တခြားလူတွေတော့ လိုလားမသိဘူး။ ကျွန်တော့်အတွက်တော့ command က မဖြစ်မနေ သုံးရတာပါ။ Vista မှာတော့ shift+ right click ဆိုပေါ်လာပါတယ်။ ဒါပေမယ့် XP မှာတော့ မပေါ်ဘူးဗျ။ ကျွန်တော်ဆို အရမ်းစိတ်ညစ်တယ်။ windows xp မှာတော့ အဲဒီ feature မပါဘူး။ ဒါနဲ့ googling လုပ်ကြည့်တော့ ဒီ registery file လေးနဲ့ တွေ့ပြီးတော့ အဆင်ပြေသွားတယ်ဗျ။ Folder ပေါ်မှာဖြစ်ဖြစ် Drive ပေါ်မှာဖြစ်ဖြစ် right click နှိပ်လိုက်ရင် Open Command Windows Here ဆိုတာလေးပေါ်လာပါလိမ့်မယ်။ အဲဒီဟာလေးကို နှိပ်လိုက်ရင် cmd မှာ အဲဒီ Folder နေရာကို ရောက်သွားပါလိမ့်မယ်။ run ကနေ တဆင့် cd တွေ အဆင့်ဆင့်သွားစရာမလိုဘူးပေါ့ဗျာ။
Tag Archives: microsoft
Google & Microsoft
Vista SP2 ထွက်အုံးမည်
Microsoft ဆိုတဲ့အတိုင်း Service Pack တွေအမြဲထွက်နေကြပါပဲ။ အခု နာမည်ကြီးနေတဲ့ Windows 7 မတိုင်ခင်မှာ Vista SP2 ကိုထုတ်မယ်လို့ ဖတ်လိုက်ရတယ်။ Vista SP1 ကတော့ မူရင်း Vista ထက်ပိုမြန်ပါတယ်။ ပိုပြီး သုံးလို့ကောင်းလာတာ အမှန်ပဲ။ အခု SP2 က ဘာတွေ ထူးခြားလာမလဲဆိုတာတော့ သေသေချာချာ မသိရသေးဘူး။
Photosynth
Microsoft Lab ရဲ့ prodcut တစ်ခုပါ။ ကြားဘူးတာတော့ ကြာပြီ။ ဒါပေမယ် ့အရင်က dial-up နဲ့သုံးတော့ စမ်းဖို့က မလွယ်လှဘူး။ အခုပြန် သတိရတော့ photosynth ရဲ့ website ဖြစ်တဲ့ http://photosynth.net ကိုအရောက်သွားခဲ့ပါတယ်။ website ထဲ ရောက်ရောက်ခြင်း မှော်ဝင်နေတဲ့နေရာတစ်ခု ရောက်သွားလား အောက်မေ့လောက်အောင် Design ပိုင်းက ဆွဲဆောင်မှုရှိပါတယ်။ ဒါနဲ့ စတင်စမ်းသပ်ဖို့ လုပ်လိုက်တော့ 8 MB လောက် download ချပြီးမှ ကြည့်လို့ရမယ်ဆိုတာနဲ့ download ချလိုက်ပါတယ်။ ပြီးတော့ စတင်ကြည့်ရှုလိုက်တဲ့အခါမှာတော့ ဟာ ခနဲ့ ဖြစ်သွားခဲ့ရပါတယ်။ ကြည့်ရတာတော့ တော်တော်လေးကို ကောင်းလိုက်တာဗျာ။ ခေတ်လွန်တွေထဲများ ရောက်နေသလား အောက်မေ့ရတယ်။
FileFormatConvertor
ကျွန်တော် office 2007 သုံးတာ ပြသနာတစ်ခုဖြစ်တတ်တယ်… ဘာလို့လည်းဆို အမှတ်တမဲ့ ကျွန်တော်က .docx ဆိုပြီး 2007 format နဲ့သိမ်းလိုက်ရင် သူများစက်တွေ မရတော့ဘူး.. ကျွန်တော်က အိမ်တစ်ခေါက်ပြန် သီးသန့် 2003 လုပ်ပေးရတယ်… ကျွန်တော့်မှာလည်း portable office မရှိဘူးလေ… နောက်တော့ ကိုကိုရဲ နဲ့တွေ့မှ.. သူ့ဆီမှာရှိတဲ့ program လေးတစ်ခုကြောင့် အဆင်ပြေသွားတယ်.. office 2003 ကို .docx ဖတ်လို့ရအောင် လုပ်ပေးတဲ့ addon လေးပါ… FileFormat Convetor ဆိုတာလေးပါ။ office 2003 သမားတွေ သူများတွေ office 2007 ယူလာလည်း ကိုယ့်စက်ထဲမှာဖွင့်လို့ရအောင် သုံးသင့်ပါတယ်။ နောက်ပြီး စာစီစာရိုက်သမားတွေလည်း ထည့်ထားသင့်တာလေးပါ။ မဖြစ်မနေ download ချပြီး သွင်းသင့်ပါတယ်…
PS: ကျွန်တော်ကတော့ မစမ်းဘူးပါ.. ကိုကိုရဲ ပြောသွားခြင်းဖြစ်ပါတယ်.. MS office မှာလည်း High-Priority updates လို့ဆိုထားပါတယ်။
Next Generation Design Competition
ဒီနေ့တော့ တော်တော်လေး အံသြသွားစရာ website တစ်ခုကို မမျှော်လင့်ပဲ ရောက်သွားတယ်.. ရောက်သွားတော့မှပဲ…. ငါဟာ ရေတွင်းထဲက ဖားသူငယ်ပါလားဆိုတာ ဝန်ခံမိသွားတယ်…. တော်တော်လေးကိုကောင်းတဲ့ idea တွေ design တွေ… ကျွန်တော် တွေးမထားဘူးတဲ့ idea တွေ (ကျွန်တော်က web ပိုင်းတစ်ခုပဲ တွေးလို့ထင်ပါရဲ့… ဟီး… ) Microsoft က ဘာကြောင့် စမ်းသစ်အောင်မြင်နေရလဲဆိုတာတော့ နည်းနည်းလေး သဘောပေါက်သွားတာ အမှန်ပဲ… သေသေချာချာသိချင်ရင်တော့
http://2006winners.nextgendesigncomp.com/showcase.aspx
What the Future ?
အခုအချိန်မှာ OS တွေ အပြိုင်အဆိုင် ဖြစ်နေကြပြီ။ Windows , Mac , Linux ဆိုပြီး အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ ဒါက desktop ပေါ်မှာ ပြိုင်ဆိုင်မှုတွေပေါ့။ ဒါ့အပြင် hand phone ပေါ်မှာလည်း ပြိုင်ဆိုင်မှုတွေ စပါပြီ။ Google ရဲ့ android ကလည်း စိတ်ဝင်စားစရာပါ။ အကုန်လုံးက သိကြပါတယ်။ Desktop ပေါ်ပြီးရင် Web ပေါ်ရောက်လာမယ်။ application တွေကို web ပေါ်မှာ run မယ်။ ပြီးရင် hand phone နဲ့ web တွဲမယ်။ အဲဒီအတွက် hand phone လောကရဲ့ OS အတွက် စတင်ပြိုင်ဆိုင်နေကြပါပြီ။ android က open handset ဖြစ်ပြီး hand phone OS အတွက် စိတ်ဝင်စားမှု တစ်ခုပါ။ သူအောင်မြင်မယ်လို့လည်း ပြောမရလို့ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း ပြောမရဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ Linux လည်း အောင်မြင်စရာလို့ ထင်ရပေမယ့် Windows လောက်မအောင်မြင်သေးတာအမှန်ပါ။ ဒါပေမယ့် အနာဂတ်အတွက် linux ကို တဖြည်းဖြည်း စိတ်ဝင်စားလာကြပါတယ်။
အကုန်လုံးက hand phone အတွက် OS စျေးကွက်ဆီကို ဦးတည်နေကြပါတယ်။ windows mobile , iPhone , Symbian OS က စျေးကွက်ရှိပြီးသားတွေဖြစ်ပြီး အခု android ကလည်း စတင်ထိုးဖောက်တော့မှာပါ။
ကျွန်တော်တို့ အနာဂတ်ကို မျှော်ကြည့်ရအောင်။ ကျွန်တော်မြင်တဲ့ အနာဂတ်က ကျွန်တော့်အမြင်မှာ။ မဖြစ်နိုင်ဘူးလို့လည်း ဆိုချင်ဆိုပါ။ ကျွန်တော်ကတော့ ကျွန်တော့် အမြင်ကို ပွင့်ပွင့်လင်းလင်း ရေးသားမှာပါ။
အမှန်တိုင်းဆိုရင် ကျွန်တော်တို့တွေဟာ OS ကို အလေးထားလာတာကိုတွေ့ရမှာပါ။ OS ရှိမှ application တွေ အလုပ်လုပ်နိုင်မှာလေ။ ဒါဆို OS မရှိရင် မဖြစ်ဘူးပေါ့။ နောက်တစ်ချက်က internet ။ ကျွန်တော်တို့တွေဟာ ဘယ် OS ပဲသုံးသုံး internet သုံးလို့ရပါတယ်။ အနာဂတ်မှာကော။ OS ရှိမှ internet သုံးလို့ရမှာလား။ OS မရှိပဲ internet connection ချိတ်လို့မရဘူးလား။
အဲဒီအတွက် hand phone ကိုကြည့်ရအောင်။ hand phone OS သေးသေးလေး နဲ့ internet ချိတ်လို့ရတယ်။ နောက်ပြီး အမျိုးမျိုးသော device တွေကလည်း internet ချိတ်လို့ရပါတယ်။ ဒါဟာ စိတ်ဝင်စားစရာနည်းပညာပါ။ ကျွန်တော်တို့ PC တွေကကော windows မတက်လာပဲ…. Linux မတက်လာပဲ… internet သုံးလို့မရဘူးလား။ မရပါဘူး။ အခုချိန်ထိ မရသေးပါဘူး။ တစ်ချို့ device တွေတော့ ကြားဘူးတယ်။ computer မဖွင့်ပဲ email စစ်တာတွေ internet ကြည့်တာတွေ လုပ်လို့ရတယ်တဲ့။ ဒါပေမယ့် လူတွေ သိပ်ဂရုမပြုမိသလို သိသိသာသာ အောင်မြင်မှုလည်း မရခဲ့ပါဘူး။
ကျွန်တော့်အမြင်တော့ နောက်တချိန် PC hardware တွေက windows မဖွင့်ပဲနဲ့ internet တိုက်ရိုက် ချိတ်ဆက်လာနိုင်လောက်ပါမယ်။ ဘာမှ သုံးလို့မရပေမယ့် browser လေးတစ်ခုဖွင့်လို့ရရုံနဲ့ လုံလောက်ပါတယ်။ OS မရှိပဲ ဘာလုပ်မှာလဲလို့ မေးစရာရှိတယ်။
OS ကိုဘာလို့သုံးတာလဲ။ သာမာန် user အတွက် သီချင်း နားထောင် ၊ video ကြည့် ၊ အခွေကူး ၊ ပုံဆွဲ အပြင် အခြား အမျိုးမျိုးသော အရာတွေအတွက်ပေါ့။ Web ပေါ်မှာ အခုအချိန် အရာအားလုံးကို မစွမ်းဆောင်နိုင်သေးပါဘူး။ စွမ်းဆောင်နိုင်လည်း တစ်စုထဲ ဖြစ်မနေသေးပါဘူး။ ဒါလုပ်ချင်ရင် ဟို website သွား။ ဒီ website သွားနဲ့ဆိုလည်း မဖြစ်သေးပါဘူး။
အဲဒီအချိန်ဆိုရင် ကျွန်တော်တို့တွေအတွက် Web OS တွေ တွင်ကျယ်လာကောင်းလာမှာပါ။ Web OS တွေကို သုံးကြည့်တော့ Linux လောက်တောင် မကောင်းသေးတာကို တွေ့ရပါတယ်။ သဘောတော့ ကျစရာဖြစ်ပေမယ့် သုံးရတာ နှေးတယ်။ ကျွန်တော့် connection ကြောင့်လည်း ဖြစ်မှာပါ။ ဒါပေမယ့် အနာဂတ်မှာ အားကိုးစရာဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
တကယ်လို့ connection တွေဟာ ကြောက်ခမန်းလိလိ လျှင်မြင်လာရင် microsoft အနေနဲ့ OS ကြီးကို web ပေါ်တင်ဖို့ စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။ ဒီလို ခိုးကူးခွေတွေကို ထိန်းချုပ်ခြင်းအတွက် web ကနေ အသုံးပြုနိုင်တာ အကောင်းဆုံးပဲ။ ဒါကြောင့် OS တွေကို အနာဂတ်မှာ web ပေါ်ကို ပြောင်းလာနိုင်ပါတယ်။ Web ပေါ်မှာလည်း open source OS နဲ့ ဝယ်သုံးရတဲ့ OS တွေဆိုပြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့ မသိပါဘူး။ internet connection အလွန်ကောင်းဖို့လိုပါတယ်။ ဒါဟာ ကျွန်တော့် အတွေးပါ။
လက်ရှိ web OS များ
eyeOS, YouOS, G.ho.st, Ulteo and
DesktopTwo တွေပါ။
အကုန်လုံးက သူ့ဟာနဲ့သူ ကောင်းပါတယ်။ အမြန်ဆုံးကတော့ eyeOS ပါ။ သဘောအကျဆုံးကတော့ Ulteo နဲ့ desktop two ပါ။ ဒါပေမယ့် သုံးရတာ နည်းနည်း ကြာတယ်။ Ulteo ကတော့ တက်လာဖို့ စောင့်ရတာ အကြာကြီး။ Screnn Shoot ပဲကြည့်လိုက်ရတယ်။ ထပ်ပြီးတော့ သုံးဖို့ကြိုးစားကြည့်ရအုံးမယ်။
