Enable Multitasking and Wallpaper in iPodTouch 2G

မနေ့က Jailbreak ရတော့ လူက ထပ်လိုချင်လာပြန်ကော။ ဘာလည်းဆိုတော့ Multitasking ။ iOS 4 ခြင်း အတူတူဘာလို့မရရမှာလဲ။ ဒါနဲ့ရှာကြည့်တော့ 3G အတွက်တွေ့တယ်။ 3G မှာပြောထားတဲ့ file က iPodTouch မှာ မရှိ။ ဒါပေမယ့် နာမည်ဆင်တူ တဲ့ file လေးတော့တွေ့တယ်။ အဲဒါနဲ့ 3G မှာ ပြောထားတဲ့အတိုင်း လုပ်။ ပြီးတော့ restart ချ။ ဟော… မတက်လာတော့ဘူး…
Continue reading

Jailbreak 3.1.3

ကျွန်တော့် iPodTouch မှာတော့ စမ်းပြီးပြီ။ အလုပ်လုပ်တယ်ဗျို့။

http://www.macforus.com/lang/en-us/jailbreak-3-1-3-iphoneipodtouch

iStardict with ornagai

ဘယ်လို သွင်းရမလဲဆိုတာကိုတော့

http://www.macforus.com/lang/my-my/istardict

အဲမှာ ရေးထားတယ်။

ornagai အတွက် stardict dictionary ကိုတော့

http://github.com/saturngod/ornagai-V2/downloads

အဲကနေ download ယူလို့ရပါတယ်။ en-mm ကော mm-en ပါရှိပါတယ်။

iPhone OS 3.1.3

iPhone OS 3.1.3 ကို February 2 ရက်နေ့ release လုပ်လိုက်ပြီ။ ဒါပေမယ့် jailbreak သမားတွေအနေနဲ့ ခဏစောင့်ဖို့ လိုပါသေးတယ်။ ဒါကလည်း jailbreak သုံးရခြင်းရဲ့ မကောင်းတဲ့အချက်တစ်ချက်ပဲ။ ချက်ခြင်း upgrade လုပ်လို့မရသေးဘူး။ iPhone Dev team က redsn0w 0.9.4 ကို မကြာခင်မှာ ထုတ်ပေးမယ်ပြောတယ်။ အခုတော့ သူတို့ စလုပ်နေပြီလို့တော့ ဖတ်လိုက်ရပါတယ်။ သို့ပေမယ့်လည်း ဆိုးရွားစွာနဲ့ iPhone 3Gs နဲ့ iPodTouch 3G ကိုတော့ support မလုပ်သေးဘူးတဲ့။ အင်း ကျွန်တော်ကတော့ စောင့်ပြီးရင်း ထပ်စောင့်ရအုံးမှာပေါ့ဗျာ။

Updated: For jailbreak http://www.facebook.com/l.php?u=http%3A%2F%2Fwww.redmondpie.com%2Fjailbreak-iphone-os-3.1.3-firmware-with-redsn0w-0.9.4%2F&h=dd2088f4988381eb11a3758a35482d0a
(not support iPhone 3Gs and iPodTouch)

Want to Change Zawgyi-Font packages

ကျွန်တော် Lock Screen Clock မှာ alignment ညှိဖို့ ကြိုးစားသော်လည်း မရတဲ့အတွက်ကြောင့် မြန်မာလို ဂဏန်းပြောင်းဖို့ စဉ်းစားပါတယ်။ အခြားလူတွေလည်း ပြောင်းချင်တယ်ဆိုရင်တော့ ကျွန်တော် အသစ်ထုတ်မယ့် package အသစ်မှာ ပြောင်းလိုက်ပါမယ်။ အသစ်ထုတ်မယ့် package အသစ်မှာ ဇီဝဇိုး နဲ့ ဇင်ယော် font design နှစ်ခု ကို ထပ်ဖြည့်ပြီး သုံးသွားမှာပါ။ နောက်ပြီး မူရင်း Zawgyi-one , Zewazoe , Zinyaw တို့ကို ပါ font list ထဲမှာ ထည့်သွင်းသွားပါမယ်။ ထုံးစံအတိုင်း jailbreak လုပ်ရတာတော့ စိတ်မကောင်းပါဘူး :(

Ornagai Dictionary For Windows Mobile

English To Myanmar, Myanmar To English ရပါတယ်တဲ့ဗျာ။ Alpha က ကိုရဲမြတ်သူ ပေးထားတာလေးပါ။ ကဲ.. Windows Mobile သမားတွေ အားငယ်စရာမလိုပဲ.. စမ်းကြည့်လိုက်ပါအုံးဗျာ.. :)

http://www.multiupload.com/I4NUD49LAD