Linux Resource Center , Myanmar

Linux နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ resource တွေက တော်တော်ခက်ခဲပါတယ်။ Linux ဆိုတာ ဘာလဲ ? အဲဒီ မေးခွန်းကြီးက ခဏခဏ မေးခံထိပါတယ်။ MZ forum မှာတော့ ကျွန်တော်နဲ့ box02 အများကြီးဆွေးနွေးထားတာကို ဖတ်နိုင်ပါတယ်။ Linux ဆိုတာကို သိပြီ။ Linux နဲ့ ပတ်သက်တာတွေ ဘယ်မှာ ရနိုင်မလဲ။ အဲဒီအတွက် ကျွန်တော်တို့အတွက် အခက်အခဲတစ်ခု ဖြစ်လာပြီ။ Linux က Free လေ။ iso file ကို download ချလိုက်ရုံပဲလေ။ ဒါပေမယ့် CD တစ်ချပ် လောက်ရှိတာကို သာမန် အသုံးပြုသူတွေ ဘယ်လိုလုပ်ရမလဲ။ အဲဒီအတွက် ကျွန်တော်တို့တွေ Linux Resource Center, Myanmar ကို ကျွန်တော်တို့တွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဓိက ပါဝင်သူတွေကတော့
Continue reading

Using File Browser Default in Fedora

Fedora ကို စသုံးတုန်းက ဘာမှန်းမသိဘူး။ Ubuntu သမားဆိုတော့ Ubuntu ကလို File Manager ကမတူတော့ဘူး။ Folder တစ်ခုဖွင့်လိုက်ရင် New Windows ကြီးတက်တက်လာတယ်။ တော်တော်စိတ်ပျက်ဖို့ကောင်းတာ။ ကြာလာတော့ ရှုပ်ထွေးကုန်တယ်။ နောက်ပြီး Address bar လည်းမပါဘူး။ တစ်နေရာကို သွားဖို့အတွက် အဆင့်ဆင့်သွားနေရတယ်။ Ubuntu မှာလို Address bar မှာရိုက်ထည့်ပြီးသွားလို့ရရင် အဆင်ပြေမယ်။ Ubuntu လည်း Nautilus ပဲ။ Fedora လည်း Nautilus ပဲ။ ဒါပေမယ့် ဘာလို့ ပုံစံမတူလည်းဆိုတာကိုတော့ မသိဘူး။ ဒါနဲ့ ကလိ ကြည့်လိုက်တော့ တွေ့ပါတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲဆိုတာတော့
Continue reading

Make RPM Package

RPM package လုပ်ရန်အတွက် အရင်ဆုံး terminal ကိုသွားပါ။ terminal တွင်

$su

ပြီးလျှင် password ထည့်လိုက်ပါ။ အဲဒီအခါ root user ဖြစ်သွားပါလိမ့်မယ်။

# yum groupinstall “Development Tools”

ပြီးတဲ့အခါမှာတော့

# yum install rpmdevtools

ပြီးတဲ့အခါမှာတော့ root ကနေ exit ထွက်လိုက်ပါ။

#exit
$ rpmdev-setuptree

rpm အတွက် tree ဆောက်တဲ့အခါမှာတော့ သင့် user နဲ့ပဲ ဆောက်မှ ဖြစ်ပါမယ်။ root user အနေနဲ့ ဆောက်လို့မဖြစ်ပါဘူး။

ကဲ.. လိုအပ်တာတွေ တော့ သွင်းပြီးပြီ။ RPM ကို စပြီး Build လုပ်ရအောင်။ Continue reading

Fedora 10

Fedora 10 CD လိုချင်သူများ

ဖုန်း ၀9၈0၂2၉3၉ ကို ဆက်သွယ်နိုင်ပါတယ်။

(ကျွန်တော့်ဖုန်းနံပတ်ပါ)

ကျွန်တော့်မှာ ရနိုင်တဲ့ Linux တွေကတော့

Fedora 10 CD ( ISO )
Ubuntu 8.10 CD that include wubi ( ISO )
Ubuntu 8.10 DVD that not include wubi ( DVD အခွေလွတ်နဲ့ လာကူးနိုင်ပါတယ်။ Activemedia အခွေဆိုင်မှာလည်းဝယ်လို့ရပါတယ် )
BackTrack 3 ( ISO )

Continue reading

Linux ?

Windows တွေနာမည်ရ အောင်မြင်မှု မရှိခင်တုန်းကတော့ Unix တွေက OS လောကမှာ စိုးမိုးနေခဲ့ပါတယ်။ Microsoft က Unix ကို စျေးကွက် လက်ဝါးကြီး အုပ်မှုနဲ့ တရားစွဲခဲ့ရမှာပေါ့ Unix က ရှုံးနိမ့်ပြီး Unix က Free OS လိုလိုဖြစ်ခဲ့ပါတယ်။ Unix က Free OS လိုလို ဖြစ်ခဲ့တဲ့အတွက်ကြောင့် ငွေကြေးမတတ်နိုင်တဲ့သူတွေ ကျောင်းသားတွေ ကျောင်းတွေ ဆေးရုံတွေက Unix ကို အသုံးပြုကြပါတယ်။ MS-DOS က ဝယ်သုံးရပြီး Unix ကိုတော့ free သာသာ အသုံးပြုခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ Unix ဟာ ပြန်လည် တရားရင်ဆိုင်ပြီး အောင်ပွဲရကာ သူ့ OS အသုံးပြုထားတဲ့ User တွေကနေ ငွေကြေး တောင်းဆိုမှု စခဲ့ပါတယ်။ အဲဒီလိုပဲ ကျောင်းတွေ ဆေးရုံတွေကိုတော့ Free ပေးပေမယ့် service တော်တော်များများ အသုံးပြုလို့မရခဲ့ပါဘူး။ အဲဒီအတွက်ကြောင့် Master တက်နေတဲ့ကျောင်းသား Linus Torvalds ဟာ Unix ကိုအခြေခံပြီး Linux OS ကိုစတင်ရေးသားခဲ့ပါတယ်။ Continue reading

Some Picture

သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ Forward mail ထဲက ပုံလေး ကြိုက်လို့တင်လိုက်တာ… ကြည့်ရင်းနဲ့ Linux ကိုသတိရသွားမိလို့…

Crossover Chromium

http://www.codeweavers.com/services/ports/chromium/

မှာ google chrom ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာ တော်တော်အဆင်မပြေဘူးဗျ။ မြန်မာ font တွေ input မရဘူး။ textbox တစ်ခုတည်းမဟုတ်ဘူး။ မြန်မာ font နဲ့ wordpress မှာ blog ရေးလို့မရတော့ အဆင်မပြေဘူး။ နောက်ပြီး အတက်နှေးတယ်။ javascript ကတော့ windows အတိုင်းမြန်ပါတယ်။ chrome ကိုတော့ AJAX website တွေ ကြည့်ဖို့အတွက် အသုံးပြုနေပါတယ်။ ဒါပေမယ့် မြန်မာစာ ရိုက်သွင်းဖို့ကတော့ လုံးဝ ကို အဆင်မပြေဘူး။

Inkscape

Ubuntu မှာ Vector တွေဆွဲလို့မရဘူးလို့ပြောမလို့လား။ ဒါဆိုရင် မှားသွားမယ်နော်။ Adobe Illustrator လောက်နီးနီး စွမ်းဆောင်ရည် ရှိတဲ့ Inkscape ဆိုတာရှိပါတယ်။ ကျွန်တော်က vector သမားမဟုတ်တော့ ဘယ်လောက်အသုံးဝင်လဲ ဆိုတာကိုတော့ သေသေချာချာမသိဘူး။ ဒါပေမယ့် Essential For Ubuntu ထဲ ကျွန်တော်ကတော့ ထပ်ဖြည့်ထည့်လိုက်ပါပြီ။ သွင်းချင်ရင်တော့

$sudo apt-get install inkscape