Mobile Web Application တစ်ခု ရေးတာပဲ ဖြစ်ဖြစ် Website လုပ်တာပဲဖြစ်ဖြစ် iDevice တွေအတွက်ဆိုရင်တော့ Meta tag တွေကို မဖြစ်မနေသိထားရတယ်။ Mobile Web ဆိုတာက အရင်ကတော့ iPhone, Android လောက်ပဲရှိပေမယ့် ipad ထွက်လာတော့ Web လောက ပြောင်းလဲသွားရပြန်ပါတယ်။ တနည်းပြောရင် iPhone အရွယ်အစားအတွက်လား iPad အတွက်လား ဆိုပြီး သီးသန့်ရေးလာရတာတွေ ရှိတယ်။ ပုံမှန် အားဖြင့် iPad အတွက် သီးသန့် ရေးဆွဲလေ့ မရှိဘူး။ iPad က လက်ရှိ width 960 လောက်ရှိတဲ့ website တွေနဲ့ ဆို အဆင်ပြေပါတယ်။ သူက 1024 X 768 resolution ရှိတယ်။ ဒါကြောင့် website တော်တော်များများနဲ့ အဆင်ပြေပါတယ်။ Website တော်တော်များများကလည်း width 960 လောက်ထားပြီး ရေးကြတော့ 768 ဖြစ်သွားပေမယ့် စာလုံးတွေက သိပ်မသေးသွားဘူးပေါ့။
Continue reading
Tag Archives: iphone
Zawgyi Browser iPhone app Tested version
ဘာရယ်မဟုတ်ဘူး စမ်းကြည့်ထားတာ။ Continue reading
iPhone Market – Part 3
iPhone development မှာ Game တစ်ခုတည်း ရှိလားဆိုပြီး စဉ်းစားစရာ ဖြစ်လာပြီ။ iPhone Development လို့ဆိုလိုက်ရင် iPhone, iPodTouch, iPad စတာတွေ ပါဝင်လာပါတယ်။ တနည်းပြောရင် iPhone တစ်ခုတည်းအတွက်မဟုတ်တော့ပဲ iPodTouch နဲ့ iPad အတွက်ပါ အလုပ်လုပ်နိုင်တယ်လို့ စျေးကွက် အခြား ဖုန်းစျေးကွက်ထက်စာရင် ပိုကြီးတယ်လို့ ဆိုနိုင်တယ်။ အဲဒီတော့ Game စျေးကွက် တစ်ခုတည်းမဟုတ်တော့ပါဘူး။ ကျွန်တော် အပေါ်တုန်းက ပြောခဲ့သလို Active ဖြစ်နေတဲ့အထဲမှာ Book , Entertainment, Eduction, Travel စတဲ့ category တွေ ပါဝင်နေပါတယ်။ နောက်ပြီး iPad စျေးကွက်က ဂျာနယ်တွေ မဂ္ဂဇင်းတွေ စျေးကွက်တစ်လို ဖြစ်လာပါတယ်။
Continue reading
iPhone App Market – Part 2
ဒီလောက် ခက်ခဲနေတယ်ဆိုရင် ဘာလို့ Market ထဲကို ဝင်ဖို့ ကြိုးစားတာလဲဆိုတာကို စဉ်းစားရပြီ။ အဓိကတော့ လူသုံးများနေတဲ့ ဖုန်းဖြစ်လို့ပါ။ တကယ်လို့ လက်ရှိ အသုံးအများဆုံး phone က iPhone မဟုတ်ခဲ့ဘူးဆိုရင် ဒီလောက်ထိ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ လတ်တလော နာမည်အကြီးဆုံးနဲ့ လူသုံးများနေတဲ့ phone ဖြစ်သာကြောင့်ဆိုရင် မလွဲပါဘူး။ သို့ပေမယ့် ထည့်စဉ်းစားသင့်တာက လူတိုင်း ဆရာဝန်မဟုတ်ဘူး။ လူတိုင်း technology သမားမဟုတ်ဘူး။ ဒီတော့ product တစ်ခု အောင်မြင်ဖို့က လူတိုင်းသုံးတဲ့ iphone application ဖြစ်ရင် ပိုကောင်းတာပေါ့။
iPhone App Market
iPhone Application တစ်ခု စတင်ဖန်တီးပြီဆိုတာနဲ့ သူ့ရဲ့ Market ကိုလည်း လေ့လာဖို့လိုလာပါပြီ။ Application တစ်ခုဖန်တီးရာမှာ အချိန်ရယ် ငွေရယ် ရင်းနှီးမြုပ်နှံ့ထားရပါတယ်။ လူတွေက iPhone, iPhone ဖြစ်နေပြီး Steve ကြီးရဲ့ စကားကို ယုံပြီး Application အတွက် ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင် အရင်ဆုံး သူ့ Market ကို လေ့လာကြည့်ရအောင်။
iPhone Application တွေက 5 billions လောက် download ချပြီးပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ 5 billions ထဲမှာ Free Application 70% လောက်ပါနေတယ်ဆိုတာ အံသြစရာမရှိပါဘူး။ ကျန်တဲ့ 30% ကသာ ရောင်းရတယ်လို့ ဆိုရလိမ့်မယ်။ လက်ရှိ App store မှာ active ဖြစ်တဲ့ application ပေါင်း 222,907 ရှိပြီးတော့ Inactive ဖြစ်သွားတော့ Application ပေါင်းကတော့ 38,321 ရှိပါတယ်။ တနည်းပြောရင် Application တိုင်း ပေါက်တာမဟုတ်သလို Application တိုင်း ရောင်းအားကောင်းတာ မဟုတ်ဘူးလို့ ဆိုရလိမ့်မယ်။ Continue reading
iPhone SDK4 support Custom Font
ကဲ.. အခု iPhone SDK မှာ ဇော်ဂျီရသွားပါပြီဗျာ။ iPhone SDK 3.2 ကနေ စပြီး iPhone Development မှာ Custom Font ယူသုံးလို့ရသွားပြီ။ ရေးရတာလည်း တော်တော်လွယ်ပါတယ်။ ဘယ်လိုရေးရလဲဆိုတာကိုတော့ http://doli.at/2010/05/08/custom-fonts-ipad/ အဲမှာ ကြည့်လိုက်ရင် ရပါတယ်ဗျာ။
ကျွန်တော်သုံးနေတဲ့ iPodTouch iOS4 no jailbreak မှာ မြင်ရတဲ့ ပုံပါ။ နောက်ပြီး Ornagai App မှာ မြန်မာစာ စာလုံးအမှားတွေ အများကြီးတွေ့ရပါတယ်။ တကယ်လို့ အမှားတွေ့လို့report လုပ်လိုလျှင်
မှာ report လုပ်နိုင်ပါတယ်။
iPhone Development Intro
အစတုန်းက blog မှာ post တစ်ခုရေးဖို့ရှိတယ်။ ဒါပေမယ့်လည်း iPhone Development Intro က မပြီးသေးတာနဲ့လက်စ သတ်ချင်တာ ရေးချလိုက်တာ ၁ နာရီတောင် ကြာသွားတယ်။ အချောသတ်လိုက်တော့ ည ၁၀ နာရီ ၄၅ ရှိနေပြီ။ ဒါနဲ့ပဲ ရေးမယ်လို့စဉ်းစားထားတဲ့ drag & drop is futrue programming ? I say “NO” ဆိုတာကို မရေးဖြစ်တော့ဘူး။ အဲဒါထက်စာရင် iPhone Development အကြောင်းလေး ပိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။
http://edu.mysteryzillion.org/iphone-development-intro-2
အဲမှာ ဖတ်လို့ရပါပြီ။
iPhone Development Intro – 1
iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။

