New MZ Design idea

MZ ကို vbulleting ကနေ vanilla ကို ပြောင်းမယ်လို့ ဆုံးဖြတ်ပြီးတော့ unique ဖြစ်တဲ့ design လေး တစ်ခုလုပ်ချင်လာတယ်။ Default ရှိတဲ့ vanilla က အပြာနုရောင် ဖြစ်ပြီးတော့ ကြည့်ရတာ မျက်စိနည်းနည်း နောက်နေသလိုပဲ။ ဒါကြောင့် Theme ဘယ်လိုရေးရမလဲ လေ့လာကြည့်လိုက်တော့ အဓိက CSS ပဲ ကစားရုံပဲဆိုတော့ အရမ်းကို အဆင်ပြေသွားတယ်။ ဘာမှ ထွေထွေထူးထူး ရေးစရာမလိုပဲ theme တစ်ခု ဖန်တီးလို့ရတယ်။

Vanilla ရဲ့ မူရင်း theme က


Continue reading

MZ 4th anniversary confirm date

ဒီနှစ် MZ နှစ်ပတ်လည်ကို Myanmar Tutorial ရဲ့ နှစ်ပတ်လည် နှင့် web design ဆုပေးပွဲနဲ့ အတူတူကျင်းပါမယ်။ MICT Park conference hall မှာ ကျင်းပပါမယ်။ MZ နဲ့ မြန်မာ tutorial ပူးပေါင်းပြီးကျင်းပတဲ့အတွက် ပိုမိုစည်ကားပြီး ပိုပြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ပွဲ အစီစဉ်အသေးစိတ်ကိုတော့ ကိုသီဟ နဲ့ အသေးစိတ် ဆွေးနွေးပြီးရင် ပြန်လည်ကြေငြာပါ့မယ်။

Happy at MZ Gathering

ဒီတစ်ခေါက် ရန်ကုန်ပြန်တာ တော်တော်အကျိုးရှိသွားတာကတော့ MZ က လူငယ်တွေနဲ့ တွေ့လိုက်ရတယ်။ လက်ရှိ pro မဟုတ်သေးတဲ့ သူတွေရဲ့ စကားကို ကြားချင်နေတာ ကြာလှပြီ။ MZ က လူငယ်တွေက အခုမှ စလေ့လာကစ လူတွေ နောက်ပြီး အခြား လိုင်းကနေ computer ကို စိတ်ဝင်စားလို့ ရောက်လာတဲ့ လူငယ်တွေ တော်တော်များများပါတယ်။ Pro တွေလည်း ပါတယ်။ လာတဲ့သူတွေကတော့ လုပ်ချင် ကိုင်ချင် လေ့လာချင်စိတ် အပြည့်ရှိတဲ့သူတွေလည်း မမှားပါဘူး။

MZ Gathering ကို ၄ နာရီ လောက်ချိန်းထားပေမယ့် မုန့်ဝယ်တာနဲ့ဆိုတော့ နောက်ကျသွားတယ်။ ကျွန်တော်က ၄ နာရီ ခွဲလောက်မှ ရောက်ဖြစ်တယ်။ မိုးက ရွာတာနဲ့ လူတွေ ကွဲကုန်ပြီ မှတ်တာ တော်သေးတာက exiter နဲ့ gipsy တို့ ရောက်နေတော့ ဆိုင်ထဲကို နေရာရွှေ့ထားပေးလို့။ ကျွန်တော် ရောက်မှပဲ ပွဲ စဖြစ်တာပေါ့။ ရောက်ရောက်ခြင်း လူတွေ မိတ်ဆက်တော့ ဟိုးအရင်တုန်းက ကျွန်တော် သိတဲ့ ကလေးတွေတောင် လူငယ်တွေ ဖြစ်ကုန်ပြီပဲ ဆိုတာ သိရတယ်။ ဟိုအရင် planet forum တွေ ခေတ်စားတုန်းက ကလေးတွေတောင် တော်တော်အသက်တွေကြီးလာပြီပဲ။ ငါလည်း တော်တော်အသက်ကြီးသွားပြီပဲလို့တောင် တွေးမိသေးတယ်။
Continue reading

MZ is ready to change Unicode

Python converter နဲ့ ပြောင်းတာ အဆင်မပြေတာနဲ့ ကိုယ့်ဘာသာ ရေးထားတဲ့ PHP ကို ပြန်စမ်းကြည့်ဖို့ စဉ်းစားထားတာ ကြာပြီ။ MZ ကို ပြောင်းဖို့ ကြည့်လိုက်တော့ နောက်ပိုင်းရေးထားတဲ့စာတွေက Latin မှာသွားသိမ်းထားတာ ࿽ လိုမျိုး ပုံစံတွေနဲ့ ဆိုတော့ PHP code နဲ့က အဆင်မပြေဘူး။ ကို ရာဗီ ကိုတော့ ပြောင်းတာ error တက်တာ ပြောထားသေးတယ်။ ဒေါက်တာ ကာဘွန် ရေးထားပေးတဲ့ java converter နဲ့တော့ မစမ်းရသေးဘူး။

MZ database က 500 MB လောက် ရှိတယ်။ ဒါကြောင့် ပြောင်းရခက်နေတာ။ Unicode ပြောင်းတာနဲ့ အတူတူ vanilla ကိုလည်း ပြောင်းမှာဆိုတော့ Vanilla ကို export လုပ်လိုက်တယ်။ file size က 200 MB လောက်ပဲ ရှိတော့တယ်။ အဲဒီ sql ကို ကိုရာဗီ ရဲ့ python နဲ့ ပြောင်းတာလည်း မရဘူး။ ဒါနဲ့ မနေ့က လေယာဉ်ပျံ ပေါ်မှာ php converter ကို ထပ်ပြီး update လုပ်ပြီး ရေးလိုက်တယ်။ အဓိက ပြဿနာက memory ပဲ။ ဒါနဲ့ *nix အဓိက ဆင်းပြီး shell script ရေးရင်း ကောင်းမလားလို့ တောင် စဉ်းစားသေးတယ်။ shell script ဆိုတာနဲ့ ဘာကို သွားစဉ်းစားမိလဲဆိုတော့ cat နဲ့ > filename ကို သွား သတိရတယ်။ cat ကတော့ *nix တွေမှာ file read တဲ့ အနေနဲ့ ခေါ်ပြီး php zg_cli.php > output.txt ဆိုရင် output အနေနဲ့ file write သွားပေးတယ်။ php က file write တာ မဟုတ်ပဲ os က သွား write ပေးတာ ဖြစ်တော့ နည်းနည်း ပိုမှန်တယ်။
Continue reading

MZ Gathering

MZ member တွေ့ဆုံပွဲကို ကန်တော်ကြီးမှာ လုပ်ပါမယ်။

Date:… 30.1.2011
Time:… ညနေခင်း 3 နာရီမှ 4 နာရီခွဲအထိ
Place:.. ကန်တော်ကြီး ချစ်သူများကျွန်း

ကျွန်တော်လည်း အဲဒီနေ့ အဲဒီပွဲမှာ ရှိနေမှာပါ။ အစီအစဉ်ကတော့ ထွေထွေထူးထူး မရှိပါဘူး။ member အသစ်တွေကော အဟောင်းတွေကော ရင်းနှီးသွားအောင် တွေ့ဆုံကြတဲ့ သဘောပါ။ နောက်ပြီး ကျွန်တော် ရန်ကုန်ရောက်နေတုန်းမှာ MZ က member တွေကိုလည်း တွေ့ချင်တာကြောင့်လည်းပါပါတယ်။
Continue reading

MZ User for End User

MZ 2.0 ကို ရေးတာ တော်တော်ကြာသွားပြီ။ Git repo မှာ စတင်တဲ့ နေ့က APRIL 13, 2010 က စတယ်။ အခုလပါ အပါအဝင် ၅ လ ကျော်သွားပြီလို့ ဆိုလို့ရမယ်။ တကယ်တန်းတော့ အချိန်ပြည့်ရေးရင် ၁ လ တည်းနဲ့ အကုန်ပြီးပါပြီ။ သိပ်အများကြီးမဟုတ်ဘူး။ အခုက အားတဲ့ အချိန်လေးတွေ မှာ ရေးရေးနေရလို့ အဲလောက်ထိ ကြာသွားတာ။ နောက်ပြီး ကိုယ်ပိုင် framework APIwork ကို သုံးလိုက်တာကြောင့် ကြာသွားတာလည်း ပါတယ်။ April လတုန်းက framework က စလုံးရေစပဲ။ အခုလောက် stable မဖြစ်သေးဘူး။ MZ 2.0 ကို ရေးရင်းနဲ့ လိုတာတွေ ဖြည့်ရင်း အခုတော့ တော်တော် stable ဖြစ်သွားပြီ။ MZ User site ကို ကိုယ်ပိုင် Framework နဲ့ အစအဆုံး ရေးလိုက်တော့ ကြာသင့်တာထက် ပိုကြာသွားတယ်။ CI ကို သုံးလိုက်ရင် ပိုမြန်ကောင်းမြန်နိုင်ပေမယ့် ကိုယ့် framework ကိုလည်း stable ဖြစ်အောင် လုပ်ချင်တာနဲ့ APIwork ကိုပဲ သုံးဖြစ်လိုက်တာ။

MZ User က လုံးဝ End User တွေကို ရည်ရွယ်ထားပါတယ်။ End User ဆိုတာက Developer လည်း မဟုတ်ပါ။ သာမာန် သုံးစွဲသူများသာ ရည်ရွယ်ထားပါတယ်။ လက်ရှိ computer နဲ့ ဆိုင်တဲ့

  • Computer က တီတီပဲ မြည်နေတယ်
  • Zawgyi Font သွင်းလို့မရဘူး
  • Jailbreak ဘယ်လိုလုပ်ရသလဲ
  • Windows အတွက် Dictionary ဘယ်ဟာ ကောင်းလဲ
  • Nokia ဖုန်းမှာ Dictionary ဘယ်လိုသွင်းလဲ

စသည် စသည် End User မေးခွန်းများအတွက် ရည်ရွယ်ပါတယ်။ အခု ကျွန်တော်က DB Engine ကို InnoDB သုံးထားလိုက်တော့ အရမ်းလေးသွားတယ်။ နောက်ထပ် version တွေမှာ MyISAM ကို ပြန်ပြောင်းသုံးဖို့ စဉ်းစားထားတယ်။ လိုအပ်တာတွေကတော့ အများကြီးပဲ။ Reputation point အတွက် Rule တွေလည်း မပြီးသေးဘူး။ အများကြီး လုပ်စရာ ကျန်သေးတယ်။ အခုက စလုံးရေ စဆိုတဲ့ အဆင့်ပြီးသွားတာပဲ ရှိပါသေးတယ်။ Login မဝင်ခင် အရင်ဆုံး FAQ လေးကိုတော့ သေချာဖတ်ချင်ပါတယ်။

CSS နဲ့ javascript ကို compress လုပ်ရအုံးမယ်။ အခု online ပေါ်တင်လိုက်တော့ ထင်တာထက် လေးနေတယ်။ နောက်ပိုင်းတော့ ဒီထက် မြန်လာအောင် ကြိုးစားပေးပါ့မယ်။ အခုတော့ ခုနက ပြောသလို စလုံး ရေ စပါ။ အများကြီး update လုပ်ဖို့ ကျန်နေသေးတယ်။

Changing Server

သောကြာနေ့ည က server စပြောင်းပါတယ်။ MZ ကို file တွေကြီးပဲ backup လုပ်လိုက်တာ 1GB ဖြစ်နေလို့ data တွေကို ပြန်စစ်ပြီး duplicate folder တွေကို ဖျက် မလိုအပ်တာတွေကို ဖျက်နေတာနဲ့ တော်တော်အချိန်ကြာသွားတယ်။ အခုထပ်ပြီး zip ပြန်လုပ်လိုက်တာ 510 MB ဖြစ်သွားတယ်။ အခုတော့ download ချဆဲ။ပြီးရင် upload တင်ရအုံးမယ်။ မနက်ဖြန်မှာ ပြီးအောင်တော့ ကြိုးစားဆဲပါ။ Dreamhost ကိုပဲပြောင်းဖြစ်သွားတယ်။ VE ထက်စာရင် dreamhost က ပိုကောင်းမယ်ထင်တာကြောင့်လည်း ပါတယ်။ လိုအပ်ရင် memory ထပ်တိုးလိုက်ရုံပဲလေ။ သိပ်လည်း များများစားစားမကုန်တော့ဘူးပေါ့။