အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။ ပြန်ရေးတဲ့ အချိန် ပထမဆုံး blog post ကလည်း CSS စာအုပ် ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။ အခုတော့ စကာင်္ပူ က အလုပ်တွေနဲ့ ပတ်သက်ပြီး link တွေကို ပြန်စုစည်းပေးလိုက်ပါတယ်။ ကျွန်တော်လာတုန်းကတော့ post တွေက အရမ်းနည်းတယ်။ အခုတော့ မဆိုးဘူး လို့ဆိုရမယ်။ အရင်ကထက် စာရင် တော်တော်များလာပြီ။
Continue reading
Tag Archives: job
Busy, past 2 Week
တစ်ပတ်လောက် game development အတွက် စာတွေ ဖတ်လိုက်ရတယ်။ cocos2d ကိုလည်း အမြန် လေ့လာရတယ်။ အိမ်ပြန်ချိန် ည ၉ နာရီ ဖြစ်တာလည်း ၁ ပတ်ကျော်နေပြီ။ ၁ ပတ်အတွင်းမှာ တော်တော်လေး အပင်ပန်းခံလိုက်တာ game development အကြောင်းကို အနည်းငယ် တီးခေါက်မိသွားတယ်။ အများကြီးမသိသေးရင်တောင် အရင်ကထက်တော့ နည်းနည်း ပိုသိလာပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကစပြီး လုံးဝ ကို မအားတာ။ ရုံးက dead line တွေကော bugs တွေကော နဲ့ ရှုပ်နေတာပဲ။ game သေးသေးလေး တစ်ခုကို ပြီးခဲ့တဲ့ အပတ်က စရေးခိုင်းတယ်။ ခက်တာက logic ရှိတယ်။ မရေးတတ်ပြန်ဘူး။ ဒါကြောင့် cocos2d ကို ဖတ်ရတယ်။ logic က လွဲနေတယ်။ နောက်ပြီး game level design နဲ့ မကိုက်ပြန်ဘူး။
Continue reading
Job ?
အလုပ်အပေါ်မှာ ခံယူချက်က တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။ အချို့တွေကလည်း ဝါသနာပါတာကို လုပ်လို့ ဆိုကြသလို အချို့တွေကလည်း အလုပ်ရနိုင်တာကို လုပ်။ ဝါသနာထက် ရေရည်ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုကြပြန်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ခံယူချက်မတူသလို ကျောင်းပြီးကာစ လူငယ်လေးတွေလည်း ဘာလုပ်ရမှန်းမသိကြတာ အမှန်ပါ။
ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောဘူးတယ်။ သားကို အမေတို့က ပညာအမွေပဲ ပေးနိုင်တယ်။ ပညာတတ်အောင် သင်ပေးတဲ့ အထိပဲ အမေတို့ တတ်နိုင်မယ်။ ကိုယ့်ဘဝ ကိုယ်ရပ်တည်ရမှာပဲလို့ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောခဲ့ဘူးတယ်။ ပညာ အမွေ ? အဖေ တို့ အမေ တို့ ပေးနိုင်တာကတော့ ကျောင်းပညာ အမွေပါ။ ကျောင်းပညာ လို့ ဆိုရတာကလည်း ကျောင်းမှာ သင်တဲ့ ပညာရယ် ကျောင်းမှာ မသင်တဲ့ ပညာရယ်ဆိုပြီး ရှိပါသေးတယ်။ ဥပမာ။။ ဗေဒင် မျက်လှည့် စတာတွေက ကျောင်းမှာ မသင်ပေးနိုင်ဘူး။ ဗေဒင်နဲ့ ချမ်းသာတဲ့ ဗေဒင် ဆရာတွေ ရှိသလို ဆင်းရဲနေတဲ့ ဗေဒင်ဆရာတွေလည်း အများကြီးပါ။ မျက်လှည့်ထို့ အတူပါပဲ။ အခြေခံအဆင့် အောင်သွားရင်တော့ ရေးတတ် ဖတ်တတ်သွားမယ်။ စကားပြောတတ်သွားမယ်။ စဉ်းစားတတ်လာမယ်။ သို့ပေမယ့် နောင်တချိန် အလုပ်ရဖို့ ပိုက်ဆံတွေရှိလာဖို့ ပျော်ရွှင်လာဖို့ ပညာတွေ ပါမလာတာကတော့ သေချာတယ်။ high school ပြီးတော့ တက္ကသိုလ်တွေ တက်ကြရပြန်ကော။ တက္ကသိုလ်တက်တဲ့ အခါမှာလည်း အမှတ်မှီလို့ မိဘ က သွားခိုင်းတာနဲ့ ဝါသနာ ပါတာကို စွန့်ပြီး ဆေးကျောင်းသွားရတဲ့သူတွေရှိသလို ဝါသနာပါတဲ့ လိုင်းကိုပဲ လိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဝါသနာမပါပဲနဲ့ လာတက်တဲ့သူတွေ အထဲမှာ Computer တက္ကသိုလ်က လူတော်တော်များများ ပါတယ်။ Computer တက္ကသိုလ်ရောက်မှ programming ဆိုတာ ဘာလဲဆိုတာ သိကြတဲ့သူတွေလည်း အများကြီးပဲဗျ။ တနည်းပြောရင် ကိုယ်တက်မယ့် တက္ကသိုလ်မှာ ဘာတွေ သင်မလဲဆိုတာ မသိတဲ့သူတွေ အများကြီးပဲ။
ဆယ်တန်းပြီးတဲ့ သူတစ်ယောက်ကို ဘာဝါသနာပါလဲလို့ မေးလိုက်ရင် အင်း.. အဲ… ဖြစ်တဲ့သူကဖြစ်။ မဟုတ်ရင် ငယ်ငယ်ကတည်းက သင်ပေးထားတဲ့ အတိုင်း ပြောတာတွေလည်း အများကြီးပါ။ ဝါသနာဆိုတာက ပြောင်းလဲတတ်တယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဝါသနာ ပြောင်းသွားတတ်တယ်။ ဒါကြောင့် အခုအချိန်မှာ ဘာဝါသနာပါလဲဆိုတာကိုပဲ မေးလို့ရလိမ့်မယ်နဲ့တူတယ်။ တနည်းပြောရင် ငယ်ငယ်တုန်းက စစ်တိုက်တန်း ကစားရတာ ဝါသနာပါပေမယ့် ကြီးလာတဲ့အခါမှာ စစ်တိုက်နေရတာ မကောင်းဘူးလို့ နားလည်ရင် ဝါသနာ ပါတော့မှာမဟုတ်ဘူး။ ဒါကြောင့် ဝါသနာ ဟာပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဘာဝါသနာပါလဲလို့ မေးရင် ဖြေနိုင်ဖို့လိုတယ်။ ဆရာဝန်လုပ်ချင်တယ်။ ဆရာဝန်လုပ်ရတာ ဝါသနာပါတယ် လို့ ဆိုတဲ့သူတွေဟာလည်း အမှတ်မမှီတဲ့အခါမှာ သူတို့ ဘဝကြီး အလကားဖြစ်သလို ခံစားသွားရတဲ့ သူတွေ အများကြီးပါ။ ၁၀ တန်းမှာ ဆေးကျောင်းအမှတ်မမှီလို့ စိတ်ပျက်ပြီးနောက်ပိုင်းမှာ အခြားနေရာတွေမှာလည်း အောင်မြင်တယ်။ တော်တယ်ဆိုတာ တော်တော်ရှားသွားတယ်။ သူတို့ရဲ့ ဝါသနာ ပျက်စီးသွားပြီ။ သူတို့ ဖြစ်ချင်တာ ဖြစ်ခွင့်မရှိတော့ဘူးဆိုပြီး မသိစိတ်က ရှေ့ဆက်မယ့် ဘဝတွေကို ထိန်းချုပ်ခြင်းခံလိုက်ရတဲ့သူတွေကို ကျောင်းတက်နေတုန်းက တွေ့ခဲ့ဖူးပါတယ်။
Continue reading
အပြောင်းအရွှေ့ – ၂
ကျွန်တော် အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ မှာတော့ အလုပ်ရတဲ့ အကြောင်း ကို ရေးပြီးပါပြီ။
အဲ.. အလုပ်လည်း ရတယ်။ ဒီဘက်ကိုလည်း အလုပ်ထွက်မယ်လို့ ပြောလိုက်ပြီ။ ကျွန်တော့် အမှားက အဲမှာ စတာပဲ။ ဒီဘက်က EP status မသိရသေးခင် အလုပ်ထွက်ဖို့ အကြောင်းပြောလိုက်တာပဲ။ ပုံမှန် အားဖြင့် တော်တော်များများက EP status သိရမှ အလုပ်ထွက်စာတင်ကြပါတယ်။ ကျွန်တော်က ဒီဘက် ကနေ EP မလျှောက်ရသေးခင် ထွက်စာတင်လိုက်တော့ စိတ်မချရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။
Continue reading
စာတွေ့နဲ့လက်တွေ့
ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။ ဒါပေမယ့် ကျောင်းမှာကလည်း OOP concept ကို သိအောင်ပဲ သင်ပေးနိုင်တယ်။ တတ်အောင် မသင်ပေးနိုင်တော့ OOP ကို မသုံးဖြစ်တောပြန်ဘူး။ VB.NET 2003 လောက်ရောက်တော့ OOP ဖြစ်လာတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲ ဖြစ်သွားတာ။ Logic ပိုင်းတွေ ပြောင်းချလိုက်ရတာကို။ VB 6 ကနေ လာတဲ့သူ အဖို့ OOP နဲ့ အဝေးကြီးလို ဖြစ်သွားတာ။ အဲဒါကြောင့် Java ကို လုံးဝကို မထိတော့တာ။ Continue reading
ကျွန်းသေးသေးသို့ထွက်ခွာခြင်း – ၂
ကဲ… ကျွန်သေးသေးလေးကို သွားဖို့ အသင့်ဖြစ်ပြီ။ ကိုယ့်ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ experience ကလည်း ၂ နှစ်လောက်ရှိတယ်။ recommendation တွေလည်း အပြည့်အစုံရှိတယ်။ reference တွေကလည်း ကောင်းပါ့။ တတ်တာတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေကြီးပဲ။ ဒါဆိုရင်တော့ စလုံးထွက်တာ မမှားဘူးပေါ့။ Continue reading