Old Site to New Site with htaccess

ကျွန်တော်တို့ အရင်က .com ကနေ .org ပြောင်းသွားတော့ link အဟောင်းတွေ အရမ်းပဲ ပြဿနာများခဲ့ပါတယ်။ .com domain ကို sithu hosting မှာ တင်ခဲ့ပြီး ကျွန်တော်လည်း ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။ အခုတော့ .com ကို ကျွန်တော့် hosting မှာ တင်ပြီးဖြစ်ပါတယ်။ sithu account ရှိတဲ့ dot5hosting က 1 year ပြည့်သွားတဲ့အတွက် @mysteryzillion.com တွေ သုံးမရဖြစ်ကုန်တယ်။ အခု ပြန်လည်ပြင်ဆင်ပြီးပါပြီ။ old site ကနေ new site ကို .htaccess file လေးရေးပြီး redirect လုပ်လို့ရပါတယ်။ google ကနေ ပဲ ရှာပြီး တွေ့ထားတာပဲ။

#Options +FollowSymlinks
RewriteEngine On
RewriteCond %{HTTP_HOST} ^mysteryzillion.com$ [OR]
RewriteCond %{HTTP_HOST} ^www.mysteryzillion.com$
RewriteRule (.*)$ http://www.mysteryzillion.org/$1 [R=301,L]

Sorry For Today

ဒီနေ့ ကျွန်တော်တို့ MZ ပွဲကို အောင်မြင်အောင် ကျင်းပခဲ့သော်လည်းပဲ ကျွန်တော်တို့ မျှော်မှန်းထားသော လူဦးရေး ၃၀၀ မရောက်ရှိလာခဲ့ပဲ လူ ၁၁၀ လောက်ပဲရောက်ရှိလာပါတယ်။ သို့သော်လည်းပဲ တစ်ဝက်တွင်ပြန်သွားသူ။ တစ်ဝက်မှ ဝင်လာသူ။ အစစသော အကြောင်းကြောင့် ခန်းမကျယ်ထဲမှာ ၄ ပုံ ၁ ပုံပဲရှိခဲ့ပါတယ်။

ကျွန်တော် April Fool လုပ်ခဲ့မိတာကြောင့် အခုလိုဖြစ်သွားရတယ်ဆို ကျွန်တော် အနူးအညွှတ်တောင်းပန်အပ်ပါတယ်

Organizer များအနေနဲ့ အားမလိုအားမရဖြစ်နေခြင်းကို မျက်စိမှာ အထင်းသားပေါ်နေပါတယ်။ မျှော်လင့်ချက်တွေ ကျဆုံးသွားတဲ့ မျက်လုံးတွေကို ကျွန်တော်မြင်ခဲ့ရတဲ့အတွက် ကျွန်တော် အရမ်းပဲအားနာမိတယ်။

ကျွန်တော် ဆောင်ရွက်တာ လိုသွားတာလေးတွေရှိတယ်။ April Fool လုပ်မိတာကြောင့်လည်း ပါဝင်ပါလိမ့်မယ်။ နောက်ပြီး Journal တွင် ကြော်ငြာထည့်သွင်းခြင်းကို နည်းနည်းလေးစောသွားခြင်း ၊ Computer တက္ကသိုလ် စာမေးပွဲဖြေနေခြင်း ၊ April လဟာ ခရီးသွားလဖြစ်နေခြင်း ၊ သင်္ကြန်အတွက် ပြင်ဆင်နေခြင်း စတာတွေကြောင့် လူဝင်နည်းနိုင်တာဖြစ်ပါတယ်လို့ ကိုယ့်ဘာသာကိုယ် ဖြေသိမ့်လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ စိတ်ကို တင်းပြီး ဟန်ချက်ညီညီ တင်ဆက်သွားတဲ့ ကိုစည်သူနဲ့ မော်ဒယ်နဲ့ သရုပ်ဆောင် မင်းဆန္ဒ ကိုကျေးဇူးတင်ရှိပါတယ်။ လူအနည်းအကျဉ်းလေးရှိပေမယ့် ကျွန်တော်တို့ လုပ်ပြချင်တာတွေ ပြောပြချင်တာတွေကို ပြောပြလိုက်ရတယ်။ အဲဒါကို ကျွန်တော် ကျေနပ်တယ်။ freelance အကြောင်းအားပါးတရ ဆွေးနွေးခွင့်ရခဲ့တယ်။ အချိန်မလောက်လို့ ဆွေးနွေးပွဲကို မြန်မြန်သိမ်းလိုက်ပေမယ့် အားရတယ်။ ဒီနေ့ပွဲဟာ လူနည်းတာကလွဲပြီး အားလုံး ကောင်းပါတယ်။

အထူးခြားဆုံးက သူများတွေနဲ့ မတူတဲ့ တင်ဆက်မှုကို ချပြနိုင်ခဲ့တယ်။ ပုံမှန် သမာရိုးကျ တင်ဆက်မှုမဟုတ်ပဲ Free Style တင်ဆက်ခွင့်ရှိခဲ့တယ်။ အဲဒီအတွက် Mac Book အသုံးပြုခွင့်ပေးတဲ့ ထူးတေဇာ ကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ laptop နဲ့ remote ကြောင့် ကျွန်တော်တို့ဟာ computer အနားမှာမရှိပဲ presentation ကို ပြသနိုင်ခဲ့တယ်။ presentation မှာ မီးအားလုံး အမှောင်ချထားပြီး မီးလုံးအသေးလေးတွေ ထွန်းပြီး presentation ကို အာရုံစိုက်အောင် ကျွန်တော်တို့တွေ စွမ်းဆောင်နိုင်ခဲ့တယ်။ Wireless Mic မသုံးပဲ collar Mic နဲ့ လက်ထဲမှာ ဘာမှမကိုင်ပဲ လွတ်လပ်စွာ ပြောခွင့်ရခဲ့တယ်။ Presentation ကို ထူးထူးခြားခြား ပြခဲ့ရတယ်။ တခြားပွဲတွေနဲ့ မတူတဲ့ Talk Show မှာ freelance အကြောင်း အားပါးတရ ပြောဆိုဆွေးနွေးခွင့်ရခဲ့တယ်။ Myanmar နိုင်ငံရဲ့ လိုအပ်ချက်ကို သိခဲ့ရတယ်။ နောက်ပြီး လူတိုင်းကို မုန့်အဝကျွေးနိုင်ခဲ့တယ်။ လူနည်းတဲ့အတွက် လာတဲ့ လူတော်တော်များများ လက်ဆောင်တွေရခဲ့ကြတဲ့အတွက် ဝမ်းသာမိပါတယ်။ စိတ်ပျက်နေတဲ့ Organizer တွေကို မဲထဲမှာ ရွေးချယ်ခွင့်ပေးလိုက်တဲ့အခါ ပျော်သွားတဲ့အတွက် ကျွန်တော် တော်တော်စိတ်ကျေနပ်မိပါတယ်။ အထူးသဖြင့် Gipsy ပေါ့… Stick 2 GB မဲ ပေါက်တော့ ထက ပြီး စင်မြင့်ပေါ်တက်သွားတာ မျက်စိထဲက မထွက်ဘူး။ ရိုက်နေတဲ့ camera ကို ဘေးနားက လူကို ပေးပြီး ခုန်ပေါက်ပြီး စင်ပေါ်တက်သွားတယ်။ နောက်ပြီး Member of the year 2009 ကို ကိုသာသာ ကိုပေးခဲ့ပါတယ်။

ဘာပဲပြောပြော ကျွန်တော်တို့ လူနည်းပေမယ့် Ornanizer တွေ တာဝန်ကျေပါတယ်။ IT Quiz တွေလည်း လွယ်ပေမယ့် ပျော်ဖို့ကောင်းတယ်။

ပွဲမစည်ပေမယ့် မြည်ခဲ့ပါတယ်ဗျာ….. ပွဲပြီးတော့ လူက ဝမ်းနည်းနည်းလေး နည်းလာတယ်… မျှော်မှန်းသလောက် မဖြစ်ပေမယ့် ကျွန်တော်တို့ တွေ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်.. Brain Drain ကနေ Brain Gain ဖြစ်အောင် လုပ်လို့ရတယ်ဆိုတာ ချပြနိုင်ခဲ့ပါတယ်ဗျာ….

Ornagai Babylon Add On

babaylon dictionary အတွက် ornagai dictionary ဆိုပြီး ထွက်လာပါပြီ။ စာလုံးရေ ၃ သောင်းလောက်ပါတယ်။ အသုံးဝင်တဲ့ စာလုံးအများစုတော့ ပါတယ်။ babylon ရှိတဲ့ လူတိုင်း သုံးလို့ရပါတယ်။ stardict ကတော့ လုပ်နေဆဲပါ။

http://www.ornagai.com/site/downloads/babylon1

  1. http://www.ornagai.com/site/offline []

Ornagai Offical Site

အခုတလော ornaiga offical site နဲ့ အလုပ်များနေတယ်1။ blog တောင်မရေးဖြစ်ဘူး။ ဒီနေ့ English Myanmar Translator အကြောင်း MZ မှာ ဖတ်လိုက်ရတယ်2 ။  Beta လို့ဆိုပေမယ့် Alpha အဆင့်လောက်ပဲရှိပါသေးတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပဲဗျ။ တစ်ခုတော့ သဘောကျတယ်။ ဒီတစ်ခေါက် NLP က LGPL ပေးထားတာကိုပဲ3 ။  database ကို password တွေဘာတွေ မခံပဲ ဖွင့်ပေးထားတာကိုလည်း ကျေးဇူးတင်မိတယ်။ အခုတော့ ornagai အတွက် အဆင်ပြေသွားတာပေါ့။ English To Myanmar 3 သောင်း ကျော်နဲ့ Myanmar To English ၅ သောင်း ကျော် ဖြစ်သွားပါပြီဗျာ((http://www.ornagai.com))။ အားလုံးစစ်ပြီးရင် Dictionary source ကို Excel , CSV နှစ်ခုလုံး ထုတ်ပေးမယ်။

  1. http://www.ornagai.com/site/ []
  2. http://www.mysteryzillion.org/forums/showthread.php?t=3444 []
  3. http://www.myanmarnlp.org.mm/ []

MZ Technical Festival

MYSTERY ZILLION Second Anniversary အထိမ်းအမှတ် နှင့် Technology Festival ကို ဧပြီလ ၅ရက်(တနင်္ဂနွေ) နေ့တွင် Myanmar Info-Tech ပင်မအဆောင် ရှိ Confrence Hall တွင် နံနက် ၁၀ နာရီမှ ညနေ ၅နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲ ၊ဟောပြောပွဲ၊ မြန်မာ Open source Product များကို ခင်းကျင်းပြသခြင်းများအပြင် MZ Mobile Dictionary ကိုပါ အခမဲ့ install လုပ်ပေးခြင်း MZ open source product များကို install လုပ်ပေးခြင်းများပါ ပါဝင်မည်ဖြစ်သည်။ Web 2.0, Cyber Security, Open Technology, Ethical Hacking, Digital Forensic စသည်တို့ တို့ ကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။
နည်းပညာပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ
Technology များနှင့် လူငယ်များရင်နည်းမှုရှိစေရန်။
အဆင့်မြင့်နည်းပညာများကို တိုးတက်လေ့လာနိုင်ကြစေရန်။
မြန်မာနိုင်ငံတွင် Open Source Product များနှင့် ပတ်သက်သည့် လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက် လေ့လာနိုင်ပါသည်။ ပွဲနှင့်ပတ်သက်၍ သိလိုသည်များနှင့် ပွဲတွင် ဝင်ရောက် ဆွေးနွေးလိုသူများ စာတမ်းဖတ်လိုသူများသည်။ စည်သူအောင်(MYSTERY ZILLION)
ဖုန်း ၀၉ ၈၅၁၅၂၃၅ သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။

နောက်ဆက်တွဲ : MZ talk အနေနဲ့ Freelance for Myanmar ကို IT လုပ်ငန်းရှင်တစ်ဦးနဲ့ ဆွေးနွေးရန် ကြိုးစားနေပါသည်။

We will change MZedu

ယခုလက်ရှိ MZ edu မှာ moodle ကို အသုံးပြုထားခြင်းဖြစ်သည်။ moodle သည် Course Mangement System ဖြစ်သော်လည်း user friendly မဖြစ်ခြင်း။ ဆရာ ဆရာမများအတွက် သင်ကြားရသည်မှာခက်ခဲခြင်း။ bagan မှ ဝင်လျှင် အလွန်ကြာမြင့်တတ်ခြင်းတို့ကြောင့် ပြောင်းလဲမည်ဟု ဆုံးဖြတ်လိုက်ပါသည်။
Continue reading

MZ ပုံပြင်တစ်ခု

ပျင်းဖို့တကယ်ကောင်းတာနော်… မဖတ်ခင် ကြိုစဉ်းစား… ရေးရင်းနဲ့ ပျင်းလို့တောင် အမြန်ပြီးအောင် သိမ်းလိုက်တာ..

တစ်ရံသောအခါ…….
ကျွန်းသေးသေးလေး နိုင်ငံမှ ရောက်ရှိလာသော ခပ်ဝဝ လူတစ်ရောက်အား ကြိုဆိုရန် အကျွန်ုပ်တို့ ပြင်ဆင်ရလေသည်။
ထိုကျွန်းသေးသေးလေးတွေ နေထိုင်ကာ အကျွနု်ပ်တို့၏ MZ အတွက်သာမကာ အကျွန်ုပ်တို့အားလုံး ခင်မင်ရသော ခပ်ဝဝ လူကြီးတစ်ယောက်….
စကားပြောလျှင် တစ်လုံးခြင်း အေးအေးဆေးဆေးပြောတတ်ပြီး ဝင်းဦးကဲ့သို့ လေသံပေါက်သောကြောင့် အများက ကိုဝင်းဦးဟု ခေါ်ကြသော ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော် ကိုDBA ကြီး ပြန်ရောက်ခြေတော့မည်…..
လေယာဉ်ကွင်းသို့သွားရန် လေယာဉ်ကွင်းနှင့် အနီးကပ်ဆုံးသော exiter ….
လေယာဉ်ကွင်းနှင့်အနီးဆုံး phpCrazy…..
တို့အား အရင်ဦးစွာ ရောက်စေခဲ့သည်။
ထို့နောက်တွင်မူ အကျွန်ုပ်သည် စည်သွတ်ဘူး နှင့် ညီမတော်….
ညဇီးကွက်….. အဲ…. ညမီးအိမ်… (ညမှာပဲ online ပေါ်ရှိလို့ ညဇီးကွက်လို့ပြောင်းရန် ကောင်းသား)
တို့နှင့်အတူ အမြန်နှုန်းနှင့် သွားရောက် ကြိုဆိုလေသည်။
Continue reading

ဖတ်သင့်တဲ့ Post တစ်ခု

ဒီနေ့မှ အေးအေးဆေးဆေးဖတ်ဖြစ်တယ်… တော်တော်ဖတ်လို့ကောင်းတဲ့ ဆွေးနွေးချက်တွေပါ… ဘာတဲ့… ခေါင်းစဉ်က

အဖြူရောင် ဟက်ကာများ အလိုရှိသည်