ဒီနေ့ BackboneJS စာအုပ်ကို ပြန်ဖတ်မိတယ်။ အခုတခေါက်တော့ Exercise တွေကို copy မကူးပဲနဲ့ code တွေ အကုန် အစအဆုံး ပြန်ရိုက်ဖြစ်တယ်။ အဲလို ရိုက်ရင်း နဲ့ ဘာကြောင့် ဒီလို ရေးရတာလဲ ဆိုတာကို သဘောပေါက်လာတယ်။ အခုနောက်ပိုင်း အသစ်တွေကို လေ့လာတဲ့ အခါမှာ ချမရေးဖြစ်တာ ကြာပြီ။ အပေါ်ယံလေးပဲ ကြည့်ပြီး ဒါကို ဒီလို ရေးထားတာပါလား ဆိုတဲ့ သဘောလောက်ပဲ ဖတ်ဖြစ်တော့တယ်။
ကျွန်တော်တို့ UCSY တက်တုန်းက အခုခေတ်လို iPad တွေ မရှိသလို Ebook Reader တွေ Tablet တွေ လည်း မရှိဘူး။ Internet ကလည်း မရှိတော့ Ebook တွေလည်း လွယ်လင့် တကူမရနိုင်ဘူး။ အများအားဖြင့် စာအုပ်တွေကို Library က ငှားဖတ် ရတာပဲ။ Library ကို ပဲ အားကိုးခဲ့ရတယ်။ စာအုပ် ဖြစ်တဲ့ အတွက်ကြောင့် Copy နဲ့ Paste လုပ်မရ။ ဒါကြောင့် အစအဆုံး code တွေ ချရေးပြီး run ကြည့်။ Error တက်ရင် ရေးထားတာ မှားနေလား စစ်ကြည့်။ ရေးထားတာ မှန်ရင် ဘာကြောင့် အလုပ်မလုပ်လည်း လိုက်ရှာ နဲ့ လေ့လာခဲ့ကြတာပဲ။ အခုနောက်ပိုင်း iPad တွေ Android တွေ ခေတ်စားလာတော့ လူတိုင်းနီးပါး စာအုပ် ဖတ်ဖို့အတွက် အနည်းဆုံး Android Tablet တစ်လုံး လောက် ဝယ်နိုင်လာကြတယ်။ ကျွန်တော်လည်း စာအုပ်တွေကို Computer ပေါ်မှာ ထက် iPad နဲ့ပဲ ဖတ်ဖြစ်တော့တယ်။ Code တွေကို စမ်းမယ်ဆိုရင်လည်း Ebook က code တွေကို copy and paste လုပ်ပြီး run ကြည့်လိုက်တာပဲ။ run လို့ သူပြောတဲ့ အတိုင်း အလုပ်လုပ်ရင် ရှေ့ဆက်ဖတ်ဖြစ်တယ်။
Continue reading
