Nifty Framework

MVC ဘယ်လို ရေးရလဲ။ MVC ကို ကိုယ့်ဘာသာ ကိုယ် PHP နဲ့ရေးချင်တယ်။ MVC ကို CI တို့အခြား Framework မသုံးချင်ဘူး။ ကိုယ်တိုင် စမ်းရေးကြည့်ချင်တယ်။ ဘယ်လို ရေးရမှန်းမသိဘူး။ အဲလိုမျိုး မေးခွန်းလေးတွေ ခဏခဏ ကြားနေရတဲ့အတွက် ကျွန်တော် Nifty ဆိုတဲ့ framework ကို ရေးထားပါတယ်။ အရမ်းကို ရိုးရှင်းပြီး OOP ကိုပဲ အသုံးပြုထားပါတယ်။ MVC ပဲ ပါပါတယ်။ helper တို့ database class တို့ မပါပါဘူး။ core ပဲပေါ့။ core တည်ဆောက်ပုံ သိရှိသွားရင် အပေါ်မှာ ကိုယ့်ဘာသာကိုယ် helper class ထည့်တာတို့ database class ထည့်တာတို့ကို လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါလိမ့်မယ်။
Continue reading

MVC

MVC ဆိုတာကတော့ Model View Controller ဆိုတာ သိပြီးသားပြီးသားပါ။ ဒါပေမယ့် MVC ကို programming နဲ့ ရောထွေးနေကြတယ်။ MVC ဆိုတာ pattern တစ်ခုပါ။ Software Engineering မှာ အသုံးပြုတဲ့ architectural pattern လို့ဆိုရလိမ့်မယ်။ ဒါကြောင့် သူ့ကို Language တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ နောက်ပြီး framework တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ ဒါပေမယ့် သဘောတရားနဲ့ အနှစ်သာရကတော့ အတူတူပဲ။ CodeIgniter ရေးတတ်တာနဲ့ MVC ဆိုတာ ဒီလို ရေးရပါလားလို့ ထင်ရင်တော့ မဟုတ်ပါ။ CodeIgniter မှာ MVC ကို ရေးပုံနဲ့ Symfony မှာ ရေးပုံက မတူဘူး။ နောက်ပြီး iPhone SDK ကလည်း MVC ပဲ။ ဒါပေမယ့် တည်ဆောက်ပုံတွေ မတူဘူး။
Continue reading

Wow… MVC

ဒီနေ့ Ornagai ကို iphone,android support လုပ်အောင် ဆွဲတော့မှ MVC ဘာကြောင့်ကြိုက်လဲ သဘောပေါက်တော့တယ်။ ဘာဆိုဘာမှ မလိုဘူး။ Controller ကလည်း အရင်အတိုင်း ပို့တာပဲ။ Model ကနေ အရင်လိုပဲ Function ခေါ်ပြီး သုံး။ လိုအပ်တာကို view ကို ပို့ပေးလိုက်တာ။ Model ကလည်း အသစ်ပြန်ရေးစရာမလိုသလို Controller ကလည်း နာမည်လေးပဲ ပြောင်းသွားတာရှိတယ်။ များများ စားစား အသစ်ပြန်ရေးစရာ ရှိကို မရှိတာ။ View မှာ design လေး ပြင်လိုက်ရုံပဲ။ ၁ ရက်ထဲနဲ့ ပြီးသွားတယ်။ အရင်တုန်းကဆိုရင် Design ပြောင်းပြီဆိုရင် စိတ်ပျက်ဖို့ကောင်းတယ်။ အကုန်လုံးကို ပြန်ပြင်ရတာကို။ code တွေကလည်း design ထဲမှာရောနေတော့ မနည်းလိုက်ပြင်ရတယ်။ page တစ်ခုထဲမှာတင် design နဲ့ code တွေနဲ့ ပေါင်းလိုက်ရင် မနည်းဘူး။ မနည်းရှာဖတ်ပြီး အစအဆုံး နီးပါး ပြင်ရတာ။ code အသစ်မရေးရပေမယ့် တော်တော်လက်ပေါက်ကပ်တဲ့အလုပ်ဗျ။ အခုတော့ CI နဲ့ရေးထားတော့ ပြင်ရတာ တော်တော်လွယ်သွားတယ်။ ဘာမှလည်း လုပ်စရာမလိုဘူး။ Design လေးထည့်။ variable လေးထည့်လိုက်ရုံပဲ။ MVC ကိုတော့ ရေရေလည်လည်သဘောကျသွားပြီ။

How to make MVC framework

ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။

Continue reading