အင်း… ပြောစရာမလိုဘူး ထင်လို့ မပြောပဲ နေခဲ့တာ… ကြားပေမယ့် မလိုဘူးထင်လို့ မပြောပဲ နေခဲ့တာ …. ခက်တယ်… ရှင်းဆိုလည်း ရှင်းရတာပေါ့..
Ornagai မပေါ်လာခင် လွန်ခဲ့တဲ့ ၃ နှစ်လောက် …. ၁၂ လ ပိုင်း ၂၀၀၇ တုန်းက စည်သူ က ကျွန်တော့်ကိုပြောတယ်။ သူ babylon အတွက် dictionary တစ်ခု လုပ်ချင်တယ်။ ဒါပေမယ့် ရိုက်ထားတဲ့စာတွေ မရှိဘူး။ စာတွေ ရှိရင် Babylon builder နဲ့ ပြောင်းပြီး babylon အတွက် လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်။ အဲတုန်းက ဘာသွားတွေ့လဲဆိုတော့ မြန်မာစာ အဖွဲ့က ထုတ်ထားတဲ့ English Myanmar Dictionary ကို သွားတွေ့တယ်။ စည်သူက အထဲက ရေးထားတဲ့ font က Kannaka font ဖြစ်နေတယ်။ နောက်ပြီး ကျွန်တော်တို့ ၂ ယောက် လိုချင်တဲ့ ပုံစံ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ English Myanmar Dictionary မှာ စာလုံးတွေက adj , adv တွေ ခွဲထုတ်ထားတာ မဟုတ်ဘူး။ စာလုံး တစ်ခုထဲမှာ adj က ဘာ adv က ဘာဆိုပြီး ထပ်ရှင်းထားတာ။ အဲဒါကို ပြောင်းလိုက်ရင် search လုပ်တဲ့အခါမှာ စာလုံးတွေ ရှာတွေ့တော့ မှာ မဟုတ်ဘူးလို့ စည်သူ နဲ့ ကျွန်တော် တိုင်ပင်ခဲ့တယ်။ ဒါနဲ့ စည်သူက MZ မှာ တင်မယ်ကွာဆိုပြီး တင်လိုက်တယ်။ အဲဒီ post က အခုထက်ထိ ရှိနေတုန်းပဲ။ Continue reading
More…