အခုတလော comment တွေမှာ Lion မှာ ဇော်ဂျီ မပေါ်တော့ဘူးဆိုတာပဲ ပြောနေတယ်။ Lion မှာ မြန်မာ Unicode ပါလာမယ်ဆိုတာကို ကျွန်တော် ဒီ post ကတည်းက ပြောဖူးပါတယ်။ ပါလာတဲ့ font ၂ ခုက Myanmar MN နဲ့ Myanmar Sangam MN တို့ပါ။ Unicode မကြိုက်ဘူးဆိုရင်တော့ Font Book ထဲကနေ တဆင့် အလွယ်တကူ turn off လုပ်လိုက်လို့ရပါတယ်။ ကျွန်တော်ကတော့ Turn Off လုပ်ထားတယ်။ ကျွန်တော်က MasterPiece Unis နဲ့ Myanmar 3 ကို ပိုသဘောကျပါတယ်။ လက်ရှိ ပါလာတဲ့ Unicode Font ၂ ခုက စာလုံး အချို့ ပေါ်တာတွေ လွဲနေပါသေးတယ်။
Unicode ကော ဇော်ဂျီပါ တွဲသုံးချင်တယ်ဆိုရင်တော့
Chrome : http://bit.ly/o40q91
Safari : http://bit.ly/pVSRF5
Firefox : http://bit.ly/qUnn58

