Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။
Tag Archives: UCSY
NTU သို့တစ်ခေါက်
ဒီမြို့ကို ရောက်ကတည်းက ပြောရမလား… ဒီနိုင်ငံကို ရောက်ကတည်းက ပြောရမလားတောင် မသိတော့ဘူး… ဒီကို ရောက်ကတည်းကဆို ပိုမှန်မယ်ထင်တယ်။ အလုပ်စဝင်ကတည်းက NUS ကျောင်းထဲမှာ ဆိုတော့ NUS ကို နေ့တိုင်း နီးပါးရောက်ဖြစ်တယ်။ Prince George Park ထဲမှာရှိတော့ နေ့တိုင်း NUS Business School ဘက်ကိုရောက်ဖြစ်နေကြ။ နောက်ပြီး MRT စီးဖြစ်တဲ့အခါမှာ SOC ဘက်တွေကို ဖြတ်ပြီး Bus စီးနေကြဆိုတော့ NUS ကျောင်း ဘယ်လောက်ကြီးတယ်ဆိုတာကို သိပြီးပါပြီ။ ဒါပေမယ့်လည်း မနက် ရုံးတက် ၉ နာရီခွဲ ၁၀ နာရီ အရောက်သွား ၊အိမ်ပြန်တော့ ၇ ခွဲ ၈ နာရီ လောက်ဖြစ်နေပြီဆိုတော့ ဘာကို မှ မယ်မယ်ရရ ပတ်ပြီး မကြည့်ဖူးဘူး။ နောက်တော့ အလုပ်က NUS ကနေ Office အသစ်ကို ရွေ့သွားတယ်။ ဒါနဲ့ NUS ကို ကျွန်တော်လည်း ထပ်မရောက်ဖြစ်တော့ဘူး။
အမှား
တစ်ခြား နိုင်ငံတွေမှာတော့ မသိ ဘူး ကျွန်တော်တို့မြန်မာ နိုင်ငံမှာ high school အရွယ်တွေကတော့ Developer တို့ Programmer တို့ဆိုတာ သိကြမှာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျောင်းမှာ စာအရမ်းတော်တဲ့ ကလေးက ဆယ်တန်းမှာ အမှတ်မကောင်းလို့ ဆေးကျောင်းမဝင်ပဲ computer ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံခြားမှာ computer ကျောင်းသွားတတ်တာပဲ ဖြစ်ဖြစ်ပေါ့။ ပထမ အချက်က သူတို့တွေက Programming ဆိုတာ မသိကြဘူး။
ကျောင်းတော်သို့ ရောက်ခဲ့ပြန်တယ်
ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခဏလေးဖြစ်ပေမယ့် လူကြုံပေးစရာရှိတာရယ် အမှတ်စာရင်း ကိစ္စရယ်ကြောင့် ကျောင်းကိုတော့ ရောက်ဖြစ်ခဲ့သေးတယ်။ စာမေးပွဲ ဖြေချိန်မို့နဲ့တူတယ် ဂိတ်ပေါက်ကလည်း အေးဆေးပဲ။ စကားတွေ အများကြီးလည်း ပြောစရာမလို။ ကားနံပတ်နဲ့ လာရင်းကိစ္စလေးဖြည့်ပေးလိုက်ရုံပဲ။ ကျောင်းထဲရောက်တော့ လန့်သွားတာပဲ။ သံစကာတွေ အပြည့်ဖြစ်နေလို့ဗျာ။ လူက အစက နည်းနည်းကြောင်သွားသေးတယ်။ ငါနေရာများ မှားနေပြီလားလို့ပေါ့။ တော်သေးတာပေါ့ ဝင်ပေါက်နေရာတွေမှာတော့ တံခါးလို လုပ်ထားလို့ပါ။ ကားရပ်ကွင်းကတော့ အရင်အတိုင်းပါပဲ။ မညီမညာ မြေပြင်မှာ သဲတထပ်ထပ်နဲ့ ပူထူထူဖြစ်နေဆဲပဲ။ ကျောင်းရဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပေမယ့် ပြောင်းလဲသွားတာကတော့ သံတိုင်တွေပါပဲ။ လူကလည်း အားအားယားယား စဉ်းစားမိသေးတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲပေါ့။ ဖြစ်နိုင်တာ ၂ ခု သွားစဉ်းစားမိတယ်။ ၁ ခုက လုံခြုံရေးအရ တစ်ခုခုဖြစ်ရင် တံခါးတွေအကုန် သော့ခတ်လို့ရအောင်လားပေါ့။ အဲဒါကတော့ မဖြစ်နိုင်ဘူး။ တံတိုင်တွေက အဲလောက် မခိုင်ဘူးဗျ။ ၃ ချက် ၄ ချက်လောက် လူ အင်အားနဲ့ ဖြိုလို့ရပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူး။ နောက်တချက်က ဘောင်တွေပေါ်မှာ မထိုင်ချင်လို့လားပေါ့။ အဲဒါကတော့ ဖြစ်နိုင်ခြေရှိတယ်။ Continue reading
Ygn may do like UCSY ?
အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို သွားလိုသွားတွေ ဖြစ်ကုန်တာပဲ။ ဆရာမကြီး အနေနဲ့ သမီးရည်းစား သူတို့ဘာသာသူတို့ လက်တွဲသွားလည်း သူ့မျက်စိထဲမှာ အမြင်တော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သတ်မှတ်ပုံပေါ်တယ်။ အဲလိုပဲ အတူတူထိုင်စကားပြောတာလည်း အမြင်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆထားပုံရတယ်။
ရောက်တက်ရာရာ
ဒီနေ့ emo လေး နဲ့ facebook မှာ စကားပြောတော့ Concept ကို ဘယ်မှာ သွားသင်ရမလဲလို့ မေးတယ်။ သူ ဝါသနာပါတာက Designer။ PHP လေ့လာဖို့လိုလားလို့ မေးတော့ ကျွန်တော်ကလည်း ပြောပါတယ်။ သိရုံလောက်ပဲ လုံလောက်တယ်။ တေဇာ အဖြေက ပိုရှင်းတယ်။ SmashingMag မှာ Programming Language အကြောင်းပါလားလို့ မေးလိုက်တော့ အဖြေက ရှင်းသွားတာပဲ။
Continue reading
စာတွေ့နဲ့လက်တွေ့
ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။ ဒါပေမယ့် ကျောင်းမှာကလည်း OOP concept ကို သိအောင်ပဲ သင်ပေးနိုင်တယ်။ တတ်အောင် မသင်ပေးနိုင်တော့ OOP ကို မသုံးဖြစ်တောပြန်ဘူး။ VB.NET 2003 လောက်ရောက်တော့ OOP ဖြစ်လာတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲ ဖြစ်သွားတာ။ Logic ပိုင်းတွေ ပြောင်းချလိုက်ရတာကို။ VB 6 ကနေ လာတဲ့သူ အဖို့ OOP နဲ့ အဝေးကြီးလို ဖြစ်သွားတာ။ အဲဒါကြောင့် Java ကို လုံးဝကို မထိတော့တာ။ Continue reading
Flowchart
အခုနောက်ပိုင်း ကျောင်းမှာ Flowchart မသင်တော့ဘူးလို့ ကြားတယ်။ ကျွန်တော်တို့တုန်းကတော့ သင်သေးတယ်။ ကျွန်တော် programming မသင်ခင်တုန်းက pseudo နဲ့ flowchart ကို စတင်ခဲ့ရတယ်။ တနည်းပြောရင် အခြေခံကောင်းတယ်လို့ ဆိုလို့ရတယ်။ programming ပထမဆုံး စပြီး သင်ဖြစ်ခဲ့တာက ဗိုလ်တထောင် DSE တက်တုန်းကပေါ့။ အဲတုန်းက Pseudo နဲ့ Flowchart ကို ဆရာမ အေးမွန် သင်ပေးခဲ့လို့ တော်တော်လေးကို နားလည်တယ်သွားတယ်။ Continue reading