MZ Server will change soon

MZ server 18 ရက်နေ့ဆိုရင် expire ဖြစ်ပါပြီ။ Grid Server ($20/month) ကနေ VE server ($30/month) ကို ပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် file တွေ backup လုပ်ရမှာရယ် နောက်ပြီး upload ပြန်တင်ရမှာတွေကြောင့် ၁ ရက် ၂ ရက်လောက်တော့ Ornagai , MZ စတာတွေ သုံးလို့ရမှာမဟုတ်ပါဘူး။ လက်ရှိ MZ server ပေါ်မှာ ရှိနေတဲ့ site တွေကတော့

http://blog.ornagai.com

http://code.mysteryzillion.org

http://edu.mysteryzillion.org

http://mysteryzillion.org

http://ornagai.com

http://wiki.mysteryzillion.org

အဲဒီ site တွေ ဝင်လို့ရမှာ မဟုတ်တော့ပါဘူး။ ပြောင်းမယ့် နေ့ရောက်ရင် ထပ်ကြေငြာပါ့မယ်။ သောကြာနေ့ ညလောက် ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ hosting အသစ်နဲ့ အတူ MZ 2.0 အတွက် ရေးထားတဲ့ user.mysteryzillion.org ပါလာမှာပါ။ လုံးဝ user တွေ သီးသန့်အတွက်ပါ။ ဥပမာ။။ jailbreak ဘယ်လိုလုပ်ရလဲ။ virus ထိနေလို့။ စတဲ့.. စတဲ့… လုံးဝ enduser တွေအတွက် သီးသန့် site လေးပါ။ Beta version တော့ ရေးပြီးပါပြီ။ MZ 2.0 မိတ်ဆက်ကအတိုင်းပေမယ့် feature တွေတော့ အကုန်မပါသေးပါဘူး။ အဲဒါလေးရအောင်ပါ ve server ပြောင်းလိုက်ရတာပါ။

Continue reading

XML DTD

အရင်တုန်းက XML DTD ဆိုတာ ကြားသာကြားဖူးတယ်။ ဘာလို့ သုံးမှန်းမသိဘူး။ တစ်ခါမှလည်း မသုံးဖူးဘူး။ ဒီနေ့မှ MZ Edu ကနေ XML DTD အကြောင်းလေး ဖတ်ကြည့်လိုက်တော့မှ နည်းနည်းလေး သဘောပေါက်သလိုလို ရှိသွားတယ်။ week end ရောက်ရင် XML Part 1 ကနေ သေချာပြန်ဖတ်အုံးမှပဲ။ ရန်ကုန်မှာတုန်းကတော့ Java & XML စာအုပ်ဖတ်တုန်းက XML ကို နည်းနည်းသဘောပေါက်သလိုလိုရှိပေမယ့် သေသေချာချာ နားမလည်ခဲ့တာတွေ အများသားပဲ။ အခုလို မြန်မာလိုလေး ရှိတော့လည်း English လို ရေးထားတဲ့ စာအုပ်တွေထက်စာရင် ပိုဖတ်ဖြစ်မယ်ထင်တာပဲ။

http://edu.mysteryzillion.org/xml-part-2

MZ Thrid Anniversary

25 ရက်နေ့မှာ MZ ပွဲ စပါတော့မယ်။ လက်ရှိ ဆွေးနွေးပေးမယ့် ခေါင်းစဉ်တွေကတော့

Self Learning – ကိုပီဇီ (Myanmartutorials.com)
How to study in Myanmar – ကိုရာဗီ

== Break ==

Web Development – ကိုအိမောင် (Durosoft)
Ubuntu Linux – ကိုကိုရဲ

Date:
Sunday, April 25, 2010
Time:
10:00am – 5:00pm
Location:
Egress Hall Room, Yangon, Myanmar

Thnking about MZ 2.0

အခုတလော cassandra ကို ဖတ်ရင်းနဲ့ MZ ကို cassandra နဲ့ ရေးကြည့်ချင်လာတယ်။ cassandra နဲ့ project လေး တစ်ခုလောက် လုပ်ချင်တယ်။ ဒါပေမယ့် ဘာ project လုပ်ရမလဲ စဉ်းစားမရဖြစ်နေတာ။ MZ ကိုပဲလုပ်တော့မလား စဉ်းစားနေတာ။ Why MZ ! လို့ မေးလာရင်တော့ cassandra က သာမာန် project တွေ မလိုအပ်ဘူး။ တခြားမပြောနဲ့ mediawiki ကို သုံးထားတဲ့ wikipedia တောင် mysql ကို သုံးထားတာပဲ ကြည့်လေ။ mysql ကလွယ်တယ်။ နှစ်ကြာပြီဖြစ်တဲ့အတွက် community က ရှိပြီးသား။ user million နဲ့ ချီခဲ့မှသာ နည်းနည်းကြာတာ။ ဒါပေမယ့် mysql 5 မှာ partition နဲ့ fulltext search ကြောင့် million data ကိုတောင် ရှာနိုင်တယ်လို့ ပြောထားတာပဲ။ Continue reading

Happy Birthday MZ

ဘာလိုလိုနဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့က MYSTERY ZILLION ၃ နှစ်တောင် ပြည့်ခဲ့ပြီ။ ဒီနှစ် Anniversary ကိုတော့ ၂၅ ရက်နေ့မှ လုပ်ဖြစ်တယ်။ နှစ်ပတ်လည်နေ့နဲ့ တော်တော်ကွာသွားပေမယ့် အားလုံး အဆင်ပြေဆုံးနေ့ဖြစ်တာကြောင့် အဲနေ့ကို ရွေးဖြစ်ခဲ့တာလည်း ပါတယ်။ ဒီနှစ်မှာတော့ လူငယ်တွေကို အဓိကရည်ရွယ်ပြီး ပွဲလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ MZ မှာ exiter ရေးထားတာကိုပဲ ပြန်ဖော်ပြလိုက်ပါတယ်။ Continue reading

Today Link that I like

ဒီနေ့ ထူးတေဇာ blog မှာ apple အကြောင်း ရေးထားတာတွေ့တယ်။ ကျွန်တော်လည်း အဲဒီ ဘုရားပုံတော်နဲ့ Jony Ive ကိစ္စပါ။ မြန်မာက အချို့ လူတွေတော်တော်များများ Jony Ive ကို designer ပဲသိတယ်။ ဘာ designer မှန်းလဲမသိ။ ပြီးတော့ အလကားနေရင်း Jony Ive ကို အပြစ်ပြောပြန်ကော။ ထူးတေဇာ ပြန်ရှင်းပြထားတာလေး တော်တော်ကောင်းတယ်။ Apple သမား မဟုတ်တဲ့လူတွေက Apple အကြောင်းကို ကောင်းကောင်းသိမှာမဟုတ်ဘူး။ Apple သမားတွေကတော့ သူတို့ apple ရဲ့product ကော Apple က Steve Job အပါအဝင် Apple Designer တွေအားလုံးကို အထင်ကြီး လေးစားပြီး ချစ်ပြီးသားပါ။ ကျွန်တော်လည်း Steve Job ကို သဘောကျတယ်။ Jony Ive ကို လေးစားတယ်။ သူ့ idea တွေက အရမ်းကောင်းတယ်။ ကဲ.. ထူးတေဇာ blog လေးမှာ သွားဖတ်ကြည့်လိုက်ပါ။

Apple never use any rude image for Advertisement

နောက် Link တစ်ခုက OO SE အကြောင်း Edu မှာ လူပျိုကြီး ရေးထားတာပဲ။ လူပျိုကြီး ဆိုတဲ့ အတိုင်း စာရေးတော့ ကောင်းပါရဲ့။ Editing ပြန်လုပ်ရတာ မလွယ်ဘူးရယ်။ သူ့ဆီမှာ ရှိတဲ့ ပညာတွေ အကုန် ရေတံခွန် စီးသလို ရေးချထားတာ။ ၂ ခေါက်လောက် ဖတ်ပြီး မလိုတဲ့ဟာလေးတွေ ဖြုတ်။ စာသားလေး အနည်းငယ်ဆိုရုံလောက်လေး ပြန်ပြင်ပြီး Edu မှာ တင်ထားပေးတယ်။ MZ မှာ ရေးထားပေးတာကို edu မှာ ပြန်တင်လိုက်တာပါ။ UML Intro လေးပြီးမှ နောက်ပိုင်းတွေ ဆက်လို့ရမှာဆိုတော့ အကုန်တော့ မတင်ထားရသေးဘူး။ အားရင်တော့ UML Intro အကြောင်း လူပျိုကြီး ရှင်းထားတာကို သေသေချာချာ ဖတ်ပြီးမှ တင်လိုက်အုံးမယ်။ မဖတ်လို့လည်း မရဘူးရယ်။ သူရေးထားတာတွေက ကိုယ့်အတွက် အကျိုးရှိတာကို။ ဖတ်ရင်းနဲ့ editing လေး ပြန်လုပ်ရတာပေါ့။

Object-Oriented Software Engineering