iTune Store US account

သူများတွေက US account card မရှိပဲနဲ့ လုပ်လို့မရဘူးဆိုလို့ ဒီနေ့ ကိုယ့်ဘာသာ ကိုယ် us account တစ်ခု စမ်းဖွင့်ကြည့်ချင်တယ်။ Google Earth ကလည်း US store မှာပဲ ရတယ်။ Ping လည်း US store အတွက်ပဲဆိုတော့ ကိုယ့်ဘာသာကိုယ် US account တစ်ခု ဖွင့်ကြည့်ရတာပေါ့။ အရင်ဆုံး free app တစ်ခုကို သွားဖို့လိုပါတယ်။ ဒီအတိုင်းဖွင့်ရင် card နံပတ်တောင်းပါလိမ့်မယ်။ ဒီတော့ skype app ကိုသွားလိုက်တယ်။ iTune ဖွင့်ထားရင် လက်ရှိ iTune store account ကို logout လုပ်ထားဖို့တော့ လိုတယ်။ Skye မှာ View in iTune ကို နှိပ်လိုက်ရင် iTune နဲ့ ပွင့်လာပါလိမ့်မယ်။

Continue reading

iTune with Zawgyi (Win)– Tahoma Zawgyi

tahoma ကို overwrite မရသလို installer တွေနဲ့လည်း မရဘူး။ ဒါကြောင့် ပုံမှန် သမာရိုးကျနည်းနဲ့ပဲ လုပ်ရတော့မယ်။ အရင်ဆုံး အောက်က package လေးကို download လုပ်လိုက်ပါ။

Tahoma-Zawgyi

အဲမှာ.. install.bat ပါတယ်။ အဲဒါလေးကို run လိုက်။ အဲဒါက tahoma ကို del လုပ်ပေးပြီး tahoma ကို copy ကူးထည့်ပေးတာ။ xp ဆို restart ချလိုက်ရင် အဆင်ပြေပေမယ့် Vista နဲ့Win 7 ဆိုရင် မရပါ။ အဲဒီအတွက် font နှစ်ခုဖြစ်တဲ့ tahoma.ttf ကို right click နှိပ်။ Popup ထဲမှာ Install font ကို နှိပ်လိုက်ပါ။ ပြီးရင် tahomabd.ttf ကို right click နှိပ်။ Popup ထဲမှာ Install font ကို နှိပ်လိုက်။ ပြီးရင် Logout လုပ်လိုက်။ ပြီးရင် ပြန်ဝင်လိုက်ရင် ရပြီ။

အဒါမှမရရင်တော့ Linux နဲ့ boot တက်။ ပြီးရင် tahoma.ttf နဲ့tahomabd.ttf ကို C:\Windows\Fonts ထဲကို overwrite လုပ်ပေးလိုက်ရင်ရတယ်။

Ready made Installer

http://www.multiupload.com/CI6SEMW09B

အဲဒါလေးကို download ချပြီး သွင်းလိုက်လည်း ရပါတယ်။ ကိုမင်းကျော် က installer ပြန်လုပ်ပေးထားတာပါ။

iTune with Zawgyi (Win)

အောက်ကလို ပေါ်ချင်ကြတာလားဗျ။ Tahoma ကို replace လုပ်ထားတာ။ Linux ဘက်ကနေ ဒါမှမဟုတ် Mac ဘက်ကနေ windows ရဲ့tahoma ကို overwrite လိုက်ရင်တော့ ရတယ်။ ဒါနဲ့ Linux က လူတိုင်းမှာ ရှိမှာ မဟုတ်ဘူး။ Installer လေး လုပ်ဖို့ရှာလိုက်အုံးမယ်ဗျာ။ သုံးနေကျ Smart Install Maker က tahoma ကို overwrite လို့မရလို့။ tahoma font တွေက line spacing လေးတွေ အပေါ်ဘက် အောက်ဘက် နည်းနည်းကျဲကုန်မယ်။ အဲဒီ နည်းပဲရှိတယ်။ တကယ်လို့ ဖြစ်တယ်ဆိုရင်တော့ သွင်းပေါ့။ Installer ကတော့ ရှာလိုက်အုံးမယ်။

zawgyi-itune