ornagai svn

http://ornagai.googlecode.com/svn/trunk/ မှာ ornagai နဲ့ ဆိုင်တဲ့ tsv file, babylon,startdict စတာတွေကို ထည့်ပေးထားပါတယ်။ wxPydict မှာတော့ လုပ်ပုံလုပ်နည်းလေးပဲ ထည့်ထားတယ်။ အဲဒါကို အောက်မှာ ဖော်ပြထားပါတယ်။
Continue reading

ornagai use zawgyi 2009

မနက်ဖြန်မှ အသေးစိတ်ရေးပေးတော့မယ်… အခု ဇော်ဂျီ ၂၀၀၉ ပြောင်းလိုက်ပြီ။ add word အတွက် image verify မထည့်ရသေးဘူး။ မနက်ဖြန်မှ ထည့်တော့မယ်။ အဲဒါမတိုင်ခင် ကိုစိုးမင်း ရဲ့ python code ကိုကြည့်ပြီး php နဲ့ normalization အသစ်ပြန်ရေးရမယ်။အခုတော့ အိပ်ပြီ။ မနက်ဖြန် စောစောထရမည်။ စာလုံးအသစ်တွေတော့ ထည့်ထားတယ်။ en2mm ကော mm2em နှစ်ခုစလုံး tsv ထုတ်ပေးမယ်။ မနက်ဖြန် မနက်စောစော သွားစရာလေးရှိလို့ ဒီညတော့ upload မတင်နိုင်တော့ဘူးဗျာ။

Zawgyi 2009 & Ornagai

Zawgyi 2009 မှာ ornagai က စပြီး ပြဿနာ စကြုံနေရတယ်။ ဘာပြဿနာလဲဆိုတော့ ပက်ဆင့် ပြဿနာပဲ။ အခြားဟာတွေက normalize လုပ်ထားတော့ ကိစ္စမရှိပေမယ့် ပက်ဆင့်က storage ပုံစံပြောင်းသွားတယ်။ ပက်ဆင့်အတွက် code point နှစ်ခု သွားသိမ်းတယ်။ zawgyi 2008 သုံးက တစ်ခုပဲ သိမ်းထားတယ်။ အခု စဉ်းစားနေတာ ဘာဆက်လုပ်ရမလဲဆိုတာကိုပေါ့။ 2008 နဲ့ပဲ ရှာရှာ 2009 နဲ့ပဲရှာရှာ ရအောင်လုပ်ရမယ်လေ။ 2008 က ပက်ဆင့်တွေက 2009 မှာ ဖတ်လို့ရတယ်။ ဒါပေမယ့် 2009 က ပက်ဆင့်တွေကို 2008 မှာ ဖတ်လို့မရဘူး။ အဲဒီဟာကို စဉ်းစားနေတာ။ 2009 ကို 2008 format ပြောင်းတဲ့ system ထည့်ရင်ကောင်းမလားပေါ့။ အခုပြဿနာ တစ်ရပ်က ဘာလဲဆိုတော့ မေတ္တာဆိုတဲ့ စာလုံးဆိုပါဆို့ Continue reading

မြန်မာတွေကို စိတ်ပျက်တယ်

မြန်မာတွေကို တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပြီ။ စာဖတ်လို့ ပြီးလို့ အခု ည ၂ နာရီထိုးသွားပြီ။ ဒါနဲ့ ornagai မှာ စာလုံးလေးတွေ သွားစစ်လိုက်အုံးမယ်လေ ဆိုပြီးသွားတော့ စာလုံး အလုံး ၃၀၀ လောက်ရှိတော့ အသစ်တွေ များလှချည်လားပေါ့။ စာလုံးတွေ စစ်ကြည့်လိုက်တော့ ဆဲထားတာတွေကော မကြားသင့်တဲ့ စာလုံးတွေကော နောက်ပြီး အဘိဓာန်ထဲမှာလည်း ရှာမတွေ့ google မှာလည်း ရှာမတွေ့တဲ့ စာလုံးတွေကော… အမှန်အကန် ဖြည့်ထားပေးတာ ၁ လုံး ၂ လုံးလောက်ပဲတွေ့သေးတယ်။ ကျွန်တော် စာလုံးတွေကို dictionary ၂ အုပ် နဲ့ တိုက်စစ် မတွေ့ရင် babylon မှာရှာ သေချာအောင် google မှာ ထပ်ရှာပြီး စာလုံးတွေ စစ်ပေးနေတာ အရမ်းအားနေလို့ လုပ်နေတယ်လို့ ထင်နေကြလားမသိဘူး။

စာအုပ်ထဲမှာ ဖတ်ဖူးတယ်.. မြန်မာတွေဟာ ၁၀၀ မှာ ၁ ယောက်က ကူပြီး ကျန်တဲ့လူတွေက နှောက်ယှက်နေတဲ့လူတွေပဲတဲ့.. အခု ornagai လုပ်တော့ အော်.. မှန်လိုက်လေခြင်းပါလား…. ( မဟုတ်မက စာလုံးတွေ လျှောက်ထည့်တာလောက် စိတ်ဆိုးတာ မရှိဘူး.. ဒီမှာ dictionary အနည်းဆုံး ၂ အုပ်လောက်နဲ့ တိုက်စစ်ပြီး ထည့်နေတာကို စာနာ နားလည်မှုမရှိဘူး… ) တစ်ခါတစ်လေ မြန်မာတွေကို အရမ်းစိတ်ပျက်တယ်..

အဲလို အလကားကောင်တွေကြောင့် အချိန်ကုန်ခံနေရတယ်။ လွယ်လွယ်နဲ့ စာလုံး အသစ်ထည့်ခိုင်းမိတဲ့ ငါ့အမှားပဲ။ စာလုံးအသစ်ထည့်တဲ့ ပုံစံ ပြင်တော့မယ်။ အလုံး ၂၀ လောက်တော့ စစ်ပြီးချိန်မှာ ၁ လုံးပဲ အမှန်ထည့်ထားတာ။ တော်တော်လေးကို စိတ်ပျက်သွားတာ။ အခုမှ နားလည်သွားတာ။ အမွေဆိုး ရတယ်ဆိုတာ ကိုယ်တိုင်ဖန်တီးခဲ့လို့ အမွေဆိုးတွေ ရနေတာ။ သူများကို အပြစ်မတင်နဲ့လို့ ဆုံးသွားတဲ့ အဖိုးပြောခဲ့တဲ့ စကားလေး သတိရမိတယ်….

Update: အလုံး ၄၀ ကျော်တဲ့ အချိန်မှာတော့ တော်ပြီ… လကုန်မှပဲ လုပ်တော့မယ်.. စာလုံး အမှန်ဆိုလို့ ကိုယ့်ထည့်ထားတဲ့ စာလုံး ၃လုံး + သူများထည့်ထား စာ ၁လုံးတောင် တွေ့တယ်။ အိပ်ရေးပျက် ပင်ပန်းတာပဲ အဖတ်တင်တယ်။ စိတ်ကုန်သွားပြီ။ လကုန်မှပဲ ပြန်စစ်တော့မယ်။ add system code ကိုတော့ ပြောင်းမှရမယ်။ မနက်ဖြန်မှ ပဲ coding ရေးပြီး တင်လိုက်တော့မယ်။

Can You Make CMS from Zero ?

အဲဒီလို မေးခွန်းလေးတွေ မေးလာရင် ကျွန်တော့်အနေနဲ့ကတော့ Yes,I can ပဲဗျ ။ အခု အချို့လူငယ်လေးတွေက ကိုယ်တိုင်ရေးသားဖို့ အားသန်ကြတာကို တွေ့ရလို့ သဘောကျမိပါတယ်။ ဒါပေမယ့်လည်း blogger ခင်ဦးမေ ပြောသလိုပေါ့။

ကျောက်တုံးကို ရွှေ့တယ်ဆိုတာ ရွေ့သွားမှ အလုပ်ဖြစ်တာပါတဲ့။ တွန်းနေတာက အလုပ်ဖြစ်နေတာမဟုတ်ဘူး။

ကျွန်တော်တို့တွေအနေနဲ့ ကိုယ်ပိုင် CMS တစ်ခု ဖန်တီးနိုင်မလားဆိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါဆို ဘာလို့ မဖန်တီးတာလဲဆိုတဲ့ မေးခွန်း ဆက်လာစမြဲပါ။ ဖန်တီးနိုင်ပါပေမယ့် LTS ( Long Term Support ) က မလွယ်လို့ပါ။ LTS မရှိရင် အဲဒီ CMS/Blog Engine လိုမျိုး project ကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ security fix တွေအမြဲထုတ်ပေးဖို့လိုတယ်။ community ကို supporting ကောင်းကောင်းပေးနိုင်ဖို့လိုတယ်။ supporting မကောင်းတဲ့ product ဟာ အောင်မြင်မှာ မဟုတ်ဘူး။ user feedback မလေးစားတဲ့ product ကလည်း ပေါက်မှာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ opensource မဟုတ်ပဲ ကိုယ့်ဘာသာ ကိုယ် private ဖြစ်စေ opensource မဟုတ်အတွက်ပဲ သီးသန့် သုံးဖို့အတွက်ဖြစ်စေ ရေးဆွဲတာကတော့ ဖြစ်နိုင်ပါတယ်။

opensource ပေးပြီးဆိုရင် ကျွန်တော်တို့အနေနဲ့ LTS ကို မဖြစ်မနေ ထည့်သွင်းရမယ်။ LTS ပါလာသည်နဲ့အမျှ ငွေကြေးပိုင်းဆိုင်ရာ သုံးစွဲမှုတွေ ရှိလာတော့မယ်။ ဒါကြောင့် ရေရှည်ရပ်တည်ဖို့ မြန်မာနိုင်ငံအနေနဲ့ကတော့ မလွယ်ပါဘူး။ နောက်ပြီး CMS တစ်ခုကို ရေးဆွဲတဲ့အခါမှာတော့ တစ်ယောက်တည်း ရေးဆွဲနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းတဲ့အလုပ်မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ယောက်တည်းရေးဆွဲတဲ့အခါ အချိန်ကြာမြင့်ခြင်း နောက်ပြီးတော့ Plugins, Theme ပိုင်းဆိုင်ရာတွေအတွက် အားနည်းသွားခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

PHP နဲ့ CMS တစ်ခုကို ရေးဆွဲလို့ရမလား ဆိုရင်တော့ ရတာပေါ့ဗျာ။ Joomla , WordPress, Drupal တွေအားလုံးဟာလည်း PHP နဲ့ ရေးထားတာပါ။ ဒါပေမယ့် ရေးဆွဲမယ်ဆိုရင်တော့ သေချာကျနတဲ့ system design ရှိဖို့လိုမယ်။ နောက်ပြီး Framework ကို အသုံးပြုသင့်တယ်။ OOP ကိုလည်း အသုံးပြုရမှာပဲ။ OOP က လူတစ်ယောက်ထက်ပိုပြီး လုပ်ကိုင်တဲ့ အလုပ်တွေမှာ အရမ်းကို ကောင်းမွန်ပါတယ်။ OOP ကို အသုံးပြုမယ်ဆိုရင် ကောင်းမွန်တဲ့ UML design တွေ ဆွဲထားဖို့ လိုတယ်။ OOP မပါရင် လူတွေ အများကြီး ပူးပေါင်းရေးသားရာမှာ ပြဿနာတွေ အများကြီးဖြစ်နိုင်တယ်။ OOP concept က လူတွေကို တာဝန်ခွဲဝေ ယူနိုင်အောင် ဖန်တီးပေးပါတယ်။ UML diagram တွေက OOP concept ကို မြန်ဆန်စေတယ်။

တကယ်လို့ CMS ဖြစ်ဖြစ် Blog တစ်ခုဖြစ်ဖြစ် ရေးဆွဲချင်ရင်တော့ အားပေးပါတယ်။ ကိုယ့် site လေးမှာ ကိုယ်အသုံးပြုပေါ့။ CMS/ Blog Engine ရေးဆွဲခြင်းဟာ အများကြီးကို ပညာရစေပါတယ်။ OOP ရဲ့ အကျိုးကျေးဇူးတွေ နားလည်လာတယ်။ System တစ်ခုလုံးကို ခြုံငုံသုံးသပ်လာနိုင်မယ်။ User တွေ ဘာလိုအပ်လဲဆိုတာကို ကိုယ်ခံစားပေးလာနိုင်ပါတယ်။ ဆွဲနိုင်တဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ ငွေကြေး ကိစ္စ ထည့်သွင်း စဉ်းစားဖို့ မလိုဘူး ဝါသနာပါလို့ လုပ်တယ်ဆိုရင် လုပ်ပါ။ ကျွန်တော့် အနေနဲ့ကတော့ အကြံဉာဏ်လောက်တော့ ပေးနိုင်မှာပါ။ လက်ရှိမှာတော့ ornagai တစ်ခုလုံးကို MVC ပြောင်းတော့ UML diagram တွေ မဆွဲမိလေခြင်းဆိုပြီး နောင်တ ရနေရပါတယ် system တစ်ခုလုံး ရှုပ်ပွနေရော။ MVC နဲ့ ရေးသားတဲ့အခါ System Flow လည်းမရှိ UML diagram လည်းမရှိ စိတ်ထင်ရာ ရေးထားတာ တော်တော်လေး ကြည့်ရဆိုးတယ်။ ရေးရခက်တယ်ဆိုတာကို တွေ့လာတယ်။ ဘယ်ဟာကို Model တွေထားမယ်။ View နဲ့ ဘယ်လိုချိတ်မယ်။ Controller မှာ ဘယ်လို variable တွေ ပို့မယ် စတာတွေနဲ့ ပတ်သက်သာတွေ မရှိပဲ ရေးသားမိတဲ့အတွက် အခုတော့ အစကနေ ပြန်ရေးရမယ့် ကိန်းပေါက်နေတာနဲ့ အခြားလူတွေလည်း CMS ရေးချင်တယ်လို့ ပြောကြတော့ ဒါလေးကို ရေးလိုက်တာပါ။ သိသင့်သိထက်တာလေးတွေ အနေနဲ့ ရေးလိုက်တာပါဗျာ။

မြန်မာ word in stardict

မြန်မာစာ ရှာဖို့အတွက် stardict အတွက် ornagai က dictionary စမ်းသုံးခဲ့တယ်။ ဒါပေမယ့် အဆင်မပြေဘူးဗျ။ ဘယ်လိုအဆင်မပြေတာလဲဆိုတော့ Windows မှာ –္တ လိုမျိုး အောက်က ဟာတွေကိုရိုက်လို့မရဘူးဖြစ်နေတယ်။ Linux မှာတော့ အိုကေတယ်။ လက်ရှိ အနေနဲ့ မြန်မာ To English Dictionary အတွက် ကိုစိုးမင်းရဲ့ dictionary က အသင့်တော်ဆုံးပဲ။ babylone မှာတော့ စာရိုက်တဲ့ textbox နေရာမှာ မြန်မာလိုမပေါ်ဘူး။ ကိုစိုးမင်းရဲ့ dictionary ကတော့ normalization လည်းပါတယ်။ နောက်ပြီး က ိ ု ပဲ ဖြစ်ဖြစ် က ု ိ ပဲဖြစ်ဖြစ် ရှာပေးနိုင်တော့ တော်တော်အဆင်ပြေပါတယ်။ stardict အတွက် မြန်မာ To english ထပ်ထုတ်ဖြစ်မှာ မဟုတ်လောက်ဘူး။ ကိုစိုးမင်း ရဲ့ dict အတွက်ပဲ နောက်လ ဆိုရင် ထုတ်ဖြစ်မယ်ထင်တယ်။

Use Latest Ornagai in wxPydict

အရင်ဆုံး Ornagai tsv file ကို download ချရပါမယ်။ ဒီကို အရင်သွားပြီး TabData ဆိုတာလေးကို download ချလိုက်ပါ။ ပြီးရင် zip ဖြည်ချလိုက်တဲ့အခါမှာ entab.tsv ဆိုတဲ့ file လေးရပါမယ်။ အဲဒါကို ornagai.txt လို့ နာမည်ပြောင်းလိုက်ပါ။ ပြီးရင် wxPydict သွင်းထားတဲ့ လမ်းကြောင်း (C:\Program Files\wxPyDict) ဆီသွားပြီး paste လုပ်လိုက်ပါ။ overwrite လုပ်မလားဆိုရင် လုပ်လိုက်ပါ။ ပြီးရင်တော့ wxPyDict ကို ဖွင့်။ Menu မှာ Update > Rebuild Database ဆိုတာလေးကို နှိပ်လိုက်။ အောက်က status မှာ build လုပ်နေကြောင်း ပြနေပါမယ်။ Done! ပြီးသွားပြီဆိုရင်တော့ Ornagai နောက်ဆုံး dictionary လေးရသွားပါပြီဗျာ။ wxPydict က alpha version ပဲရှိသေးပေမယ့် မြန်မာတွေအတွက် တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် စာလုံး အကြီး အသေးရှာရင် ပြဿနာ ရှိသေးတယ်။ Mr ဆိုတဲ့စာလုံး ရှာမရဘူး။ နောက်ပြီးတော့ Mrs လည်းမရဘူးဗျ။ ရှေ့က စာလုံးအကြီးနဲ့စတာတွေကို မရှာဘူးဖြစ်နေသေးတယ်။