Enable Emerald in Ubuntu

Emerlad ဆိုတာကတော့ Ubuntu ကိုလှပစွာ တန်ဆာဆင်ပေးတဲ့ Windows Decoration တစ်ခုပါ။ လှပတဲ့ windows ဘောင်လေးတွေ အကြည်ဖောက်လေးတွေ မြင်ရဖို့အတွက်ဆိုရင်တော့ emerald ကိုအသုံးပြုရမှာပါ။

Emerald ကို အသုံးပြုရန်အတွက် အရင်ဆုံး compiz config setting ကိုသွင်းထားရမှာပါ။ terminal တွင်

$sudo apt-get install compiz-fusion-* compizconfig-settings-manager

$sudo apt-get install emerald emerald-themes

လို့ရိုက်လိုက်ပါ။ ပြီးလျှင်

System > Preference > Advanced Desktop Effect Settings ကိုသွားလိုက်ပါ။ Filter မှာ Window Decoration ကိုထည့်လိုက်ပါ။ အဲဒီအခါမှာ Window Decoration တက်လာပါမယ်။ အဲဒီ setting ထဲမှာ command နေရာကို

emerlad –replace

လို့ထည့်လိုက်ပါ။ ပြီးလျှင် session ကို restart ချဖို့လိုအပ်ပါတယ်။ session ကို restart ချရန် Ctrl + Alt + Backspace ကို တွဲနှိပ်လိုက်ပါ။ login screen ပြန်တက်လာပါလိမ့်မယ်။ login ဝင်ပြီးရင်တော့ emerald ကို ဝင်လို့ရပါပြီ။

Linux Myanmar Ebook

အရင်ကတော့ ကျွန်တော် computer journal မှာ မြန်မာလိုဖတ်ဘူးတယ်။ ကျွန်တော် linux အပေါ် ပထမအကြိမ် ခြေချခြင်းလို့ဆိုရမယ်။ အဲဒီ ဆောင်းပါးလေးကနေ တဆင့် ကျွန်တော် ကိုယ်တိုင် စမ်းသပ်လေ့လာရင်း red hat ကို စတင်ခဲ့ပါတယ်။ အခု အဲဒါ ဆောင်းပါး အကုန်လုံးပေါင်းထားတာလေးရပြီဗျ။ ဘယ်သူရေးထားတာလဲတော့ မသိဘူး။ ကိုကိုရဲ ဆီက ရတာနဲ့ အကုန်လုံးကို မျှဝေလိုက်ပါတယ်။ ကျွန်တော့်အတွက် ပထမဆုံး Linux ကိုလေ့လာဖြစ်ခဲ့တဲ့ လစဉ်ဆောင်းပါး (အခုတော့ စာအုပ်ပေါ့) ကို Linux ကိုလေ့လာလိုသူတွေ ဖတ်နိုင်ဖို့ အတွက်
Download Here

Essential For Ubuntu

Software source အသစ်ထည့်ခြင်း

Terminal တွင်

$sudo gedit /etc/apt/sources.list

လို့ရိုက်လိုက်ပါ။ password ကို ထည့်လိုက်ပါ။

# newer versions of the distribution ကိုရှာလိုက်ပါ။

အဲဒီ အောက်တွင်

deb http://security.ubuntu.com/ubuntu/ hardy main
deb http://mirror.in.th/ubuntu hardy main
deb http://repository.cairo-dock.org/ubuntu hardy cairo-dock
deb http://ppa.launchpad.net/googlegadgets/ubuntu hardy main
deb-src http://ppa.launchpad.net/googlegadgets/ubuntu hardy main

ထည့်သွင်းလိုက်ပါ။ ပြီးရင် save သွင်းပြီး ပိတ်လိုက်ပါ။ terminal တွင်

$sudo apt-get update

ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ package list အသစ်တွေပါ သိအောင် ပြုလုပ်တာပါ။

အခု source အသစ်မှာ ထိုင်း server နဲ့ အမြဲဖွင့်ထားတဲ့ security server ထည့်သွင်းထားပါတယ်။ အဲဒါဒီအတွက် အောက်က software တွေသွင်းတဲ့အခါမှာ ပိုမို မြန်ဆန်စေမှာပါ။

Continue reading

Zawgyi keyboard For Ubuntu fixed

ကျွန်တော် ကိုအိမောင်ပြောတဲ့ အတိုင်း bug ကို fix လုပ်ထားပြီးပါပြီဗျာ။

Fixed:
Myanmar Keyboard တွင် ဇော်ဂျီတစ်ခုတည်းထည့်သွင်းထားခြင်း။
Manual တွင် နည်းနည်းပြင်ခြင်း

Download

Ubuntu 8.04 ထွက်ပြီ

ကဲ… ဒီနေ့တော့ ထွက်ပါပြီဗျာ.. စောင့်လိုက်ရတာ.. download ကို မနက်ဆိုင်မှာ သွားချရမယ်… ဒါမှမဟုတ် တစ်ယောက်ယောက်ကို download ချခိုင်းရမယ်.. အခုတော့ အခွေကို request လုပ်ထားတယ်… Vista SP1 လည်း ရန်ကုန်မှာ မထွက်သေးဘူးလားမသိဘူး…

Ubuntu 8.04 မှာ Firefox Beta 5 နဲ့ wubi-installer ဆိုတာ ပါလာပါတယ်…
wubi-installer ဆိုတာကတော့ windows ကနေ Ubuntu ကို install လုပ်ပြီး Uninstall လုပ်လို့ရတယ်လို့ ပြောတာပဲ… မစမ်းရသေးတော့ မသိသေးဘူး… download ချဖို့ကြိုးစားရပါအုံးမယ်ဗျာ… အခွေကတော့ မှာထားပြီးပြီ.. ဘယ်တော့ရောက်မလဲမသိဘူး..

wubi ဆိုတာကတော့ ဒီမှာ ကြည့်

http://www.mysteryzillion.com/wiki/index.php?title=Wubi_%28Ubuntu%29

စောင့်နေပါတယ် Ubuntu

အခု Ubuntu 8.04 ထွက်တော့မယ်ဗျ… နောက် ၁၁ ရက်လောက်ကြာရင်ပေါ့… download ချဖို့ လုပ်ရအုံးမယ်… အင်း.. Vista SP1 သွင်းပြီးမှပဲ Ubuntu ကို ပြန်သွင်းတော့မယ်… သိတယ်မဟုတ်လား.. Windows ဆိုတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်… Windows သွင်းလိုက်ရင် တခြား Linux တစ်ခုမှ boot မတက်တော့ဘူးလေ… Windows မသွင်းခင်က dual boot ရပေမယ့် သွင်းပြီးနောက်ပိုင်း မရတော့ဘူး.. စိတ်တော့မပူပါဘူး.. ပြန်ခေါ်လို့ရတာပဲ… ဒါပေမယ့် အလုပ်ရှုပ်သက်သာအောင် SP1 သွင်းပြီးမှ ပဲ သွင်းတော့မယ်.. ဒါနဲ့ Ubuntu ကို မြန်မာလို ဘာသာပြန်ဖို့ စဉ်းစားကြလားမသိဘူး…

https://translations.launchpad.net/ubuntu/hardy/+lang/my

အဲ…. ဒီလိုတော့ မလုပ်ကြပါနဲ့ဗျာ… တကယ်လို့ထွက်လာရင် မြန်မာတွေ သုံးမရတာပဲ ဖြစ်မယ်..

https://translations.launchpad.net/~naymyolay-gmail

အဲလိုမျိုး မဆီမဆိုင်တာတွေ… ကိုယ်ကျိုးနဲ့ ဆိုင်တာတွေ မထည့်စေချင်ဘူး.. မြန်မာတွေ အတွက်လုပ်တာက မြန်မာတွေ အတွက်ပဲဖြစ်သင့်တယ်… မဆီမဆိုင်တာတွေ မရောစေချင်ဘူး…

ကျွန်တော်တို့တွေ https://translations.launchpad.net/ubuntu/hardy/+lang/my

အဲဒီမှာ ဝိုင်းပြီး ပြန်ပေးလို့ရပါတယ်.. Unicode 5.1 တစ်ခုခုသုံးပြီးတော့ပေါ့.. မြန်မာ 3 ပဲဖြစ်ဖြစ်.. ပိတောက်ဖြစ်ဖြစ်.. ပုရပိုက်ပဲ ဖြစ်ဖြစ်.. တစ်ခုခုနဲ့ပေါ့…. ဘာလို့ အဲဒါနဲ့ ပြန်ရလဲဆိုတော့ မရှင်းတော့ပါဘူး.. ရှင်းရင် ရှည်ပြီး ရှုပ်ကုန်မယ်…

ဇော်ဂျီကို ဘာလို့မသုံးတာလဲ ထပ်မေးအုံးမယ်… အမှန်တိုင်းပြောရင် ဇော်ဂျီကို သုံးချင်တယ်.. ဒါပေမယ့် တစ်ယောက် တစ်ပေါက်တွေ ထွက်လာမှာ ကြောက်လို့ဗျ… လက်ရှိ open office ကလည်း unicode 5.1 မို့… အဲဒါကိုလည်း Unicode 5.1 ပဲသုံးစေချင်တာပါ…

web ပေါ်မှာကတော့ ဘာပဲဖြစ်ဖြစ်ဇော်ဂျီပဲ… =D