Ornagai in iPhone / iPodTouch

Ornagai English To Myanmar, Myanmar To English ကို iPhone/ iPodTouch တွေမှာ သုံးလို့ရပါပြီ။ မြန်မာစာ search အတွက် syllable breaking , normalization တွေမသုံးထားတဲ့ အတွက် search ပိုင်းကတော့ ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသုံးတော့ တည့်ပါတယ်။ အခုဟာက wedictpro 1.0 ကို အသုံးပြုထားတာပါ။ ကျွန်တော့်အနေနဲ့ stardict မှာ သုံးတဲ့ dict လေးထည့်ပေးလိုက်တာပဲရှိတယ်။ လိုအပ်ချက်တွေကတော့

  • Jailbreak
  • Installous

How to install Installous ?
(copy from http://atomicdevelopment.net/blog2/2009/10/22/ipod-touch-3-1-2-firmware-jailbreak-guide-burmese/)

၁. အင်တာနက်ချိတ်ပြီး Cydia ကို ဖွင့်ပါ။
၂. Manage > Sources > Edit > Add ကို သွားလိုက်ပြီး “http://cydia.hackulo.us” လို့ ထည့်လိုက်ပါ။
၃. ပြီးရင် search ကိုသွားပြီး installous လို့ ရိုက်ထည့်ပြီး installous ကိုရှာ။ ပြီးရင် install လုပ်လိုက်ပါ။
၄. Springboard ပေါ်မှာ installous ကို တွေ့ပါလိမ့်မယ်။

Download IPA Here (1.8MB)

အဲဒါကို SFTP နဲ့ \private\var\mobile\Library\Downloads\ မှာ တင်လိုက်ပါ။ Installous ကို ဝင်ပြီး Download ကနေ install လုပ်လိုက်ရင်ရပါပြီ။ ပြီးရင် Spring Board မှာ WeDictPro ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ ပေါ်လာရင် restart ချလိုက်ပါ။ ပြန်တက်လာရင် ပေါ်လာတာကို တွေ့ရပါမယ်။

Why we change layout design ?

iPhone keyboard layout design က ဘာလို့ computer က လက်ကွက်နဲ့ မတူတာလဲ။ ရိုက်ရတာ ပိုခက်သွားတယ်။ စာလုံးတွေက နေရာမတူတော့ ပြန်ရှာနေရတယ်။ အဲလိုမျိုး ပြောကောင်းပြောပါလိမ့်မယ်။

ဘာလို့ မတူတော့တာလဲ။

သင့်အနေနဲ့ zawgyi ကို computer မှာ မရိုက်ဖူးဘူးဆိုပါဆို့။ computer keyboard လက်ကွက်အတိုင်းမြင်လိုက်ရရင် ဘာဖြစ်သွားမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ ကျွန်တော် ကတော့ ပြောမနေတော့ပါဘူး။ ဦးသောင်းစုငြိမ်း ၊ကို Zack ၊ နောက်ပြီး ကျွန်တော် ကျွန်တော်တို့  သေချာ တိုင်ပင်ပြီး layout design ကို ချထားတာပါ။ ကိုရဲမြတ်သူရဲ့ လက်ရှိ ဘုန်းကြီးကျမ်းစာမှာ သုံးထားတဲ့ layout ကိုလည်း အခြေခံလိုက်တယ်။ ပြီးပြီလား ဆိုတော့ မပြီးသေးပဲ release လုပ်လိုက်ရတာပါ။ ကျွန်တော်တို့ စိတ်ကျေနပ်တဲ့ အဆင့်ထိ မရောက်သေးပဲ release လုပ်လိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ zawgyi on cydia ကိုတွေ့ပြီး လိုက်စမ်းရင်းကနေ restore ပြန်လုပ်ရတဲ့လူတွေ ရှိလာတဲ့အတွက်ကြောင့် အခြားလူတွေ အလကား data မဆုံးရှုံးရအောင် အမြန် release လုပ်လိုက်တာပါ။

ကျွန်တော်တို့တွေ အနေနဲ့ သာမာန် ဖုန်း အသုံးပြုတွေကိုပဲ ရည်ရွယ်ထားတယ်။ computer လက်ကွက်အတိုင်းလုပ်ဖို့လည်း မစဉ်းစားဘူး။ က ခ ဂ လောက်ကတော့ လူတိုင်း တတ်ပါတယ်။ ဒါကြောင့် လူတိုင်း အသုံးများတဲ့ စာလုံးတွေကို ရှေ့ဆုံးမှာားလိုက်တယ်။ ပက်ဆင့်တွေကို shift နေရာမှာထည့်လိုက်တယ်။ က နေရာမှာ shift နှိပ်လိုက်တာနဲ့ –္က ဆိုပြီးထား ပါတယ်။ မြန်မာစာမှာ အပေါ်ပိုင်းရှိတဲ့ –ိ –ီ တွေကိုတော့ 123 နေရာမှာ အပေါ်ဘက်တန်းမှာ ထည့်လိုက်တယ်။ –ှ–ူ –ွ စတာတွေကို အောက်ဘက်မှာထားလိုက်တယ်။ ြ– ြ–  စတဲ့ ဘယ်ဘက်ကစတာတွေကို ဘယ်ဘက်မှာ ထားပြီးတော့ –ျ –ျ ကိုတော့ ညာဘက်မှာ ရှိတဲ့အတွက် ညာဘက်ကို ရွှေ့လိုက်တယ်။ အဲလို သဘောတရားလေးနဲ့ အသုံးပြုသူ မှတ်လို့ လွယ်အောင် ထားလိုက်ပါတယ်။ အဲဒီအတွက် ဇော်ဂျီ လက်ကွက် ကျွမ်းသူတွေအတွက် ရိုက်ရခက်ရင်တော့ sorry ပဲဗျာ။ ကျွန်တော်တို့တွေက computer expert တွေကို ရည်ရွယ်တာမဟုတ်ပဲ ဖုန်းသမားတွေကိုပဲ ရည်ရွယ်ထားပါတယ်။ မကျေနပ်ရင် ကိုယ့်ဘာသာကိုယ်ပြင်လို့ရပါတယ်။ http://code.google.com/p/networkpx/wiki/Creating_layout_plist အဲဒီမှာ ဖတ်ပြီးတော့ /Library/iKeyEx/Zawgyi/Layout.plist မှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေတာပြင်လိုက်ပေါ့။ ကျွန်တော်လည်း အဲဒီ စာမျက်နှာလေး ဖတ်ပြီး ကိုယ့်ဘာသာ ရေးလိုက်တာပဲ။ comptuer သမားတွေအနေနဲ့ လွယ်လွယ်လေး ပြင်လို့ရမှာပါ။ ဒါပေမယ့် ဖုန်းသမားတွေ သာမာန် user တွေအတွက်ကတော့ လွယ်တဲ့အလုပ်မှ မဟုတ်တာ။ သူတို့အနေနဲ့ SMS ကို မြန်မာလို ပို့လို့ရရင် လုံလောက်ပြီပဲ။ အဓိကတော့ End Users ကိုပဲ စဉ်းစားတဲ့အတွက် computer expert တွေအတွက် ဝမ်းနည်းပါတယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး ကိုယ့်ဘာသာကိုယ် ရိုက်တတ်သလို ပြင်လိုက်လို့ရပါတယ်ဗျာ။

Update Zawgyi keyboard on iPhone/iPodTouch again

ထပ်ပြီး update လုပ်လိုက်ပါတယ်။ –ျ က နှစ်ခု ထပ်နေတာ မတွေ့လိုက်ဘူး။ ဒီနေ့ လူပျိုကြီး အိမ်သွားမှ လူပျိုကြီး သူငယ်ချင်းက ပြောလို့ သိရတာ။ –ျ –ျ ကို –ျ –ျ လို့ ပြင်လိုက်ပါတယ်။ နောက်ပြီးတော့ –ှ ကို ထပ်ဖြည့်လိုက်ပါတယ်။ မြှ တို့လိုနေရာတွေမှာ သုံးလို့ရအောင်ပါ။ Update လုပ်ပုံကိုတော့ iPhone/iPod Touch Zawgyi Keyboard and Font Package မှာ ဖတ်နိုင်ပါတယ်။

1.1.2.1

1. –ျ –ျ ဖြစ်နေတာကို –ျ –ျ ပြောင်း။

2. –ှ ထပ်ဖြည့်။

1.1.2

1. 123 နေရာတွင် နံပတ် layout ပြောင်းပြီး shift နေရာတွင် ပက်ဆင့်ပြောင်း။

iPhone/iPod Touch Keyboard Update

အခု keyboard ကို ထပ်ပြီး update လုပ်လိုက်ပါတယ်။ ၁၂၃၄ ပါတဲ့ shift ကို 123 နေရာကို ပြောင်းလိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၁၂၃ ကို ဆက်တိုက်ရိုက်မရပဲ shift ကို နှိပ်နှိပ်နေရတာနဲ့ ပြောင်းလိုက်ပါတယ်။ 123 နဲ့လဲ ကိုက်သွားအောင်ပေါ့။ ပက်ဆင့်တွေကိုတော့ shift နေရာကိုပြန်ပြင်လိုက်ပါတယ်။ cydia ကနေ upgrade လုပ်လိုက်ပါအုံးဗျာ။ upgrade လုပ်ပုံက အရင်ကနဲ့ နည်းနည်းကွာသွားတယ်။ ပိုလွယ်သွားပြီး ikeyex ထဲမှာ delete cache လေးနဲ့ cache ကို ဖျက်လိုက်ရုံပါပဲဗျာ။

upgrade ဘယ်လိုလုပ်ရမလဲ သေသေချာချာ သိချင်ရင်တော့
iPhone/iPod Touch Zawgyi Keyboard and Font Package
အဲမှာ ဖတ်ကြည့်လိုက်ပါ။

iPhone/iPod Touch Zawgyi Keyboard and Font Package

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ေပါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

For iOS 3.1.2

လိုအပ်ချက်

OS : 3.0 >= (3.1.2 recommend)

Type : Jailbreak

Installer : Cydia

Internet : Require

Continue reading

Near To Final

keyboard ကို ရိုက်ရလွယ်အောင် ပြောင်းထားတယ်။ အပေါ်မှာ ရှိတဲ့ဟာတွေကို shift အပေါ်တန်းမှာ ထားလိုက်တယ်။ အောက်မှာ ရှိတဲ့ဟာတွေကို အောက်တန်းမှာထားထားတယ်။ ပက်ဆင့်တွေကို 123 ထဲမှာ ထည့်လိုက်တယ်။ က ပက်ဆင့်ဆိုရင် က ရှိတဲ့နေရာမှာပဲ 123 နှိပ်လိုက်ရင် –္က ဖြစ်အောင်လုပ်ထားတယ်။

IMG_0024

IMG_0025

IMG_0026

Next Level Draft

တော်သေးသည်။ အရင် version ကို release မလုပ်လိုက်သည့်အတွက်။ အခုကတော့ အကြမ်းပါ။ 2 level လောက်နဲ့ ရိုက်နေကြ စာအားလုံး ရိုက်နိုင်အောင် စဉ်းစားနေပါတယ်။ zawgyi keyboard သွင်းရင်လည်း အချို့side effect လေးတွေတော့ english keyboard မှာ သက်ရောက်ပါတယ်။ iPhone 3Gs နှင့် iPod Touch 3G တို့တွင်တော့ မသက်ရောက်ဟုထင်ပါတယ်။ ကျွန်တော့် iPodTouch 3G မှာတော့ side effect မဖြစ်ပေမယ့် iPhone 3G တွေမှာတော့ အချို့side effect လေးတွေရှိတာကိုတွေ့ရပါတယ်။

IMG_0019

IMG_0020

iPhone / iPod Touch Keyboard First Level

yahoo… အဆင်ပြေအောင် တော့ လုပ်ထားတယ်။ ဒီထက်အဆင်ပြေနိုင်မလား နည်းနည်းလောက် ကြည့်လိုက်အုံးမယ်..  မြန်မာစာလည်း ပေါ်သွားပြီ။ keyboard အဆင်ပြေရင် ပြီးပြီ :)

IMG_0009 Normal

Continue reading