MZ သည် စီးပွားရေးမလုပ်

လှိုင်သာယာဘက်မှာ network ပိုင်းလာဆင်တဲ့ အဖွဲ့ တစ်ဖွဲ့ က Mysteryzillion အဖွဲ့ကပါ ဆိုပြီးပြောသွားကြောင်း ပြီးတော့ network ပိုင်းဆိုင်ရာတွေမှာ သူတို့ ဆင်ပေးပြီးနောက်ပိုင်း အခက်ခဲတွေ ပိုတွေ့လာရကြောင်း MZ ကလုပ်စားနေတာဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။

MYSTERY ZILLION နှင့် ပတ်သက်၍ ကျွန်တော်တို့တွေ အခု သတင်းတွေ ကြားနေရပါတယ်။ ကြားလိုက်ရရခြင်း အတော့ ကိုစိတ်မကောင်းဖြစ်သွားတယ်။ MZ အမည်နဲ့ စီးပွားရေး လုပ်စားနေကြပါတယ်တဲ့။ ကျွန်တော်တို့ MZ က လုံးဝ စီးပွားရေး မလုပ်ပါ။ Network လဲ လိုက်မဆင်ပေးပါ။ ကွန်ပျူတာလဲ မပြင်ပါ။ အဲ ကျွန်တော်တို့ MZ Admin တွေ ကို အကူအညီတောင်းလို့ အိမ်ကိုလာပို့ကြတဲ့ စက်တွေ ဆိုရင် အလကားပြင်ပေးတတ်ကြပါတယ်။ ဒါကလဲ Personal ကိစ္စတွေ အတွက်သာ လုပ်ပေးကြတာပါ။ MZ နှင့်မဆိုင်ပါဘူး။ MZ အမည်ကို တရားဝင်သုံးစွဲခွင့်ရှိသူတွေက MZ admin တွေ အပါအဝင် အထူး စီစစ်ထားတဲ့ Moderator တွေ ပဲဖြစ်ပါတယ်။ Visiting Card တွေမှာလဲ Admin တွေ အပါအဝင် အထူး စီစစ်ထားတဲ့ Moderator တွေ ပဲ သုံးစွဲခွင့်ရကြတာပါ။ MZ အမည်ကို တရားဝင် သုံးစွဲခွင့် ရှိသူတွေပင် MZ အမည်ကို စီးပွားရေး အနေနဲ့ သုံးခွင့်မရှိပါဘူးခင်ဗျား။ ဒါကြောင့် နောက်နောင် MZ အမည်ကိုသုံးစွဲပြီး စီးပွားရေးလုပ်ခြင်း ပြုလုပ်နေသည်ကိုတွေ့ ရှိပါက ကျွန်တော်တို့ MZ admin များသို့ အကြောင်းကြားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

MZ ဆိုတာ လူငယ်တွေအတွက်ပါ

google ကို ရည်ညွှန်းရမယ်လို့ ကျွန်တော် မပြောထားဘူး။ ကျွန်တော်ဆိုလိုတာကတော့ ဘယ် website လိပ်စာမှာ ရှိတယ်။ သွားကြည့်လိုက်လို့ ရေးထားပါတယ်။ ကျွန်တော်ကတော့ လူငယ်တွေ ကြာလေလေ english စာ ညံ့လေလေ မဖြစ်စေချင်လို့ပါ။ နောက်ပြီး သူများကို အရမ်းမှီခိုသွားလိမ့်မယ်။ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်အောင် ဦးစားပေးမယ်။ လမ်းမလျှောက်တတ်ခင် လမ်းလျှောက်တတ်အောင် သင်ပေးမယ်။ လမ်းလျှောက်တတ်လာရင်တော့ ကိုယ့်ဘာသာကိုယ်ကြိုးစားလျှောက်ပေါ့။ ကိုယ့်မှာလည်း အစွမ်းအစရှိရဲ့နဲ့ ပျောက်ကွယ်နေတာကိုတော့ အားမပေးချင်ဘူး။ 

google ထဲမှာ ရှာရခက်တယ်။ မှန်တယ်။ မရှာတတ်လို့ ရှာရခက်တာပါ။ MZ မှာ ကျွန်တော်ပြောထားတာက ရှာတွေ့တဲ့ Link လေးကို ပေးဖို့ပါ။ သွား google မှာ သွားရှာလို့ ဘယ် member မှလည်း မရေးထားပါဘူး။ ရေးခွင့်လည်း မပြုနိုင်ဘူး။ ကျွန်တော်တို့က လမ်းညွှန်ပေးနိုင်မယ်။ ခရီးအစအဆုံး ကိုယ့်အားကိုယ်ကိုးပြီး သွားစေချင်တယ်။ ဒါပေမယ့် လမ်းညွှန်တွေနဲ့ သွားရမယ့် ခရီးပဲ ဖြစ်ရမယ်။ ကိုယ်ပိုင် စွမ်းရည်ကို မြင့်တက်စေချင်တယ်။ မြန်မာတွေက တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှုတွေ ပပျောက်လာပြီ။ အထူးသဖြင့် အခုလူငယ်တွေ အင်္ဂလိပ်စာ မတတ်သူရှားတယ်။ ဒါပေမယ့် ဘယ်သူမှ မပြောရဲဘူး။ အင်္ဂလိပ်လိုရေးထားတဲ့ စာတောင် မဖတ်ရဲဘူး။ ဖတ်တောင် မဖတ်ရသေးဘူး။ ကျွန်တော်က အင်္ဂလိပ်စာမှ နားမလည်တာတဲ့။ မင်း အင်္ဂလိပ်စာ နားမလည်ရင် အစအဆုံး ဘာသာပြန်ပေးမယ်ပြောရအောင်လည်း ၈ တန်းကျောင်းသားအရွယ်လေးမဟုတ်တော့ဘူး။ ၁၆ နှစ်ကျော်လာရင် ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ရမယ်။ တကယ်လို့ မလေ့ကျင်နိုင်ဘူးဆိုရင် နိုင်ငံတကာမှာ တိုးရဲမှာမဟုတ်ဘူး။ နောက်ပြီး အင်္ဂလိပ်စာ အားကောင်းအောင် လေ့ကျင့်ဖို့လိုတယ်။

MZ က လဲကျရင် ထူပေးမယ်။ ခရီးလမ်းဆုံးတဲ့အထိ လမ်းညွှန်မှုတွေပေးနိုင်တယ်။ ကုန်းပိုးပြီးတော့ လမ်းဆုံးတဲ့အထိ လိုက်မပို့ပေးနိုင်ဘူးဗျ။ ကိုယ့်မှာ ခြေတွေ လက်တွေရှိနေတယ်။ မျက်လုံးတစ်စုံကောင်းနေတယ်။ ဉာဏ်လည်းမှီတယ်။ ဒါဆို ဘာကြောက်နေမှာလဲ။ ဉာဏ်မမှီဘူးဆို computer တောင် လေ့လာနိုင်မှာမဟုတ်ဘူး။ ဉာဏ်ကောင်းလို့ Computer ကို လေ့လာဖြစ်တာ။ ဉာဏ်မမှီဘူးလို့ ကိုယ့်ကိုသတ်မှတ်ထားမယ်ဆိုရင် အင်တာနက်တောင် သုံးရဲမှာမဟုတ်ဘူး။ အင်္ဂလိပ်စာ မဖတ်တတ်တာ ဘာမှအားငယ်စရာ မရှိဘူး။ ကြိုးစားပြီး ဖတ်ရင် နားလည်လာမယ်။ ဝါသနာပါတာဆို ကြိုးစားပြီးဖတ်မှာပဲ။ ကိုယ်သိချင်တာဆိုရင် ကြိုးစားပြီးဖတ်မှာပဲ။

Computer ပြသနာတွေ ဖြေရှင်းပေးမယ်။ ဒါပေမယ့် လူ့စွမ်းအား အရင်းအမြစ်မကျရှုံးစေချင်ဘူး။ ကျွန်တော်တို့က ဖြေရှင်းပေးရင်း လူ့စွမ်းအား အရင်းအမြစ်ကို တိုးတက်စေချင်တယ်။ ဒါကျွန်တော်တို့ MZ တစ်ဖွဲ့လုံးရဲ့ စေတနာပဲ။ ဘယ်သူမှ တိုင်းပြည်ကို မဖျက်စီးရက်ဘူး။ မြန်မာတွေရဲ့ တကယ်ရှိတဲ့ စွမ်းအားကို မဖျက်စီးချင်ဘူး။ လူတိုင်းမှာ ကိုယ်ပိုင်စွမ်းအားရှိတယ်။ သူများကို မှီခိုချင်တဲ့စိတ်တွေ တဖြည်းဖြည်းလွှမ်းမိုးချင်းတွေ ခံနေရပြီ။ ကျွန်တော်တို့တွေ ရုန်းထွက်ဖို့လိုအပ်တယ်။ ကိုယ့် တိုင်းပြည်ကို မချစ်ရင်တောင် ကိုယ့်ကိုယ်ချစ်သင့်တယ်။ ကိုယ့်ကို နှစ်မွန်းအောင် မလုပ်သင့်ဘူး။ ကျွန်တော်တို့ လူငယ်တွေမှာ ကိုယ်ပိုင် အင်အားရှိတယ်။ ကိုယ့်အားကိုယ်ကိုးချင်စိတ်ရှိတယ်။ ကိုယ်ပိုင် အစွမ်းရှိတယ်။ ရဲရဲဝင့်ဝင့်ထုတ်ပြလိုက်ပါ။ မသိရင်မေး။ ကျွန်တော်တို့ MZ တစ်ဖွဲ့လုံးက အဖြေရအောင် လမ်းညွှန်မှုတွေ ပေးနိုင်တယ်။ အဖြေရအောင် ကိုယ့်အားကိုယ်ကိုးပြီးရသွားတယ်လို့ ခံစားစေချင်တယ်။ သူပြောလို့ရတာပါ။ ငါ့ဟာငါဆိုရမှာမဟုတ်ဘူး။ သူမရှိရင် မဖြစ်ပါဘူး။ အဲလိုစိတ်ဓာတ်တွေရှိရင် ဖျက်ချလိုက်ပါဗျာ။

ပြင်ဆင်စရာတွေ အများကြီး

ကျွန်တော်တို့ အခုမှ MZ စတက်တယ်။ ပြသနာတွေကလည်း အများကြီးပဲဗျ။ MZ တက်အောင် လုပ်ဖို့လည်း မလွယ်ဘူး။ Database တွေ ပြန်ရဖို့လည်း မလွယ်ဘူး။ အခု အမှန်အကုန် ဝယ်သုံးနေပြီ။ Template ကို ဝယ်တာလည်း မလွယ်မှန်းသိလာပြီ။ $30 ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အများ တစ်ခုလုပ်မိလိုက်တယ်။ 10% off coupon ကို google ကနေ ရှာပြီးထည့်သုံးလိုက်မိတယ်။ အဲမှာ ဆိုးတာပဲဗျာ။ $3 လေး လျော့သွားတာပဲရှိတယ်။ $3 အတွက် ကျွန်တော်တို့မှာ အချိန်တွေ အများကြီးပေးလိုက်ရတယ်။ ကိုမင်းကျော် ရဲ့ paypal လည်း ပိတ်ခံထိသွားတယ်။ ပြန်ပွင့်အောင် အချိန်တွေ ပေးလိုက်ရတယ်။ ကျွန်တော် MZ အတွက် $3 လေး နှမြောမိလိုက်တာဗျာ။ MZ ဟာ အခုအချိန်မှာ member တွေရဲ့ အလှုနဲ့ ဆက်လက်ရပ်တည်မယ်။ ဆက်လက် ရှေ့ဆက်သွားမယ်။ အခုအချိန်မှာ Vbulletin နဲ့ Hosting ကို member တွေအားနဲ့ ဝယ်မယ်။ member တွေကို ယုံကြည်လို့ အကြွေးနဲ့ Vbulletin နဲ့ Hosting ကို ဝယ်ပြီးပြီ။ ကျွန်တော် ယုံကြတာကတော့ အကြွေး ဆပ်နိုင်မယ်ဆိုတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ member တွေရဲ့ လိုလိုလားလား စေတနာတွေ ကျွန်တော် ခံစားမိနေပြီ။ MZ ရှေ့ဆက်ဖို့ member တွေက ကူညီကြလိမ့်မယ်ဆိုတာတော့ အထူးပြောနေစရာမလိုတော့ဘူး။ MZ ရှေ့ဆက်ဖို့ အခြားအခြားသော ကိုယ်ပိုင် ဝင်ငွေတွေကနေလည်း အလှုထည့်ပြီး ရပ်သွားမှာပါ။ အလှုစာရင်းကိုလည်း ကျွန်တော်တို့တွေ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးမယ်။ MZ meeting မှာ MZ ရဲ့ အသုံးစရိတ်တွေ ဝင်ငွေတွေကို ဖော်ပြပေးမှာပါ။
Continue reading

MZ နဲ့ edu ရပြီနော်

မနေ့ညကတည်းက စည်သူလုပ်နေတာ မနက် ၈ နာရီခွဲတော့ ထခေါ်တယ်။ MZ အတွက် အကုန်လုပ်ပြီးပြီ။ Database က MySQl 5 ကနေ 4 ကိုပြန်ပြောင်းပြီးတင်ရတယ်။ အခု mysteryzillion.org ရပြီ။ လာခဲ့ပါအုံးဆိုလို့ ကျွန်တော်လည်း ၉ နာရီ အရောက်ပြေးလိုက်ရတယ်။ ရောက်တာနဲ့ MZ stable stage ရောက်အောင် file တွေပြင် template ဝယ်ဖို့ကြိုးစားနဲ့ ၁၂ ကျော်ကျော်လောက်မှ စတင်တည်ငြိမ်လာပြီး ၂ နာရီလောက်မှာ ရောက်သွားတယ်။ ဝယ်ထားတဲ့ template ကတော့ ၁၂ နာရီစောင့်မှ ရမယ်ဆိုလို့ စောင့်နေရတယ်။ $30 တောင် template အတွက်ပေးရပါတယ်။ နောက်တော့ ကျွန်တော် edu အတွက် ဆက်လုပ်တယ်။ sithu က အဲဒီအချိန်မှာ template ဝယ်ဖို့နဲ့လိုအပ်တဲ့ plugin တွေ ရှာဖွေထည့်တယ်။ ၃ နာရီထိုးခါနီးမှာတော့ edu ရသွားတယ်။ ပြီးတော့ ကျွန်တော်တို့လည်း ခဏ နားပြီး ညမှ ဆက်ကြရမယ်ဆိုပြီး သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတဲ့ဆီသို့ သွားပေလေတော့သည်။

MZ blog

wordpress မှာ blog လုပ်တာ မြန်မာလို မပေါ်ဘူး။ နောက်ပြီး plugin တွေကို ကိုယ်လိုချင်တဲ့ plugin မရဘူးဖြစ်နေလား။ wordpress blog ကို ကိုယ်ပိုင် host မထိုင်တတ်ဘူးလား။ blog လုပ်ချင်ပြီး ဘယ်ကနေ စလုပ်ရမှန်းမသိတာလား။ အဲဒီအတွက် MZ blog လာပါပြီ။ ကျွန်တော်တို့ MYSTERY ZILLION ကပေးလိုက်တဲ့ နောက်ထပ်တစ်ခုပါ။ Blog တွေကို လွယ်လွယ်ကူကူလုပ်နိုင်အောင် စီစဉ်ထားပါတယ်။ template တွေအများကြီးထည့်ထားတယ်။ နောက်ပြီး လိုအပ်တဲ့ plugin တွေထည့်သွင်းထားပေးတယ်။ blogger ကနေလည်း import လုပ်လို့ရတယ်လေ။ www.mzblog.net ကနေ သင် blogger တစ်ယောက်ဖြစ်လာဖို့ လမ်းစ တစ်ခု ဖွင့်ပေးလိုက်ပါတယ်။

MZ will come soon

MZ မကြာခင်ပြန်လာမှာပါ။ အခုအကုန်လုံး ဝိုင်းဝန်းလှုကြလို့ အဆင်ပြေလာပါပြီ။ grid server နဲ့ vbulletin ကို ကိုမင်းကျော်က စိုက်ဝယ်ပေးထားတယ်။ အလှုငွေနဲ့ အကြွေးပြန်ဆပ်မှာပါ။ အခုဖြစ်နေတဲ့ ပြသနာတစ်ခုကတော့ Continue reading

Zawgyi keyboard For Ubuntu fixed

ကျွန်တော် ကိုအိမောင်ပြောတဲ့ အတိုင်း bug ကို fix လုပ်ထားပြီးပါပြီဗျာ။

Fixed:
Myanmar Keyboard တွင် ဇော်ဂျီတစ်ခုတည်းထည့်သွင်းထားခြင်း။
Manual တွင် နည်းနည်းပြင်ခြင်း

Download