Microsoft က facebook connect ကို သုံးပြီးတော့ docs.com ဆိုပြီး ဖန်တီးထားပါတယ်။ Google Docs ကို ပြိုင်ဖို့ထင်ပါရဲ့။ Facebook Social Graph API ကို အပြည့်အဝ သုံးထားတဲ့ site လို့တောင် ဆိုရမလားပဲ မသိဘူး။ ကျွန်တော်ကတော့ Google Docs ထက် ပိုသဘောကျတယ်။ အထူးသဖြင့် excel ပေါ့။ Google Docs မှာ SpreadSheet သုံးရတာ သိပ်ပြီး သဘောမတွေ့လောက်ဘူး။ Google Docs ထက်စာရင် Docs excel လေးက ပိုကောင်းသလိုပဲ။ နောက်ပြီး real time collaboration လည်း လုပ်လို့ရတယ်။ facebook account ရှိရုံပဲ။ facebook ထဲက သူငယ်ချင်းတွေကိုလည်း ကိုယ်ရေးထားတာတွေကို edit လုပ်ခွင့် view လုပ်ခွင့် permission တွေပေးလို့ရတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့ Word, Excel, Powerpoint file တွေကိုလည်း upload တင်ထားလို့ရတယ်။
Tag Archives: microsoft
Bagan at Bing Home
Sharepoint ဆိုတာ
share point ဆိုတာက Microsoft က ထုတ်ထားတာပါ။ ပုံမှန်အားဖြင့် ရုံးတွေမှာ MS office နဲ့ တစ်ယောက်က ရိုက်ထားလိုက်။ အဲဒါကို နောက်တစ်ယောက်က ပြန်ပြင်လိုက်။ ပြန်ပြင်တဲ့အချိန်မှာလည်း အရင်တစ်ယောက်က ပြင်ပြီး ရိုက်နေ။နောက်ဆုံးတော့ ဘယ်ဟာကို သုံးလို့သုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲလိုမျိုး Excel တွေမှာလည်း ရှုပ်နေတတ်ပါတယ်။ Share Point ကို အသုံးပြုပြီးတော့ တပေါင်းတစည်းထဲ အလုပ်လုပ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်သူပြင်သွားတယ်။ ဘယ်အချိန်မှာ ဘယ်သူ commit လုပ်လိုက်လဲဆိုတာကို သိနိုင်တယ်။ နောက်ပြီး file တွေကို group , member စတာတွေကို သီးသန့်ခွဲထုတ်ပြီး access ပေးလို့ရပါတယ်။ နောက်ပြီး document တွေအကုန်ပြန်ရှာလို့ရတယ်။ Wiki Page ကိုလည်း ထည့်သွင်းထားပေးတော့ ရုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ နောက်ပြီး လိုအပ်တာတွေကိုလည်း ရေးသားထားလို့ရတယ်။ နောက်ပြီး Blog feature လည်း ပါဝင်ပါသေးတယ်။ Share Point က web base သွားတာပါ။ Share Point ကို တင်ဖို့ဖို့အတွက် IIS နဲ့ SQL Server ကလိုအပ်ပါတယ်။ သူက file server တွေ အစားဝင်ရောက်လာတာလို့ ဆိုလို့ရပါတယ်။ share point ကို run ဖို့အတွက် share point server လိုအပ်ပါတယ်။ Sharepoint site ကို ကိုယ်လိုချင်တဲ့ ပုံစံ တည်ဆောက်ဖို့အတွက် Share Point Designer ကို တတ်ကျွမ်းရပါမယ်။ အခုကတော့ Share point Server 2008 ပဲရှိသေးတယ်ထင်တယ်။ နောက် version တွေမှာ ASP.NET နဲ့ တွဲသုံးလို့ရလာပါမယ်လို့ Microsoft ကပြေထားပါတယ်။ Share Point Server 2010 ကတော့ beta ထွက်နေပါပြီ။
Continue reading
haha… Microsoft
တော်တော်ရယ်ရတာပဲ.. သူပြောတော့လည်း ဟုတ်နေတာပဲ… နောက်မှ video site မှာ upload ပြန်တင်လိုက်အုံးမယ်။
http://sharepoint.microsoft.com/businessproductivity/why-microsoft/pages/google-apps.aspx#fbid=cInf6-ifB6W
Pirates of the Silicon Valley (1999)
ဒီ video အကြောင်းလေးရေးပြီးပြီလို့ထင်လို့ ပြန်ရှာကြည့်တာ ရှာမတွေ့တာနဲ့ ပြန်တင်လိုက်တယ်။ Computer သမားဆိုရင်တော့ အဲဒီ ကားကို ကြည့်ဖူးသင့်တယ်လို့ ထင်တယ်။ Windows ကို မွေးဖွားခဲ့တဲ့ Microsoft ဖြစ်လာပုံ နောက်ပြီး Mac ဆိုတာကို မွေးဖွေးပေးခဲ့တဲ့ Apple ဖြစ်လာပုံအပြင် Steve Job , Bill Gate အကြောင်းတွေပါ ပါဝင်တဲ့ ကားကောင်းလေးပါ။ ၁၀ နှစ်ကြာနေပြီဖြစ်ပေမယ့် ကားကောင်းလေးတော့ အမှန်ပဲ။ အခုချိန်ထိ ကြည့်လို့ကောင်းနေဆဲပဲ။ ကြည့်ဖူးတာကတော့ ကြာပါပြီ။ သူငယ်ချင်းတွေကိုလည်း ပေးခဲ့တယ်။ Computer သမား တော်တော်များများ ကြိုက်တဲ့ ကားလေးပါ။
ရုပ်ရှင်ကားမှာ Steve Jobs နဲ့ Bill Gate ကို ယှဉ်ပြထားတယ်။ Steve Jobs က အရမ်းတော်တယ်။ ဒါပေမယ့် သူ့ စိတ်က အရမ်းဆတ်တယ်။ ပေါင်းသင်းဆက်ဆံရ ခက်တဲ့ လူမျိုးပဲ။ Bill Gate လည်းတော်တာပဲ။ ဒါပေမယ့် သူတော်တဲ့ပုံက Steve Jobs နဲ့မတူဘူး။ Steve Jobs က နည်းပညာပိုင်း ဖန်တီးတဲ့ idea တွေ ကောင်းတယ်။ Bill Gate က ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ လိုချင်တာကိုလည်း ဘယ်လိုရအောင် လုပ်ရမယ်ဆိုတာ သိတယ်။ ရုပ်ရှင်ကားမှာ Steve Jobs တို့အဖွဲ့က Xerox ကနေ ခိုးချတယ်။ Bill Gate က Apple ကနေ ထပ် ခိုးချတယ်။ တစ်ကားလုံး ကြည့်လို့ ကောင်းတယ်။ အခု အချိန်လို computer ပေါ်လာတာ ဝုန်းဒုန်းကြီးပေါ်လာတာ မဟုတ်ဘူး။ တဆင့်ချင်းဆီ ဖြစ်လာတာကိုလည်း တွေ့ရတယ်။ ဇာတ်လမ်းထဲမှာ အဲဒီအချိန်ုတုန်းက IBM က တကယ့် ဆရာကြီး။ Bill Gate ကလည်း Steve Jobs ဖုန်းခေါ်ရင် ချက်ခြင်း ပြေးသွားရတဲ့ ဘဝ။ Steve Jobs ကလည်း IBM ကိုပဲတကယ့်ရန်သူလို့မှတ်ထားတဲ့ အချိန်။ computer သမားလို့ကိုယ့်ကို ယူဆ ထားရင်တော့ အဲဒီ ကားလေး ကြည့်သင့်တယ်။
အခြား ရုပ်ရှင်ကားတော့ မဟုတ်ပဲ Documentary ပုံစံလေး ရိုက်ထားတဲ့ ကားလေးတွေ ရှိသေးတယ်။
– Revolution OS
– Code Rush
– Go Open Source (Season 1 and 2)
Code Rush နဲ့ Go Open Source ကတော့ မကြည့်ရသေးဘူး။ Revolution OS ကတော့ ဒီ အပတ် weekend မှ ပဲကြည့်ဖြစ်တော့မယ်။
No Journal for Developer
ကျွန်တော် မနေ့က Linux Journal နဲ့ MSDN Journal ကို ဖတ်လိုက်ရတယ်။ အရမ်းဖတ်ရတာ ကောင်းတယ်ဗျာ။ မြန်မာနိုင်ငံက Journal တွေနဲ့ တခြားစီပဲ။ Journal တွေက ပါးပါးလေးပဲ။ ဒါပေမယ့် ပြည့်စုံတယ်။ လုံလောက်တယ်။ မြန်မာနိုင်ငံက လစဉ်ထွက် ဂျာနယ်တွေက Linux Journal နဲ့ MSDN Journal တွေထက် ထူလွန်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ Developer တွေဖတ်ဖို့ ဘာမှ မပါဘူး။ ဂျာနယ်တွေအားလုံးဟာ စာဖတ်သူတွေကို end user တွေကို ရည်ရွယ်တာ မဟုတ်သလို developer တွေကို ရည်ရွယ်တာ မဟုတ်သလိုပဲ။ အများစုက hardware ပစ္စည်း ဘယ်လောက်ကောင်းကြောင်း နဲ့ သတင်းနဲ့ အတင်းတွေ ရောနေကြတယ်။ ဒါပေမယ့် စျေးကွက်အရကြည့်မယ်ဆိုလည်း သူတို့တွေ မှန်တယ်ဗျ။ ဒီနိုင်ငံမှာ developer တွေအတွက် ဂျာနယ် ထုတ်ကြည့်ပါလား။ အဲလောက် ရောင်းရမှာမဟုတ်ဘူးဗျ။ ရုပ်ရှင် မင်းသား မင်းသမီး ဂျာနယ်တွေနဲ့ computer magazine တွေနဲ့ ယှဉ်ကြည့်ရင် ရောင်းရတဲ့ ဆောင်ရေ အရည်အတွက် က အရမ်းကွာတယ်။ computer magazine တွေအနေနဲ့လည်း မပြိုလဲပဲ ရှေ့ဆက်နိုင်အောင် hardware ကြော်ငြာတွေနဲ့ပဲ ရှေ့ဆက်ရမှာလေ။
Continue reading
Ray Ozzie
Microsoft က Chief Software Architect တစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Lotus ကို တီထွင်ခဲ့သူတစ်ယောက်ပါ။
ဆက်လက်ဖတ်ရန်…
iTable
iTable ဆိုလို့ စိတ်ဝင်စားသွားတာ။ Apple က ထုတ်တာများလားပေါ့။ တကယ်တန်းတော့ PQ Labs iTablet ပါ။ MS surface ထက်သာတယ်ဗျာ။ အကျယ်ကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။ အောက်မှာကတော့ video လေးပါ။ Warcraft ကို ကစားပြသွားတာ မိုက်တယ်။ Mac ကော Windows နဲ့ကော အဆင်ပြေတယ်ဆိုတော့ တော်တော်ကောင်းတယ်ဗျ။

