Shortest URL

bit.ly နဲ့ tinyurl တို့ရဲ့ service ကိုယူပြီးပြန်ရေးထားတယ်။ မူရင်း site ထက် မြန်တာပေါ့။ ဘာလို့လည်းဆိုတော့ ဘာပုံမှ မပါလို့ပဲဗျ။ ကျွန်တော် bit.ly မှာ ဆို ကြာတယ်လို့ထင်ရတယ်။ သူ့ ပုံတွေ loading လုပ်နေတာကြောင့်လည်းပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် သုံးဖို့အတွက် ရေးထားတာပါ။ PHP code ကိုတော့ http://davidwalsh.name ကနေ ယူပြီး jquery နဲ့ ပေါင်းပြီး ရေးထားတာ။ လိပ်စာကတော့

http://www.saturngod.net/webtool/

အဲ..မေ့တော့မလို့… HTML5 ကိုသုံးထားတော့ firefox3.5 နဲ့ chrome 2 မှာမှ အဆင်ပြေမှာနော်… :D

Jquery Offline API Docs Air App

Jquery နဲ့ ပတ်သက်တဲ့ docs site တစ်ခုလုံး offline ရရင်ကောင်းမယ်ဆိုပြီး google မှာရှာလိုက်တာ adobe air app လေးရလိုက်တယ်။ ရတဲ့ site ကတော့

remysharp.com/2008/07/04/jquery-api-update-offline-and-anywhere/

ကနေပါ။ သွင်းပြီးရင် update တော့လုပ်ရတယ်။ တော်တော်လေးကို ပြည့်စုံပြီး အသုံးဝင်ပါတယ်။ ကျွန်တော့်အတွက်တော့ jquery က အဆင်ပြေပြီးရင်း ပြေနေတာပဲ…. :)

JQuery Cheat Sheet

Color Charge ကထုတ်ထားပေးတဲ့ JQuery Cheat Sheet ပါ။ တော်တော်လေးကောင်းတယ်။ ကျွန်တော် JQuery ရေးရင် အဲဒီ Cheat Sheet လေးကို သုံးပြီးရေးရတယ်။ နောက်ပြီးတော့ JQuery Reference ဆိုတဲ့စာအုပ်လေးနဲ့ တွဲသုံးရင် တော်တော်အဆင်ပြေတယ်ဗျ။

jquery12_colorcharge

Show Loading Page with JQuery

Jquery နဲ့ ajax ရေးတဲ့အခါမှာ loading ဆိုတာလေးပြဖို့အတွက်ပါ။ ကျွန်တော်တို့တွေအနေနဲ့ ajax loading လုပ်နေတဲ့အချိန်နဲ့ success ဖြစ်သွားတဲ့အချိန်အတွက် function ၂ ခု ရေးပေးရပါတယ်။ code ကတော့
Continue reading

Mootools VS JQuery

အခု project တစ်ခုအတွက် Mootools မသုံးပဲ jquery ပြောင်းသုံးမလို့လုပ်နေတယ်။ ကျွန်တော်က ပုံမှန် mootols သုံးနေကြပဲလေ။ သူကလွယ်တယ်။ ရေးရတာမြန်တယ်။ နောက်ပြီး demo လေးတွေကနေ အသုံးပြုလို့ရတယ်။ mootools ကိုတော့ လေ့လာဖြစ်တာကြာပြီ။ တချို့ code တွေကို google ကနေရှာပြီး ပြန်ပြင်ရေးနေကြ။ အခုတော့….
Continue reading