Virtual Box

ကျွန်တော် အရင်ကတည်းက virtual box အကြောင်းဖတ်ပြီး virtual box ကိုသုံးချင်နေတာ။ VMWare ကြီးကလေးလွန်းလို့ဗျာ။ ဒါနဲ့ အရင်တုန်းက virtual box ကို သွင်းမယ်ဆိုပြီး သူ့ offical website ကိုသွားပြီး download ချတာ မြန်မာနိုင်ငံမို့ ပိတ်တယ်တဲ့ဗျာ။ လူက ဘာပြောရမှန်းမသိဖြစ်သွားတယ်။ Virtual Box က SUN က ထုတ်တာဆိုတော့ မြန်မာနိုင်ငံက download ချလို့မရဘူးပေါ့။ ကျော်ခွပြီး download ချလည်း ကြာမှာပဲလေ။ နောက်တော့ Thailand connection ရတဲ့နေရာကနေ သူငယ်ချင်းတစ်ယောက် ဆွဲပေးလိုက်လို့ သူ့ offical site ကနေ download ချလို့ရသွားတယ်ဗျာ။ ဒါနဲ့ စသုံးဖြစ်တာပဲ။ စိတ်ကုန်နေတဲ့ VMWare ကြီးကို ဖြုတ်ချပြီး VirtualBox ကိုသွင်းဖြစ်လိုက်တယ်။ တော်တော်ကောင်းတာပဲဗျ။ VMWare လိုအလေးကြီးမဟုတ်ဘူး။ VMWare က service လည်း ယူလို့ windows ပါလေးသွားတယ်။ သူကတော့ အဲလိုမဟုတ်ဘူးဗျ။ တော်တော်လေးကို ပေါ့ပါးတယ်။ 1GB လေးနဲ့အဆင်ပြေတယ်။ 3GB မှ ပိုကောင်းမှာပေါ့။ အခုတော့ fedora ကို 512 လေးနဲ့ စမ်းနေရတယ်။ ခဏခဏတော့ memory မလောက်တဲ့ ပြသနာဖြစ်တယ်။ hostmemory မလောက်ပါဘူးဆိုတဲ့ message တွေ ခဏခဏပြတယ်ဗျ။ Continue reading

JSP need a new browser

ကျွန်တော် အခုတလော ကြည့်ကြည့်ဖြစ်တယ်။ ASP.NET က IE နဲ့ဆို မြန်တယ်လို့ဆိုလို့ရမယ်။ firefox ထက်စာရင်ပေါ့။ IE က PHP တွေ အခြား AJAX တွေက firefox လောက်မမြန်ပြန်ဘူး။ Firefox ကလည်း မြန်တယ်။ ဒါပေမယ့် ASP.NET page တွေကို IE လောက် လျင်လျင်မြန်မြန် မကြည့်နိုင်ဘူး။ AJAX ပိုင်းဆိုရင်တော့ chrome ကို ဘယ်သူမှ မယှဉ်နိုင်ဘူးဗျ။ Opera ကတော့ downloading ပိုင်းတော်တော် မြန်တယ်ဗျ။ Safari ကတော့ မကြိုက်ဘူးဗျ။ လေးလို့။ သူက memory တော်တော်စားတယ်။ Chrome က memory ပိုင်းသက်သတယ်။ FF3 ကတော့ chrome လောက်မသက်သာပေမယ့် IE ထက်စာရင် သာတယ်လို့ဆိုရမယ်။ အဲ… JSP ကတော့ တကယ့်ကို အားငယ်စရာပဲ။ JSP page တွေကတော်တော်ကြာတယ်ဗျာ။ ဘာနဲ့ မဆို PHP လောက်မမြန်ဘူးဖြစ်နေတယ်။ Sun ကတော့ JSP အတွက် browser လေးထုတ်ပေးသင့်နေပြီထင်တယ်။ google လိုမျိုး gmail တွေ google doc တွေ google gear တွေဆို အသေမြန်တဲ့ chrome လိုမျိုးလေး sun ကတော့ ထုတ်သင့်ပြီ။ Gmail ဖွင့်ရာမှာ chrome က firefox ထက်စာရင် အများကြီးမြန်တယ်။ Google Doc ဆိုရင် firefox မှာလုံးလုံး မမိုက်ပေမယ့် Chrome နဲ့ဆိုတော်တော်လန်းတာပဲ။ JSP ဘဝကတော့ တော်တော်လေး အားငယ်စရာပါလားနော်….