MyanmarLink မှာ ပြောခဲ့တဲ့ presentation ပါ။ အသံဖိုင်ကိုတော့ ဒီမှာ ရနိုင်ပါတယ်။
Tag Archives: mobile
Mobile App Development
jquery mobile alpha release
အရင်ကတော့ jquery ကို iphone အတွက် ရေးချင်ရင် jQTouch နဲ့ အသုံးပြုပြီး ရေးရတယ်။ နောက်တော့ sencha touch ပေါ်လာတယ်။ phonegap , titanium လိုမျိုး web base ကနေ app ဖန်တီးလို့ရလာတာတွေကြောင့် native ui နဲ့ တူတဲ့ jquery framework တွေ ခေတ်စားလာပါတယ်။ အများအားဖြင့်တော့ jQTouch နဲ့ sencha ကို အသုံးများပါတယ်။ Ornagai မှာလည်း jQTouch ကို အသုံးပြုထားတယ်။ jQuery ကလည်း အခုတော့ mobile version အတွက်ပါ ထုတ်ပါပြီ။ သူကြေငြာထားတာတော့ ကြာပြီ။ အခုမှပဲ alpha release ထုတ်တာပေါ့။။
Windows Phone 7 Really ?
ကြော်ငြာကြည့်ရတာ အခု iPhone သမားတွေ ဖြစ်နေတဲ့ ပုံနဲ့ တော်တော်တူပါတယ်။ ကြည့်ရတာ Windows Phone 7 ကလည်း iPhone လိုမျိုး အောင်မြင်မယ်လို့ မျှော်မှန်းထားပုံပဲ။ Oct 11 ပတ်ဝန်းကျင်လောက် ထွက်မယ်နဲ့တူပါတယ်။ အခုထက်ထိတော့ ကောလဟာလတွေပဲ ရှိသေးတယ်။ Oct မှာတော့ ထွက်မှာ သေချာပါတယ်။
Continue reading
ယောင်ခြောက်ဆယ် (Mobile Dev)
အခုခေတ်က တော်တော်ယောင်လို့ ကောင်းတဲ့ ခေတ်လို့ ဆိုရမလားမသိဘူး။ Language တွေ ယောင်လို့ ပြီးလို့ Mobile Development လုပ်တော့မယ်ဆိုရင် ထပ်ယောင် စရာတွေ လာပြီ။ Android ကိုလုပ်မလား iPhone ကိုလုပ်မလား။ နောက်ပြီး ၂ ခုလုုံးလုပ်ချင်တယ်ဆိုတဲ့သူတွေလည်း ရှိသေးတယ်။ ဟိုးအရင်တုန်းက Mobile အတွက် Nokia Symbian ပဲရှိတော့ Java လေ့လာပဲ။ အခုတော့ ခေတ်တွေက ပြောင်းသွားပြီ။ Web Developer လည်း Mobile App ရေးလို့ရကုန်တော့ Web Developer တွေလည်း Mobile လိုင်းကို ယောင်တောင်တောင်နဲ့ လွယ်လွယ်လေး ကူးလို့ရနေပြီ။
WM Zawgyi KB ,soon
Android,Mobile,SDK
Windows အတွက်က အကုန်ပါပြီးသားဆိုတော့ ကိစ္စက မရှိဘူး။ Mac အတွက်က လိုအပ်တာတွေကို ပြန်သွင်းခိုင်းနေတော့ သွင်းဖို့လုပ်ရပြန်ကော။ ဘာဆိုဘာမှ မပါလာဘူး။ ဘာလာတာတွေကလည်း သုံးမရဘူး။ SDK ကို download ချ။ ပြီးတော့ emulator က run လို့မရဘူး။ emulator ပဲ လိုချင်တာလေ။ ကိုယ်က program ရေးဖို့ ကိစ္စကို အဲလောက် စိတ်မဝင်စားဘူး။ web ပေါ်မှာ display ဘယ်လိုပြမလဲ။ screen ချိန်ထားတာ ကိုက်မကိုက်။ နောက်ပြီး touch အတွက် meta tag ကကော android မှာ အလုပ်လုပ်ရဲ့လား သိချင်တာရယ်ကြောင့် adroid SDK ကို download ချ။ emulator run တော့ မရ။ ဒါနဲ့ သူ့ SDK site မှာ ဖတ်ကြည့်တော့ <sdk>/android ကို run ပြီး သွင်းခိုင်းတော့ သွင်းဖို့ ကြိုးစား။ မရပြန်ဘူး။ SSL က မရလို့တဲ့။ ဒါနဲ့ ထပ်ရှာ။ google group ထဲရောက်။ ပြီးမှ
$vi ~/.android/androidtool.cfg
နဲ့ ဖွင့်ပြီး sdkman.force.http=true လေးထည့်။ ပြီးတော့ install သွင်းပြီး repostiory ကို update ပြန်လုပ်မှပဲ ရသွားတော့တယ်။ အခုတော့ လုပ်ရတာ အလွယ်လေးရယ်လို့တာ ထင်ရတာ။ မသိခင်တုန်းကတော့ ရှာလိုက် ဖတ်လိုက်ရတာ မူးသွားတာပဲ။ Eclipse သွင်းရမယ်။ SDK လေး စမ်းပြီး run ကြည့်ဖို့။ Android SDK နဲ့တော့ ရေးဖို့ အစီအစဉ်မရှိ။ အရင်ဆုံး iPhone ရဲ့ objective-C ကို ဖတ်ရမယ်။ အဲဒါဖတ်ဖို့ကလည်း မအား။ အဲဒါ မဖတ်ခင် PHP OOP ကို သေချာလေ့လာရအုံးမယ်။ အခု အလုပ်ထဲမှာ mobile ကိစ္စနဲ့ ခေါင်းစားနေတာနဲ့ တစ်ခေါင်းလုံး mobile တွေကြီးပဲ စဉ်းစားနေတာ။ ornagai mobile website အတွက်ပါ အဆင်ပြေသွားတာပေါ့။ ornagai mobile site က နောက်ဆုံးမှ လုပ်မယ်။ အရင်ဆုံး ornagai ကိုပြီးအောင်လုပ်။ PHP OOP က bus ကားစောင့်ရင်း ဖတ်နေရတယ်။ mobile အတွက် blueprint လည်း လေ့လာရအုံးမယ်။ ရုံးက blueprint သုံးချင်နေတယ်။ blueprint က phone တော်တော်များများ support လုပ်တာကြောင့်လည်းပါတာပေါ့။ blueprint ကိုတော့ သိပ်မကြိုက်ဘူး။ ခက်တာက ရုံးက ကြိုက်နေတော့ ဘယ်တတ်နိုင်မလဲ။ အဲဒါကိုလည်း ဖတ်ထားဖို့လိုသေးတယ်။ နောက်ပြီး web service ပိုင်းလေးတွေလည်း လုပ်စရာရှိသေးတယ်။ cross site တွေလုပ်ရတာ ခေါင်းစားတယ်။ admin panel က site တစ်ခု client က site တစ်ခု။ server ကလည်း မတူ။ store တွေအများကြီးဆိုတော့။ Android သွင်းတာလည်း ကြာပြီ မပြီးသေး။
iPhone အတွက်http://developer.apple.com/safari/library/codinghowtos/mobile/userExperience/index.html အဲဒါလေး တော်တော်ကောင်းတယ်။ နောက်ဆိုရင် mobile က အရမ်းခေတ်စားလာတော့မှာ။ customer တွေကလည်း mobile version လိုချင်တယ်။ ရုံး website တောင် ဒီနေ့ mobile version support လုပ်လိုက်ပြီ။ mobile အတွက် ရေးရတဲ့ design က website အတွက်ရေးရတာနဲ့မတူဘူး။ အရေးထဲ iPhone က တစ်မျိုး Android က တစ်ဖုံ နောက်ပြီး blackberry က ရှိသေး.. အဲဒါတွေက screen လည်း မတူ။ နောက်ပြီး iPhone က webkit သုံးတော့ အဆင်ပြေတယ်။ Android ကလည်း webkit ပဲ။ blackberry ကတော့ ဘာမှန်းမသိဘူး။ သုံးလည်း မသုံးဖူးဘူး။ သူ့ emulator ကလည်း exe ကြီး။ အလုပ်ရှုပ်တယ်။ windows မှာ သွားသွင်းရအုံးမယ်။ nokia ကလည်း တစ်မျိုး။ nokia နဲ့ internet သုံးတဲ့ လူရှိရဲ့လားမသိဘူး။ opera ဆိုရင်တော့ ကိစ္စမရှိဘူး။ http://www.opera.com/mini/demo/ ကနေ စမ်းလိုက်လို့ရတယ်။ သူ့ mini demo တောင် touch screen version ဖြစ်သွားပြီ။ အကုန်လုံးက touch တွေပြောင်းလာကြပြီနဲ့တူတယ်။ windows mobile ကို စမ်းဖို့အတွက် လုပ်ရအုံးမယ်။ windows mobile က IE ဆိုတော့ စိတ်တောင် မကူးချင်ဘူး။ IE ဆို စိတ်ကုန်လွန်းလို့။ သူ့ကိုတော့ နောက်ဆုံးမှပဲ စမ်းကြည့်တော့မယ်။ သူကတော့ သေချာတယ်။ mac မှာ စမ်းလို့ရမှာမဟုတ်ဘူး။ IE ကို mac မှာ wine bottle လေးနဲ့ run ထားရတာ။
အင်း.. ရေးချင်တာတွေ အကုန်ရေးချသွားတာပဲ။ နောက်မို့ဆို ခေါင်းထဲမှာ ပျောက်သွားမှာဆိုးလို့။ ပျောက်သွားပြီဆိုရင် link တွေ ပြန်ရှာရတာ အလကားထပ်ပြီး ပင်ပန်းလို့။
Zawgyi Keyboard for Windows Mobile
Alpha ကနေ Zawgyi Keyboard နဲ့ font ကို Windows Mobile အတွက် လုပ်ပေးလိုက်ပါပြီဗျာ။ ကျွန်တော့်မှာ Windows Mobile မရှိသလို သူငယ်ချင်းတွေထဲမှာလည်း သုံးတဲ့လူမရှိတော့ ရှိတဲ့သူတွေ စမ်းပြီး အကြောင်းပြန်ပေးကြပါအုံး။
အဲဒါလေးသွင်းပြီးရင်တော့ Windows Mobile မှာ ဇော်ဂျီရိုက်လို့ရပြီး SMS ကို ဇော်ဂျီနဲ့ ပို့လို့ရမယ်လို့ ထင်ပါတယ်။ ကဲ.. စမ်းပြီးရင်တော့ ပြန်ပြောဖို့ မမေ့နဲ့အုံးဗျာ။
Tip:
1. Copy your font file (usually with the *.ttf extension) from the Fonts folder on your PC to the “/Windows/Fonts” folder on your mobile device. Be sure to note down the internal name of the font by double-clicking on the file in Explorer, in this case “Segoe UI”
2. Using your favorite registry editor (desktop based mobile registry editor, CeRegEditor, is handy), navigate to HKEY_LOCAL_MACHINE\System\GDI\SysFnt
3. Find the key named “Nm”. Replace its value (usually Tahoma) with the internal name of the font you want to replace , in this case “Segoe UI”
4. Repeat Step 3 for “HKLM\SYSTEM\GWE\Menu\Menufnt\Barfnt” and “Popfnt”
5. Finally change the value of “Tahoma” under HKEY_LOCAL_MAHINE\SYSTEM\GDI\FontAlias, to the name of the Font you want to replace i.e. “Segoe UI”
6. Soft Reset the device.
source : http://www.slideshare.net/hvdsomp/memento-time-travel-for-the-web
Alpha မှ ကိုရဲမြတ်သူ ဖြည့်စွက်ချက် ။ ။
နှိပ်တာကတော့ ရိုးရိုးရယ် shift ရယ်ဆို စာလုံးပြောင်းပြီး နှစ်ထပ်တွေအတွက် ctrl ကိုသုံးပါတယ် အားနဲချက်က စာလုံး အောက်ကို
ရွေ့ပေးပေမဲ့ ချမည့်စာလုံးကီးဘုတ်မှာ ပေါ်မလာခြင်းပါ။ ရေးသား ပေးသူက credit က singapore က ကို အာကာ ဖြစ်ပါတယ်။ sms အတွက် ကတော့ windwos default က zawgyi မလုပ်ရင် မပေါ်ပါဘူး။ အဲဒါသီးခြားလုပ်ရပါတယ် font ပြောင်းလို့ရတဲ့ sms program
တွေမှာပြောင်းသုံးလို့ ရပါတယ်။ reg မှာ ပြောင်းလို့ဘဲ ရပါတယ်။
