Ornagai API alpha version

ကြာသာပတေးနေ့က ကိုသာသာ နဲ့ လူပျိုကြီးတို့နဲ့ စကားပြောရင် ornagai  udk RESTful API ထုတ်ပေးပါလားဆိုတာနဲ့ ဒီနေ့ စမ်းကြည့်လိုက်တယ်။ post method ကတော့ စမ်းပြီးပြီ အဆင်ပြေတယ်။ ဒါပေမယ့် အခုတော့ မထုတ်သေးဘူး။ App ID နဲ့ secret key ၂ ခုနဲ့ အလုပ်လုပ်မလားစဉ်းစားနေတာ။ အဲဒီအတွက် register page က ရေးရအုံးမယ်။ နောက်အပတ်လောက်မှပဲ လုပ်ဖြစ်မယ်ထင်တာပဲ။ အခု api ကို စမ်းချင်တဲ့ သူတွေက အောက်မှာ သွားဖတ်လို့ရပါတယ်။ နောက်ဆိုရင် api နဲ့ စာလုံး အသစ်ထည့်တာတွေပါလုပ်လို့ရတော့မှာပါ။

http://wiki.github.com/saturngod/ornagai-V2/api

Ornagai Android App

ornagai ကို tsv နဲ့ babylon တို့အတွက်တော့ မထုတ်ရသေးဘူး။ ဒီနေ့ index ထောက်တာ စောစောပြီးရင် babylon , tsv , stardict တို့အတွက် ထုတ်ပေးဖို့ပဲ။ ဒါပေမယ့် index ထောက်ဖို့ရေးရတာ တော်တော်ကြာသွားတယ်။ Nexus One မှာတော့ မြန်ပေမယ့် ကျွန်တော် စမ်းတဲ့ HTC G1 မှာတော့ တော်တော်နှေးတယ်။ data တင်ပဲ 6.5 MB ရှိတယ်။ Ornagai Android ကိုသွင်းမယ်ဆိုရင်တော့ 7 MB လောက်တော့ နေရာယူလိမ့်မယ်။ English Myanmar ပဲ ပါပါတယ်။ ဇော်ဂျီကို font မရှိပဲ ဖတ်လို့ရတယ်။ CPU speed ကတော့ နည်းနည်း စားမယ်ထင်တယ်။ Index file ကို တစ်ခုခြင်းဆီ သွားဖတ်ထားလို့ပါ။ search ကတော့ အရင်ကထက် ပိုမြန်လာပါတယ်။ နောက်ပြီး a , b , c စတဲ့ စာလုံးတစ်လုံးတည်းတွေ ရှာခွင့်မပေးထားတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မလိုအပ်သလို index သီးသန့် ထပ်ပြီး ထောက်ပေးနေရင် ရှာတဲ့အခါ ပိုနှေးသွားမှာ ဆိုးလို့ပါ။ ornagai.apk.zip ကို download ချ။ zip ဖြည်လိုက်ရင် apk ရမယ်။ ပြီးရင် sd card ထဲထည့်။ ပြီးရင် App Installer နဲ့ သွင်းလိုက်ရင် ရပါတယ်။

ornagai.apk

Andoroid Ornagai demo

နောက်ဆုံး ornagai data တော့ မဟုတ်သေးဘူး။ index မထောက်ရသေးလို့။ index ထောက်ပြီးမှ အသစ်ထပ်တင်တော့မယ်။ market မှာတင်ဖို့ပဲ $25 တောင်းလို့ မတင်တော့ပါဘူး။ zip ကို ဖြည်လိုက်ရင် apk ရမယ်။ apk ကို Android Market က App Installer နဲ့ သွင်းလို့ရပါတယ်။

ornagai.apk

Wow… MVC

ဒီနေ့ Ornagai ကို iphone,android support လုပ်အောင် ဆွဲတော့မှ MVC ဘာကြောင့်ကြိုက်လဲ သဘောပေါက်တော့တယ်။ ဘာဆိုဘာမှ မလိုဘူး။ Controller ကလည်း အရင်အတိုင်း ပို့တာပဲ။ Model ကနေ အရင်လိုပဲ Function ခေါ်ပြီး သုံး။ လိုအပ်တာကို view ကို ပို့ပေးလိုက်တာ။ Model ကလည်း အသစ်ပြန်ရေးစရာမလိုသလို Controller ကလည်း နာမည်လေးပဲ ပြောင်းသွားတာရှိတယ်။ များများ စားစား အသစ်ပြန်ရေးစရာ ရှိကို မရှိတာ။ View မှာ design လေး ပြင်လိုက်ရုံပဲ။ ၁ ရက်ထဲနဲ့ ပြီးသွားတယ်။ အရင်တုန်းကဆိုရင် Design ပြောင်းပြီဆိုရင် စိတ်ပျက်ဖို့ကောင်းတယ်။ အကုန်လုံးကို ပြန်ပြင်ရတာကို။ code တွေကလည်း design ထဲမှာရောနေတော့ မနည်းလိုက်ပြင်ရတယ်။ page တစ်ခုထဲမှာတင် design နဲ့ code တွေနဲ့ ပေါင်းလိုက်ရင် မနည်းဘူး။ မနည်းရှာဖတ်ပြီး အစအဆုံး နီးပါး ပြင်ရတာ။ code အသစ်မရေးရပေမယ့် တော်တော်လက်ပေါက်ကပ်တဲ့အလုပ်ဗျ။ အခုတော့ CI နဲ့ရေးထားတော့ ပြင်ရတာ တော်တော်လွယ်သွားတယ်။ ဘာမှလည်း လုပ်စရာမလိုဘူး။ Design လေးထည့်။ variable လေးထည့်လိုက်ရုံပဲ။ MVC ကိုတော့ ရေရေလည်လည်သဘောကျသွားပြီ။

iStardict with ornagai

ဘယ်လို သွင်းရမလဲဆိုတာကိုတော့

http://www.macforus.com/lang/my-my/istardict

အဲမှာ ရေးထားတယ်။

ornagai အတွက် stardict dictionary ကိုတော့

http://github.com/saturngod/ornagai-V2/downloads

အဲကနေ download ယူလို့ရပါတယ်။ en-mm ကော mm-en ပါရှိပါတယ်။