iPhone OS 3.1.3

လူတော်တော်များများက iPhone OS 3.1.3 ကို upgrade လုပ်ချင်နေကြတယ်။ ဘာလို့ လုပ်ချင်မှန်းတော့ ကျွန်တော်လည်း မသိ။ ကျွန်တော်လည်း အစက upgrade လုပ်ချင်နေတာ။ jailbreak မရဘူးဆိုလို့ iPhone 3.1.3 မှာ ဘာပါလဲလို့ ဖတ်ကြည့်လိုက်တော့ bugs fixed ကလွဲပြီး ဘာမှ မပါဘူး။ အဲ.. bug fix ဆိုလို့ battery bug fix တဲ့ဗျာ။ ထူးထူးခြားခြားပဲ။ battery bug fix က အခုမှ လုပ်ရလားလို့။ အဲဒါက iPhone 3Gs ထွက်ထွက်ပြီးချင်းကတည်းက လုပ်သင့်တာလို့ ထင်တာပဲ။ မဟုတ်တော့ မဟုတ်သေးဘူးလို့ ထင်တယ်။ အခု  3.1.3 က MC model တွေကို jailbreak လုပ်မရအောင် ချုပ်တဲ့ OS ပဲ။ ဘာမှ ထူးခြားတာ မပါတဲ့အတွက် upgrade လုပ်စရာမလိုဘူးလို့ထင်တယ်။ လက်ရှိသုံးနေတဲ့သူတွေလည်း upgrade လုပ်မရလို့စိတ်ပျက်စရာမရှိပါ။ အသစ်မှ မပါလာတာ။ upgrade လုပ်မရလည်း ဘာမှမဖြစ်ဘူး။

ကြည့်ရတာကတော့ Apple အနေနဲ့ iPad ကို jailbreak လုပ်မရအောင် စမ်းနေတဲ့သဘောအနေနဲ့ iPhone OS 3.1.3 ကို ထုတ်လိုက်လေလားလို့တောင် စဉ်းစားမိတယ်။ ဒီအဆင့်ကို jailbreak မလုပ်နိုင်ရင်တော့ iPad ကို jailbreak လုပ်ဖို့အိမ်မက်လေးက ဝေးသွားနိုင်တယ်။

new idea, new concept, new design

keyboard နေရာမှာက -ိ လို့ပေါ်မယ်… ၁ ချက်နှိပ်ရင် ိ တစ်ခုပဲ ရိုက်မယ်.. ဖိထားလိုက်ရင် -ိ -ီ -ံ -ဲ -် တွေ ပေါ်မယ်… စာလုံး display မှာ – ပါပေမယ့် တကယ်ရိုက်ရင်တော့ – မပါလာဘူး။ ြ- ကို နှိပ်လိုက်ရင် ြ ပဲ.. ြ- ကို ဖိလိုက်ရင် ြ- ြ– -ျ ဆိုပြီး ပေါ်မယ်… ;) I have technology now….

အခုရုံးမှာ ၂ ပတ် ကျော်လောက်က time table ပြည့်နေတယ်။ ဒီဟာကို လှည့်နိုင်အုံးမှာတော့ မဟုတ်သေးဘူး။ ၂ ပတ်ကျော်ပြီး လို့ ၃ ပတ်မြောက်မှာ project အကြီးကြီးတွေ မရှိတော့ရင်တော့ စဉ်းစားရမယ်။ အခု time table ထဲမှာ project တွေက တန်းစီနေတယ်။ :(

နောက်ပိုင်းအားရင်တော့ localization ပါလုပ်မလား စဉ်းစားနေတာ :D အားမယ်လို့လည်း မထင်… iPhone ကိုတော့ ရေလည်ခိုက်သွားပြီ… jailbreak လုပ်လိုက်ရင် အရာရာဟာ opensource ဖြစ်သွားတာပဲ… ;) (but need Mac :D )

iPhone OS 3.1.3

iPhone OS 3.1.3 ကို February 2 ရက်နေ့ release လုပ်လိုက်ပြီ။ ဒါပေမယ့် jailbreak သမားတွေအနေနဲ့ ခဏစောင့်ဖို့ လိုပါသေးတယ်။ ဒါကလည်း jailbreak သုံးရခြင်းရဲ့ မကောင်းတဲ့အချက်တစ်ချက်ပဲ။ ချက်ခြင်း upgrade လုပ်လို့မရသေးဘူး။ iPhone Dev team က redsn0w 0.9.4 ကို မကြာခင်မှာ ထုတ်ပေးမယ်ပြောတယ်။ အခုတော့ သူတို့ စလုပ်နေပြီလို့တော့ ဖတ်လိုက်ရပါတယ်။ သို့ပေမယ့်လည်း ဆိုးရွားစွာနဲ့ iPhone 3Gs နဲ့ iPodTouch 3G ကိုတော့ support မလုပ်သေးဘူးတဲ့။ အင်း ကျွန်တော်ကတော့ စောင့်ပြီးရင်း ထပ်စောင့်ရအုံးမှာပေါ့ဗျာ။

Updated: For jailbreak http://www.facebook.com/l.php?u=http%3A%2F%2Fwww.redmondpie.com%2Fjailbreak-iphone-os-3.1.3-firmware-with-redsn0w-0.9.4%2F&h=dd2088f4988381eb11a3758a35482d0a
(not support iPhone 3Gs and iPodTouch)

Want to Change Zawgyi-Font packages

ကျွန်တော် Lock Screen Clock မှာ alignment ညှိဖို့ ကြိုးစားသော်လည်း မရတဲ့အတွက်ကြောင့် မြန်မာလို ဂဏန်းပြောင်းဖို့ စဉ်းစားပါတယ်။ အခြားလူတွေလည်း ပြောင်းချင်တယ်ဆိုရင်တော့ ကျွန်တော် အသစ်ထုတ်မယ့် package အသစ်မှာ ပြောင်းလိုက်ပါမယ်။ အသစ်ထုတ်မယ့် package အသစ်မှာ ဇီဝဇိုး နဲ့ ဇင်ယော် font design နှစ်ခု ကို ထပ်ဖြည့်ပြီး သုံးသွားမှာပါ။ နောက်ပြီး မူရင်း Zawgyi-one , Zewazoe , Zinyaw တို့ကို ပါ font list ထဲမှာ ထည့်သွင်းသွားပါမယ်။ ထုံးစံအတိုင်း jailbreak လုပ်ရတာတော့ စိတ်မကောင်းပါဘူး :(

iPhone SDK Alert Box

Just call alert box.

- (IBAction)buttonPressed:(id)sender {

NSString *favouriteMac = [sender titleForState:UIControlStateNormal];

NSString *alertViewText = [[NSString alloc] initWithFormat:@”Simple”,favouriteMac];

UIAlertView *alert=[[UIAlertView alloc] initWithTitle:@”Favourite”

message:alertViewText

delegate:nil

cancelButtonTitle:@”No”

otherButtonTitles:@”YES”,nil];

[alert show];

[alert release];

}

Android,Mobile,SDK

Windows အတွက်က အကုန်ပါပြီးသားဆိုတော့ ကိစ္စက မရှိဘူး။ Mac အတွက်က လိုအပ်တာတွေကို ပြန်သွင်းခိုင်းနေတော့ သွင်းဖို့လုပ်ရပြန်ကော။ ဘာဆိုဘာမှ မပါလာဘူး။ ဘာလာတာတွေကလည်း သုံးမရဘူး။ SDK ကို download ချ။ ပြီးတော့ emulator က run လို့မရဘူး။ emulator ပဲ လိုချင်တာလေ။ ကိုယ်က program ရေးဖို့ ကိစ္စကို အဲလောက် စိတ်မဝင်စားဘူး။ web ပေါ်မှာ display ဘယ်လိုပြမလဲ။ screen ချိန်ထားတာ ကိုက်မကိုက်။ နောက်ပြီး touch အတွက် meta tag ကကော android မှာ အလုပ်လုပ်ရဲ့လား သိချင်တာရယ်ကြောင့် adroid SDK ကို download ချ။ emulator run တော့ မရ။ ဒါနဲ့ သူ့ SDK site မှာ ဖတ်ကြည့်တော့ <sdk>/android ကို run ပြီး သွင်းခိုင်းတော့ သွင်းဖို့ ကြိုးစား။ မရပြန်ဘူး။ SSL က မရလို့တဲ့။ ဒါနဲ့ ထပ်ရှာ။ google group ထဲရောက်။ ပြီးမှ

$vi ~/.android/androidtool.cfg

နဲ့ ဖွင့်ပြီး sdkman.force.http=true လေးထည့်။ ပြီးတော့ install သွင်းပြီး repostiory ကို  update ပြန်လုပ်မှပဲ ရသွားတော့တယ်။ အခုတော့ လုပ်ရတာ အလွယ်လေးရယ်လို့တာ ထင်ရတာ။ မသိခင်တုန်းကတော့ ရှာလိုက် ဖတ်လိုက်ရတာ မူးသွားတာပဲ။ Eclipse သွင်းရမယ်။ SDK လေး စမ်းပြီး run ကြည့်ဖို့။ Android SDK နဲ့တော့ ရေးဖို့ အစီအစဉ်မရှိ။ အရင်ဆုံး iPhone ရဲ့ objective-C ကို ဖတ်ရမယ်။ အဲဒါဖတ်ဖို့ကလည်း မအား။ အဲဒါ မဖတ်ခင် PHP OOP ကို သေချာလေ့လာရအုံးမယ်။ အခု အလုပ်ထဲမှာ mobile ကိစ္စနဲ့ ခေါင်းစားနေတာနဲ့ တစ်ခေါင်းလုံး mobile တွေကြီးပဲ စဉ်းစားနေတာ။ ornagai mobile website အတွက်ပါ အဆင်ပြေသွားတာပေါ့။  ornagai mobile site က နောက်ဆုံးမှ လုပ်မယ်။ အရင်ဆုံး ornagai ကိုပြီးအောင်လုပ်။ PHP OOP က bus ကားစောင့်ရင်း ဖတ်နေရတယ်။ mobile အတွက် blueprint လည်း လေ့လာရအုံးမယ်။ ရုံးက blueprint သုံးချင်နေတယ်။ blueprint က phone တော်တော်များများ support လုပ်တာကြောင့်လည်းပါတာပေါ့။ blueprint ကိုတော့ သိပ်မကြိုက်ဘူး။ ခက်တာက ရုံးက ကြိုက်နေတော့ ဘယ်တတ်နိုင်မလဲ။ အဲဒါကိုလည်း ဖတ်ထားဖို့လိုသေးတယ်။ နောက်ပြီး web service ပိုင်းလေးတွေလည်း လုပ်စရာရှိသေးတယ်။ cross site တွေလုပ်ရတာ ခေါင်းစားတယ်။ admin panel က site တစ်ခု client က site တစ်ခု။ server ကလည်း မတူ။ store တွေအများကြီးဆိုတော့။ Android သွင်းတာလည်း ကြာပြီ မပြီးသေး။

iPhone အတွက်http://developer.apple.com/safari/library/codinghowtos/mobile/userExperience/index.html အဲဒါလေး တော်တော်ကောင်းတယ်။ နောက်ဆိုရင် mobile က အရမ်းခေတ်စားလာတော့မှာ။ customer တွေကလည်း mobile version လိုချင်တယ်။ ရုံး website တောင် ဒီနေ့ mobile version support လုပ်လိုက်ပြီ။ mobile အတွက် ရေးရတဲ့ design က website အတွက်ရေးရတာနဲ့မတူဘူး။ အရေးထဲ iPhone က တစ်မျိုး Android က တစ်ဖုံ နောက်ပြီး blackberry က ရှိသေး.. အဲဒါတွေက screen လည်း မတူ။ နောက်ပြီး iPhone က webkit သုံးတော့ အဆင်ပြေတယ်။ Android ကလည်း webkit ပဲ။ blackberry ကတော့ ဘာမှန်းမသိဘူး။ သုံးလည်း မသုံးဖူးဘူး။ သူ့ emulator ကလည်း exe ကြီး။ အလုပ်ရှုပ်တယ်။ windows မှာ သွားသွင်းရအုံးမယ်။ nokia ကလည်း တစ်မျိုး။ nokia နဲ့ internet သုံးတဲ့ လူရှိရဲ့လားမသိဘူး။ opera ဆိုရင်တော့ ကိစ္စမရှိဘူး။ http://www.opera.com/mini/demo/ ကနေ စမ်းလိုက်လို့ရတယ်။ သူ့ mini demo တောင် touch screen version ဖြစ်သွားပြီ။ အကုန်လုံးက touch တွေပြောင်းလာကြပြီနဲ့တူတယ်။ windows mobile ကို စမ်းဖို့အတွက် လုပ်ရအုံးမယ်။ windows mobile က IE ဆိုတော့ စိတ်တောင် မကူးချင်ဘူး။ IE ဆို စိတ်ကုန်လွန်းလို့။ သူ့ကိုတော့ နောက်ဆုံးမှပဲ စမ်းကြည့်တော့မယ်။ သူကတော့ သေချာတယ်။ mac မှာ စမ်းလို့ရမှာမဟုတ်ဘူး။ IE ကို mac မှာ wine bottle လေးနဲ့ run ထားရတာ။

အင်း.. ရေးချင်တာတွေ အကုန်ရေးချသွားတာပဲ။ နောက်မို့ဆို ခေါင်းထဲမှာ ပျောက်သွားမှာဆိုးလို့။ ပျောက်သွားပြီဆိုရင် link တွေ ပြန်ရှာရတာ အလကားထပ်ပြီး ပင်ပန်းလို့။