TurnOffMonitor Manually in Ubuntu

Windows မှာတုန်းကတော့ ကျွန်တော် program လေးတစ်ခုရေးပေးလိုက်ပါတယ်။ အခု Ubuntu မှာတော့ ဘာ programming မှ မလိုပဲနဲ့ ပိတ်လို့ရပါတယ်။ Terminal မှာ

sleep 0; xset dpms force off

လို့ရေးပြီး enter ခေါက်လိုက်ရင် ရပါတယ်။ အဲလိုလုပ်ရတာကလည်း battery အစားသက်သာအောင်ပေါ့ဗျာ။

Ubuntu Zawgyi Keyboard On Launchpad

Ubuntu ပေါ်မှာ zawgyi keyboard သွင်းဖို့အတွက် launchpad ပေါ်မှာ ရယူနိုင်ပါပြီ။ Launchpad ဆိုတာကတော့ Ubuntu အတွက် package တွေ စုစည်းရာလို့ ဆိုလို့ရတယ်။ package bug တွေ တင်ပြလို့ရတယ်။ မသိတာလေးတွေ မေးလို့ရတဲ့ နေရာလေးပေါ့။

https://launchpad.net/zawgyi-kb

ကိုbox02 လုပ်ထားပေးတာပါ။ ကျွန်တော်တို့ ပြင်စရာလေးတွေ နည်းနည်းရှိသေးတယ်။ နောက်ပိုင်း အချိန်ရရင် deb package install ပုံစံကို ပြန်ပြင်ရေးမလို့ အစီအစဉ်ရှိပါတယ်။

http://code.google.com/p/zawgyi-keyboard/

မှာတော့ အခြား distro တွေအတွက်ပေါ့။ ကိုbox02 ရေ ကျေးဇူးပါပဲဗျာ…

Google Talk Setup In Pidgin Ubuntu

အခြားသူတွေတော့ မသိဘူး။ ကျွန်တော် Ubuntu မှာ pidgin သုံးပြီး mysteryzillion.com mail ကို ဝင်မရဖြစ်နေတယ်။ ဒါနဲ့ ဟိုရှာဒီရှာ နဲ့ ဒီလိုလေး ပြောင်းလိုက်လေ။ google app တွေအတွက်ပေ့ါ။ အချို့ gmail တွေလည်း ဝင်မရရင် သုံးလို့ရမယ်ထင်တယ်။
Continue reading

Archive command in Linux

Linux မှာ zip လုပ်လိုလျှင်

zip -r zipfile.zip myfile.txt

ပြန်ဖြည်ချင်လျှင်

unzip zipfile.zip

Tar အသုံးပြုလိုလျှင်

tar cvf alldocs.tar *.doc

Folder တစ်ခုလုံးကို

tar cvf panda.tar panda/

ဖြည်လိုလျှင်တော့

tar xvf panda.tar

Tar.Gz ဆိုလျှင်

tar cvzf alldocs.tar.gz *.doc

ဖြည်မယ်ဆိုလျှင်

tar xvf panda.tar.gz

Zawgyi DEB For Ubuntu

အခု အသစ်ပြန်ပြင်ထားတယ်။ အရင်က version မှာ install.sh မှာ ရေးထားတာလေးတွေ လွဲနေတာတွေ ပြင်ထားတယ်။ Ctrl + Shift နဲ့ ပြောင်းလို့ရတယ်။ third level ကတော့ Right Ctrl + Key ပဲထားထားတယ်။ keyboard ပြသနာကိုလည်း ပြန်ရှင်းထားတယ်။ သွင်းပုံကလည်း လွယ်ပါတယ်။

download ချ။

ပြီးရင် Zawgyi.tar.gz ကို right click လုပ်ပြီး extract လုပ်။

Application -> Terminal မှာ

$ cd ~/Desktop/Zawgyi
$ ./install.sh

ဒါဆိုရင် ရပါပြီ။ ပြီးရင် Panel မှာ right click နှိပ်။ keyboard indicator ကိုထည့်လိုက်။ ဒါဆိုရင် ctrl + Shift လုပ်လိုက်တာနဲ့ Mmr ပြောင်းသွားမယ်။ ဒါဆိုရင် ဇော်ဂျီပေါ့။ သစ္စာ ဆိုရင် သ + စ + –္စ (Right Ctrl + p ) + ာ ပေါ့ ဗျာ။

Download

Ubuntu Customize နဲ့ တစ်နေ့တာ

ပြီးခဲ့တဲ့နေ့တွေက Ubuntu ကို Customize လုပ်ပြီး live DVD တွေ ပြန်ထုတ်ဖို့ ကြိုးစားနေတာနဲ့ ၄ ရက်လောက် မအိပ်လိုက်ရဘူး။ တော်တော်လေးတော့ အတွေ့အကြုံရသွားတယ်။ လုပ်ရတဲ့အဆင့်တွေက အရမ်းလွယ်သွားပြီ။ ကျွန်တော်တို့ MZ ပွဲအတွက် DVD မှီအောင်တော့ ကြိုးစားနေတာပဲ။ ကိုရဲမြတ်သူ sponsor ပေးပေမယ့် ကျွန်တော် အတွေ့အကြုံမရှိတာကြောင့် တော်တော်နောက်ကျသွားတယ်။ Ubuntu ကို Customize လုပ်တုန်းက ပြသနာတွေက

၁။ Boot Image ဘယ်လိုလုပ်မလဲ။
၂။ Login Screen (GDM Theme) ဘယ်လိုလုပ်မလဲ။
၃။ ISO ကို ဖြည်ပြီး စိတ်ကြိုက် file တွေ package တွေ ထည့်ပြီး boot တက်အောင်လုပ်တဲ့ကိစ္စ။

Boot Image အတွက် usplash maker 1.04 ကို သုံးလိုက်တော့ အဆင်ပြေတယ်။ သူက တော်တော်လေးကို ကောင်းတယ်။ picture ပေါ်မှာ right click နှိပ်ပြီး usplash လုပ်ုလိက်ရုံပဲ။

GDM theme ကိုတော့ ကြိုက်တဲ့ဟာလေးရှာပြီး text ပဲပြောင်းလိုက်တယ်။

boot လုပ်တဲ့အပိုင်းကိုတော့ ISO Magic နဲ့လုပ်တယ်။ အဲမှာ တစ်ခု သတိထားရမှာက Load Boot Image ကိုခေါ်တဲ့အခါမှာတော့ isolinux folder အောက်က isolinux.bin ကိုခေါ်ပေးရမယ်ဆိုတာပဲ။ အဲဒါက boot တက်ဖို့ အတွက်လေ။ isolinux.cfg ကတော့ desing ပေါ့။ .txt ကတော့ ကိုယ်ဖော်ပြချင်တဲ့စာတွေ အပိုင်းပေါ့။ လုပ်ရတာလွယ်ပါတယ်။ boot တက်ဖို့ လုပ်လိုက်ရတာ ၂ ရက်လောက်ကြာတယ်။ .bin file ကို ခေါ်ရမယ်ဆို မသိတဲ့အတွက် တော်တော်ကြာသွားတယ်ဗျာ

ZawgyiKB 1.3.3

zawgyi.tar.gz ကိုဖြည်ချလိုက်။ ပြီးရင် terminal ကနေ ဖြည်ချထားတဲ့ ပတ်လမ်းကြောင်းကိုသွားလိုက်။ပြီးတာနဲ့ $./install.sh လုပ်လိုက်ရုံနဲ့ keyboard သွင်းပေးသွားတယ်။ တစ်ခါတည်း Left Alt ဆိုရင် keyboard change ပြီးတော့ Right Ctrl ဆိုရင် thrid level key ပြောင်းပေးတယ်။ –္စ လိုမျိုး၇ိုက်ချင်ရင် r-ctrl+p နှိပ်လိုက်ရုံပဲလေ။

Download Here

I Can run Quanta on Ubuntu

ရသွားပါပြီဗျာ။ ဘယ်လိုလုပ်လိုက်တာလဲဆိုတော့ Menu မှာ Right Click နှိပ်။ ပြီးရင် Edit Menu ကိုသွား။ Programming > Quanta Plus ကိုသွား။ Properties က command မှာ gksu quanta %U ဆိုပြီးပြောင်းလိုက်တယ်လေ။ စမ်းကြည့်လိုက်အုံးမယ်ဗျာ….