Infrastructure

ဒီနေ့ ရုံးမှာ လက်ရှိလုပ်နေတဲ့ project တစ်ခုအတွက် server ပိုင်း infrastructure တွေကို လိုက်ဖတ်ဖြစ်တယ်။ အဓိက ဖတ်ဖြစ်တဲ့ infrastructure တွေက facebook, foursquare , instagran , digg စတဲ့ လူသုံးများတဲ့ website တွေပါပဲ။

Facebook

လက်ရှိ facebook ကို XHP နဲ့ ရေးပြီးတော့ Hip Hop PHP နဲ့ run ထားပါတယ်။ website ကိုတော့ javascript တွေပဲ သုံးထားတယ်။ C , C++ , Java တွေကို back end မှာ သုံးထားတယ်။ နောက်ပြီးတော့ boost ကိုလည်း သုံးထားပါတယ်။ နောက်ပြီးတော့ အချို့ internal tool တွေကိုတော့ python ကိုသုံးထားပါတယ်။ Chat ပိုင်းကိုတော့ Erlang နဲ့ ရေးထားပါတယ်။ backend service နဲ့ front end web server ကိုတော့ Apache Thrift ကို အသုံးပြုထားပါတယ်။1

Facebook က 690 billion page views each month ရှိပါတယ်။ လက်ရှိ Internet Traffic 9.5 percent က facebook ကို အသုံးပြုနေတာပါ။ 100 million photo upload နေ့စဉ် ရှိနေပြီးတော့ လစဉ် 30 billion pieces of content ရှိပါတယ်။ 1 million web sites and 550,000 applications က facebook connect ကို အသုံးပြုထားပါတယ်။ လက်ရှိ facebook data center ကိုတော့ Prineville, Oregon မှာ ထားရှိပါတယ်။2 North Carolina data center ကို တည်ဆောက်ဖို့အတွက် facebook က ပြင်ဆင်နေပါတယ်။3

လက်ရှိ data center မှာ အနည်းဆုံး 60,000 servers အသုံးပြုလျက်ရှိပါတယ်။ နောက်ပြီးတော့ MySQL , Memcached, Haystack for photo retrieval, Cassandra, Hadoop and Hive , Scribe for high-speed distributed logging4 , Apache HBase for Messaging5 တို့ကို အသုံးပြုထားပါတယ်။

Facebook ရဲ့ infrastructure အတိအကျကိုတော့ မသိရပေမယ့် server နဲ့ traffic ကို ကြည့်လိုက်တာနဲ့ အခုတော့ အဲလောက်ထိတော့ မလိုသေးပါဘူး။

Continue reading

  1. http://www.quora.com/What-programming-languages-are-used-at-Facebook?q=programming+language+in+facebook []
  2. http://www.datacenterknowledge.com/the-facebook-data-center-faq/ []
  3. https://www.facebook.com/rutherfordDataCenter []
  4. http://royal.pingdom.com/2010/06/18/the-software-behind-facebook/ []
  5. https://www.facebook.com/notes/facebook-engineering/the-underlying-technology-of-messages/454991608919 []

Jack Dorsey


Jack Dorsey

Jack_Dorsey-20080723

Jack Dorsey ဟာ အမေရိကုန် software architect နဲ့ စီးပွားရေး သမားတစ်ဦးဖြစ်ပြီး twitter ကို ဖန်တီးသူတစ်ယောက်အနေနဲ့ နာမည်ကျော်ကြားပါတယ်။ BusinessWeek ကတော့ သူ့ကို နည်းပညာပိုင်းမှာ အတော်ဆုံးနဲ့ အထက်မြက်ဆုံး လို့တောင် ခေါ်ဆိုပါတယ်။ MIT’s Technology Review က သူ့ကို TR35 လို့ နာမည်ပေးပါတယ်။ အဓိပ္ပာယ်ကတော့ outstanding innovator under the age of 35 ပါ။ အသက် ၃၅ နှစ်အောက် ထူးချွန်ထက်မြက်သူလို့ ခေါ်ဆိုပါတယ်။

အစောဆုံးအခြေအနေ

Jack Dorsey ဟာ St. Louis, Missouri တွင် ကြီးပြင်းခဲ့ပါတယ်။ သူအသက် ၁၄ နှစ်မှာတော့ သူဟာ dispatch routing ကို စိတ်ဝင်စားခဲ့ပါတယ်။ သူ့ရဲ့ Opens source အချို့ကို အငှားကား company တွေက အသုံးပြုခဲ့ကြပါတယ်။ သူဟာ dispathching မှာ programmer လုပ်ကိုင်နေပြီး နောက်ပိုင်းမှာတော့ California ကို ပြောင်းရွှေ့ခဲ့ပါတယ်။ 2000 ခုနှစ် Oakland မှာ Dorsery ဟာ dispatch couriers, taxis, and emergency services ကို web ပေါ်ကနေ စတင် ပေးခဲ့ပါတယ်။ အဲဒီတုန်းက သူ့အခြား project တွေနဲ့ idea ကတော့ medical devices networks တွေနဲ့ “frictionless service market” လုပ်ဖို့ပါ။ July 2000 မှာတော့ dispatching ကို Live Journal နဲ့ AOL instant messenger ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ အဓိက idea ကတော့ real time status communcations လုပ်ဖို့ပါပဲ။ ပထမဆုံး Instant Messenger Implementation ကို မြင်တဲ့ အခါမှာ အံဩ သွားခဲ့ပါတယ်။ software ရဲ့ user status ဟာ သူငယ်ချင်းတွေကို လွယ်လွယ်ကူကူ shared လုပ်နိုင်တယ်ဆိုတာကို သူတွေ့ခဲ့ပါတယ်။ Dorsey နဲ့ Biz Stone ဟာ SMS text suite နဲ့ status message idea ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါဟာ Twitter ရဲ့ prototype ကို ၂ ပတ်အတွင်း အပြီးဆောက်ခဲ့ပါတယ်။ အဲဒီ idea ဟာ Odeo မှာ ရှိတဲ့ user တွေကို စွဲဆောင်နိုင်ခဲ့ပြီးတော့ Evan Williams ကို ရင်းနှီးမြုပ်နှံအောင် စွဲဆောင်စေနိုင်ခဲ့တယ်။ Evan Williams ကတော့ Pyra Labs and Blogger ကို google ကို ရောင်းချခဲ့တဲ့ သူပါ။

Twitter, Inc

Dorsey, Stone and Williams တို့ဟာ ပူးပေါင်းပြီး Twitter ကို တည်ဆောင်ခဲ့ပါတယ်။ Dorsey ဟာ CEO ဖြစ် Twitter မှာ ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၀၈ အောက်တိုဘာမှာ Williams ဟာ CEO တာဝန်ယူပြီးတော့ Dorsey ကတော့ chairman of board အဖြစ် ဆောင်ရွက်ပါတယ်။ Service တွေ အောင်မြင်ပြီး နာမည်ကျော်ကြားလာပါတယ်။ Dorsey ဟာ နာမည်ကျော်ကြားတာနဲ့ အပြင် ကုန်ကျစရိတ် သက်သာပြီး ဝင်ငွေပိုရအောင် စတင် ဖန်တီးရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ twitter ဟာ ငွေတွေ အများကြီး ဝင်အောင် ဖန်တီးထားတာမဟုတ်တဲ့အတွက်ကြောင့်ပါ။ Dorsey ဟာ Twitter အတွက် API ထုတ်ပေးပြီးတော့ paid feature နဲ့ free feature ဆိုပြီး ၂ မျိုးထုတ်ခဲ့ပါတယ်။ သူ့ရဲ့ အခြေခံသဘောတရား ၃ ခုကတော့ which are shared by the whole company and through its culture, are simplicity, constraint and craftsmanship uptime as top priority.

Copy From

http://wiki.mysteryzillion.org/index.php?title=Jack_Dorsey

Spaz Twitter Client

Ubuntu မှာ twitter client တွေ အဆင်မပြေကြဘူး… မြန်မာစာရိုက်တာ စာလုံးတွေ အပြည့်မပေါ်လို့လေ… အခုတော့ အဆင်ပြေသွားပြီဗျ.. spaz ဆိုတဲ့ဟာလေးသုံးလိုက်တာ… မြန်မာလိုလည်း ရိုက်လို့ရတယ်.. မြင်လို့လည်းရတယ်ဆိုတော့ မဆိုးဘူး.. အခုလက်ရှိတော့ spaz လေးကို ubuntu မှာ သုံးနေပါတယ်ဗျာ… adobe air ရှိဖို့လိုတယ်.. ရှိရင် http://funkatron.com/spaz#download သွားပြီး download ချလိုက်ရုံပါပဲ။

ဒါပဲကောင်းတယ်

forum တွေမှာ နေရတာထက်နောက်ပိုင်း twitter , facebook တွေထဲကို သွားရတာ ပိုပျော်ဖို့ကောင်းတယ်။ တောင်းဆိုမှုမရှိသလို ပေးဆပ်မှုတွေလည်း မရှိကြဘူး။ ပျော်စရာတွေ မရှိသလို စိတ်ညစ်စရာလည်းမရှိဘူး။ ကိုယ့် status လေးကိုယ်ရေးလိုက်ရုံပဲ။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံမှုတွေလည်း ရှင်းသလို ဆွေးနွေးဖို့လည်းမလိုဘူး။ Continue reading

Twitter That I following

လူတိုင်း twitter ကို ကိုယ့် information တွေ မျှဝေဖို့အတွက် ကိုယ်ဘာလုပ်နေလဲဆိုတာကို ကိုယ့်သူငယ်ချင်းတွေ မျှဝေဖို့အတွက်အပြင် နာမည်ကြီး company တွေ သတင်းတွေ information တွေရရှိအောင် အတွက် နောက်ပိုင်း twitter ကို အသုံးပြုလာခဲ့တယ်။ ကျွန်တော်လည်း နာမည်ကြီးလူတွေ product တွေ site တွေက twitter ကို အသုံးပြုပြီး သူတို့ရဲ့ information တွေအမြဲ ရယူခဲ့ပါတယ်။ ကျွန်တော် following လုပ်ထားတဲ့ အချို့ twitter လေးတွေကို ဖော်ပြလိုက်ပါတယ်
Continue reading

What is Twitter ?

Twitter ဆိုတာ web 2.0 system တစ်ခုလို့ဆိုလို့ရပါတယ်။ ဘဝမှာ ခဏခဏ ကြုံရပါတယ်။ online ပေါ်မှာ အခုတလော ဘာလုပ်နေလဲ။ တစ်ယောက်မေးရင် ဖြေနိုင်တယ်။ လူတွေ တစ်ယောက်ပြီး တစ်ယောက်မေးတော့ လက်ညောင်းလာပါတယ်။ အဲဒီအတွက် ကျွန်တော်က twitter သုံးပါတယ်။ ဘာလုပ်နေလဲမေးရင် twitter လိပ်စာလေးပေးလိုက်ပါတယ်။ အဲဒီမှာ ကိုယ်ဘာလုပ်နေလဲဆိုတာကို follow လုပ်ပြီး စောင့်ကြည့်နိုင်တယ်လေ။ ကိုယ့်သူငယ်ချင်းတွေ ဘာလုပ်နေလဲဆိုတာကိုလည်း စောင့်ကြည့်နိုင်တယ်။ ဒါတောင် မကဘူး steve job တို့ , google တို့တောင် twitter ကို အသုံးပြုကြပါတယ်။ သတင်းဌာနတွေ company တွေလည်း သုံးကြတယ်။ သတင်းဌာနက သတင်းထောက်တွေ သုံးထားတာကို လိုက်ထားခြင်းဖြင့် သတင်းထက် ပိုမြန်တဲ့ သတင်းကို ရနိုင်တယ်လေ။ company တစ်ခုက ဘာတွေလုပ်နေပြီဆိုတာ ပြောဖို့အတွက် twitter ကိုသုံးတယ်လေ။ blog လား… blog ရေးရတာ ဝင်ရတာနဲ့ ရေးရတာနဲ့ ရှုပ်ပါတယ်။ twitter လိုမျိုး micro blog လေးကမှ ကိုယ်ဘာလုပ်နေပြီဆိုတာကို စာလုံးရေးနည်းနည်းလေးနဲ့ ချက်ခြင်းရေး ချက်ခြင်းတက်ပဲလေ။ firefox အတွ့် twitterfox ဆိုတာလေးနဲ့ တွဲသုံး။ ရေလည်သုံးလို့ အဆင်ပြေပါတယ်ဗျာ။
Continue reading

Twhirl

Adobe Air program လေးပါ။ ကျွန်တော်တို့ twitter ကို အသုံးပြုတဲ့လူတွေအတွက်တော့ သုံးလို့ကောင်းပြီး လှပတဲ့ program လေးပါ။ လိုအပ်တာကတော့ Adobe Air ပါ။ လှပတဲ့ Design လေးနဲ့ ကိုယ့်ကို reply ပြန်တာနဲ့ ကိုယ်က သူများကို reply လုပ်တာ။ ကိုယ်တင်ထားတာ စတာလေးတွေကို ခွဲပြီးပြထားပေးတယ်။ တကယ်လို့ စိတ်ဝင်စားတယ် သုံးကြည့်ချင်တယ်ဆိုရင်တော့  www.twhirl.org မှာ download ချနိုင်ပါတယ်။ အဲ… adboe air သွင်းထားဖို့တော့ လိုတယ်နော်။