Tag Archives: raspberrypi

What can you really do with a Raspberry Pi ?

Raspberry Pi တစ်ခု ရပြီးရင် သာမာန် လူတစ်ယောက်အတွက် ဘာတွေ လုပ်လို့ရလဲဆိုတော့

- XBMC အသုံးပြုပြီး media center ထောင်လို့ရတယ်။

- Web Server ထောင်ပြီး အိမ်တွင်း intranet ဆောက်လို့ရတယ်။

- Samba သုံးပြီး External Hard Disk ကို share ထားလို့ရတယ်။

- USB Printer ကို Air Print printer ပြောင်းပြီး အသုံးပြုနိုင်တယ်။

- Computer အသေးစား အနေနဲ့ သုံးလို့ရတယ်။

- Python , PHP , C++ စတဲ့ programming တွေ လေ့ကျင့်တဲ့ အနေနဲ့ သုံးလို့ရတယ်။

XBMC media center

XBMC media center အတွက် XBian ကို အသုံးပြုနိုင်ပါတယ်။ XBian ကို အသုံးပြုကြည့်တာ 720 p အဆင်ပြေပေမယ့် 1080 MKV ကတော့ တခါတခါ နှေးသွားတာတွေ ဖြစ်တတ်ပါတယ်။

Web Server

Web Server ပိုင်းမှာ apache က တော့ နှေးပါတယ်။ Nginx က ပိုသင့်တော်ပါလိမ့်မယ်။ သို့ပေမယ့် nginx ကို သေချာ config လုပ်နိုင်ဖို့ လိုပါလိမ့်မယ်။ php တစ်ခုတည်းအတွက်ဆိုရင်တော့ pancakehttp.net ကို စမ်း အသုံးပြုနိုင်ပါတယ်။ MySQL ကတော့ နှေးနေပါသေးတယ်။ Mongodb ကတော့ မစမ်းကြည့်ရသေးပါဘူး။ ကိုယ့်ဘာသာကိုယ် linux ပိုင်းမှာ server တွေကို စမ်းကြည့်ချင်တယ်ဆိုရင်တော့ စျေးနည်းနည်းနဲ့ စမ်းလို့ကောင်းတာ တော့ အမှန်ပါပဲ။

Samba

Raspberry Pi ရဲ့ Local Network က အတော်လေးကို နှေးတယ်လို့ ဆိုရမယ့် အဆင့်မှာ ရှိပါတယ်။ ပုံမှန် 1 MB ကနေ 2 MB အထိပဲ file transfer ရပါတယ်။ Samba ကို အသုံးပြုပြီး 4 GB video တစ်ကားကို share ဖို့ ဆိုတာ အတော်လေး စောင့်ရပါလိမ့်မယ်။ External Hard Disk ကို USB နဲ့ တပ်ပြီး file ထည့်လိုက်တာက အများကြီး ပိုမြန်ပါတယ်။ ဒါကြောင့် file server အနေနဲ့ သုံးမယ်ဆိုရင်တော့ raspberry pi ကို အသုံးမပြုသင့်သေးဘူး။

USB Printer

မစမ်းကြည့်ရသေပါဘူး။ ဝယ်ထားတဲ့ raspberry pi က ၂ လ လည်း ကျော်ရော ၁၀ မိနစ် ထက် ပိုပြီး ဖွင့်မရတဲ့ ပြဿနာ ကြုံနေလို့ Element 14 ကို ပြန်ပို့ရ အုံးမယ်။ အခြားသူတွေ စမ်းကြည့်တာတော့ အဆင်ပြေတယ်လို့ ဆိုကြတယ်။

Linux Desktop

Desktop PC အနေနဲ့ သုံးမယ်ဆိုရင်တော့ lxde ကို သာ အသုံးပြုလို့ အဆင်ပြေမယ်။ သို့ပေမယ့် စိတ်ကျေနပ် စရာ ကောင်းလှတဲ့ Desktop quality မျိုးတော့ မရပါဘူး။ ကျွန်တော် ကတော့ desktop ထက် terminal command နဲ့ အသုံးပြုရတာ ပိုအဆင်ပြေတယ်။ Desktop အနေနဲ့ သုံးရတာ နှေးတဲ့အတွက် အဆင်မပြေလှဘူး။

Learning Programming

Terminal ကနေ python , ruby , php စတာတွေကို လေ့လာလို့ရပါတယ်။  programming ကို လေ့လာနေတဲ့ ကျောင်းသားတွေ အတွက် အဆင်ပြေပါတယ်။ သို့ပေမယ့် .NET တော့ သုံးလို့ရမှာ မဟုတ်ပါဘူး။

 

ဒီထက်ပိုပြီး လုပ်နိုင်တာတွေ ကိုတော့ http://www.raspberrypi.org/ မှာ ဖတ်ကြည့်လို့ရတယ်။ အများအားဖြင့် PC computer တစ်ခုထက် hardware ပိုင်းမှာ raspberry pi ကို အသုံးပြုကြတာများပါတယ်။

Build Media Center with Raspberry Pi

Raspberry Pi က S$45 လောက်ပဲ ရှိပါတယ်။ သို့ပေမယ့် Media Center တည်ဆောက်မယ်ဆိုရင်တော့ ဒီ ထက် ပိုကုန်ကျပါမယ်။

လိုအပ်တဲ့ ပစ္စည်းတွေက

၁။ Raspberry Pi (S$48)
၂။ HDMI cable (S$3)
၃။ mini USB to (S$ 5)
၄။ USB Keyboard (S$18)
၅။ 3 Heat Sink (S$15) ( Heat Sink မဝယ်ပဲ ပန်ကာဖွင့်ထားပေးရင်လည်း အဆင်ပြေပါတယ် )
၆။ 8 GB SD card (S$13)
၇။ Internet
၈။ Network Cable
၉။ Wireless Router ( For Mobile Remote Control )

ဒီ ပစ္စည်းတွေ စုစုပေါင်းဆိုရင်တော့ S$ 102 ဖြစ်နေပါပြီ။

Continue reading

Raspberyy Pi

မနေ့ မနက် ၁၀ နာရီလောက်က Pi ကို Element 14 ကနေ ဝယ်လိုက်တာ ညနေ ၄ နာရီ ဝန်းကျင်ရောက်တော့ ရုံးကို ရောက်လာတယ်။ Shipping ကို ၁ ရက်လောက် ကြာမယ်ထင်တာ တော်တော်လေးကို မြန်တယ် ဆိုရမယ်။

Raspberry Pi တစ်လုံးကတော့ S$45 (without GST) ပါ။ GST ပါရင်တော့ S$48.15 လောက်ကျပါမယ်။

ကျွန်တော်

- raspberry pi 512 MB Model B (S$45)

- Keyboard (S$16.77)

- Mouse (S$9.11)

- Micro USB (S$4.47)

- HDMI cable (S$2.27)

စုစုပေါင်း $77.62 + S$ 5.43 (GST) = 83.05

အိမ်မှာ SD card ရှိထားပြီးသား ဖြစ်လို့ SD card ဝယ်ဖို့ မလိုပါ။ SD card က class 10 ဖြစ်ဖို့ လိုအပ်ပါတယ်။

Continue reading