အခုခေတ်က တော်တော်ယောင်လို့ ကောင်းတဲ့ ခေတ်လို့ ဆိုရမလားမသိဘူး။ Language တွေ ယောင်လို့ ပြီးလို့ Mobile Development လုပ်တော့မယ်ဆိုရင် ထပ်ယောင် စရာတွေ လာပြီ။ Android ကိုလုပ်မလား iPhone ကိုလုပ်မလား။ နောက်ပြီး ၂ ခုလုုံးလုပ်ချင်တယ်ဆိုတဲ့သူတွေလည်း ရှိသေးတယ်။ ဟိုးအရင်တုန်းက Mobile အတွက် Nokia Symbian ပဲရှိတော့ Java လေ့လာပဲ။ အခုတော့ ခေတ်တွေက ပြောင်းသွားပြီ။ Web Developer လည်း Mobile App ရေးလို့ရကုန်တော့ Web Developer တွေလည်း Mobile လိုင်းကို ယောင်တောင်တောင်နဲ့ လွယ်လွယ်လေး ကူးလို့ရနေပြီ။
Tag Archives: iphone
Meet the new language
ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။ language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။
Ornagai iPhone
စနေနေ့က အိပ်ရာနိုးကတည်းက client site ကို သွားလိုက်ရတာ။ အရေးထဲ taxi ကို bill စာရွက် တောင်းထားလိုက်ဖို့ မေ့လိုက်တော့ ရုံးက ပိုက်ဆံပြန်ရမရက မသေချာဘူး။ ညနေ ၃ နာရီခွဲမှပြီးလို့ taxi နဲ့ ပြန်လာလိုက်တာ မိုးက လမ်းမှာရွာနေတာနဲ့ ငိုက်လို့ကောင်းကောင်းနဲ့ စီးသွားလိုက်တာ။ အိမ်ရှေ့ရောက်တော့ ပိုက်ဆံ ရှင်းပြီး bill စာရွက်တောင်းဖို့တောင် မေ့သွားတယ်။ စနေနေ့ကလည်း MZ 2.0 တောင် မလုပ်နိုင်လိုက်ဘူး။ အိမ်ရောက်တော့ ခဏနားပြီး iPhone SDK အတွက် sqlite ကို နည်းနည်းဖတ်ကြည့်လိုက်တယ်။
Jailbreak 3.1.3
ကျွန်တော့် iPodTouch မှာတော့ စမ်းပြီးပြီ။ အလုပ်လုပ်တယ်ဗျို့။
http://www.macforus.com/lang/en-us/jailbreak-3-1-3-iphoneipodtouch
Oh! Ubuntu 10.04 and iPhone SDK 3.2
ဒီနေ့ကတော့ download ဆွဲရတဲ့နေ့လို့ ဆိုရမလားပဲ။ Ubuntu 10.04 လည်း ထွက်ပါပြီ။ ထို့အတွက် iPhone SDK 3.2 ကိုလည်း download ချလို့ရပြီ။ အရင်က Developer license ရှိသူတွေပဲ download ချလို့ရခဲ့ပေမယ့် အခုတော့ download ဆွဲလို့ရသွားပြီ။ နောက်လလောက်ဆိုရင် developer license ဝယ်ရင်ကောင်းမလား စဉ်းစားနေတာ။ လုပ်စရာတွေ များများစားစားမရှိပေမယ့် ဒီအတိုင်း ကလိနေတာ distribute လုပ်လို့မရတော့ အလကားပဲလိုလို ဖြစ်နေတယ်။ အင်း ၉၉ ဒေါ်လာဆိုတော့လည်း နှမြောမိတယ်။
ဘာပဲပြောပြော ဝင်လိုက်ဖို့ကတော့ များပါတယ်။ ဝင်လိုက်မှပဲ သေသေချာချာ ရေးဖြစ်မယ်ထင်တယ်။ အခုက စိတ်ကူးပေါက်ပြီး ရုံးက prototype လေး လုပ်ခိုင်းမှ ထထ ရေးဖြစ်နေတာကတော့ မဟုတ်သေးဘူးထင်တာပဲ။
First App writing using iPhone SDK
အရင်တုန်းက PhoneGap နဲ့ ပဲ ကလိနေတာ ဒီနေ့မှ iPhone SDK ကို ပြန်စဖြစ်တော့တယ်။ stanford က သင်တာက iTuneU နဲ့ subscribe လုပ်ပြီးတော့ iPhone SDK ရေးနည်း သင်နေတာ ပြီးတော့မပြီးသေးဘူး။ ရုံးသွားရုံးပြန်လောက်ပဲ bus ပေါ်မှာ ကြည့်ဖြစ်ရင်း သင်ထားတာ။ အခု RSS reader လေး တစ်ခု စမ်းကြည့်ထားတယ်။ RSS read တာကတော့ ဘယ်ရေးတတ်မလဲ။ Googling လုပ်လိုက်ပြီး XML Parser အလုပ်လုပ်ပုံပါ တစ်ခုတည်း ဖတ်လိုက်ရတယ်။ iPhone SDK ရေးရတာတော့ ရေလည်သဘောကျတယ်။ အရမ်းချစ်ဖို့ ကောင်းတယ်ဗျ။ ဘယ်လိုပြောရမလဲမသိဘူး။ မသိရင် တော်တော်ခက်တယ်။ သိလိုက်ပြန်ရင်လည်း ဟောခနဲ ဟောခနဲ နဲ့ ချက်ခြင်းသိသွားတာ။ အခက်ကြီးရယ်တော့ မဟုတ်ဘူး။ စာအုပ်ဖတ်တာထက် Stanford က သင်ပေးတဲ့ဟာနဲ့ သင်တာ အများကြီးပိုကောင်းတယ်ဗျ။ စာအုပ်ဖတ်တုန်းက အဲလောက် နားမလည်ဘူး။ အခုတော့ Begineer အဆင့်ရောက်လာပြီ။ ဘာလို့လည်းဆိုတော့ ကူးချတတ်နေပြီ။ စာအုပ်ဖတ်တုန်းက အဲလို မကူးချတတ်ဘူး။ code ကြီးပေးထားတာတောင် ဘယ်လို ကူးရမလဲ မသိတာ။ အောက်မှတော့ စမ်းထားတာလေးကို youtube မှာ တင်ထားတယ်။ Continue reading
Testing Zawgyi Contact on iPhone Simulator
iStardict with ornagai
ဘယ်လို သွင်းရမလဲဆိုတာကိုတော့
http://www.macforus.com/lang/my-my/istardict
အဲမှာ ရေးထားတယ်။
ornagai အတွက် stardict dictionary ကိုတော့
http://github.com/saturngod/ornagai-V2/downloads
အဲကနေ download ယူလို့ရပါတယ်။ en-mm ကော mm-en ပါရှိပါတယ်။