Bada OS

Samsung ကလည်း Bada OS ကို စတင်လိုက်ပြီ။ သူ့ ဖုန်းတွေအတွက်ပေါ့။ နောက်ပြီး SDK လည်း ထုတ်ပေးထားတယ်။ Developer တွေအနေနဲ့ app တွေရေးလို့ရတယ်။ market place လည်း လုပ်ပေးထားမယ်ပြောတယ်။ developer challenge လည်း လုပ်မယ်ပြောတယ်။ ဆုက တော့ $ 3 သိန်းပါတဲ့ဗျာ။ အကြိုက်ဆုံးကတော့ Flash UI ဆိုတာပဲ။ Flash ကို fully အလုပ်လုပ်တယ်။ bada ကလည်း cloud ကိုပဲဦးတည်ထားသလိုပဲ။ ထုံးစံအတိုင်း facebook , twitter တွေ ရတယ်ပေါ့ဗျာ။ အခြား OS တွေ ထက် ထူးထူးခြားခြား ဖြစ်လာတာ တော့ မတွေ့မိဘူး။ ထူးခြားတာဆိုလို့ Flash လောက်ပဲရှိတယ်။ Game ကလည်း iPhone မှာရနေတာပဲလေ။ cloud ကလည်း android ကြီးရှိနေတာပဲ။ Android ရှိရဲ့သားနဲ့ ဘာလို့ OS ထုတ်လည်းတော့ မစဉ်းစားတတ်အောင်ပဲ။ နောက်ပြီး သူ့ presentation က လှပေမယ့် ပြောတဲ့ သူက မကောင်းဘူးဗျ။ Steve ကြီးနဲက ယှဉ်လိုက်ရင် တခြားဆီပဲ။ presentation လုပ်ထားတာလည်း ညံ့တယ်။ Animation တွေ စွတ်ထည့်ထားတာပဲရှိတယ်။ Statics တွေ တစ်ခုမှ မပါဘူး။ နောက်ပြီး စကားပြောတာ အားမပါဘူး။ စကားကိုလည်း ထိန်းပြောနေတော့ သူပြောတာတွေက မထိရောက်တော့ဘူး။ OS က ကောင်းချင်ကောင်းမှာပါ။ ဒါပေမယ့် presentation ကတော့ သိပ် သဘောမကျမိဘူး။ ပြောနေတဲ့သူ ကိုယ်တိုင်က သူ့ product ကို အောင်မြင်မယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောနေတာမဟုတ်တော့ ကြည့်ရတာ တော်တော်ခက်သား။ Microsoft တို့ Apple တို့ presentation တွေ ဆို ရေလည်မိုက်တယ်။

http://video.saturngod.net/other-source/bada-os

Chrome Extension Officially

https://chrome.google.com/extensions

mac မှာကတော့ သုံးမရသေးပါဘူး။ Linux မှာက chrome က မြန်မာ unicode တွေနဲ့ပြဿနာဖြစ်နေပါတယ်။ Windows အတွက်တော့ အဆင်ပြေပါတယ်။

android v0.1

ဒီနေ့ Androido ကို စမ်းကြည့်တယ်။ အဖြေက ရှင်းပါတယ်။ မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ mouse သုံးမရလို့ပါ။ သူက touch ကို ရည်ရွယ်တဲ့ ပုံပေါ်တယ်။ နောက်ပြီးတော့ ဖုန်း OS တစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ အဆင်မပြေဘူး။ Netbook မှာ သုံးဖို့လည်း မသင့်တော်သေးဘူးထင်တယ်။ touch နဲ့ ဆိုမှ အဆင်ပြေလိမ့်မယ်။ web ကို အားကိုးတဲ့ OS ဖြစ်တဲ့အတွက်ကြောင့် developer တွေအတွက် လုံးဝကို အဆင်ပြေမှာမဟုတ်ဘူး။ အများအားဖြင့် local စမ်းပြီးမှပဲ web ပေါ်တင်ကြတယ်ဆိုတော့ IDE တွေကလည်း web ပေါ်မှာ အခုထက်ထိ မရှိသေးဘူးလေ။ web ပေါ်မှာ လုပ်လို့မရသေးတာ အများကြီးပါ။ ဖုန်း OS အနေနဲ့ပဲ သင့်တော်တယ် OS တစ်ခုပါ။ ဖုန်း OS အနေနဲ့ အဓိက ထုတ်လိုက်တာကြောင့် mouse သုံးလို့မရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

Android Developer1 မှာ ပြောထားတာကတော့

Android is a software stack for mobile devices that includes an operating system, middleware and key applications.

သူ့မှာ သုံးထားတဲ့ application တော်တော်များများကတော့ java နဲ့ရေးထားတာလို့ ထင်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့

အဲဒီအကြောင်းကို2 ဒီလိုပြောထားပြန်တယ်။

Android includes a set of core libraries that provides most of the functionality available in the core libraries of the Java programming language.

သူက Linux Kernel ကို အသုံးပြုပြီးတော့ Display Driver, Camera Driver,Flash Memory Driver,Keyboard Driver,Wifi Driver,Audio Driver,Power Management and Binder (IPC) Driver တို့ကို ခေါ်တင်ပြီး အလုပ်လုပ်ထားပါတယ်။3

Boot တက်တာတော့ တော်တော်မှန်တယ်။ ဒါပေမယ့် Touch မဟုတ်တဲ့အတွက် သူနဲ့ boot တက်ပြီး internet သုံးရတာ အဆင်မပြေလှဘူး။ Netbook တွေဟာ touch screen တာဖြစ်သွားခဲ့မယ်ဆိုရင်တော့ Android ဟာလည်း အသုံးဝင်လာကောင်း ဝင်လာမှာပါ။ အခုတော့ v0.1 ဆိုတဲ့အတွက် ဘာမှ သုံးလို့မရသေးပါဘူး။ သူပြောတဲ့ ၂၀၁၀ ကိုစောင့်ကြည့်ကြတာပေါ့ဗျာ။

  1. http://developer.android.com/guide/basics/what-is-android.html []
  2. http://developer.android.com/guide/basics/what-is-android.html []
  3. http://developer.android.com/images/system-architecture.jpg []

What the Future ?

အခုအချိန်မှာ OS တွေ အပြိုင်အဆိုင် ဖြစ်နေကြပြီ။ Windows , Mac , Linux ဆိုပြီး အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ ဒါက desktop ပေါ်မှာ ပြိုင်ဆိုင်မှုတွေပေါ့။ ဒါ့အပြင် hand phone ပေါ်မှာလည်း ပြိုင်ဆိုင်မှုတွေ စပါပြီ။ Google ရဲ့ android ကလည်း စိတ်ဝင်စားစရာပါ။ အကုန်လုံးက သိကြပါတယ်။ Desktop ပေါ်ပြီးရင် Web ပေါ်ရောက်လာမယ်။ application တွေကို web ပေါ်မှာ run မယ်။ ပြီးရင် hand phone နဲ့ web တွဲမယ်။ အဲဒီအတွက် hand phone လောကရဲ့ OS အတွက် စတင်ပြိုင်ဆိုင်နေကြပါပြီ။ android က open handset ဖြစ်ပြီး hand phone OS အတွက် စိတ်ဝင်စားမှု တစ်ခုပါ။ သူအောင်မြင်မယ်လို့လည်း ပြောမရလို့ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း ပြောမရဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ Linux လည်း အောင်မြင်စရာလို့ ထင်ရပေမယ့် Windows လောက်မအောင်မြင်သေးတာအမှန်ပါ။ ဒါပေမယ့် အနာဂတ်အတွက် linux ကို တဖြည်းဖြည်း စိတ်ဝင်စားလာကြပါတယ်။

အကုန်လုံးက hand phone အတွက် OS စျေးကွက်ဆီကို ဦးတည်နေကြပါတယ်။ windows mobile , iPhone , Symbian OS က စျေးကွက်ရှိပြီးသားတွေဖြစ်ပြီး အခု android ကလည်း စတင်ထိုးဖောက်တော့မှာပါ။

ကျွန်တော်တို့ အနာဂတ်ကို မျှော်ကြည့်ရအောင်။ ကျွန်တော်မြင်တဲ့ အနာဂတ်က ကျွန်တော့်အမြင်မှာ။ မဖြစ်နိုင်ဘူးလို့လည်း ဆိုချင်ဆိုပါ။ ကျွန်တော်ကတော့ ကျွန်တော့် အမြင်ကို ပွင့်ပွင့်လင်းလင်း ရေးသားမှာပါ။

အမှန်တိုင်းဆိုရင် ကျွန်တော်တို့တွေဟာ OS ကို အလေးထားလာတာကိုတွေ့ရမှာပါ။ OS ရှိမှ application တွေ အလုပ်လုပ်နိုင်မှာလေ။ ဒါဆို OS မရှိရင် မဖြစ်ဘူးပေါ့။ နောက်တစ်ချက်က internet ။ ကျွန်တော်တို့တွေဟာ ဘယ် OS ပဲသုံးသုံး internet သုံးလို့ရပါတယ်။ အနာဂတ်မှာကော။ OS ရှိမှ internet သုံးလို့ရမှာလား။ OS မရှိပဲ internet connection ချိတ်လို့မရဘူးလား။

အဲဒီအတွက် hand phone ကိုကြည့်ရအောင်။ hand phone OS သေးသေးလေး နဲ့ internet ချိတ်လို့ရတယ်။ နောက်ပြီး အမျိုးမျိုးသော device တွေကလည်း internet ချိတ်လို့ရပါတယ်။ ဒါဟာ စိတ်ဝင်စားစရာနည်းပညာပါ။ ကျွန်တော်တို့ PC တွေကကော windows မတက်လာပဲ…. Linux မတက်လာပဲ… internet သုံးလို့မရဘူးလား။ မရပါဘူး။ အခုချိန်ထိ မရသေးပါဘူး။ တစ်ချို့ device တွေတော့ ကြားဘူးတယ်။ computer မဖွင့်ပဲ email စစ်တာတွေ internet ကြည့်တာတွေ လုပ်လို့ရတယ်တဲ့။ ဒါပေမယ့် လူတွေ သိပ်ဂရုမပြုမိသလို သိသိသာသာ အောင်မြင်မှုလည်း မရခဲ့ပါဘူး။

ကျွန်တော့်အမြင်တော့ နောက်တချိန် PC hardware တွေက windows မဖွင့်ပဲနဲ့ internet တိုက်ရိုက် ချိတ်ဆက်လာနိုင်လောက်ပါမယ်။ ဘာမှ သုံးလို့မရပေမယ့် browser လေးတစ်ခုဖွင့်လို့ရရုံနဲ့ လုံလောက်ပါတယ်။ OS မရှိပဲ ဘာလုပ်မှာလဲလို့ မေးစရာရှိတယ်။

OS ကိုဘာလို့သုံးတာလဲ။ သာမာန် user အတွက် သီချင်း နားထောင် ၊ video ကြည့် ၊ အခွေကူး ၊ ပုံဆွဲ အပြင် အခြား အမျိုးမျိုးသော အရာတွေအတွက်ပေါ့။ Web ပေါ်မှာ အခုအချိန် အရာအားလုံးကို မစွမ်းဆောင်နိုင်သေးပါဘူး။ စွမ်းဆောင်နိုင်လည်း တစ်စုထဲ ဖြစ်မနေသေးပါဘူး။ ဒါလုပ်ချင်ရင် ဟို website သွား။ ဒီ website သွားနဲ့ဆိုလည်း မဖြစ်သေးပါဘူး။

အဲဒီအချိန်ဆိုရင် ကျွန်တော်တို့တွေအတွက် Web OS တွေ တွင်ကျယ်လာကောင်းလာမှာပါ။ Web OS တွေကို သုံးကြည့်တော့ Linux လောက်တောင် မကောင်းသေးတာကို တွေ့ရပါတယ်။ သဘောတော့ ကျစရာဖြစ်ပေမယ့် သုံးရတာ နှေးတယ်။ ကျွန်တော့် connection ကြောင့်လည်း ဖြစ်မှာပါ။ ဒါပေမယ့် အနာဂတ်မှာ အားကိုးစရာဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ connection တွေဟာ ကြောက်ခမန်းလိလိ လျှင်မြင်လာရင် microsoft အနေနဲ့ OS ကြီးကို web ပေါ်တင်ဖို့ စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။ ဒီလို ခိုးကူးခွေတွေကို ထိန်းချုပ်ခြင်းအတွက် web ကနေ အသုံးပြုနိုင်တာ အကောင်းဆုံးပဲ။ ဒါကြောင့် OS တွေကို အနာဂတ်မှာ web ပေါ်ကို ပြောင်းလာနိုင်ပါတယ်။ Web ပေါ်မှာလည်း open source OS နဲ့ ဝယ်သုံးရတဲ့ OS တွေဆိုပြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့ မသိပါဘူး။ internet connection အလွန်ကောင်းဖို့လိုပါတယ်။ ဒါဟာ ကျွန်တော့် အတွေးပါ။

လက်ရှိ web OS များ

eyeOS, YouOS, G.ho.st, Ulteo and
DesktopTwo တွေပါ။

အကုန်လုံးက သူ့ဟာနဲ့သူ ကောင်းပါတယ်။ အမြန်ဆုံးကတော့ eyeOS ပါ။ သဘောအကျဆုံးကတော့ Ulteo နဲ့ desktop two ပါ။ ဒါပေမယ့် သုံးရတာ နည်းနည်း ကြာတယ်။ Ulteo ကတော့ တက်လာဖို့ စောင့်ရတာ အကြာကြီး။ Screnn Shoot ပဲကြည့်လိုက်ရတယ်။ ထပ်ပြီးတော့ သုံးဖို့ကြိုးစားကြည့်ရအုံးမယ်။