Zawgyi Keyboard iOS 4.1 only (alpha)

Alpha version ကို စမ်းသပ်ချင်သူများ အရင်ဆုံး Zawgyi iOS Font package ကို update လုပ်ဖို့ လိုပါတယ်။ Cydia > Changes > Refersh လုပ်လိုက်ရင် Zawgyi Font iOS အသစ်ဖြစ်နေတာကို တွေ့မှာပါ။ Upgrade လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်က keyboard file ကို download ချပါ။
keyboard

Zip ကို ဖြည်လိုက်ရင် file ၈ ခုပါပါတယ်။

အဲဒီ ၈ files ကို /System/Library/Frameworks/UIKit.framework/ ထဲကို ထည့်လိုက်ပါ။ ပြီးရင် restart ချပါ။

ပြန်တက်လာရင် Setting > General > Keyboard > International Keyboard > Add New Keyboard > Czech ကို ရွေးလိုက်ပါ။
Continue reading

iချင်း

iBell သံနှင့် မနက်မိုးလင်း
iBus stop မှာ iPeople များ…
iphone များနှင့် အလုပ်ရှုပ်နေ…
iMRT ဝယ် iPhone များနှင့် ကလိကလိ…
iPad များနှင့် iBook ကြီးကို ဖတ်နေကြပြန်…
iOffice မှာ iApp များ ရေးရပြန်သည်…
iApp အကြောင်း ဆွေးနွေးပြန်သည်…
iOS အသစ်အကြောင်း ပြောကြပြန်၏…
Continue reading

MMKeyboard

MMKeyboard ကို MMKeyboard ကနေ promo code ပေးလို့စမ်းကြည့်ဖြစ်တယ်။ ကျွန်တော်လည်း ထွေထွေထူးထူး ရေးစရာ မရှိတော့ဘူးထင်တယ်။ တော်တော်များများကို ထူးတေဇာ blog မှာ ရေးပြီးပါပြီ။ စသုံးသုံးခြင်းမှာတော့ မြန်မာစာ ရိုက်ရတာ iPad မှာတော့ touch က နှေးနေတယ်။ sound ကို off လိုက်တော့ အရင်ကထက် ရိုက်ရတာ ပိုကောင်းသွားတယ်။ နောက်တချက်က Zawgyi Keyboard မှာ back မပါလာတာပဲ။ စာလုံးများသွားလို့ ပြန်ဖျက်ချင်ရင် english keyboard ကို ပြန်ဖွင့်ပြီးတော့ ဖျက်နေရတယ်။ ပက်ဆင့်တွေ နံပတ်တွေ မပါသေးပေမယ့် အဆင်တော့ပြေပါတယ်။

iPhone version က မထင်မှတ်ပဲ ပိုကောင်းတယ်။ ရိုက်ရတာ မြန်တယ်။ iPad version က ဘာလို့ ပိုနှေးနေတာလဲတော့ မသိဘူး။ iPhone က လက်တစ်ချောင်းတည်းနဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ကိစ္စမရှိပေမယ့် iPad ရဲ့ keyboard က ရိုက်ရတာ နည်းနည်းလေးတော့ ခက်နေတယ်။ ဘာကို ခက်နေတာလဲ မသိဘူး။ အခုရိုက် အခုမပေါ်ပဲ နည်းနည်းလေး စောင့်နေရတယ်။ တောက်လျှောက်ရိုက်သွားရင်တော့ ပြဿနာ ဖြစ်တော့တာပဲ။ iPhone version မှာတော့ အဲဒီ ပြဿနာတွေ မရှိဘူး။ လွယ်လွယ်ကူကူ ရိုက်လို့ရတယ်။ တောက်လျှောက်ရိုက်လည်း မနှေးသွားဘူး။

ဘာပဲပြောပြော jailbreak မလုပ်ချင်တဲ့သူတွေ ဇော်ဂျီနဲ့ iPhone မှာ ရိုက်ချင်တဲ့ လူတွေ အတွက် အဆင်ပြေပါတယ်။ ဝယ်ချင်တဲ့သူတွေကတော့ iTune store မှာ ဝယ်လို့ရပါတယ်။ $0.99 နဲ့ ဝယ်ရတဲ့အတွက် တန်တယ်လို့ ဆိုလို့ရပါတယ်။

Zawgyi iOS Package is working now for iPhone 4

Cydia ကနေ zawgyi iOS Font Package ကို iPhone 4 အတွက် သွင်းလို့ရပါပြီ။

Fixed ဖို့ နည်းလမ်းပြောပြပေးတဲ့ ကို GloblHawk နဲ့ စမ်းသပ်ပေးတဲ့ ကို သက်ထွေးအောင် နဲ့ ကောင်းထိုက်သူ တို့ကို ကျေးဇူးတင်ပါတယ်။

Enable Multitasking and Wallpaper in iPodTouch 2G

မနေ့က Jailbreak ရတော့ လူက ထပ်လိုချင်လာပြန်ကော။ ဘာလည်းဆိုတော့ Multitasking ။ iOS 4 ခြင်း အတူတူဘာလို့မရရမှာလဲ။ ဒါနဲ့ရှာကြည့်တော့ 3G အတွက်တွေ့တယ်။ 3G မှာပြောထားတဲ့ file က iPodTouch မှာ မရှိ။ ဒါပေမယ့် နာမည်ဆင်တူ တဲ့ file လေးတော့တွေ့တယ်။ အဲဒါနဲ့ 3G မှာ ပြောထားတဲ့အတိုင်း လုပ်။ ပြီးတော့ restart ချ။ ဟော… မတက်လာတော့ဘူး…
Continue reading

jailbreakme.com for iOS4

iOS4 တွေအတွက် jailbreak me ထွက်ပါပြီ။ Spirit jailbreak ကို ရေးခဲ့တဲ့ comex ကပဲ jailbreakme.com ဆိုပြီး ထပ်ဖန်တီးထားတာပါ။ jailbreakme က အခြား jailbreak တွေနဲ့ မတူတဲ့အချက်က online ကနေ တိုက်ရိုက် jailbreak လုပ်ရတာပါ။ download ချစရာမလိုပါဘူး။ jailbreakme.com ကို idevice နဲ့ သွားလိုက်ပါ။ ပြီးရင် jailbreak လုပ်ဖို့ slide လေးဆွဲလိုက်ပါ။ သူ download စပြီး ဆွဲပါလိမ့်မယ်။ ပြီးရင် cydia ကို သွင်းပါလိမ့်မယ်။ ပြီးသွားတဲ့အခါမှာ ကိုယ့် ရဲ့ Home Screen မှာ cydia လေးပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

Cheer

iPhone 4 available without Plan

ဒီနေ့ စကာင်္ပူမှာ iPhone 4 ကို Plan မပါပဲနဲ့ ဝယ်လို့ရပါတယ်။ ဒီနေ့ Signtel က iPhone 4 တွေ စရောင်းပါပြီ။ Signtel ကတော့ Online appointment နဲ့ လုပ်တယ်နဲ့တယ်။ M1 နဲ့ Starthub ကတော့ တန်းစီရတယ်လို့ ကြားပါတယ်။ အဲဒီ သတင်းတော့ သေချာမသိသေးပါ။ Plan ကတော့ iPhone 3Gs တုန်းက ထက် သက်သာသလိုပါပဲ။ iPhone 4 မှာ speaker အသံ မကောင်းဘူးလို့လည်း သိရပါတယ်။

Continue reading