့ရရင်ကောင်းမယ်။ website မသွားချင်ဘူးဆိုဘူး ရေးဖြစ်သွားတာပါ။ နောက် version မှာတော့ ဆရာတော် စာရင်း ထပ်ဖြည့်ပေးပါ့မယ်။ အခုတော့ version 0.5 ကို iphone ပေါ်ကနေ download ချပြီး online ပေါ်ကနေ တရားနာလို့ရပါပြီ။ computer ကို ဖွင့်ဖို့ မလိုပဲ phone ပေါ်ကနေ လွယ်လင့် တကူ တရားနာယူလို့ရပါပြီဗျာ။

CB Bank iPhone app

CB Bank iPhone app ဟာ CB Bank ရဲ့ Branch တွေ အားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုလို့ ရပြီး ဖုန်း နံပတ် ၊ လိပ်စာ ၊ fax စတဲ့ အချက် အလက်တွေ ပါဝင်ပါတယ်။ နောက်ပြီး မြေပုံကနေ တဆင့် အနီး ဆုံး branch ကို ရှာဖွေလို့ရပါတယ်။ အင်တာနက် connection ရှိဖို့ တော့လိုတာပေါ့။ Mobile Banking တွေ မရသေးပေမယ့် လက်ရှိ bank လိပ်စာတွေ နဲ့ ဖုန်းနံပတ်တွေကို လွယ်လွယ်ကူကူ ရအောင် ဖန်တီးပေးထားတာပါ။ နောက်ပြီး အတိုးတွက်တဲ့ Calculator တစ်ခု ပါဝင်ပြီး ကိုယ်ငွေစုထားရင် ဘယ်နှစ်နှစ် ကြာရင် bank ထဲမှာ ဘယ်လောက်ရှိသွားပြီဆိုတာကို တွက်ချက်လို့ရပါတယ်။ နောက် version တွေမှာတော့ Branch တွေရဲ့ photo တွေ ပါဝင်လာပါမယ်။ နောက်ပြီး အခြား feature အသစ်တွေလည်း ပါဝင်လာဖို့ရှိသလို iPad version လည်း ထွက်ရှိလာမှာပါ။ iPhone version က Branch list ကို ဒီထက် ပိုမိုကောင်းမွန်လာအောင် ပြုပြင်ဖို့ ရှိပါတယ်။

Continue reading

Zawgyi layout iOS 4.1 keyboard By Wai Phyo Lin

သူ့ပို့ထားတဲ့ mail လေးပါ။ အခုရုံးမှာ မို့ ညမှပဲ စမ်းတော့မယ်..

Hi,

I just finished my keyboard for iOS 4.1.
Please the attachment file.

copy 10 files under ./myankey/ to /System/Library/Framework/UIKit.Framework/
copy KeyboardTitles.strings to /Applications/Preferences.app/English.lproj/

Please backup before overwrite.

In Settings > General > Keyboard > International Keyboards > Add New Keyboard.. ==> Myanmar မြန်မာ
If you tap on Myanmar, you can choose “Software Keyboard Layout” as “Myanmar-Zawgyi” and “Myanmar-Alphabetical-Order”
I just finished Myanmar-Zawgyi.
Do not select “Myanmar-Alphabetical-Order”.

If there is error, please let me know.
MyanmarKeyboard