Tag Archives: mahabote

Mahabote algorithm

မနေ့ညက မဟာဘုတ်အတွက် algorithm လေး ရေးကြည့်မယ်ဆိုပြီး စဉ်းစားဖြစ်တယ်။ ကို IT မောင်မောင် တစ်ခေါက်ရေးထားဖူးတယ်။ သို့ပေမယ့် ဘယ်လို စဉ်းစားသွားလဲဆိုတာကို မပါတဲ့ အတွက် algorithm ထွက်လာတာပဲ သိလိုက်တယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် စဉ်းစားပြီး algorithm လေး ရေးကြည့်ဖြစ်တယ်။ နောက်ဆုံးထွက်လာတဲ့ algorithm က ကို IT မောင်မောင် နဲ့ မတူဘူးဖြစ်နေတယ်။ သို့ပေမယ့်လည်း အဖြေကတော့ ထွက်တယ်။ IT မောင်မောင် ရေးထားတာ ပိုကောင်းတယ်လို့ ဆိုရမယ်။ ခက်တာက သူ့ website က domain မရှိတော့ဘူး ဖြစ်နေတဲ့အတွက် ကြောင့် ပြန်ညွှန်ပြလို့ မရတော့ဘူး ဖြစ်နေတယ်။ သူရေးခဲ့တာကတော့ တော်တော်ကြာပါပြီ။

ကျွန်တော်တို့ မဟာဘုတ် တွက်တဲ့ အခါမှာ အောင်လံထူစစ်သူကြီးပွဲ ဆိုပြီး မှတ်သားထားတာ ရှိပါတယ်။ ကျွန်တော်ကတော့ ၁ ၄ ၀ ၃ ၆ ၂ ၅ ဆိုပြီးပဲ မှတ်ထားတယ်။

အကြွင်း ၁ အတွက် ဆိုရင် ဒီလို ရလိမ့်မယ်။

    ၅
၀   ၃    ၆
၄   ၁    ၂

အကြွင်း ၂ ဆိုရင်

    ၆
၁   ၄    ၀
၅   ၂    ၃

အကြွင်း နဲ့ နေ့နံ တွေကို ဇယား ချကြည့်လိုက်ရင် အခုလိုမျိုး ရလာတယ်။

အဲဒီ ဇယားကို ကြည့်လိုက်ရင် အကြွင်းနဲ့ နေ့နံကို ကြည့်တာ နဲ့ ဘာရာသီဖွားလဲဆိုတာကို သိနိုင်ပြီ။

ဥပမာ။။ အကြွင်း ၃ ဗုဒ္ဓဟူးဆိုရင် ၆ ဖြစ်နေတာကို တွေ့မှာပါ။ အဲဒီ နံပတ်တွေက နေရာတွေ ကို ပြောထားတာပါ။

၁ က ဘင်္ဂ
၂ က မရဏ
၃ က အထွန်း
၄ က သိုက်
၅ က ရာဇ
၆ က ပုတိ
၀ က အဓိပတိ

၆ ဆိုတဲ့ အတွက် ပုတိ ။

Continue reading

Mahabote Android Version update

မဟာဘုတ် Android version ကို update လုပ်ထားပေးပါမယ်။

version အသစ်မှာ မြန်မာစာ မှားနေတဲ့ စာလုံးပေါင်းတွေ ပြန်ပြင်ထားပေးပါတယ်။
နောက်ပြီး English language ကိုပါ support လုပ်ပေးထားပါတယ်။

နိုင်ငံခြားသာ တစ်ယောက်က မဟာဘုတ် ကို English version လိုချင်တယ်ဆိုပြီး email ပို့လာလို့ English version ကို ထုတ်ပေးထားတာပါ။ လက်ရှိ သူက မဟာဘုတ်ကို လေ့လာနေပြီးတော့ Android App ကို တွေ့တော့ မြန်မာလိုဖြစ်နေတာကြောင့် ဖြစ်နိုင်ရင် English လို လိုချင်တယ်လို့ Email ပို့ပြီး ဆက်သွယ်ခဲ့တာကြောင့် English version ကို ထုတ်ပေးခဲ့ပါတယ်။

English version က အဓိပ္ပာယ်တွေကတော့ http://www.mahabote.net ကနေ ယူထားပါတယ်။

Download ကို https://play.google.com/store/apps/details?id=com.comquas.mahabote ကနေ ရယူနိုင်ပါတယ်။

အဓိပ္ပာယ် မှားနေတာ ၊ စာလုံးပေါင်းမှားနေတာ ၊ တွက်ထားတာ လွဲနေတာတွေ ရှိရင် comment ထဲမှာ ပြေထားခဲ့နိုင်ပါတယ်။

နောက် version တွေမှာ ဒီထက်ပိုမို ပြည့်စုံတဲ့ အဓိပ္ပာယ်ကို ကြိုးစားပြီး ဖြည့်ပေးပါမယ်။

Mahabote Android

Android Version မဟာဘုတ် ကို https://play.google.com/store/apps/details?id=com.comquas.mahabote မှာ download ချလို့ရပါပြီ။ Play Store ဝင်လို့ မရတဲ့ သူတွေကတော့ http://cl.ly/KBhT မှာ download ချနိုင်ပါတယ်။

မဟာဘုတ် Android Version ကိုတော့ ကျွန်တော့် ဇနီး ရေးထားတာပါ။ သူ Android ကို သူ့ဘာသာသူ လေ့လာရင်း ရေးသားထားပါတယ်။ ကျွန်တော်ကတော့ Ornagai Update လုပ်ဖို့ အချိန် ပေးရအုံးမယ်။ Gardar ကို iPhone 5 နဲ့ အခြား bug တွေ fixed လုပ်ပြီး app store မှာ submitted တင်ထားပါတယ်။ ပြီးရင် Sar ကို ပြင်ဆင်ဖို့ အတွက်လုပ်ရပါအုံးမယ်။ ပြီးမှ Ornagai နဲ့ Ornagai Me ကို ဆက်လုပ်ဖြစ်မှာ ဖြစ်တဲ့အတွက် Ornagai Android , iOS version က update လုပ်ဖို့ နည်းနည်းလေး စောင့်ရပါအုံးမယ်။

မဟာဘုတ် Android version ကို စမ်းသုံးကြည့်ပါ။ လိုအပ်တာတွေကိုလည်း comment မှာ ရေးသားထားခဲ့နိုင်ပါတယ်။ UI ကိုတော့ နောက် version တွေမှာ အဆင့်မြှင့်တင် ပေးသွားပါမယ်။

mahabote

Mahabote iPhone App

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက မဟာဘုတ် iphone ကို ရေးပြီးပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်ကျော်ကျော်လောက်ကမှ app store ပေါ်တင်ဖြစ်တယ်။ ဘာလို့ မဟာဘုတ် App ကို ရေးဖြစ်ခဲ့သလဲဆိုတော့ လက်ရှိ computer လောကမှာ အောင်မြင်နေတဲ့ သူတွေရဲ့ အသက်တွေကို ကြည့်ရင်း မွေးသက္ကရာဇ် ကို ဂရုပြုမိတယ်။ ဒါနဲ့ ဘာဖွားလဲသိရအောင် တွက်ကြည့်အုံးမှ ဆိုပြီး တွက်ရင်း တစ်ယောက်ခြင်းဆီကို တွက်နေရင်တော့ မဖြစ်သေးပါဘူးဆိုပြီး App တစ်ခုကို ချရေးလိုက်တာ။ App က ဘယ်လောက်မှ မကြာပဲနဲ့ ပြီးသွားတယ်။ ပြီးမှ Admob ထည့်တာ နောက်ပြီး icon ဆွဲတာတွေအတွက် ဖြည်းဖြည်း နဲ့ ၁ ပတ်လောက် အချိန်ကုန်သွားတာ။ Mahabote iPhone App ကို သုံးပြီး ကျွန်တော်တွက်ထားတဲ့ လက်ရှိ နည်းပညာလောက အောင်မြင်နေတဲ့ လူတွေရဲ့ မဟာဘုတ်ကို ကြည့်ရအောင်။

Continue reading