Tag Archives: raspberry

Airprint with Raspberry Pi

Raspberry Pi မှာ wheezy သွင်းပြီးတော့ Network Printer ကို cups သွင်းပြီးတော့ Airprint ပါ ရအောင် လုပ်လို့ရပါတယ်။  Raspberry Pi မှာ Cups နဲ့ Airprint သွင်းနည်းကိုတော့ http://rohankapoor.com/2012/06/configuring-the-raspberry-pi-as-an-airprint-server/ မှာ ဖတ်ကြည့်လို့ရပါတယ်။ iOS 6 အတွက် fixed လုပ်တာကိုတော့ http://blog.mornati.net/2012/09/22/linux-airprint-server-for-ios6-devices/ မှာ ဖတ်ကြည့်နိုင်ပါတယ်။

sudo apt-get update
sudo apt-get upgrade
sudo apt-get vim
sudo apt-get install cups
sudo apt-get install python-cups
sudo apt-get install avahi-daemon
sudo usermod -aG lpadmin pi
sudo /etc/init.d/cups start
sudo /etc/init.d/avahi-daemon start

Continue reading

XBian Alpha 4

XBian alpha 4 ကို December 31 က release လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့ weekend မှာ တင်ပြီး update လုပ်ခဲ့ပါတယ်။ XBian alpha 4 မှာ XBMC 12 Frodo ကို အသုံးပြုထားလို့ ကျွန်တော် သုံးနေကျ Quartz Skin ကို အသုံးပြုလို့ မရတော့ပါဘူး။ Default Confluence skin ကို သာ လက်ရှိ အသုံးပြုနေရတယ်။

XBian alpha 4 မှာ Windows အတွက် Installer ကို ထုတ်ထားပေးပါတယ်။ ဒါကြောင့် Windows သမားတွေ လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ Linux နဲ့ Mac သမားတွေကတော့ Terminal ကနေ SD card format ချ ။ dd နဲ့ ပြန်ပြီး img file ကို SD card ပေါ်တင် စတာတွေတော့ လုပ်ရပါလိမ့်မယ်။

Continue reading