Sushi-huh

The Sushi, what???
Sushi, huh? is a program that allows downloading all the packages needed to install the programs you want on GNU/Linux without an Internet connection on your own computer.
Sushi, huh? is designed for people, which for example can not afford monthly Internet connection.
As installing software on GNU/Linux is a hard and complex process for those newcomers to the world of GNU/Linux, which itself does not have an Internet connection, Sushi, huh? simplifies this task, making it as automatically as possible.

How to Install?
Sushi, huh? was not intended to be installed, Sushi, huh? was thought to be a portable application. That means you can save to a flash drive and use it without installing.

http://sushi-huh.sourceforge.net/

How to Compare Linux Distro ?

Me:
We can’t compare distro. Ubuntu design for End user. Fedora for Network and Redhat for enterprise So, how to compare it.

Box02 :
Distros တွေများရတာ လူ့အကြိုက် ကိုယ့်အကြိုက်မတူကြလို့ နောက်ပြီး ကိုယ့်အသုံးသူ့အသုံး မတူကြလို့ပါ။ ကိုယ်က ကြိုက်တိုင်း သူများကြိုက်ချင်မှ ကြိုက်မှာပါ။
ကျနောှ့စက် ကျနောှ့အသုံးနဲ့ Linux Distros တွေထဲမှာ ကျနောှ့အကြိုက်ဆုံးကတော့ Debian GNU/Linux ပါ၊ အရမ်းကိုလွယ်ကူပြီး speed အရလဲ တကယ့် rocky speed ပါပဲ။ ကျနောှ့ရဲ့ main distro လဲဖြစ်ပါတယ်။
ကျန်တာတွေကတော့ စမ်းကြည့်တာလောက်ပါပဲ။ Ubuntu ဆိုရင် user တွေအတွက် Easy Install, Manage လုပ်နိုင်ပြီး User Interface နဲ့ Applications အသစ်အသစ်တွေပေါက်ဖွားရာနေရာ userland ဖြစ်ပြီး Fedora ကတော့ kernel new features တွေ နည်းပညာအသစ်တွေ ပောက်ဖွားလေ့ရှိတဲ့နေရာ userland ဖြစ်တယ်လို့ လက်ရှိပြောလို့ရပါတယ်။
CentOS ကတော့ Red Hat Enterprise ကို Free Distribute လုပ်တဲ့သဘောပါ။ Red Hat rpm အသုံးပြုချင်သူများအတွက်တော့ Fedora ဒါမှမဟုတ် CentOS ကိုအသုံးပြုနိုင်ပါတယ်။ Continue reading

Repair Grub After Installed Win 7

ကျွန်တောှ Win 7 သွင်းပြီးတော့ Ubuntu အတွက် repair grub လုပ်တာ မရဘူး ဖြစ်နေတယ်။ ဘာကြောင့်မှန်းမသိဘူး။ အရင်တုန်းကတော့ ဒီလို လုပ်ပါတယ်။ အခု မရတော့လို့ ubuntu forum မှာ ရှာကြည့်လိုက်တော့ တွေ့သွားပါတယ်ဗျာ။ နည်းနည်းလေးကွာသွားတယ်။

$ sudo grub
grub > find /boot/grub/stage1

အဲမှာ hdX,Y မြင်ရလိမ့်မယ်။ X,Y က နံပတ်တွေပါ။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူးဗျ။

grub > root (hdX,Y)
grub > setup (hd0)
grub > quit

ဒါဆို ရသွားပါပြီ။ Win 7 ကို ဝင်ရင် သင့်ကို reapir လုပ်ခိုင်းလိမ့်မယ်။ မလုပ်နဲ့။ Ubuntu grub ပြန်ပျောက်သွားလိမ့်မယ်။

Gnome Do can do dock

Dock ကို Ubuntu မှာ AWN သုံးတာများတယ်။ ဒီနေ့မှ Gnome Do Theme ပြောင်းရင်းနဲ့ Gnome Do ကလည်း Dock လုပ်လို့ရတာသိသွားတယ်။ ဖတ်ဖြစ်တာတော့ ကြာပြီ။ မစမ်းဖြစ်တာပေါ့။ မဆိုးဘူးဗျ။ awn လို သူလည်း သုံးရတာ အဆင်ပြေတယ်။ ကျွန်တောှကတော့ AWN ထက်ပိုသဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Win+Space လုပ်လိုက်ရင် Gnome Do မှာ Search လုပ်လို့ရတယ်လေ။ Windows မှာ Win+R (run) လိုပေါ့ဗျာ။ App တွေလည်း တစ်ခါတည်းခေါှလို့ရတယ်။ Directory ကိုလည်း တန်းပြီးသွားလို့ရတယ်။ ဒါကြောင့် Gnome Do Dock ပဲ ပြောင်းလိုက်ပြီ။ AWN ကိုတော့ ပြန်ဖြုတ်ထားလိုက်တော့မယ်။ အသေးစိတ်ကိုတော့ အောက်က လိပ်စာမှာ သွားကြည့်နိုင်ပါတယ်။

http://do.davebsd.com/wiki/index.php?title=Docky

Zawgyi2009 Deb for Ubuntu

အခု နောက်ဆုံး ဇော်ဂျီ 2009 ကို Ubuntu အတွက် deb package လုပ်ထားပြီးပါပြီ။ zawgyi 2009, zawgyi2008,myanmar3 keyboard တွေ ထည့်ထားပါတယ်၊ အရင်ဆုံး

http://www.saturngod.net/project/zawgyi-keyboard.deb

ကို download ချလိုက်ပါ၊

Desktop ပေါ်ကိုရောက်သွားပါလိမ့်မယ်၊

ပြီးရင် terminal ကိုသွားပါ၊

$ cd ~/Desktop
$ sudo dpkg -i –force-overwrite zawgyi-keyboard.deb

လို့ခေါ်ပြီးသွင်းလိုက်ရင် ရပါတယ်။

zawgyi 2009 မှာ ပါဌ်ဆင့်တွေကို 1 ဘေးမှာရှိတဲ့ ` <tide> key လေးနဲ့ တွဲသုံးရပါတယ်။ ဥပမာ တက္ကသိုလ် ရိုက်ချင်တယ်ဆိုရင်

w + u +`+u+o+d+k+v+f

ဆိုပြီး ရိုက်ရပါမယ်။ အခု version မှာ beta ဖြစ်တဲ့အတွက်ကြောင့် အရင်လို documentation အပြည့်အစုံပါဝင်ခြင်းမရှိသေးပါဘူး၊ အခု version မှာ windows မှာ သုံးရတာနဲ့ တူအောင် ပြုပြင်ပေးထားတယ်။ နောက်ပြီး period (.) ကို ၂၀၀၈ နေရာအတိုင်းထားပြီးတော့ ၊ နဲ့ ။ ကို လည်း အရင်နေရာမှာပဲ ထားပေးထားပါတယ်။

ကျန်တာတွေကိုတော့ ကို box 02 က ဆက်လုပ်မယ် :D

http://code.google.com/p/zawgyi-keyboard မှာ အသစ်တင်နိုင်အောင် ကိုbox02 က ဆက်ဆောင်ရွက်ပေးပါအုံးဗျာ။ ကျွန်တော် အားရင် documentation လေးရေးလိုက်အုံးမယ်။ အခု 2009 က ဋဿဌ ကို ရေးရင်

(shift+3)+`+(shift+x)

ဆိုပြီးရေးရတာ၊ အဲလို key တွေက နည်းနည်းပါတယ်ဆိုတော့ documentation လေးပြည့်ပြည့်စုံစုံနဲ့မှ ရိုက်ရတာ အဆင်ပြေမှာပါ။ အခုလည်း ရိုက်ရတာ 2008 ထက် ပိုကောင်းတယ်ဗျ။

Zawgyi,Myanmar 3 Keyboard in Ubuntu

အခြားလူတွေ မေးကြလွန်းလို့ မြန်မာ IT pros က trh ရေးထားတဲ့ post ဖြစ်တဲ့

http://myanmaritpros.com/profiles/blog/show?id=1445004%3ABlogPost%3A127707

ကနေ mm3 keyboard ကို ယူပြီးဖြည့်ထားလိုက်ပါတယ်။

http://www.4shared.com/file/119799597/bedc005c/zg-mm3-kb.html

install သွင်းဖို့ကတော့ terminal ကနေ cd နဲ့ download ချထားတဲ့ file ရှိတဲ့နေရာသွား… ပြီးရင်

$dpkg -i –force-overwrite zg-mm3-kb.deb

နဲ့သွင်းလို့ရတယ်။ ဒါပေမယ့် အရင်က zawgyi-keyboard package နဲ့တော့ conflict ဖြစ်တယ်နော်။ zawgyi-keyboard ကို အရင်ဖြုတ်ထားဖို့တော့ လိုတယ်။ zawgyi keyboard ကို ဖြုတ်မယ်ဆိုရင်တော့ terminal မှာ

$sudo apt-get remove zawgyi-keyboard

အစအဆုံး သေသေချာချာ ရေးရမယ်ဆိုရင်တော့

http://www.4shared.com/file/119799597/bedc005c/zg-mm3-kb.html

ကို download ချပါ။ Desktop ပေါ်သို့ ရောက်သွားတတ်သည်။ ထို့ကြောင့် desktop လို့ပဲ မှတ်ယူလိုက်ပါမယ်။

$sudo apt-get remove zawgyi-keyboard
$cd ~/Desktop
~/Desktop$sudo dpkg -i –force-overwirte zg-mm3-kb.deb

ကျွန်တော် မြန်မာ ၃ လက်ကွက်မသိပါ။ မြန်မာ ၃ ကော ဇော်ဂျီကော သုံးချင်သူများအတွက်ပါ။ zawgyi keyboard လိုတော့ install guide user guide တွေမထည့်ထားဘူး… ဘာဖြစ်လို့လည်းဆိုတော့ အချိန်မရလို့ပါ… zawgyi keyboard သုံးဘူးတဲ့သူတွေ မြန်မာ၃ keyboard ကိုလည်း ဘယ်လိုထည့်ရမယ်ဆိုတာ သိကြမှာပါ.. မသိရင်တော့

http://myanmaritpros.com/profiles/blog/show?id=1445004%3ABlogPost%3A127707

အဲမှာ ပဲကြည့်လိုက်ပေါ့.. :D

Install Netbean in Ubuntu

Netbean ကို သွင်းဖို့အတွက် အရင်ဆုံး ကိုယ်သွင်းချင်တဲ့ version ကို http://www.netbeans.org/downloads/index.html မှာ သွားပြီး download ချလိုက်ပါ။ အဲဒီ အခါ .sh file လေးရလိမ့်မယ်။ ကျွန်တော်ကတော့ PHP version လေးကို download ချလိုက်တော့ netbeans-6.7-ml-php-linux.sh လေးရလာတယ်။ အဲဒါမသွင်းခင် ကျွန်တော်တို့ java-runtime သွင်းထားဖို့လိုတယ်။ Java Runtime သွင်းဖို့အတွက် Applications -> Add/Remove… ကိုသွားပါ။ Show : ဆိုတဲ့ combo box လေးမှာ All available Applications ကိုရွေးလိုက်ပါ။ ပြီးရင် Search မှာ Sun Java လို့ရှာလိုက်ရင် Sun Java 6 Runtime တွေ့ပါမယ်။ အဲဒါလေးကို အရင်သွင်းလိုက်ပါ။ ပြီးရင်တော့ ကျွန်တော်တို့ download ချထားတဲ့ .sh file လေးကို သွင်းပါမယ်။

sunjava

Netbean သွင်းရန် download ချထားတဲ့ .sh file လေးကို terminal တွင်

$chmod +x ./netbeans-6.7-ml-php-linux.sh
$bash ./netbeans-6.7-ml-php-linux.sh

အဲဒီ command တွေပြီးသွားရင်တော့ Installation Wizard တက်လာပြီး Next.. Next လေးတွေ နဲ့သွင်းလိုက်ရုံပါပဲ။

Change Proxy For Terminal in Ubuntu

Today, I use Ubuntu in Tokyo donut,Yangon. I try to update but I can’t.It connect to 192.168.0.254. This IP is proxy in SkyWorld cyberber cafe. I also change setting in Network Proxy and Apply System-Wide. But not work. I can use Internet from firefox but not work in terminal. So, I search in google and I try this comment in terminal

$ echo $http_proxy
192.168.0.254:8080

I print the http_proxy environment in terminal.It show IP. So I fixed like that

$ http_proxy=”
$ echo $http_proxy

And then I tryagain.It’s work. I can update and install package from terminal again.