Saturngod » iphone

iPhon 4S
မနေ့က Oct 28 ရက် စင်္ကာပူမှာ iphone စပြီး ရောင်းချပါတယ်။ M1 ကတော့ ၂၈ ရက်နေ့ မနက် ၁၂ နာရီ ( ၂၇ ရက်နေ့ ည ၁၂ နာရီ ) ကတည်းက စတင် ရောင်းချပါတယ်။ Signtel မှာတော့ ညကတည်းက တန်းစီတဲ့ သူတွေ အများအပြားပါပဲ။ ကျွန်တော်ကတော့ လိုင်းအသစ်ကို starhub ကပဲ လျှောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် online pre order မရလို့ သွားတန်းစီးရပါတယ်။

မနက် ၉ နာရီ ကတည်းက Clementi Mall မှာ စပြီး တန်းစီပါကော။ ၁၀ နာရီမှာ ဆိုင်ဖွင့်ပြီးတော့ ၁၂ နာရီလောက်မှာ ကျွန်တော့်အလှည့်ကို ရောက်လာပါကော။ ကျွန်တော့် အရှေ့က တစ်ယောက်က 32 GB စာရင်း ကောက်ထားတဲ့ အထဲမှာ ပါပြီး အရှေ့ရောက်မှ 32 GB မရှိတော့ဘူးဆိုလို့ ပြဿနာ ဖြစ်ပါလေရော။ 32 GB ၅ လုံးပဲ ရှိတဲ့အတွက် အစောကြီးကတည်းက စာရင်းကောက်ထားပါတယ်။ သို့ပေမယ့် ရောင်းတဲ့သူက အခြား သူကို ၂ လုံး ရောင်းလိုက်တဲ့အတွက် အစောကြီးကတည်းက ကုန်သွားပါလေရော။ ဒါနဲ့ စာရင်းကောက်ထားတာတွေက တလွဲတွေ ဖြစ်ကုန်ပါလေရော။ ဒါနဲ့ ကျွန်တော့် ရှေ့က တစ်ယောက် 16 GB ပြောင်းယူလိုက်ရပါတယ်။

ကျွန်တော့် အလှည့်ရောက်တော့ New Line လျှောက်မှာ ဖြစ်တဲ့အတွက်ကြောင့် Address သေချာအောင် Bank Bill စာရွက်လိုပါတယ်တဲ့။ ” passport လည်းပါလာပါတယ်။ bank bill စာရွက်တော့ မပါလာဘူး။ အိမ်ပြန်ယူရမယ် ။ ပြန်လာရင် Queue ပြန်တန်းစီရမလား” ဆိုတော့ တန်းစီရပါမယ်တဲ့။ အဲလိုပြောပြီးတာနဲ့ နောက်လူ တစ်ယောက်ကို ခေါ်ပါလေရော ။ ကျွန်တော် စကားတောင် ပြီးအောင် မပြောလိုက်ရဘူး။ ဒါနဲ့ အိမ်ပြန် Queue ပြန်တန်းစီပေါ့။ ၁ နာရီခွဲလောက်နေတော့ အရှေ့ကလူတွေက ထွက်သွားလို့ ဘာဖြစ်တာလဲပေါ့ ဆိုပြီး ဆိုင်က ဝန်ထမ်းကို သွားမေးကြည့်လိုက်တော့မှ 16 GB ကော 32 GB ကော out of stock ဖြစ်သွားပြီး။ 64 GB တစ်မျိုးပဲ ကျန်တော့တယ်။ ဒါဆိုရင် ကျွန်တော် ၁ နာရီခွဲ တန်းစီထားတာ အလကားဖြစ်သွားတာပေါ့။ အဲဒီကတည်းက starhub ရဲ့ အလုပ်လုပ်ပုံကို စိတ်တော်တော် ညစ်သွားတယ်။ ၉ နာရီကတည်းက စလိုက်တာ ၁ နာရီထိုးတဲ့ အထိ အချိန်ကုန်သွားတာပဲ အဖတ်တင်လိုက်တယ်။ ဒါနဲ့ Jurong Point သွား။ Starhub မှာ မေး ။ မေးဖို့တေင် တော်တော်  စောင့်လိုက်ရတယ်။ မမေးခင်မှာပဲ out of stock ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပါလေရော။ ဒါနဲ့ပဲ မရခဲ့ပြန်ဘူး။

ဒီတော့ IMM ကို ထပ်သွား။ ၂ နာရီထိုးကျော်တော့ IMM ရောက်တော့ starhub ကို စိတ်ကုန်တာနဲ့ M1 ပဲ သွားလိုက်တော့တယ်။ M1 မှာ တန်းစီတဲ့ လူတွေက အများကြီးပဲ။ ဒါနဲ့ ဝင်ပြီး တန်းစီပါလေရော။ တန်းစီဖို့ ပြင်လိုက်ကတည်းက M1 က ဝန်ထမ်း ၂ ယောက်က လာပြီးတော့ ဘာ ဖုန်း အမျိုးအစား ယူမလဲ မေးတယ်။ ပြီးရော ယူမယ့် ဖုန်းအမျိုးအစားအတွက် စာရွက်လေးတစ်ရွက်ပေးတယ်။ သူတို့မှာ လက်ရှိရှိတဲ့ stock အရေအတွက်နဲ့ စာရွက်ထဲမှာ လုပ်ထားတယ်။ Queue တစ်ယောက်တန်းစီရင် တစ်ပိုင်းလဲ ဖြဲဖြဲပေးလိုက်တယ်။ တနည်းပြောရင် stock ကို trace လိုက်လို့ရသလို queue တန်းစီတဲ့သူတွေကလည်း သူတို့လိုချင်တဲ့ ဖုန်း အမျိုးအစားရမရ မစီခင်ကတည်းက သိရပြီ။ စီနေတဲ့ အချိန်မှာလည်း ကိုယ့်အလှည့်ရောက်ရင် ရမှာဆိုတာကို သေချာပြီးသားဖြစ်သွားပြီ။ နောက်တစ်ယောက်က IC number နဲ့ new contract လား renew လား upgrade လား စတာတွေ မေးပြီး EP ဖြစ်တဲ့အတွက်ကြောင့် passport လိုတယ်။ ပါလာသလားလို့ မေးပါတယ်။ တန်းမစီခင်ကတည်းက တန်းစီတဲ့ သူတွေ အချိန် မကုန်အောင် သေသေချာချာ လုပ်ထားပေးတာလေးတော့ သဘောကျမိတယ်။ starhub မှာတန်းစီတုန်းက ဘာမှကို ရေရေရာရာ မသိရပဲနဲ့ တန်းစီလိုက်ရတယ်။ M1 မှာ ညနေ ၄ နာရီမှာတော့ ကိုယ့်အလှည့်ရောက်လာပါလေရော။ ဒီအတွင်းမှာတော့ subway ကပဲ နေ့လယ်စာ ပေါင်မုန့်စားလိုက်ရတယ်။ ၄ နာရီမှာ ရတာကတော့ phone မဟုတ်ပဲ token နံပါတ်ဖြစ်နေတယ်။ နောက်ထပ် ၄ နာရီကြာမှ ဖုန်းထုတ်ဖို့ အလှည့်ရောက်မယ်တဲ့။ ထမင်းစားပြီး အေးဆေးနားပြီးမှ ပြန်လာခဲ့ဖို့ ပြောလိုက်တယ်။ ဖုန်းလိုင်းလျှောက်တုန်းကလည်း ဘာဆိုဘာမှ မမေး။ passport လေးပဲ တောင်းတယ်။ တော်တော် အဆင်ပြေတယ်လို့ ဆိုရမယ်။

IMM မှာပဲ ဟိုကြည့်ဒီကြည့်။ ညစာ စား။ ည ၈ နာရီအထိ token နံပါတ်က ရောက်မလာသေး။ ည ၉ နာရီ ကျော်လောက်မှ token အလှည့်ရောက်ပြီး ဖုန်းထုတ်လို့ရပါတယ်။ M1 ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးက တော်တော်ကောင်းတယ်။ starhub နဲ့ ကွာတာကတော့ အမှန်ပဲ။ အလုပ်လုပ်ပုံကလည်း စနစ်တကျရှိပြီး starhub တုန်းကလို ငါ့အလှည့်ရောက်ရင် stock ကုန်သွားမလားဆိုပြီး တွေးပူနေစရာ မလိုဘူး။

အိမ်ပြန်ရောက်တာ Siri သုံးကြည့်တော့ ကျွန်တော်ပြောတဲ့ စကားလုံး အချို့ကို မသိဘူး။ ဥပမာ။ weather ဆိုတာကို UK မှာ သိပြီးတော့ US ပြောင်းလိုက်ရင် မသိတော့ဘူး။ အဲလိုပဲ တချို့ စကားလုံးတွေက US မှာ သိပြီးတော့ UK မှာ မသိတော့ပြန်ဘူး။ ကြည့်ရတာ ကျွန်တော် ထွက်တဲ့ အသံထွက်က ဟိုမကျ ဒီမကျ အတော်ကြီးကို လွှဲနေပုံပဲ။ Siri နဲ့ အင်္ဂလိပ်စာ ပြန်လေ့ကျင့်ရင်တော့ တော်တော် အသုံးဝင်မယ်ထင်တယ်။ နောက်ပြီးတော့ Siri က လမ်းတွေရှာတာတွေ စားသောက်ဆိုင်ရှာတာတွေကို စင်္ကာပူမှာ အသုံးမပြုနိုင်သေးပါဘူး။ ဒါကြောင့် iphone 4 နဲ့ ဘာမှ ကွာလှတယ် မဟုတ်ဘူး။ Hardware level လေးကွာတာလောက်ပဲ ရှိတယ်လို့ ဆိုရမယ်။ ဘာပဲပြောပြော iPhone 4s ရဖို့ စုစုပေါင်း အချိန် ၁၂ နာရီလောက် ကြာသွားတယ်။ အချိန်ကော ငွေကော ကုန်သွားသလို လူလည်း ပင်ပန်းသွားတယ်။

Dhamma Stream 0.8
Dhamma Stream 0.8 ကို ဒီနေ့ မနက်ပဲ Approve ဖြစ်သွားတယ်။ Dhamma Stream 0.8 မှာ

- database ကို online ကနေ update လုပ်လို့ရလာပြီ။

- တရားတော်ကို app background run ထားပြီး နားထောင်လို့ရတယ်။

- သီးသန့် player ထည့်သွင်းထားတယ်။

- အရင် Link အဟောင်းတွေ အကုန်လုံး fixed ပြန်လုပ်ထားပါတယ်။

- UI design ကို ပြန်ပြင်ထားပါတယ်။ နောက်ပြီး Logo ပါ ပြင်လိုက်တယ်။

Download

MMUnicode iPhone Keyboard
cydia.macforus.com မှာတော့ တင်ထားတာတော့ ကြာပြီ။ ရေးထားတဲ့ သူကတော့ ရှိန်ြမင့်အောင်  ပါ။ ကျွန်တော်ကတော့ မစမ်းကြည့်ရသေးပါဘူး။ လက်ရှိ iphone ကော iPad ကပါ jailbreak မလုပ်ထားပါဘူး။ jailbreak လည်း လုပ်လို့ မရသေးတာ ကြောင့်လည်း ပါတယ်။ အခုတော့ in app purchases ပိုင်း ရေးနေတဲ့ အတွက်ကြောင့် jailbreak လုပ်လို့ မရဘူး။ jailbreak လုပ်လိုက်ရင် in app purchases က development ပိုင်းမှာ အလုပ်မလုပ်တော့လို့ပါ။ စမ်းချင်တဲ့ သူတွေ စမ်းလို့ ရပါတယ်။ ပြဿနာများကိုတော့ nasperlay.net မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။

Ornagaime
မနေ့ညကပဲ App Store မှာ Ornagaime ကို Approve ဖြစ်သွားပါတယ်။ Ornagaime ဆိုတာကတော့ Ornagai Myanmar to English Dictionary ဖြစ်ပါတယ်။ လက်ရှိ Ornagai က Data ကိုပဲ reverse ပြန်လုပ်လိုက်တာပါ။ reverse လုပ်တယ်ဆိုပေမယ့် လက်ရှိ www.ornagai.com မှာ သုံးထားတဲ့ နည်းပညာအတိုင်း ။ တွေကို ခွဲထုတ်ပြီး တော့ လုပ်ထားပါတယ်။ စာလုံးပေါင်း 61579 ရှိပါတယ်။ သို့ပေမယ့် စာလုံးတွေက လိုအပ်နေပါသေးတယ်။ လက်ရှိ version ကတော့ 0.5 ဖြစ်ပြီးတော့ iOS 4.2 သို့မဟုတ် နောက်ပိုင်း version တွေမှသာ သွင်းလို့ရမှာပါ။ zawgyi keyboard အရံသင့်ထည့်သွင်းထားပါတယ်။ လက်ရှိ computer လက်ကွက်အတိုင်းပါပဲ။ Unicode ကို အစက ပြောင်းမလို့ စဉ်းစားပေမယ့် android version အတွက် ပြဿနာ ကြုံရနိုင်တာကြောင့် data ကို ဇော်ဂျီပဲ သုံးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လက်ကွက်ကို ပို အဆင်ပြေအောင် မလိုအပ်တဲ့ ​ြ– တွေကို ဖြုတ်ဖို့ လုပ်ပါအုံးမယ်။ အခု version ကတော့ အကုန်လုံး ဖြည့်ထားတဲ့အတွက် ခလုတ်လေးတွေက အရမ်းကို သေးသွားတယ်။

version 0.5.1 ကိုတော့ submit လုပ်ထားပြီးပါပြီ။ Search Speed ကို ပိုမြန်အောင် ပြုပြင်ထားပြီးတော့ iOS 3.2 or later မှာ အသုံးပြုလို့ရအောင် ပြန်ပြင်ထားပါတယ်။ အခု version 0.5 မှာတော့ iPhone version အတွက်ပဲ ရပါသေးတယ်။ iPad version ကို version 1.0 မှာ ပါလာအောင် ကြိုးစားနေပါတယ်။  လုပ်ဖို့ ကျန်နေတာတွေက

Syllable Breaking

အခု ကျော ကို ရှာရင် ကျော့ ၊ ကျောင် ၊ ကျောင်း စတာတွေကို သွားရှာနေပါတယ်။ syllable breaking အဆင့်ပြီးသွားရင်တော့ ကျော ကို ရှာရင် ကျော့ ၊ ကျောင် ၊ ကျောင်း ကို result ထဲမှာ ပြပေးမှာ မဟုတ်ပါဘူး။ ပိုပြီး တိကျတဲ့ result ထွက်လာပါမယ်။

Normalization

လက်ရှိ နောက်ထပ် ပြဿနာ တစ်ခုက က-ိ-ု ကို ရှာတာနဲ့ က-ု-ိ ကို ရှာတာ result မတူဘူး ဖြစ်နေတယ်။ Normalization လုပ်ပြီးရင်တော့ ဘယ်လိုပဲ ရိုက်ရိုက် အဖြေတူသွားမှာပါ။

အဲဒီ အဆင့် ၂ ဆင့်ကို အရင်ပြီးအောင် လုပ်ဖို့ လိုပါတယ်။ Version 1.0 မှာ အဲဒီ ၂ ခု ပါလာပါမယ်။

Lesson from Angry Birds
ဖတ်မယ် ဖတ်မယ် နဲ့ မဖတ်ဖြစ်ခဲ့တဲ့ Angry Birds အကြောင်းပါတဲ့ Wired Magazine ကို ရုံးကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လောက်က ယူလာပြီး ဖတ်ဖြစ်ခဲ့တဲ့။ ခဏလောက် အကြမ်းဖတ်မယ်ဆိုပြီး ရထားပေါ်မှာ ဖတ်လိုက်တာ ရပ်လို့ မရတော့လောက်အောင် စွဲဆောင်မှု ရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ။ တကယ်ကို ကောင်းမွန်တဲ့ Success Story ဆိုလည်း မမှားပါဘူး။ Angry Birds က Rovio ကို ကယ်တင်ခဲ့တဲ့ Game ဆိုလည်း မမှားပါဘူး။ တော်တော်များများက Angry Birds က ကံကောင်းလို့ အောင်မြင်သွားတယ်လို့ ဆိုတယ်။ အချို့တွေကလည်း ဘာမှ သိပ်ထူးထူးဆန်းဆန်း မဟုတ်ပဲ ဘာလို့ အောင်မြင်တာလဲဆိုတာကို မေးခွန်းထုတ်ကြတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို Wired Magazine April လထုတ် ထဲက What Angry Birds’ Success Mean For The Future Of Entertainment ဆိုတဲ့ ဆောင်းပါးမှာပါပါတယ်။

ဆောင်းပါးကို အစအဆုံး ၂ ခေါက်လောက် ဖတ်ဖြစ်လိုက်တယ်။ ကျွန်တော်ထင်တာတွေ မှားနေတာကို တွေ့ရတယ်။ သူတို့လုပ်သွားတဲ့ အဆင့်ဆင့်တွေက လူတိုင်းသိပေမယ့် လူတိုင်း မလုပ်ဖြစ်ခဲ့တဲ့ အဆင့်တွေကို တွေ့လိုက်ရတယ်။ Angry Birds မတိုင်ခင်မှာ သူတို့တွေ Game ပေါင်း ၅၁ ခု သူတို့တွေ ဖန်တီးခဲ့ပြီးပါပြီ။ သူတို့တွေက EA , Namco စတာတွေ အတွက် လုပ်ခဲ့တဲံ Game တွေပါ။ ဒါကြောင့် သူတို့ ကိုယ်ပိုင် Title နဲ့ Game ထုတ်ဖို့ အတွက် စဉ်းစားရင်း Angry Birds ဖြစ်လာခဲ့ရတာပဲ။ ၂၀၀၄ လောက်မှာ Web Development တွေ ခေတ်စားလာတော့ Mikael ရဲ့ အဖေက Rovio ကို web development လုပ်စေချင်ခဲ့တယ်။

အဲဒီမှာ သူပြောသွားတဲ့ စကားလေးက သဘောကျဖို့ကောင်းတယ်။

But I felt we should take a longer-term approach to building the business. We certainly didn’t want to build a bubble

2005 မှာ Mikael က သူ့အဖေနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်တာနဲ့ Rovio ကနေ ထွက်ခဲ့ပါတယ်။ 2009 မှာတော့ ဝန်ထမ်း အယောက် ၅၀ ရှိတဲ့ Rovio ဟာ ၁၂ ယောက်လောက်ထိ လျှော့ချခဲ့ရပါတယ်။ အခြားသူများရဲ့ စီးပွားရေး ကပ်နဲ့ အတူ Rovio လည်း ခံရတာပဲ။ အဲဒီအတွက်ကြောင့်လည်း Angry Birds ဖြစ်လာဖို့ အကြောင်းအရင်းတွေ ဖြစ်လာတယ်ဆိုလည်း မမှားဘူးပေါ့။ အဲဒီ အချိန်မှာ Niklas က  Mikael ရဲ့ အဖေ Kaj ကို ပြောပြီး Mikael ကို ပြန်ခေါ်ခဲ့ပါတယ်။ 2007 ခုနှစ်မှာ iPhone ရဲ့ App store ကြောင့် Game Developer တွေ အခြား Developers တွေ မီလျံနဲ့ ချီပြီး ဝင်ရောက်လာပါတယ်။ worldwide distribution ပြဿနာကို ဖြေရှင်းပေးလိုက်တဲ့ အကြောင်းဆုံး distribution နည်းလို့ Mikael ထင်ခဲ့ပါတယ်။ Nikals က

App store အတွက် စာချုပ်တစ်နှစ်စာချုပ်ပြီးတာနဲ့ တစ်ကမ္ဘာလုံးကို ရောင်းလို့ရပြီ။ iPhone က ကမ္ဘာကြီး တစ်ခုလုံးကို ဆက်သွယ်ဖို့ ဖန်တီးပေးလိုက်တာပဲ။

လို့ ဆိုပါတယ်။

Mikael က ၂၀၀၉ မှာ ပြန်ရောက်လာပြီး Niklas နဲ့ အတူတူ company ရဲ့ ထွက်ပေါက်ကို ထိုးထွက်ဖို့ အစီအစဉ်တွေ စတင်ရေးဆွဲခဲ့ပါတယ်။ App store ကို အဓိကထားပြီး iPhone Game ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။  Game က သိပံ္ပဆန်တဲ့ game မဟုတ်သလို စွန့်စားခန်း game တွေလည်း မဟုတ်ရပါဘူး။ hardcore gamer တွေဆော့တဲ့ game မဟုတ်ပဲ လူတိုင်း ဆော့နိုင်တဲ့ game ဖြစ်ရမယ်။ သူတို့ဟာ Physics Base game ကို ရွေးခဲ့တယ်။ အဲဒီအချိန်တုန်းက Physic Base Flash game တွေ online မှာ ခေတ်စားနေတဲ့ အချိန်လည်း ဖြစ်တာကြောင့်ပါတယ်။ နောက်ပြီး Game က Tutorial မလိုတဲ့ game ဖြစ်ရမယ်။  Game ကို ၁ မိနစ်လောက် ဆော့လိုက်တာနဲ့ ပျော်ရွှင်သွားရမယ့် game အမျိုးအစားဖြစ်ရမယ်။

Rovio ရဲ့ Game Designer , Jaakko Iisalo က idea ၁၀ ခုလောက် ဆွဲခဲ့တယ်။  2009 March လမှာတော့ Iisalo က အကြံကောင်းတစ်ခု ရခဲ့တယ်။

ဒီ ငှက်တွေမှာ ခြေထောက်မရှိဘူး။ မပျံနိုင်ဘူး။ နောက်ပြီး အရမ်းကို ဒေါသထွက်နေကြတယ်။ အဲ… ဘာကြောင့် ဒေါသထွက်နေရတာလဲဆိုတာကို စဉ်းစားဖို့ လိုတယ်။ နောက်ပြီး သူတို့မှာ ကိုယ်ပိုင် ထူးခြားတဲ့ အချက်တွေ ရှိကြတယ်။

ပထမဆုံးတော့ အဲဒီ ငှက်တွေကို ဘယ်လို လုပ်ရမလဲဆိုတာ ခက်ခက်ခဲခဲ စဉ်းစားခဲ့ရတယ်။ အရောင်မျိုးစုံ ငှက်တွေက ပျံပြီးတော့ အုတ်ခဲတွေ သစ်သားတွေ ဖျက်စီးခဲ့တယ်။ နောက်ဆုံးမှာတော့ အစိမ်းရောင် ဝက်တွေကို ထည့်ခဲ့တယ်။ Drag လေးဆွဲပြီး ပစ်ရုံပဲပေမယ့် သူတို့ ဘာကြောင့် ဒီလောက် ဒေါသထွက်ပြီး အုတ် တွေ သစ်တွေကို ဝင်တိုက်ရဲတာလည်း ဆိုတဲ့ အချက်က အရေးပါလာပြီ။ ဒါနဲ့ နောက်ခံ ဇာတ်လမ်းလေး တစ်ပုဒ် ဖြည့်ခဲ့တယ်။ ဝက်တွေက ငှက်တွေရဲ့ ငှ ကိုခိုးသွားတယ်ဆိုပြီးတော့ ဖြည့်လိုက်တယ်။

Mikael က အဲဒီ project အတွက် €25,000 ကို budget ထားလိုက်ပါတယ်။ တကယ်တန်းတော့ final cost က အဲဒီ ရဲ့ ၄ ဆ လောက် ရှိပါတယ်။ သူတိူ့ရဲ့ game test လုပ်ပုံလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။ တစ်ယောက် ကို ၁၅ မိနစ်လောက် ကစားခိုင်းတဲ့အချိန်မှာ ၅ ယောက်လောက်က ဝိုင်းပြီး ကြည့်နေကြပါတယ်။ အဲဒီ အချက်လေးကို သဘောကျမိတယ်။

Iisalo က အဲဒီ အချိန်တုန်းက သူတို့ သိလိုက်တာက သူတို့ game ကောင်းကောင်း လေး တစ်ခု ဖန်တီးမိနေပြီဆိုတာပဲ။ Mikael ကလည်း ထောက်ခံပါတယ်။ Angry Birds ဟာ Rovio ရဲ့ ၅၂ ခုမြောက် Game ဖြစ်လာခဲ့ပါတယ်။

ဆက်ပါအုံးမည် …..

ဒီ ဆောင်းပါးက wired magazine က ဆောင်းပါး ကို ကိုးကားပြီး ရေးထားတာပါ။ ဆောင်းပါးကို ဘာသာပြန်တာ မဟုတ်တဲ့အတွက်ကြောင့် ဆောင်းပါး တစ်ပုဒ်လုံး English လို ဖတ်ကြည့်သင့်ပါတယ်။ ကျွန်တော်က အဲဒီဆောင်းပါးထဲက သဘောကျတဲ့ အချက်အလက်လေးတွေသာ ရွေးထုတ်ပြီး ရေးထားတာပါ။

Dhamma Stream
Dhamma Stream ဆိုတာက iPhone Application တစ်ခုပါ။ တရားတော်တွေကို online ကနေ တိုက်ရိုက် နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။  လက်ရှိ ဆရာတော် ၉ ပါး ကို online ကနေ တိုက်ရိုက် နားထောင်လို့ရပါတယ်။ data တွေ အားလုံးကို မူရင်း website ကနေ ပဲ ရယူထားပါတယ်။ တရားတော် များများကိုတော့ http://dhammadownload.com/ ကနေ ယူထားပါတယ်။ အခု version မှာတော့ download ချတာနဲ့ favorite list လုပ်တာတော့ မပါသေးဘူး။ Database ကို online ကနေ တိုက်ရိုက် update လုပ်ယူအောင် လုပ်ဖို့ ကြိုးစားပေမယ့် အချိန်ယူရမှာကြောင့် မထည့်ဖြစ်ဘူး။ နောက် version မှာ ပါလာအောင် ကြိုးစားပေးပါ့မယ်

ရေးဖြစ်သွားတာက website ကိုသွား ဖွင့်ရတာပျင်းတာကြောင့် phone ပေါ်ကနေပဲ တိုက်ရိုက်ဖွင့်လို့ရရင်ကောင်းမယ်။ website မသွားချင်ဘူးဆိုဘူး ရေးဖြစ်သွားတာပါ။ နောက် version မှာတော့ ဆရာတော် စာရင်း ထပ်ဖြည့်ပေးပါ့မယ်။ အခုတော့ version 0.5 ကို iphone ပေါ်ကနေ download ချပြီး online ပေါ်ကနေ တရားနာလို့ရပါပြီ။ computer ကို ဖွင့်ဖို့ မလိုပဲ phone ပေါ်ကနေ လွယ်လင့် တကူ တရားနာယူလို့ရပါပြီဗျာ။

CB Bank iPhone app
CB Bank iPhone app ဟာ CB Bank ရဲ့ Branch တွေ အားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုလို့ ရပြီး ဖုန်း နံပတ် ၊ လိပ်စာ ၊ fax စတဲ့ အချက် အလက်တွေ ပါဝင်ပါတယ်။ နောက်ပြီး မြေပုံကနေ တဆင့် အနီး ဆုံး branch ကို ရှာဖွေလို့ရပါတယ်။ အင်တာနက် connection ရှိဖို့ တော့လိုတာပေါ့။ Mobile Banking တွေ မရသေးပေမယ့် လက်ရှိ bank လိပ်စာတွေ နဲ့ ဖုန်းနံပတ်တွေကို လွယ်လွယ်ကူကူ ရအောင် ဖန်တီးပေးထားတာပါ။ နောက်ပြီး အတိုးတွက်တဲ့ Calculator တစ်ခု ပါဝင်ပြီး ကိုယ်ငွေစုထားရင် ဘယ်နှစ်နှစ် ကြာရင် bank ထဲမှာ ဘယ်လောက်ရှိသွားပြီဆိုတာကို တွက်ချက်လို့ရပါတယ်။ နောက် version တွေမှာတော့ Branch တွေရဲ့ photo တွေ ပါဝင်လာပါမယ်။ နောက်ပြီး အခြား feature အသစ်တွေလည်း ပါဝင်လာဖို့ရှိသလို iPad version လည်း ထွက်ရှိလာမှာပါ။ iPhone version က Branch list ကို ဒီထက် ပိုမိုကောင်းမွန်လာအောင် ပြုပြင်ဖို့ ရှိပါတယ်။

ဒီ App တစ်ခုလုံးက ရေးရတာ ၁၇ နာရီ လောက်ပဲ ကြာပါတယ်။ စလုံးက သူငယ်ချင်းတစ်ယောက်ကနေ တဆင့် သူ့သူငယ်ချင်း တို့ ရုံးက iPhone app ရေးချင်လို့ ဆိုပြီး ချိတ်ပေးတာကနေ လုပ်ဖြစ်သွားတာပါ။ မြန်မာနိုင်ငံနဲ့ အဓိက ပြဿနာက connection ပါပဲ။ Photo တွေ မပါလာ သေးတာကလည်း connection ကြောင့် အချို့ zip file တွေက တဝက်နဲ့ပဲ ရောက်လာပြီး ဖြည်လို့မရတာတွေ ရှိပါတယ်။ Photo အားလုံး မစုံသေးတာကြောင့် မပါလာဖြစ်သွားတာပါ။ ဘာပဲ ပြောပြော အခု CB Bank App လေးကို တော့ သဘောကျတယ်။ နောက်ပြီး သူတို့ရဲ့ User တွေကို information ပေးတဲ့နည်းလမ်းလေးကလည်း မဆိုးဘူးလို့ ထင်ပါတယ်။ အရင် တစ်ချိန်တစ်ခါက Data တွေကို website ကနေ ရှာကြည့်လိုက်ရုံပဲလို့ ဆိုကြပေမယ့် အခုခေတ်ကတော့ Data တွေ Information တွေက phone ထဲမှာ app အနေနဲ့ ပြောင်းလဲ နေရာယူကြကုန်ပါပြီ။

Zawgyi layout iOS 4.1 keyboard By Wai Phyo Lin
သူ့ပို့ထားတဲ့  mail လေးပါ။ အခုရုံးမှာ မို့ ညမှပဲ စမ်းတော့မယ်..

Hi,

I just finished my keyboard for iOS 4.1.

Please the attachment file.

copy 10 files under ./myankey/ to /System/Library/Framework/UIKit.Framework/

copy KeyboardTitles.strings to /Applications/Preferences.app/English.lproj/

Please backup before overwrite.

In Settings > General > Keyboard > International Keyboards > Add New Keyboard.. ==> Myanmar မြန်မာ

If you tap on Myanmar, you can choose “Software Keyboard Layout” as “Myanmar-Zawgyi” and “Myanmar-Alphabetical-Order”

I just finished Myanmar-Zawgyi.

Do not select “Myanmar-Alphabetical-Order”.

If there is error, please let me know.

MyanmarKeyboard

Zawgyi Keyboard iOS 4.1 only (alpha)
Alpha version ကို စမ်းသပ်ချင်သူများ အရင်ဆုံး Zawgyi iOS Font package ကို update လုပ်ဖို့ လိုပါတယ်။ Cydia > Changes > Refersh လုပ်လိုက်ရင် Zawgyi Font iOS အသစ်ဖြစ်နေတာကို တွေ့မှာပါ။ Upgrade လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်က keyboard file ကို download ချပါ။

keyboard

Zip ကို ဖြည်လိုက်ရင် file ၈ ခုပါပါတယ်။

အဲဒီ ၈ files ကို /System/Library/Frameworks/UIKit.framework/ ထဲကို ထည့်လိုက်ပါ။ ပြီးရင် restart ချပါ။

ပြန်တက်လာရင် Setting > General > Keyboard > International Keyboard > Add New Keyboard > Czech ကို ရွေးလိုက်ပါ။

ဒါဆိုရင် ဇော်ဂျီ keyboard ရပါပြီ။ alpha version ပဲရှိပါသေးတယ်။ Khmer iPhone Project အကူအညီနဲ့ အရင် iKeyEx ကို native ပြောင်းထားလိုက်တာပါ။ အရင်ကဟာနဲ့ အတူတူပါပဲ။

နောက်ပိုင်း full version ဆိုရင် keyboard မှာ က ကို ဖိထားလိုက်ရင် က –္က ဆိုပြီး ပေါ်လာပါမယ်။ အဲဒါဆိုရင် စာရိုက်ရတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။ အခုတော့ အစမ်းလုပ်ထားတာ။ အပေါ်က keyboard files ထဲမှာတော့ မပါသေးဘူး။

ကျွန်တော့်ဆီကို ကို ဝေဖြိုးလင်း လုပ်ထားတဲ့ keyboard screenshot တွေ ပြသေးတယ်။ သူ့ဟာကတော့ တော်တော်မိုက်တယ်။ ကျွန်တော်ကတော့ အရင် အဟောင်းကိုပဲ ပြောင်းပြီး စမ်းထားတာပဲ။ သူ့ လက်ကွက်က လက်ရှိ ဇော်ဂျီ လက်ကွက်နဲ့တူတယ်။ သူ ပြီးသွားရင် သူ့ဆီက တောင်းပြီး ကျွန်တော့် cydia.macforus.com repo ထဲမှာ တင်ထားပေးပါမယ်။ သူ လုပ်ထားတာလေးတွေကို အောက်မှာ ကြည့်လို့ရပါတယ်။

သူ့ကိုတော့ Persia keyboard ရေးတဲ့သူ Alireza Shafaei က မူရင်း keyboard ကိုပေးတယ်လို့ ဆိုပါတယ်။ သူ့ဟာလည်း ပြီးတော့မယ်ထင်တယ်။

ကျွန်တော်လည်း iPhone မရှိတာနဲ့ မလုပ်တော့ဘူးဆိုပြီးထားတာပဲ ရုံးက စမ်းဖို့ဆိုပြီး iPhone 3Gs တစ်လုံးပေးထားတာနဲ့ စမ်းဖြစ်ရင်းနဲ့ ရသွားတာပါ။ ဝမ်းနည်းစရာက ခမာ project ကို ဆက်မလုပ်တော့ပါ။ iPhone 4.2 မှာ ခမာ keyboard နဲ့ font ကို စပြီး support လုပ်ပါပြီတဲ့။ နောက်ဆိုရင် မေးစရာနေရာ တစ်နေရာ ပျောက်ပြန်ပြီပေါ့။ ကျွန်တော်တို့ မြန်မာတွေလည်း တချိန်မှာ ပါလာမယ်လို့ မျှော်လင့်ရင်း jailbreak keyboard လေးပဲ သုံးရတာပေါ့ဗျာ။ iPad အတွက်က Alireza Shafaei ရဲ့ သူငယ်ချင်းက စမ်းနေတယ်ပြောတယ်။ ရသွားရင်တော့ inform လုပ်ပေးမယ်။ ကိုယ့်ဘာသာကိုယ် လွယ်လင့်တကူ လုပ်လို့ရအောင် စမ်းနေတာ မပြီးသေးလို့တဲ့။ iPad အတွက်က iPhone နဲ့မတူဘူး။ dylib complie လုပ်ဖို့ လိုတာလည်း ပါတယ်။

ဒီနေ့တော့ alpha ပဲဗျာ။ အခုတော့ အိပ်ပြီ။ Good Night!!!

iချင်း
iBell သံနှင့် မနက်မိုးလင်း

iBus stop မှာ iPeople များ…

iphone များနှင့် အလုပ်ရှုပ်နေ…

iMRT ဝယ် iPhone များနှင့် ကလိကလိ…

iPad များနှင့် iBook ကြီးကို ဖတ်နေကြပြန်…

iOffice မှာ iApp များ ရေးရပြန်သည်…

iApp အကြောင်း ဆွေးနွေးပြန်သည်…

iOS အသစ်အကြောင်း ပြောကြပြန်၏…

iGame Design ပြောကြပြန်၏…

iGame အသစ် ဆွေးနွေးသေး၏…

iNews များလည်း ပြောဖြစ်သေးသည်…

iMessage များလည်း ပို့တတ်သေးသည်…

iPeople များ၏ iFeedback များ ဝင်လာပြန်သည်…

iBugs များလည်း fixed ရသေးသည်…

iFeature များ ထပ်ဖြည့်ပြန်သည်….

iOffice ပြီးသော…

iMRT မှာ iPad ဖွင့်ပြီး iBook ဖတ်ကာ…

iPod နားထောင် ပြန်လေတော့သည်…

iBell ပေးကာ အိပ်လေပြီ….

iPeople များလည်း

iii

iDeveloper များလည်း

iii

iDay များကြောင့်

iii

twitter မှာ ကိုမျိုးကျော်ထွန်းရဲ့  iPeople in iTrain are using iPhone   ကို တွေ့ပြီး ရေးလိုက်တာ။ အခု အလုပ်က iApp ဆက်ပြီးရေးလိုက်အုံးမယ်…