Socket.io with iOS

သောကြာနေ့က ရုံးမှာ လေ့လာချင်တာ လေ့လာလို့ရအောင် နေ့တဝက် အချိန်ပေးပါတယ်။ ဒါနဲ့ စမ်းချင်နေတဲ့ node.js က socket.io နဲ့ iphone ကို စမ်းပြီး ချိတ်ကြည့်လိုက်တယ်။ နေ့တဝက်လောက်တော့ အချိန်ကုန်သွားတယ်။ လိုချင်တဲ့ library က ရတယ်။ သို့ပေမယ့် socket.io 0.7 နောက်မှာ သုံးမရတာနဲ့ ပြန်ပြင်ထားတဲ့ library ကို သုံးရတယ်။ အဲဒီ library က https://github.com/pkyeck/socket.IO-objc ပါ။

သူက socketio-cocoa https://github.com/fpotter/socketio-cocoa ကို အခြေခံထားတယ်။ socketio-cocoa က 0.7 နောက်ပိုင်းမှာ မရတော့လို့။ နောက်ပြီး အခြား library တွေ ထပ်ဖြည့်ပေးရတယ်။

ထပ်ဖြည့်ပေးရတဲ့ library တွေက

ကဲ ကျွန်တော် စမ်းထားတဲ့ဟာလေးကို အောက်က video မှာ ကြည့်လို့ရပါတယ်။

Useful library for objective-c

Objective-C အခုတလော အရေးများလာရင်း တချို့ library လေးတွေ တော်တော်လေးကို အသုံးဝင်လှပါတယ်။ တနည်းပြောရင် မူရင်း SDK ထဲမှာ မပါဝင်ပဲ အခြား developer တွေ ရေးပေးထားတဲ့ library တွေပေါ့။ အဲဒီ အထဲမှာ ကျွန်တော် အသုံးများတဲ့ library လေးတွေကို ပြန်လည်စုစည်းပြီး တင်ပြလိုက်တာပါ။

JSON Framework

ဒီ library ကတော့ အသုံးအများဆုံးပဲ။ အဓိက အသုံးပြုဖြစ်တာက API တွေကို ခေါ်တဲ့အခါမှာ JSON string return ပြန်ပါတယ်။ အဲဒီ JSON ကို NSDictionary ပြောင်းဖို့အတွက် အဓိက အသုံးပြုဖြစ်ပါတယ်။

Zip Archive

iOS ကနေ တဆင့် upload ပြန်တင်တဲ့ အခါ ဒါမှမဟုတ် download ဆွဲချပြီး zip ပြန်ဖြည်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ Library ပါ။ သာမာန် text data တွေကို zip လုပ်လိုက်တဲ့ အခါမှာ file size သိသိသာသာ သေးသွားပါတယ်။ အထူးသဖြင့် plist database တွေပေါ့။ လက်ရှိ dhamma stream project မှာ အသုံးပြုထားပါတယ်။

Audio Streamer

Audio player တစ်ခု ဖန်တီးတဲ့ အခါမှာ တော်တော် လေးကို အသုံးဝင်ပါတယ်။ iOS SDK မှာ ပါတဲ့ library ထက် ပိုမို အသုံးပြုရတာ လွယ်သလယ် ပိုမိုလည်း ကောင်းမွန်တယ်လို့ ဆိုရပါမယ်။ ဒီ library ကိုလည်း dhamma stream မှာ အသုံးပြုထားပါတယ်။

iPhone Development Intro – 1

iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။

more…