မနေ့က အောင်စည်သူနဲ့ Food court မှာ စကားပြောဖြစ်တယ်။ ထုံးစံအတိုင်း computer သမားဆိုတော့ စကားပြောတော့ computer အကြောင်းရောက်သွားတယ်။ သူက ပြောတယ် သူ VB6 လုပ်လိုက်တာ အချိန် တော်တော်ကုန်သွားပြီး C++ ကို မလုပ်မိလိုက်တာ မှားသွားတယ်ပေါ့။ VB6 နဲ့ သူ အလုပ်လုပ်ခဲ့တဲ့ Project အကြောင်းလေးလည်း ပြောဖြစ်တယ်။ ကျွန်တော်ကကော …. အင်း.. ကျွန်တော်လည်း VB 6 နဲ့ ၂ နှစ်လောက် အချိန်ကုန်သွားတယ်။ UCSY ကျေးဇူးနဲ့ C++ ကို စပြီး သိခဲ့ရတာ။ နောက်မို့ဆို သိဖြစ်မယ်မထင်။ အခု အချိန်ထိ လေ့လာဘူးတဲ့ language တွေထဲမှာ VB6 နဲ့ Python က အလွယ်ဆုံးပဲ လို့ ဆိုရမှာပဲ။ အဲ… Python နဲ့ကတော့ ဘာ project မှ မရေးဘူးပါ။ Django လုပ်မယ်ဆိုပြီး နည်းနည်းပါးပါး ဖတ်ဘူးတာပဲ ရှိတယ်။ အခြား language တွေလေ့လာရတာထက် လွယ်တယ်လို့ ဆိုရမယ်။ VB 6 ကို ပထမဆုံး Programming Language အနေနဲ့ စတင်ထိတွေ့ခဲ့ရတာကတော့ ဗိုလ်တထောင် ကောလိပ်မှာ SE diploma တက်တုန်းကပေါ့။ Programming ဆိုတာ ဘာမှန်းမသိ။ Virus က programming နဲ့ ရေးရတာ။ Game က Programming နဲ့ ရေးရတာ စသည်စသည်တွေကြောင့် Diploma သင်တန်းကို တက်ဖြစ်ခဲ့တာပေါ့။
Continue reading
Tag Archives: programming
Basic Programming Route
Meet the new language
ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။ language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။
Developer or Programmer
Developer နဲ့ Programmer တွေ မကွဲကြသေးတဲ့သူတွေအရင်ဆုံး dictionary မှာ အဲဒီ စာလုုံး နှစ်လုံးကို ရှာကြည့်သင့်တယ်။
Developer (n) : နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ(သို့)ကုမ္ပဏီ။ (ဖလင်၊ ဓာတ်ပုံ) ပုံဖော်ဆေး။
Programmer (n) : ကွန်ပျူတာအတွက်ညွှန်ကြားချက်ရေးသားပြုစုသူ။
အဲဒါကတော့ ornagai.com မှာ ရှာထားတဲ့ result တွေပါ။ WordNet မှာ ပြထားတဲ့ result တွေကတော့
developer (someone who develops real estate (especially someone who prepares a site for residential or commercial use))
programmer, computer programmer, coder, software engineer (a person who designs and writes and tests computer programs)
လို့ ရေးထားပါတယ်။ wiki မှာဆိုရင်တော့
Programmer
A programmer, computer programmer or coder, is someone who writes computer software. The term computer programmer can refer to a specialist in one area of computer programming or to a generalist who writes code for many kinds of software.
Developer
A software developer is a person or organization concerned with facets of the software development process. They can be involved in aspects wider than design and coding, a somewhat broader scope of computer programming or a specialty of project managing including some aspects of software product management.
What programming language should be learned first ?
အခုမှ programming ကို စသင်မယ်။ ဘာကို စလေ့လာသင့်လဲဆိုတဲ့ မေးခွန်းကတော့ စလုံးရေစဖို့ ပြင်နေတဲ့သူတွေအတွက်က အသိချင်ဆုံးပါပဲ။ ကျွန်တော်ကတော့ C++ ကနေ စသင်စေချင်တယ်။ Why C++ !!! လို့ ဆိုရင်တော့ ရှင်းပါတယ်။ အခြေခံ အကျဆုံးနဲ့ သက်တမ်း အရှည်ဆုံး ဖြစ်ပြီး ယနေ့တိုင် သုံးနေဆဲ language မို့ပါပဲ။ programming စလေ့လာဖို့ ပြင်တဲ့ သူတွေ မေးတတ်တဲ့ မေးခွန်းရှိတယ်။ ဘယ် language က မြန်မာနိုင်ငံအနေနဲ့ သင့်တော်မလဲ။ ဘယ် language က အလုပ်အကိုင် အခွင့်အလမ်း ရှိမလဲ။ PHP တို့ ASP.NET တို့ကကော internet မရှိပဲ ရေးလို့ရလား။ web server တွေလိုတယ်လို့ ကြားတယ်။ စသည်… စသည်ဖြင့် မေးခွန်းပေါင်းမြောက်မြားစွာ ရှိတတ်ပါတယ်။ အရင်ဆုံး ဘာမှမစဉ်းစားနဲ့။ စစဉ်းစားရမှာက ငါ တကယ်လုပ်ချင်ရဲ့လားဆိုတာကိုပါ။ programming ဆိုတာ ဘာမှန်းမသိသေးချိန်မှာ သူများတွေ အလုပ်အကိုင်ကောင်းတယ် နောက်ပြီး Programmer ကြီး ဆိုပြီး အထင်ကြီးစရာထင်တတ်ကြပါတယ်။ Programmer နဲ့ Developer ကွာပါတယ်။ Developing လုပ်တာနဲ့ Progrmming လုပ်တာကလည်း ကွာပါတယ်။ ဒါတွေက နောက်ပိုင်း သိလာမှာပါ။
လုပ်ချင်တာကိုလုပ်
အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။
Continue reading
