Saturngod » UCSY
တက္ကသိုလ် နေ့ရက်များ
Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။
နည်းပညာကျောင်းသားတွေဖြစ်ပြီး ဗေဒင် ယုံရသလားဟဲ့လို့ မေးလာချင်စိတ်တွေ ပေါ်လာမှာပေါ့။ မယုံပေမယ့် လာမေးတဲ့သူတွေရှိသလို မယုံပေမယ့် ဟောနေတဲ့သူတွေလည်း ရှိတာပဲဗျ။ တက္ကသိုလ်ကျောင်းသားဘဝဆိုတော့ ဒီလိုပဲပေါ့ဗျာ။ စာမေးပွဲနီးရင်လည်း အဆောင်အယောင်တွေကိုလည်း မြင်တွေ့နိုင်သေးတယ်။ သို့ပေမယ့် လူတိုင်း ဂရုထားနိုင်တဲ့ အဆောင်တွေတော့ မဟုတ်ဘူးပေါ့။
ကျောင်းတော်ကြီးမှာ အဟောအများဆုံးကတော့ Tarot ဗေဒင်ပဲ။ တော်တော်များများ ဟောကြတဲ့အထဲမှာ Tarot ကဒ်ဗေဒင်က အဟောအများဆုံးပဲ။ နောက်ပြီးတော့ မြန်မာ့ရိုးရာ ဗေဒင်။ မဟာဘုတ် နဲ့ သုံးတန်ပေါ် နိစ်။ မဟာဘုတ်လောက်တော့ ဗေဒင်စာအုပ် ဖတ်ပြီး တတ်နိုင်ပေမယ့် သုံးတန်ပေါ်ကတော့ လူတိုင်း မတတ်ဘူး။ သေသေချာချာ လေ့လာမှ ရတဲ့ ပညာဖြစ်တဲ့အတွက် အဲဒါနဲ့ ဟောနိုင်တဲ့သူ အတော်ရှားတယ်။ ဆန်းကျမ်း နဲ့ အင်္ဂဝိဇ္ဖာ မှာလည်း အင်္ဂဝိဇ္ဖာကို နည်းနည်းပါးပါး တတ်တဲ့သူတွေ ရှိပေမယ့် ဆန်းကျမ်းကိုတော့ မတတ်ကြဘူး။ တနည်းပြောရရင် လွယ်လင့်တကူ ဝယ်ပြီးဖတ်လို့ရတဲ့ စာအုပ်ထဲက ဗေဒင်တွေ အဟောများတာပေါ့။ ဒါကြောင့် Tarot က လူအဟောအများဆုံး ဖြစ်နေရတာပဲ။ Tarot မှာလည်း ဟောတဲ့လူက အမျိုးမျိုးပဲဗျာ။ အချို့တွေဆို တနေ့ကို ၃ ခါ ပဲဟောတယ်။ အဲ.. တချို့တွေကတော့ ကဒ်တောင် အထိ မခံတဲ့လူတွေလည်း ရှိပါ့ဗျာ။ အင်း.. ကျွန်တော့် tarot ကဒ်ဆိုရင် ကိုးတန်းအောင် ကတည်းကဆိုရင် computer hons ထိ ဆိုတော့ ၆ နှစ်လောက် တော့ ရှိပြီပေါ့။ ကျွန်တော်ကတော့ Third Year နောက်ပိုင်းမှာတော့ ဗေဒင်ဟောတာတွေ ရပ်ဆိုင်း လိုက်တယ်။ Tarot ကိုတော့ တစ်ခါတစ်လေမှ အသုံးပြုတတ်တယ်။ ကျွန်တော်ကလည်း ကိုယ့်နည်း ကိုယ်ဟန် နဲ့ ဟောတာလည်း ပါတာပေါ့။
ဗေဒင်ဆိုရင် လက္ခဏာလည်း ပစ်ပယ်လို့မရေပေဘူး။ လက္ခဏာကို အသေအချာလေ့လာတဲ့သူတွေလည်း ရှိသေးတယ်။ နောက်ပြီးတော့ ဇာတာ။ ဇာတာကတော့ သုံးတန်ပေါ်လိုမျိုးပဲ ကျောင်းမှာ လူတိုင်း မဟောနိုင်ဘူး။ ဇာတာ ကိုင်ပြီး ဟောနိုင်တဲ့ သူတွေ တော်တော်ရှားတယ်လို့လည်း ဆိုလို့ရတယ်။ ဗေဒင်ဟောနေပေမယ့် ဇာတာနဲ့ ဟောတာကို မသိတဲ့ ကျောင်းသား ကျောင်းသူတွေလည်း အများသား။ ကျောင်းမှာ ဆရာမ အတန်းမလာဘူးဖြစ်စေ နေ့လည် ထမင်းစားချိန်မှာ ဖြစ်စေ ဗေဒင် ဝါသနာပါတဲ့သူတွေ စုပြီး ဗေဒင်ဟောကြတာတွေ ပညာတွေ ဖလှယ်တာတွေလည်း ရှိခဲ့ဘူးတယ်ဗျာ။ တော်တော်တော့ ပျော်ဖို့ကောင်းသားဗျ။ တက္ကသိုလ်တက်လိုက်တာ သူငယ်ချင်းတွေရဲ့ ကျေးဇူးကြောင့် လက္ခဏာ အကြောင်းတွေ ပိုသိလာတယ်။ နောက်ပြီး ဇာတာ နဲ့လည်း ဟောတတ်သွားတယ်။ ဇာတာကိုတော့ မတွက်တတ်ဘူး။ program နဲ့ပဲ တွက်လိုက်တာပဲ။ ပြီးတော့ print ထုတ် ပြီး ဟောပေါ့ဗျာ။ တစ်ခါတစ်လေတော့လည်း အိမ်ကို ယူပြီး တွက်ရတာတွေ ရှိတယ်။ ပြက္ခဒိန် နဲ့ ဂြိုလ်သွား ဂြိုလ်လာတွေ ကြည့်ပြီး ဟောတဲ့ အခါတွေလည်း ရှိတာပေါ့။ နောက်ပြီးတော့ ဘာမှ မဟောခင် စိတ်အကြောင်း အနည်းအငယ် သိရအောင် Zodiac ကိုမေးပြီး အဲဒီ  အကြောင်းလေးတွေလည်း စိတ်ဝင်စားအောင် ပြောပြတာတွေလည်း ရှိသေးတယ်။ အော်… အဲနေ့မှ မွေးတာဆိုတော့ ဘာ sign ပေါ့။ ဒါဆိုရင်တော့ ဒီလို ဒီလို တွေ ရှိတတ်တယ်။ တကယ်တော့ လူတွေဆိုတာ ကိုယ့်အကြောင်းကို ပြောပြရင် အရမ်းကြိုက်တဲ့ သတ္တဝါဗျ။ ဟုတ်တာ ၃၀% လောက်ပါသွားရင် မှန်တယ် မှန်တယ်ဆိုပြီး ဖြစ်သွားပါလေရော။ လူဆိုတာကလည်း ကိုယ့်အရှေ့မှာ ကိုယ့်ကောင်းကြောင်းတွေ ပြောပြနေရင် ပြုံးပြီး ပျော်နေတတ်တဲ့ သတ္တဝါဆိုလည်း မမှားဘူး။ Zodiac တွေ အကြောင်းပြောရင် ကောင်းတာတွေကို များများပြောပြီး မကောင်းတဲ့ အကျင့်ကို နည်းနည်းလေး ထည့်ပြောတတ်တယ်။ အဲဒီ အခါ… ဟုတ်တာပေါ့.. ဟုတ်တယ်.. ပြင်ဖို့ ကြိုးစားတာ မရဘူးဟယ်… စတာလေးတွေလည်း ပြန်ဖြေတတ်တာတွေလည်း ရှိပြန်တကော။
ကျွန်တော် သိတဲ့ ဗေဒင် ဆရာ ဆရာမ ဆိုရင်တော့ ၃ ယောက်လောက်ပဲ သိတယ်။ ကျွန်တော် အပါအဝင် ၄ ယောက်ပေါ့။ သူတို့ ၃ ယောက်ဆီက လှည့်ပြီး ပညာတွေလည်း ယူခဲ့တာ အများကြီးပဲ။ အဲဒီထဲက တစ်ယောက်ကတော့ ဗေဒင် ဟောတာ ညှက်နေပြီလို့ ဆိုရမယ်။ သူပေးတဲ့ နည်းလေးက အတွဲလာဟောရင် ရနိုင်တယ်လို့သာ ဟောလိုက်။ မရဘူးမြင်လည်း ရနိုင်တယ်လို့သာ ဟော။ လက္ခဏာပဲဖြစ်ဖြစ် ဗေဒင်ပဲ ဖြစ်ဖြစ် အခုလုပ်ထားတဲ့ ကံပေါ်မှာ မူတည်ပြီး ရှေ့ကိုပဲ ဟောတာ။ သူတို့ကောင်းတာ လုပ်ရင် ကောင်းတာတွေ ပြောင်းသွားမယ်။ ဒါကြောင့် စိတ်ချမ်းသာအောင်ပဲဟောပေးလိုက်တဲ့။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ကံတွေက အမြဲပြောင်းနေတယ်။ လက္ခဏာကြည့်လာတာ ၃ နှစ် လောက် ဒီလူတွေပဲ ဆိုတော့ တစ်နှစ်နဲ့ တစ်နှစ် မသိမသာလေးတွေ ကွာကုန်တာလည်း သတိထားမိတယ်။ ရယ်တော့လည်း ရယ်ရသားဗျ။ ၃ နှစ်လောက်အတွင်းမှာ မေးတဲ့သူတွေကလည်း ဒီလူတွေပဲ။ မေးတဲ့ မေးခွန်းတွေကလည်း သိပ်ပြီး မထူးခြားနားလှပါဘူး။ လူငယ်တွေ မေးနေကျ မေးခွန်းပဲမေးနေတာပဲ။
အဲ တစ်ခါတစ်လေ လာမေးတဲ့သူတွေက ပြန်ဟောပေးတဲ့ အခါတွေလည်း ရှိပါ့။ အချို့တွေ ဖဲဗေဒင်တွေ ဟောကြသလို အချို့တွေကလည်း tissue ဗေဒင်နဲ့ ဟောတာလည်း ရှိတယ်။ တနည်းပြောရင်ဗျာ ဗေဒင်စိတ်ဝင်စားတဲ့သူတိုင်း ဗေဒင်လွယ်လွယ်ကူကူ နေရာတိုင်းမှာ သင်နိုင်တဲ့ ကျောင်းကြီးဆိုလည်း မမှားဘူးပေါ့။ သို့ပေမယ့် နက္ခတ် ကို ကြည့်တတ်တဲ့သူတော့ ကျွန်တော် မတွေ့ခဲ့မိဘူး။ ဟိုစပ်စပ် ဒီစပ်စပ် သင်ယူနိုင်တယ်ဆိုရင်တော့ ပိုမှန်တာပေါ့။ အချို့တွေဆိုရင် နဒီနက္ခတ် ကျောင်းဆင်းတွေတောင် ရှိသေးတယ်။ ကျွန်တော်ဆို သူတို့ဆီက ဇာတာ တွေ ပြန်သင်ရတာပေါ့။ လက္ခဏာ လာမေးတဲ့သူတွေကလည်း လက္ခဏာ ပတ်သက်ပြီး နားရည်ဝ နေပြီ။ အနည်းအကျဉ်း ကြည့်တတ်နေပြီ။ တစ်ခါတစ်ခါ သူတို့ သူငယ်ချင်းတွေကို ဆရာပြန်ပြီး ဟောပေးတာတွေလည်း တွေ့ရသေးပါ့ဗျာ။ ဘာပဲ ပြောပြော ကျောင်းမှာက ဗေဒင်နဲ့ ပတ်သက်ရင် ပျော်စံရာ ဆိုလည်း မမှားဘူးပေါ့။
မေးလွန်းလို့ တစ်ခါတစ်လေ စိတ်ပေါက်ပေါက်ရှိရင် ဇာတာယူပြီး တွက်ပြီး ပေးလိုက်တဲ့အခါတွေလည်း ရှိပါ့။ ခဏခဏ လာမမေးနဲ့။ နင့်အကြောင်း အကုန်ဒီမှာ ရေးပြီးပြီ။ ယူပြီး သိမ်းထားလိုက်။ ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်တော့ ဆိုပြီး ပေးထားတဲ့ အချိန်တွေလည်း ရှိပါ့။ တကယ်တန်းတော့ ဗျာ ဗေဒင်လာမေးတဲ့သူတွေက သူတို့ စိတ်ချမ်းသာအောင် လာမေးကြတာ။ သူတို့ စိတ်ချမ်းသာအောင် ဟောပေးလိုက်ရင် ပျော်သွားတာပဲ။ မှန်တယ်ဆိုပြီး ဖြစ်သွားတာပဲ။ မမှန်ရင်လည်း နည်းနည်းလေးပဲ လွှဲတာဟ ဆိုပြီး လာထပ်မေးကြပြန်ကော။  တတိယ နှစ်မှာတော့ ကိုယ်ပိုင်နည်းနဲ့ ဟောဖြစ်လာတယ်။လူတိုင်းက tarot တွေနဲ့ နောက်ပြီး လက္ခဏာ ဆရာတွေကလည်း များလာတော့ အဲဒီ နည်းလမ်း မသုံးချင်တာနဲ့ ကိုယ်ပိုင် နည်းလမ်းကို ရှာကြံလာတာပေါ့။ second year second term ကနေ third year first term လောက်ထိ research လုပ်လိုက်ရတယ်လို့ ပြောရမှာပဲ။ အဲဒီ နည်းနဲ့ကလည်း ကျောင်းမှာ အောင်မြင်လိုက်သေးတယ်။ ဒီနည်းလမ်းက ဘယ်စာအုပ်မှာမှ မပါသလို ကိုယ်ပိုင် နည်းဖြစ်တာလည်း ပါတယ်။ အဲ.. ကျောင်းမှာ ဘယ်လောက် ဆိုးသလဲဆိုဗျာ …. နိမိတ်ကောက်နည်း ဖတ်ဖူးတော့ အဲဒီ အကြောင်းပြောပြတော့ ချက်ခြင်း အနားမှာ ရှိတာ တစ်ခုခု ကို ယူပြီး ဒါမှမဟုတ် သစ်ကိုင်းချိုးပြီး အတင်း နိမိတ်ကောက်ခိုင်းတာတွေလည်း ရှိတယ်။ ဟုတ်တယ် မဟုတ်တယ်တော့ မသိဘူး။ ယုံတဲ့ လူ မယုံတဲ့လူထက် လူငယ်သဘာဝ ပျော်ကြတာတော့ အမှန်ပဲ။ ကျောင်းမှာမှ မဟုတ်ပါဘူး။ ဘယ်မှာ မဆို ဗေဒင် တတ်တယ်ဆိုတာနဲ့ မေးချင်တဲ့သူတွေက အများသားဗျ။ ယုံတယ်လည်း မဟုတ်။ မယုံဘူးလည်း မဟုတ်။ ဒီအတိုင်း မေးကြည့်ချင်တာပဲ ရှိတာ။ အများစုကတော့ မေးပြီး မေ့ကြတာတွေလည်း အများသား။ အများစု မေးကြတာတွေက ကောင်မလေးတွေပဲ ။ မေးတဲ့ အကြောင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်က အတူတူတွေပါပဲဗျာ။ လာမေးတော့မယ်ဆိုကတည်းက ဘာအကြောင်းမေးမလဲဆိုတာ ဗေဒင် တွက်စရာမလိုပဲ သိနေပြီးသား။ တကယ်တန်းတော့ မိန်းကလေးမို့ ဗေဒင်မေးပြီး ဖြေသိမ့်ရတယ်လို့ပဲဆိုရမလား မသိပါဘူး။ သီချင်းတွေထဲက မိန်းကလေး ဘက်ကမို့ဆိုပြီး ပြောရမလိုတောင် ဖြစ်နေပြီ။ တချို့တွေကလည်း အတွဲနဲ့ လာကြတယ်။ ဒါဆိုရင် ဘာမှ တွက်စရာမလိုဘူး။ ဘာတွေ မေးမလဲဆိုတာကို အလိုလို သိပြီးသား။ တကယ်တန်းတော့ ဗေဒင်ပညာဆိုတာ စိတ်ပညာလည်း ပေါင်းစပ် တတ်ကျွမ်းရတယ်လို့ ကျောင်းက ဗေဒင်ဆရာ သူငယ်ချင်းတစ်ယောက်က ဆိုဖူးတယ်။ စိတ်ညစ်နေတဲ့သူကို ပျော်အောင် ဖန်တီး ပေးရမယ်။ စိတ်ပျက်နေတဲ့သူတွေကို စိတ်ကြွလာအောင် ပြောဆိုပေးရမယ်။ ဒါတွေကို ဗေဒင် ဆရာတွေက လုပ်နိုင်တယ်။ မှန်တာ မှားတာ ထက် သူတို့ ပျော်ရွှင်သွားဖို့ စိတ်ကြွသွားဖို့ လိုတယ်လို့ ဆိုတဲ့သူတွေလည်းရှိသေးတယ်။ အဲ.. အဲဒီ နည်းလမ်းက tarot မှာ သုံးမရဘူး။ tarot က ကျောင်းသား ကျောင်းသူများများက ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ ဘာကဒ်ဆိုရင် ဘာဆိုတာကို အရိပ်အမြွက်သိနေပြီလေ။
ကျောင်းမှာကတော့ ကိုယ်ပိုင် နည်းလမ်း အသစ်ထွင်ပြီး ဟောတာ မရှိဘူးတော့ မဟုတ်ပေမယ့် အတော်ရှားတယ်လို့ဆိုရမယ်။ သို့ပေမယ့်လည်း သူ့အဖွဲ့နဲ့ သူ ဟောပြောနေတာ တကယ့် ဗေဒင်ကျောင်းတော်ကြီးလို့ပဲ ဆိုရမလားမသိပါဘူးဗျာ။ ကျွန်တော် တို့ နှစ်ကတော့ ဗေဒင်ကို အတော် ဝါသနာပါကြတယ်ဆိုလည်း မှန်တယ်။ ဗေဒင်လည်း အတော်မေးကြတယ်ဆိုလည်း ဟုတ်တာပဲ။ အဲ.. ယတြာတွေတော့ ချေခဲတယ်လို့ ဆိုရမယ်။ နောက်ပြီး ယတြာပေးတဲ့ လူတွေလည်း အတော်နည်းပါတယ်။ လိုလည်း မလိုအပ်ပါဘူးလေ။ ဘာကြောင့်လည်းဆိုတာတော့ အထွေအထူး ပြောစရာမလိုလောက်အောင် အပေါ်မှာ ပြောပြီးပြီပဲ။ ဗေဒင် အကြောင်းတွေရေးထားတာ တွေကိုတွေ့တိုင်း ကျောင်းသားဘဝက တက္ကသိုလ်နေ့ရက်တွေကို လွမ်းမော သတိရရင်း …….
စာကြွင်း ။။ ဗေဒင်ပညာဟာ နက်နဲ ခက်ခဲလှပါတယ်။ စာနည်းနည်းဖတ်လိုက်ရုံနဲ့ ဗေဒင် မဟောတတ်ပါဘူး။ ကျောင်းသားဘဝက အပျော်တမ်း ဟောခဲ့တာလေးတွေ ရေးထားတာပါ။ ဗေဒင်ပညာကို ဖျက်စီးလိုတဲ့ သဘောမျိုးနဲ့ ရေးသားထားခြင်းမဟုတ်ချေ။ ကျောင်းသားဘဝကို တမ်းတ လွမ်းမောသည့်အနေဖြင့်သာ ….. အရင် အချိန်တွေကို အောက်မေ့ သတိရရင်း..
NTU သို့တစ်ခေါက်
ဒီမြို့ကို ရောက်ကတည်းက ပြောရမလား… ဒီနိုင်ငံကို ရောက်ကတည်းက ပြောရမလားတောင် မသိတော့ဘူး… ဒီကို ရောက်ကတည်းကဆို ပိုမှန်မယ်ထင်တယ်။ အလုပ်စဝင်ကတည်းက NUS ကျောင်းထဲမှာ ဆိုတော့ NUS ကို နေ့တိုင်း နီးပါးရောက်ဖြစ်တယ်။ Prince George Park ထဲမှာရှိတော့ နေ့တိုင်း NUS Business School ဘက်ကိုရောက်ဖြစ်နေကြ။ နောက်ပြီး MRT စီးဖြစ်တဲ့အခါမှာ SOC ဘက်တွေကို ဖြတ်ပြီး Bus စီးနေကြဆိုတော့ NUS ကျောင်း ဘယ်လောက်ကြီးတယ်ဆိုတာကို သိပြီးပါပြီ။ ဒါပေမယ့်လည်း မနက် ရုံးတက် ၉ နာရီခွဲ ၁၀ နာရီ အရောက်သွား ၊အိမ်ပြန်တော့ ၇ ခွဲ ၈ နာရီ လောက်ဖြစ်နေပြီဆိုတော့ ဘာကို မှ မယ်မယ်ရရ ပတ်ပြီး မကြည့်ဖူးဘူး။ နောက်တော့ အလုပ်က NUS ကနေ Office အသစ်ကို ရွေ့သွားတယ်။ ဒါနဲ့ NUS ကို ကျွန်တော်လည်း ထပ်မရောက်ဖြစ်တော့ဘူး။
မနေ့တုန်းကတော့ လူက အားနေတာနဲ့ အခု NTU မှာ Master တက်နေတဲ့ သူငယ်ချင်းကို ပြောပြီး သူ့ကျောင်းကို လိုက်ပြခိုင်းလိုက်တယ်။ ကျွန်တော် NTU ကို တစ်ခါမှ မရောက်ဖူးသေးတော့ ဘယ်လိုလဲဆိုတာလည်း မြင်ချင်တာပေါ့။ ဒါနဲ့ Journg Point မှာ ချိန်းပြီး Bus ကားစီးပြီး NTU ကို သွားခဲ့ပါတယ်။ NTU ကို ရောက်တော့ ကျွန်တော်တို့ UCSY ရဲ့ နေပူကျဲတဲတဲထဲမှာ လမ်းလျှောက်ပြီး ဝင်ရတဲ့ တော်ဝင်လမ်းကြီးကို သွားပြီး သတိရမိတယ်။ သို့ပေမယ့်လည်း ကျောင်းထဲကို Bus က ရောက်တော့ အဆင်ပြေတယ်။ ကျောင်းသားတွေ သက်သာတာပေါ့။ ကျောင်းကို Bus ကားနဲ့သွားတဲ့ နေ့တွေဆိုရင် နေပူကျဲတဲတဲ မှာ လမ်းလျှောက်ပြီး ဝင်ခဲ့ရတဲ့ နေရက်တွေကို မှတ်မိသေးပါ့။ Bus ကား ၁ နာရီ ခွဲ မတ်တပ်ရပ်ပြီး စီးလာရတဲ့ အခါတွေရှိသလို နေရာရတဲ့အချိန် ထိုင်ပြီး စီးလာခဲ့ရတဲ့ နေ့တွေလည်း ရှိပါတယ်။ သို့ပေမယ့် Bus ကားစီးလို့ပင်ပန်းရုံတင်မကဘူး နေပူကျဲတဲတဲ အရိပ်မရှိတဲ့ လမ်းမကြီးကို လျှောက်ပြီး ကျောင်းတက်ခဲ့တဲ့ နေ့ရက်တွေကိုလည်း လွမ်းမောဖွယ် အောက်မေ့သတိရမိသွားတယ်။ ကျောင်းရောက်တော့ သူငယ်ချင်းက အရင်ဆုံး သူ ကျောင်းတက်တဲ့ ဘက်ကို ပြမယ်ဆိုပြီး ခေါ်သွားပါတယ်။
စနေနေ့ဖြစ်တာမို့ လူလည်း ရှင်းလှတယ်။ တစ်ခုသတိထားမိတာက ကျောင်းမှာ သန့်ရှင်းရေးတွေ လုပ်နေတာနဲ့ ပြုပြင်နေတာကို တွေ့ရတယ်။ ဒီစရောက်ကတည်းက နေရာတိုင်းမှာလိုလို construction တွေကို တွေ့နေရတယ်။ ကျောင်းမှာလည်း ပြင်နေတာကို တွေ့ရတယ်။ UCSY မှာကတော့ ပြုပြင်ထိန်းသိမ်းခြင်းဆိုတာ တော်တော်ရှားတယ်။ ပျက်ပြီဆိုမှ ပြင်တာပဲရှိတယ်။ ထိန်းသိမ်းတာမျိုး မတွေ့မိဘူး။ ကျောင်းကား စောင့်ရင်းနဲ့ လေတိုက်လိုက်တိုင်း ခေါင်မိုးက သစ်သားပြားကွာပြီး ဖလပ်ဖလပ် အသံကြားနေရတဲ့ အသံကို အခုအချိန်ထိ နားထဲမှာ စွဲနေတုန်းပဲ။ အရင်ဆုံး ရောက်တာကတော့ Library ရှိတဲ့ ဘက်ပဲ။ Library ဆိုလို့ စိတ်ဝင်စားသွားတယ်။ ဒါနဲ့အထဲ ဝင်ကြည့်လိုက်တော့…
ဝင်ဝင်ခြင်းမှာ Computer တွေအများကြီးကို စတွေ့လိုက်ရတာပဲ။ ကျွန်တော့်အတွက်ကတော့ ပထမဆုံး Library ကောင်းကောင်းတစ်ခုကို စမြင်ဘူးခြင်းလို့ ဆိုလို့ရမယ်။ ရန်ကုန်မှာတုန်းက Library ဆိုလို့ BC လောက်ပဲ သွားဖြစ်တာ။ ဒီရောက်တော့လည်း Library ကဒ် လုပ်မယ် လုပ်မယ်ဆိုပြီး မအားတာရယ် အပြင်ထွက်ဖို့ ပျင်းတာရယ်နဲ့ မလုပ်ဖြစ်ဘူး။ အခု မြင်နေရတဲ့ နေရာကနေ အပေါ်ကို မော့်ကြည့်လိုက်တော့
ပုံတွေရေးဆွဲထားတာနဲက စာအုပ်စင်တွေကို တွေ့လိုက်ရတာပဲ။ စာအုပ်စင်တွေ အများကြီးပါ။ သဘောကျသွားတာကတော့ အမှန်ပဲ။ Library ကို ကြည့်လိုက်ပြီး ကျောင်းပြန်တက်ချင်စိတ်ပေါက်သွားမိတယ်။ ကျွန်တော် အရင်ကတည်းက စာအုပ်စင်တွေအများကြီးနဲ့ ကိုယ်ပိုင် Library တစ်ခုလောက် လိုချင်မိတယ်။ သို့ပေမယ့်လည်း စာအုပ်စင်အတွက် သီးသန့်နေရာ ပေးဖို့ နေရာက မရှိဘူး။ ဒီရောက်တော့လည်း စာအုပ်စင်တော့ ရှိပါတယ်။ သို့ပေမယ့်လည်း ကျွန်တော့် စာအုပ်တွေ မရှိတော့ဘူးလေ။ အကုန်ရန်ကုန်မှာ ကျန်ခဲ့တယ်လေ။ Library ကို မြင်တိုင်း လူက အလိုလို ပျော်လာတယ်။ Library ရောက်ရင် စာအုပ်တွေ ဟိုလှန်ဒီလှန် ကြည့်ချင်တာ။ ဘာရယ်ကြောင့်လည်းတော့ မသိဘူး။ ဗီဇလို့ ဆိုမလား ဝါသနာလို့ ပြောရမလားပင် မသိ။ Library ဝင်ဝင်ခြင်းမှာပဲ သဘောကျမိပြီး ကျောင်းပြန်တက်ရင် ကောင်းမလားဆိုတာ ခေါင်းထဲမှာ ဖြတ်ခနဲ ဝင်လာမိတယ်။ ဝင်ပေါက်ဘေးနားမှာကတော့ Gallery လေး တစ်ခုရှိပါတယ်။
နာမည်က Lee Wee Nam Gallery ဆိုပြီး တွေ့ပါတယ်။ Library က Lee Wee Nam Library နဲ့ တူတယ်။ ကျောင်းမှာ Library ၇ ခု ရှိတယ်လို့ သူငယ်ချင်းက ပြောပါတယ်။ သူ့ Gallery တွေ ပြထားပြီး အရှေ့ဘက်မှာလည်း Computer တွေ ရှိပါတယ်။ ထိုင်ခုံတော့ မတွေ့လို့ စာအုပ်ရှာဖို့ ထားထားတဲ့ Computer တွေလို့ စိတ်ထဲမှာ ကိုယ့်ဘာသာကိုယ် တွေးမိလိုက်တယ်။ အဲဒီ နားမှာပဲ အပေါ်တက်ဖို့လှေကားရှိလို့ အပေါ်ထပ်ကို တက်ခဲ့တယ်။
အပေါ်ထပ်ရောက်တော့ သူငယ်ချင်းကို Computer စာအုပ်စင် ဘယ်နားမှာလဲဆိုတာကို မေးပြီး Computer စာအုပ်စင်ကို ကြည့်မိလိုက်တယ်။ အဲဒီ အချိန်မှာ သတိထားမိတာက ဟိုဘက်ကော ဒီဘက်ကော စာဖတ်ဖို့နေရာ စာလုပ်ဖို့နေရာလေးတွေ ပေးထားပြီး အလယ်မှာ စာအုပ်စင်တွေ ထားထားတာလေးကိုပါ။ နောက်ပြီး စာအုပ်စင် တစ်ခုနဲ့ တစ်ခုကြားမှာ ထိုင်ခံသေးသေးလေး တစ်ခုလောက် ရှိတာကို သတိထားမိတယ်။ Laptop တွေ Power သုံးလို့ရလားမေးကြည့်တော့ ဟိုဘက်ခြမ်း နေရာက ရတယ်လို့ ဆိုပါတယ်။ ဒီဘက်ကတော့ စာဖတ်ဖို့နဲ့တူတယ်။ သီးသန့် အကန့်လေးတွေ ထားထားတယ်။ Computer တက္ကသိုလ်မှာတုန်းက Library မှာ Laptop သုံးတုန်းက plug ကြိုးတပ်လို့ဆိုပြီး plug ကြိုးပြန်ဖြုတ်ခိုင်းတာ ကြုံဖူးသေးတယ်။ စာအုပ်ရှာဖို့ကလည်း စာရွက်လေးတွေ အများကြီးကို လှန်လှန်ကြည့်ပြီး ခေါင်းစဉ်နဲ့ ရှာရတဲ့ ဘဝကိုလည်း မှတ်မိသေးတယ်။ Master မှသာ အထဲဝင်ခွင့်ပေးလို့ မကျေမနပ်တွေ ဖြစ်ခဲ့ဖူးတဲ့ အချိန်လေးတွေကိုလည်း ဖြတ်ခနဲ ခေါင်းထဲမှာ ရောက်လာခဲ့တယ်။ ပြီးတော့ ကိုယ့်ဘာသာကိုယ် ပြုံးမိလိုက်တယ်။ ငါတို့ ကျောင်းတက်ခဲ့ရတဲ့ ဘဝက အဲလိုတွေပါလား …. ဆိုပြီး စဉ်းစားပြီး ရယ်ချင်မိလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဘာစာမှ မကျက်ပဲ မနက်ဖြန် စာမေးပွဲ ဒီညမှ ကျက်ပြီး အောင်ခဲ့တာ UCSY မှာ တက်လို့ပေါ့။ ဒီမှာသာဆိုရင် အဲလို ဘွဲ့တစ်ခု လွယ်လွယ်မရပါဘူးလို့ ဆက်ကာတွေးမိ ထပ်ကာရယ်မိလိုက်ပြန်တယ်။
အဲဒီအကြောင်းတွေပြောနေရင် Library အကြောင်းရေးဖြစ်တော့မှာမဟုတ်ဘူး။ အဲဒီအကြောင်းတွေကို ဖြတ်ပြီး NTU အကြောင်းပဲ ဆက်ရေးလိုက်အုံးမယ်။ အောက်တထပ် လား နှစ်ထပ်လားမသိဘူး ပြန်ဆင်းလိုက်တော့ သဘောကျ စရာတွေ ထပ်တွေ့တာပဲ။
Computer တွေ အများကြီး သပ်သပ်ရပ်ရပ်နဲ့ အခြား စာအုပ် အနည်းငယ်ရှိတဲ့ နေရာပေါ့။ နောက်ပြီး သဘောကျမိတယ်ဆိုတာက အဲဒီ computer အများကြီးကို မဟုတ်ဘူး။ ကျောင်းသားတွေ စုပြီး စာလုပ်ဖို့နေရာလေးပါ။
Projector တစ်ခုပေးထားပြီး ကျောင်းသား ၄ ယောက် ၅ ယောက်လောက် စာဆွေးနွေးလို့ ကောင်းတဲ့နေရာလေး။ အဲဒါလေးကို သဘောကျမိတာ အမှန်ပဲ။ Vivo City မှာ ရှောင်လင်တို့နဲ့ ချိန်းထားတာ ရှိတာနဲ့ အခြားနေရာတွေ သွားကြည့်အုံးမယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။ Library  အပြင်ထွက်ထွက်ခြင်းမှာတော့
ကြည့်ရတာ ကြည်လင်အေးဆေးတယ်လို့ ခံစားမိလိုက်တယ်။ ကျောင်းမှာက နေရာတိုင်းလိုလို စိမ်းစိမ်းဆိုဆို ရှိလှတယ်။ NUS ကော NTU ကော တော်တော် သပ်ရပ်တယ်။UCSY တုန်းကတော့ သဲကွင်းကြီးထဲမှာ ကျောင်းကားကို အမောတကာ လိုက်ရှာခဲ့တဲ့ အချိန်တွေကိုလည်း သတိရသေးတယ်။ နေပူကျဲတဲထဲမှာ သူငယ်ချင်းတွေကို အဲဒီ ကားနံပတ်တွေ့မိလား မေးရတာတို့ ကျောင်းကားပေါ်ကလူတွေကို သဲကွင်းကြီးထဲမှာ ရှိမရှိ လိုက်ရှာရတဲ့အချိန်တွေ.. နောက်ပြီး ကားမလာသေးလို့ ထိုင်စောင့်ခဲ့ရတဲ့အချိန်တွေကို သတိရမိသေးတယ်။
ခဏလောက်လမ်းလျှောက်ပြီး သွားလိုက်တော့ Computer ကျောင်းရှိတဲ့ ဘက်ကိုရောက်ပါတယ်။
အဲဒီကိုရောက်တော့ သတိထားမိတာက Venyl ကြီးနဲ့ စာချိတ်ထားတာကိုပဲ။ ဘာလို့လည်းတော့ နားမလည်ပါ။ အဆောင်တွေကပဲ တစ်နှစ်တစ်ခေါက်ပြောင်းနေလားလို့ မေးကြည့်တော့ မဟုတ်ပါဘူးလို့ ပြောတာပဲ။ ဒါပေမယ့် နာမည်ကို Venyl ကြီးနဲ့ ဘာလို့ ချိတ်ထားလဲမသိ။ လမ်းကူးတဲ့ တံတားဟိုဘက် ဒီဘက်မှာ မြင်ရတာလေးကတော့
ကျောင်းရဲ့ နေရာတော်တော်များများမှာ ပန်းပင်လေးတွေ စိုက်ထားတာကို ဂရုပြုမိတာ အမှန်ပဲ။ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ အချိန်ကလည်း ချိန်ထားတဲ့ အချိန်ကျော်နေပြီ။ ရှောင်လင်တို့လည်း ရောက်နေပြီဆိုတာနဲ့ vivo city ကို သွားဖို့ ပြင်ပါတော့တယ်။ မသွားခင်လေးမှာ Nanyang Auditorium ကိုဝင်ကြည့်ဖြစ်ခဲ့သေးတယ်။
ဝင်ပေါက်နားမှာ တွေ့ရတဲ့ ပန်းပုပေါ့။ ပန်းပုလို့ပဲ ခေါ်ရမလား ဘယ်လို ခေါ်ရမလဲဆိုတာတော့ ကျွန်တော်မသိပေ။
အထဲကို ဝင်ကြည့်လိုက်တော့…
အပေါ်ထပ်ရှိတာကိုလည်း တွေ့ရတယ်။ အထဲကိုတော့ ဝင်မကြည့်ဖြစ်ဘူး။ တံခါးက ပိတ်ထားလို့ ဝင်မရလို့ ဝင်မကြည့်ဖြစ်ခဲ့တာ။
အချိန်လည်း နောက်ကျနေပြီဆိုတာနဲ့ NTU က နေ ခပ်သွက်သွက် ထွက်လာခဲ့တယ်။ ကျောင်းထဲမှာ နေရာအများကြီး ရောက်ခဲ့တာတော့ မဟုတ်ဘူး။ တချို့ ရောက်ခဲ့တဲ့ နေရာလေးတွေလည်း ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။ ကျွန်တော်က ဓာတ်ပုံရိုက်တာနဲ့ မျက်စိနဲ့ ကြည့်ပြီး မှတ်ထားရတာကို ပိုသဘောကျတယ်။ သို့ပေမယ့်လည်း blog လေးရေးအုံးမယ်လို့ စဉ်းစားမိတော့ သူငယ်ချင်းရဲ့ ဖုန်းနဲ့ ပဲ အချို့ပုံလေးတွေ ရိုက်ဖြစ်ခဲ့တာ။
ဟိုးတချိန်တစ်ခါတုန်းက ရန်ကုန် တက္ကသိုလ်ခေတ်ကောင်းခဲ့အချိန်တုန်းက ဘာမှမဟုတ်တဲ့ တရုတ်ကျောင်းလေး အခုချိန်မှာတော့ အပြောင်းလဲကြီး ပြောင်းလဲသွားပါပြီ။ ကျွန်တော် အတိတ်တွေကို တမ်းတတာတော့ မဟုတ်ပါဘူး။ ရန်ကုန် တက္ကသိုလ် ခေတ်ကောင်းတယ်ဆိုတုန်းက ကျွန်တော်လည် းမမွေးသေးပါဘူး။ ဒါကြောင့် ကျွန်တော် ဘယ်လောက်ထိ ခေတ်ကောင်းလဲဆိုတာလည်း မသိပါဘူး။ ဒါပေမယ့် အတိတ်ဆိုတာ မေ့ပစ်လို့ မရဘူး။ မေ့ပစ်လို့ မဖြစ်ဘူး။ အတိတ်ထဲမှာ မှားခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ပြီး လေ့လာဖို့လိုအပ်ပါတယ်။ အပြစ်တင်ခြင်းဆိုတာက အလုပ်တစ်ခုကို ပြီးမြောက်စေတဲ့ အရာမဟုတ်ဘူးလို့ ခံယူထားတယ်။ ကျွန်တော်တက်ခဲ့တဲ့ UCSY ဟာ အခုသွားလည်ဖြစ်ခဲ့တဲ့ NTU လောက် မကောင်းဘူး။ အရင်တုန်းက ခဏခဏ ရောက်နေတဲ့ NUS လောက် ထည်ဝါမှုမရှိဘူး။ သို့ပေမယ့်လည်း UCSY မှာ ကျွန်တော် သူငယ်ချင်းတွေ နဲ့ တွေ့ခဲ့ရတယ်။ ငယ်ငယ်က ကျွန်တော်ကျောင်းပြောင်းလို့ ကွဲသွားတဲ့ သူငယ်ချင်းတွေနဲ့လည်း ပြန်စုံခဲ့ရတယ်။ လူပေါင်းစုံနဲ့ တွေ့ခဲ့ပြီး လူတွေနဲ့ ဆက်ဆံလာတတ်တယ်။ သို့ပေမယ့်လည်း Brainstroming လိုမျိုး အလေ့အကျင့်တွေ Activity တွေမရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် ဘွဲ့ရခဲ့တယ်။ အဲဒီဘွဲ့ကြောင့်ပဲ အလုပ်ရခဲ့တယ်။ ပြောချင်တာတွေက အများကြီးပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တက်ခဲ့တဲ့ကျောင်းကြောင့် ကျွန်တော်ဘွဲ့ရခဲ့ပြီး အခုလို အလုပ်ရတာကိုပဲ ကျောင်းတော်ကြီးကို ကျေးဇူးတင်မိတယ်။
အမှား
တစ်ခြား နိုင်ငံတွေမှာတော့ မသိ ဘူး ကျွန်တော်တို့မြန်မာ နိုင်ငံမှာ high school အရွယ်တွေကတော့ Developer တို့ Programmer တို့ဆိုတာ သိကြမှာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျောင်းမှာ စာအရမ်းတော်တဲ့ ကလေးက ဆယ်တန်းမှာ အမှတ်မကောင်းလို့ ဆေးကျောင်းမဝင်ပဲ computer ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံခြားမှာ computer ကျောင်းသွားတတ်တာပဲ ဖြစ်ဖြစ်ပေါ့။ ပထမ အချက်က သူတို့တွေက Programming ဆိုတာ မသိကြဘူး။
စာအရမ်းတော်တဲ့သူနဲ့ မတော်တဲ့ သူရဲ့ အဓိက ကွာခြားချက်က မှားခြင်းပဲ။ စာတကယ်တော်တဲ့သူတော်တော်များများဟာ လက်ရေးကို လှအောင် ရေးတယ်။ နောက်ပြီး ဖျက်ရာမပါအောင် ကြိုးစားရေးကြတယ်။ ကျွန်တော် state တုန်းကဆို သည် ၏ မရွေး မမှားအောင် ကျက်ကြတာတွေ့ဘူးတယ်။ ကျောင်းစာမှာ ပုံမှန်ပဲ ရှိတဲ့သူတွေကတော့ စာမေးပွဲအောင်ရင် ပြီးရောဆိုတဲ့ စိတ်လောက်ပဲရှိတယ်။ တစ်ခါတစ်လေ တစ်မျက်နှာလုံးကို မျဉ်းကြောင်းအကြီးကြီး ခြစ်ပြီးတော့ အသစ်ပြန်ရေးတာတွေလည်း ရှိတယ်။
နောက်ပြီး ဆရာ ဆရာမ တွေ ကျောင်းမှာ တုန်းက စာသင်ရင် မှတ်မိတယ်။ English စာသင်တုန်းကဆိုရင် meaning မရရင် ထိုင်ထ လုပ်ရတယ်။ စာလုံးပေါင်းမှားရင် ထိုင်ထ လုပ်ရတယ်။ သချာင်္တွက်တာ မှားရင် ရိုက်ခံထိတယ်။ မြန်မာ ကဗျာတွေကို အလွတ်ကျက်ရတယ်။ ၃ တန်း ၄ တန်းလောက်တုန်းကဆို စာစီစာကုံးကို အလွတ်ကျက်ခဲ့ရတယ်။ ကျွန်တော်ကတော့ မှတ်မှတ်ရရ မိုးရာသီ တစ်ခုပဲ အတန်းထဲမှာ ဆိုတာ မရလို့ အခန်းထဲမှာ ထိုင်ခုံပေါ်မတ်တတ်ရပ်ပြီး ကျက်ခဲ့ရလို့ မိုးရာသီ စာစီစာကုံး တစ်ပုဒ် အလွတ်ရခဲ့ဘူးတယ်။ တနည်းပြောရင် ကျွန်တော်တို့ basic education မှာ သင်ကြားခဲ့ရတာက အမှားလုပ်ရင် ဒဏ်ပေးခံရမယ်။ အမှားမလုပ်အောင်နေ ဆိုတဲ့ အလေ့အကျင့်ကို ရိုက်သွင်းခဲ့တယ်။ စာတော်တဲ့ သူတော်တော်များများကလည်း အမှားနည်းတာကို တွေ့ရပါတယ်။ သူတို့တွေရဲ့ စာအုပ်တွေဆို သန့်ပြန့်နေတာပဲ။ လက်ရေးရေးတာတောင် အမှားမပါအောင် ရေးကြတာတွေ့တယ်။
Programming သင်တဲ့ အခါမှာ စတွေ့တာပဲ။ ကျောင်းမှာတုန်းက မှတ်မိသေးတယ်။ Programming စသင်တုန်းက ဆရာမ သင်တဲ့အတိုင်း variable a , b ,c တောင် မလွဲပဲ ရေးတဲ့သူတွေ အများကြီးပဲ။ ကွဲလွဲစွာ ရေးလို့ရပါတယ်ဆိုတာတောင် မရေးဘူး။ ဆရာမ သင်တဲ့ အတိုင်းပဲ။ အကျောင်းအမျိုးမျိုးကြောင့် ဆေးကျောင်းကပ်မဝင်တာပဲဖြစ်ဖြစ် မဝင်ချင်တာပဲဖြစ်ဖြစ် Computer တက္ကသိုလ် ရောက်လာတဲ့ လူတွေ ရှိတယ်။ အဲတုန်းကတော့ သူတို့ ဘာလို့ ဒီလောက်တောင် ဖြစ်ရလဲဆိုတာကို နားမလည်တာ အမှန်ပဲ။ အခုအချိန်မှာ စဉ်းစားကြည့်ရင် သူတို့ ဘဝမှာ အမှားတွေကို အနည်းဆုံးဖြစ်လာအောင် ကြိုးစားပြီး နေလာခဲ့ရကြတာပဲ။ ကျောင်းပြီးရင် အမှတ်တွေကောင်းချင် ကောင်းမယ် သူတို့ တကယ့် Programming အရသာကို သိမှာ မဟုတ်ဘူ။ Programming ရေးရတဲ့ ပျော်ရွှင်မှုကို သိဖို့ ခက်တယ်။
Programmer တစ်ယောက် အနေနဲ့ အမှားဆိုတာ ကြောက်စရာ မလိုဘူး။ အမှားဆိုတာက ပြန်ပြင်လို့ရတဲ့ အမှားနဲ့ ပြန်ပြင်မရတဲ့ အမှားရှိတယ်။ Programming code တွေက ပြန်ပြင်လို့ရတယ်။ Error တက်ရင် ပြန်ပြင်လို့ရတယ်။ Error တက်တာ ကြောက်စရာ မဟုတ်ဘူး။ Error တက်လို့လည်း ဘယ်သူမှ ကျောင်းတုန်းကလို တုတ်နဲ့ ရိုက်မခံထိဘူး။ ထိုင်ထ မလုပ်ခံထိဘူး။ ဒါပေမယ့်လည်း ၁၀ နှစ် လောက် သင်ကြားခဲ့တဲ့ psyhco က ကြီးဆိုးနေတော့ code run လိုက်တော့ Error တက်နေရင် လန့်ကုန်ကြတာတွေ ရှိတယ်။ ဒါကလည်း အပြစ်တင်လို့ မရပါဘူး။ တဖြည်းဖြည်းနဲ့ သင်ယူရင်း နဲ့ ရလာတဲ့ အရာတွေပဲ။
State ကျောင်းမှာ စာအရမ်း တော်ခဲ့ကြတဲ့သူတွေဟာ Computer တက္ကသိုလ်မှာလည်း စာတော်နေဆဲပဲ ရှိသလို computer တက္ကသိုလ်ရောက်မှ စာညံ့သွားတဲ့ သူတွေလည်း ရှိတယ်။ ကျောင်းတွေ ပြီးလို့ လက်တွေ့လုပ်ငန်းခွင်တွေ ဝင်တဲ့အခါမှာ ဝါသနာ အရင်းမခံတဲ့သူ နောက်ပြီး အမှားတွေ ဖြစ်မှာ ကြောက်သူတွေက အသစ်အသစ်တွေ လေ့လာဖို့အရာမှာ ခက်ခဲတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ အသစ်တွေ လေ့လာတဲ့အခါမှာ အမှားဖြစ်ရင် မေးဖို့ ဆရာမရှိဘူး။ သမာရိုးကျ ကျောင်းသားနဲ့ စာတော်တဲ့ ကျောင်းသား ကွာခြားချက်က မှားလား မှန်လား ပြန်တိုက်တာပဲ။ တွေ့ဘူးမှာပါ။ စာတော်တဲ့ ကျောင်းသားတော်တော်များများက အိမ်စာပုံမှန်လုပ်ကြပြီး ဆရာ ဆရာမတွေကို မှန်မမှန် ပြန်စစ်ခိုင်းပါတယ်။ လက်တွေ့လောက မှာတော့ အဲလိုမျိုး အဖြေ မှန်မမှန် ပြန်စစ်ပေးမယ့် လူမရှိတော့ဘူး။ ကိုယ်တိုင် လေ့လာဖို့ လိုလာပြီ။ ကိုယ်တိုင် ဆန်းစစ်တွေးခေါ်တတ်ဖို့ လိုလာပြီ။ ကျောင်းတုန်းက ဆန်းစစ်တွေးခေါ်မှုထက် အလွတ်ကျက်မှုကို အားပေးတယ်။ အလွတ်မရရင် ရိုက်ခံထိမယ်။ ထိုင်ထ လုပ်ရမယ်။ သူများတွေ ထိုင်နေချိန်မှာ ကိုယ်က အတန်းထဲမှာ မတ်တတ်ရပ်ပြီး ဒဏ်ပေးခံရမယ်။ စတဲ့ psycho တွေက မသိမသာ သွင်းခံထိထားတယ်။ နောက်ပြီး ကိုယ်တိုင် ရေးတဲ့ စာစီစာကုံးထက် ဆရာမ ရေးပေးတဲ့ စာစီစာကုုံးက အမှတ်ကောင်းတယ်ဆိုပြီး အလွတ်ကျက်ခဲ့တာတွေက တစ်နှစ် နှစ်နှစ်မဟုတ်တော့ဘူး။ အဲဒီမှာ ကိုယ်ပိုင် ဆန်းစစ်တွေးခေါ်မှုက ပျောက်ဆုံးသွားတယ်။ လက်ရှိ ရှိပြီးသားတွေက ပိုကောင်းတယ်။ ကိုယ်လုပ်ရင် အဲလောက် ကောင်းမှာမဟုတ်ဘူးဆိုတဲ့ အတွေးအချို့လည်း မသိမသာ ဝင်ရောက်ပြီးသား ဖြစ်ကုန်တယ်။
တနည်းပြောရင် Programmer ထက်စာရင် စာတကယ်တော်တဲ့သူတွေက ဆရာဝန် အလုပ်နဲ့ ကိုက်တယ်။ ဆရာဝန်အလုပ်က စာတကယ်ကျက်ရတယ်။ မှတ်စရာတွေက အများကြီး။ အမှားလည်း သိပ်လုပ်လို့မရဘူး။ လူနာအသက်က ကိုယ့်လက်ထဲမှာလေ။ ကိုယ် အမှားလုပ်မိလိုက်ရင် လူနာသေမှာကို။ ဆရာဝန်တွေမှာလည်း if condition တွေက ကျွန်တော်တို့ ထက်စာရင် အများကြီး စဉ်းစားရမယ် ထင်တယ်။ လူနာတစ်ယောက် နဲ့ တစ်ယောက်ကို ဆေးပေးပုံတွေက မတူဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ပေးရတယ်။ ဒါပေမယ့် သူတို့ စားမှားပေးလို့တော့ မရဘူး။ ဒါကြောင့် ကျောင်းမှာ စာတော်တဲ့သူတွေက ဆေးကျောင်းရောက်ရင် ပိုပြီး တော်လာကြတာ မဆန်းဘူး။ ဒါပေမယ့်လည်း သူတို့နဲ့ အံဝင်ခွင်ကျမှု မရှိတဲ့ Programming လောက ထဲရောက်လာတဲ့အခါမှာ self control က တားဆီးနေတယ်။ အမှားလုပ်ခွင့်ရှိတာတောင် ငါမှားလို့ မဖြစ်ဘူး ။ မတော်လို့မှားသွားရင် အမှတ်လျော့ခံထိမယ်ဆိုတဲ့ အတွေးတွေက ဝင်ဝင်လာတယ်။ တနည်းပြောရင် Programming Logic အမျိုးမျိုး လှည့်မတွေးတတ်တော့ဘူးပေါ့။ ဒါကြောင့် state ကျောင်းတုန်းက စာအရမ်းတော်တဲ့သူတွေ computer လောက ထဲမှာ မတော်ကျများတယ်ဆိုတာကတော့ ငြင်းစရာရှိမယ်မထင်ဘူး။ ကျောင်းတုန်းကလည်း စာတော်တယ်။ Computer လောကမှာလည်း တော်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် နည်းတယ်လို့ ဆိုရလိမ့်မယ်။ နောက်ပြီး ကျွန်တော်နဲ့ သိတဲ့ Boss တော်တော်များများက ငယ်ငယ်က စာအရမ်းတော်တယ်ဆိုတာ မကြားမိဘူး။ သူတို့ ကျောင်တုန်းက ပေါက်ကရ လုပ်ခဲ့တဲ့ အကြောင်းလေးတွေ အားပါးတရ ပြန်ပြောတတ်တာတွေ ကို တွေ့ရတယ်။ သူတို့တွေလည်း ငယ်ငယ်တုန်းက အမှားတွေ လုပ်ခဲ့ကြတာပဲ။ လုပ်ခဲ့တဲ့ အမှားတွေကနေ အတွေ့အကြုံတွေ ယူပြီး တဆင့်ပြီး တဆင့် တိုးတက်လာအောင် ဖန်တီးလာကြတယ်။
အမှားဆိုတာက သင်ခန်းစာ ယူတတ်ရင် အကျိုးရှိပါတယ်။ မှားမှာ ကြောက်ပြီး ရှေ့ဆက် မတိုးရဲမှာက ဆိုးတာ။ Programming မှာလည်း ငါရေးလိုက်တာ မှားများမှားနေပြီလားတို့ Error တက်လာမှာ ကြောက်တတ်တို့ အကျင့်တွေ ရှိရင် စွန့်လွှတ်သင့်တယ်။ မှားလည်း ဘာဖြစ်လည်း ပြန်စစ်ပြီး ပြင်လိုက်ဖို့ လိုတယ်။ Product ဆိုရင်တော့ QA ကို ကောင်းကောင်း စစ်ဖို့ တော့ လိုတယ်။ QA အဆင့်မှာလည်း အမှားတွေ အများကြီးထွက်လာမှာပဲ။ ပြီးရင် UAT ရောက်ရင်လည်း client နဲ့ ကိုယ်နဲ့ နားလည်မှု လွှဲသွားတဲ့ အများတွေက ပေါ်လာမှာပဲ။ အမှားဆိုတာက အမြဲရှောင်နေလို့ မရဘူးဗျ။ MMTU မှာ ရေးထားတဲ့ အခြေခံက ဘာလို့ မတက်သေးတာလဲ ဆိုတဲ့ အထဲမှာ ကျွန်တော့် အမြင်တော့ အမှားကြောက်ခြင်း ကြောင့်လည်း ပါတယ်။ လူဆိုတာ မှားမှာ ကြောက်ကြတယ်။ ကိုယ် ဒီ langauge ကို လေ့လာပြီးမှ အဲဒီ language က လူမသုံးတော့ပဲ ကိုယ် ရွေးချယ်လိုက်တာ မှားမှာ ကြောက်တယ်။ အလုပ်ရှားတဲ့ language ကို မှားပြီး ရွေးချယ်မိမှာ ကြောက်တယ်။ အမှားတွေ ကြောက်နေခြင်းကလည်း ရှေ့မတက်နိုင်ခြင်းရဲ့ အကြောင်းတွေပဲ။
ဒီအတွေးကို ကျွန်တော် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကရခဲ့တယ်ဗျ။  အတွေ့အကြုံလေး ထပ်ဖြည့်ပြောချင်တယ်။ အမှားကနေ သင်ခန်းစာယူရမယ်၊  မှားဖို့ကြောက်စရာမလိုဘူးဆိုတာ  လက်ခံပေမယ့်။ ဘဝမှာ တစ်ခါပဲမှားလို့ရတဲ့ အမှားမျိုး။ သင်ခန်းစာထက်  နောင်တပဲရနေမယ့် အမှားမျိုးတွေလည်းရှိတတ်တယ်ဆို တာမမေ့သင့်ဘူး။ အမှားဆိုတာ အစကတည်းက  မမှားတာအကောင်းဆုံးပဲ။ တစ်ခါတစ်လေကျတော့ သူများမှားတာကို ကြည့်ပြီး  သင်ခန်းစာယူတတ်ဖို့လိုတယ်လေ။  မှားမှာ ကြောက်လို့ ဘာမှမလုပ်ဘူးဆိုတာမျိုးလည်း မဖြစ်ရဘူး။ အလယ်အလတ်လမ်း  လေးနဲ့တော့လုပ်ရမှာပေါ့ဗျာ။ — ကိုသာသာ
အမှားဆိုတာက ပြန်ပြင်လို့ရတဲ့ အမှားနဲ့ ပြန်ပြင်မရတဲ့ အမှားရှိတယ်။ ပြန်ပြင်မရတဲ့ အမှားမျိုးကို မလုပ်မိအောင် အခြားသူ အမှားတွေကနေ သင်ခန်းစာ ယူတတ်ဖို့လိုတယ်။ – saturngod
ကျောင်းတော်သို့ ရောက်ခဲ့ပြန်တယ်
ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခဏလေးဖြစ်ပေမယ့် လူကြုံပေးစရာရှိတာရယ် အမှတ်စာရင်း ကိစ္စရယ်ကြောင့် ကျောင်းကိုတော့ ရောက်ဖြစ်ခဲ့သေးတယ်။ စာမေးပွဲ ဖြေချိန်မို့နဲ့တူတယ် ဂိတ်ပေါက်ကလည်း အေးဆေးပဲ။ စကားတွေ အများကြီးလည်း ပြောစရာမလို။ ကားနံပတ်နဲ့ လာရင်းကိစ္စလေးဖြည့်ပေးလိုက်ရုံပဲ။ ကျောင်းထဲရောက်တော့ လန့်သွားတာပဲ။ သံစကာတွေ အပြည့်ဖြစ်နေလို့ဗျာ။ လူက အစက နည်းနည်းကြောင်သွားသေးတယ်။ ငါနေရာများ မှားနေပြီလားလို့ပေါ့။ တော်သေးတာပေါ့ ဝင်ပေါက်နေရာတွေမှာတော့ တံခါးလို လုပ်ထားလို့ပါ။ ကားရပ်ကွင်းကတော့ အရင်အတိုင်းပါပဲ။ မညီမညာ မြေပြင်မှာ သဲတထပ်ထပ်နဲ့ ပူထူထူဖြစ်နေဆဲပဲ။ ကျောင်းရဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပေမယ့် ပြောင်းလဲသွားတာကတော့ သံတိုင်တွေပါပဲ။ လူကလည်း အားအားယားယား စဉ်းစားမိသေးတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲပေါ့။ ဖြစ်နိုင်တာ ၂ ခု သွားစဉ်းစားမိတယ်။ ၁ ခုက လုံခြုံရေးအရ တစ်ခုခုဖြစ်ရင် တံခါးတွေအကုန် သော့ခတ်လို့ရအောင်လားပေါ့။ အဲဒါကတော့ မဖြစ်နိုင်ဘူး။ တံတိုင်တွေက အဲလောက် မခိုင်ဘူးဗျ။ ၃ ချက် ၄ ချက်လောက် လူ အင်အားနဲ့ ဖြိုလို့ရပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူး။ နောက်တချက်က ဘောင်တွေပေါ်မှာ မထိုင်ချင်လို့လားပေါ့။ အဲဒါကတော့ ဖြစ်နိုင်ခြေရှိတယ်။ကျွန်တော်တို့ ကျောင်းတက်ကတည်းက ပြောလာတာ။ လက်တန်းတွေပေါ်မထိုင်နဲ့။ ဘောင်တွေမှာ တက်မထိုင်နဲ့လို့။ ပြောလည်း မရဘူး။ ကျောင်းသားတွေက ထိုင်နေကြတာပဲ။ ဒါကြောင့် ဒီလိုလုပ်လိုက်တာဖြစ်နိုင်တယ်။ ကိုယ့်ဘာသာကိုယ် အားလို့ လျှောက်စဉ်းစားနေတာပါ။ ကျောင်းက အိမ်သာထဲကို ရောက်တော့ အကုန်ပြန်ပြင်ထားတာပဲ။ တံခါးတွေလည်း ပြန်ပြင်ထားတယ်။ ကြွေအိုးတွေလည်း ပြန်သုတ်ထားတာပဲ။ အရင်ကဆို ကွမ်းတံတွေး တွေနဲ့ဗျာ။ တကယ့်ကို ရွှံ့ဖို့ကောင်းပါတယ်။ ကျောင်းမှာက ကွမ်းမစားသင့်ဘူးထင်တာပဲ။ ညစ်ပတ်လို့ဗျာ။ စားတယ်ဆိုလည်း ကြွတ်ကြွတ်အိပ်လေးနဲ့ ဖြစ်ဖြစ်ထွေးပေါ့။ အခုတော့ အိမ်သာတွေ သေးပေါက်တဲ့နေရာတွေမှာ ထွေးထားတယ်။ ပြီးတော့ ရေလည်း ပြောင်အောင် ဆေးမချဘူး။ အခုတော့ ပြန်ဆေးထားတာ တွေ့ရပေမယ့် အချို့နေရာတွေမှာ ကွမ်းတံတွေးတွေ တွေ့နေရတုန်းပဲ။
ဘာပဲပြောပြောလေ။ ကျောင်းက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ။ ကျောင်းကိုတော့ ညစ်ညစ်ပတ်ပတ်ဖြစ်အောင် မလုပ်သင့်ဘူးလို့ထင်တာပဲ။ ယောက်ျားလေးအိမ်သာထဲမှာလည်း မှန်တွေ ဘာတွေ ပြန်ရှိလာပြီ။ ငါတို့နှစ်တုန်းကလိုတော့ မှန်တွေ အလကား ခွဲမပစ်စေချင်ဘူး။ တစ်ခုခု ဒေါသထွက်တုန်း မကျေနပ်တိုင်း ကျောင်းအိမ်သာက မှန်ကို ခွဲပစ်တာ အဆင့်တန်းနိမ့်ကျတယ်လို့ မြင်မိတာပဲ။ ဒါတွေကလည်း ပြီးသွားပါပြီလေ။ ကျောင်းမှာ အင်တာနက်ရတယ်လို့ သတင်းကြားမိပေမယ့် အဲနေ့ကတော့ wireless တောင် မတွေ့ခဲ့ရဘူး။ ကျောင်းကို တခေါက်ရောက်တော့လည်း ကျောင်းတော်ကြီးကို လွမ်းမိသလိုရှိသား။ ကျောင်းတော်ကြီးရဲ့ ကျေးဇူးတွေရှိသလို ဆရာ ဆရာမတွေရဲ့ ကျေးဇူးတွေလည်း ရှိပါတယ်။ တတ်သာမတတ်သာ အပထား။ ကိုယ်ဘယ်လောက် ပညာယူနိုင်လဲပေါ်မှာပဲ မူတည်ပြီး ကိုယ့်အတွက် အကျိုးဘယ်လောက်ရှိလဲဆိုတာ ဖြစ်လာတာပဲ။
အခြားနိုင်ငံတွေလောက် ပညာရေးမကောင်းတဲ့အတွက် ကိုယ့်ဂျူနီယာတွေကိုတော့ အခြားနိုင်ငံက ကျောင်းသားတွေထက် ၅ ဆ လောက် ပိုကြိုးစားစေချင်တယ်။ ကိုယ့်နိုင်ငံက ကျောင်းသားတွေ ၅ဆ လောက် အားစိုက်ကြိုးစားမှ အခြားနိုင်ငံက ကျောင်းသားတွေကို မှီရုံလောက် မှီနိုင်မှာပါ။ ကြိုးစားတယ်ဆိုတာ စာတွေပဲထိုင်ဖတ်နေတာ ထိုင်ကျက်နေတာကို ပြောတာမဟုတ်ပါဘူး။ သူများနိုင်ငံမှာ ဘာတွေ ပြောင်းလဲသွားပြီ အခု ဘာနည်းပညာတွေ ဖြစ်လာပြီ စတာတွေကို ခေတ်နဲ့ အမှီလိုက်နိုင်ဖို့ ၊နောက်ပြီးတော့ လုပ်ငန်းခွင်ဝင်တဲ့အခါ ကိုယ့်မှာ အဆင်သင့်ဖြစ်နေအောင် ကြိုးစားသင့်တယ်။ ကျောင်းကလူတွေ မေးနေကျ စကားရှိတယ်။ ကျောင်းပြီးရင် ဘာလုပ်မှာလဲ။ အဲဒီ့ မေးခွန်းထက် ကျောင်းတက်နေတုန်း ဘာတွေ လုပ်နေလဲ ဆိုတဲ့ မေးခွန်းမျိုး ဖြစ်သင့်တယ်။ ကျောင်းပြီးမယ့်ကိစ္စကို ခဏထားလိုက်။ ကိုယ်ကျောင်းတက်နေတုန်း ဘာတွေလုပ်နေလဲ။ ဘာတွေလေ့လာနေလဲ။ ဘယ်လိုမျိုးဟာတွေကို အဓိက ဖတ်နေလဲ။ ဒါတွေကို အရင်ကိုယ့်ကိုယ်ပြန်မေးကြည့်လိုက်ရင် ကျောင်းပြီးရင် ဘာလုပ်မလဲဆိုတဲ့ အဖြေက အလိုလိုရှိပြီးသားပါ။
ဘာပဲပြောပြော ကျောင်းတော်ကြီးကို ဝေးဝေးလံ့လံ့သွားလိုက်ရပေမယ့် ကျေနပ်သလိုလိုတော့ ဖြစ်လာခဲ့ပါတယ်။
Ygn may do like UCSY ?
အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊  အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင်  အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည်  ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို သွားလိုသွားတွေ ဖြစ်ကုန်တာပဲ။ ဆရာမကြီး အနေနဲ့ သမီးရည်းစား သူတို့ဘာသာသူတို့ လက်တွဲသွားလည်း သူ့မျက်စိထဲမှာ အမြင်တော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သတ်မှတ်ပုံပေါ်တယ်။ အဲလိုပဲ အတူတူထိုင်စကားပြောတာလည်း အမြင်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆထားပုံရတယ်။
အဓိကက အမြင်မတော်တာ ဘာလဲ။ အမြင်မတော်တာဘာလဲပေါ့။ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတာ ဘာကိုပြောတာလဲ ဆိုတာကလည်း စဉ်းစားစရာလို့ထင်တာပဲ။ တနည်းပြောရင် ခုခေတ် မြန်မာ အမြင်နဲ့ ကြည့်ရင် အင်းဝခေတ်တို့ ပုဂံခေတ်တို့ ဝတ်စားထားတာတွေက အမြင်မတော်စရာလို့ သတ်မှတ်ရမှာလား။ နောက်ပြီး ပညာပေးတာတွေကို အဓိက မစ ပဲနဲ့ ဘာလို့ by force ကနေ စရတာလဲဆိုတာလည်း မစဉ်းစားတတ်ဘူး။ ဒေါ်နီလာသိန်းလည်း စကာင်္ပူကနေ phd ယူလာတာလို့ ပြောတာပဲ။ ဒါပေမယ့် သူစဉ်းစားနေပုံကိုတော့ မစဉ်းစားတတ်အောင်ပဲ။ by force နဲ့ တင်းကျပ်တော့ အချို့ကိစ္စတွေက ပိုဆိုးကုန်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် သိပ္ပံမောင်ဝ ရေးသားတဲ့ စာအချို့ကို ဖတ်ကြည့်သင့်တယ်။ သူရေးထားတာတွေ အရမ်းကောင်းတယ်။ knowledge ကို တဆင့်ခြင်း မြှင့်တင်ပေးတယ်။ ဘာတွေကတော့ မကောင်းဘူး။ ဘာတွေကတော့ မလုပ်သင့်ဘူး ဆိုတာကို ကိုယ့်ဘာသာ ကိုယ် ဝေဖန်ပိုင်းခြားတတ်အောင် သင်ပေးသွားတယ်။ သူ့စာအုပ်မှာ အတင်းအကျပ်နဲ့ လုပ်ခိုင်းထားတာမဟုတ်သလို အဲဒီ အကြောင်းတွေကိုလည်း အကျယ်တဝင့်ပြောသွားတာမဟုတ်ဘူး။ သာမာန် ဝတ္ထုတိုလေး စာလေးတွေပဲ။ ဖတ်ရင်းဖတ်ရင်း နဲ့ ဗဟုသုတ တိုးသွားအောင် ဖန်တီးပေးတာ။
အမှန်တိုင်းဆိုလည်း အချို့ အမြင်မသင့်တော်တာတွေ ရှိပါတယ်။ အချို့တွေ ကြည့်မကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေလည်း ရှိကောင်းရှိမှာပါ။ ဒါဟာ သူတို့ရဲ့  ဉာဏ်ရည်နိမ့်ကျလို့လည်း ဖြစ်နိုင်သလို အများပြည်သူနေရာမှာ ဒီလို မလုပ်သင့်ဘူးဆိုတဲ့ အသိမရှိတာကြောင့်လည်း ဖြစ်နိုုင်ပါတယ်။ အရွယ်ရောက်တဲ့ အချိန်ကတည်းက ပညာပေးတဲ့သဘောမျိုးတွေ သင်ကြားပေးတာ မရှိသလို လူငယ်တော်တော်များများကလည်း စာအုပ်တွေ ဖတ်ရမှာပျင်းတာရယ် ဝတ္ထုဆိုတာလောက် ဖတ်တာရယ်ကြောင့် အချို့အသိတွေ ရှိချင်မှရှိလိမ့်မယ်။
ဂျာနယ်ထဲမှာ
”ပိတ်ရက်တွေဆိုရင် ကလေး တွေကို ပန်းခြံတွေမှာ လွတ်လွတ်လပ်လပ်  ကစားနိုင်ဖို့ လိုက်ပို့ပေးတဲ့အခါ တချို့စုံတွဲတွေရဲ့အမြင်မတော်တဲ့  အပြုအမူအနေအထိုင်တွေကြောင့် ပန်းခြံသွားဖြစ်တဲ့အခါမှာ အဲဒီလို အတွဲတွေနဲ့  မဆုံရအောင်ရှောင်ပြီး ကလေးတွေကို ကစားခိုင်းရတာမျိုး တွေရှိပါတယ်။  အများပြည်သူအပန်းဖြေတဲ့ ပန်းခြံလိုနေရာမျိုးမှာ အဲဒီလိုပုံစံမျိုးတွေတော့  မရှိသင့်ပါဘူး”ဟု မိခင်တစ်ဦးကပြောကြားခဲ့ပါသည်။
အဲဒီလို စာသားကြောင့် ပန်းခြံဆိုတာ အတွဲတွေ အတွက် နေရာမဟုတ်ဘူးလို့ ဆိုလိုက်သလို ဖြစ်မလားမသိဖြစ်သွားတယ်။ နောက်ပြီး အမြင်မတော်တဲ့ အပြုအမူအနေအထိုင်ဆိုတာကို ဘာကိုပြောတာလဲဆိုတာ စဉ်းစားစရာ တချက်ဖြစ်သွားတယ်။ ဒေါ်နီလာသိန်း အနေနဲ့ အမြင်မတော်တာကတော့ ကျောင်းသားဘဝမှာ ရည်းစားထားတာဖြစ်ဖြစ် Master ပြီးလို့ ဆရာမငယ်ငယ်လေး ဘဝမှာ ရည်းစားထားတာပဲ ဖြစ်ဖြစ် သူ့အနေနဲ့ အမြင်မတော်ဘူးလို့ သတ်မှတ်ထားပုံရတယ်။ နောက်ပြီး ကလေးတွေ လွတ်လွတ်လပ်လပ် ပန်းခြံဆိုတာ ဘယ်ပန်းခြံကို ပြောတာလဲဆိုတာလည်း စဉ်းစားစရာပဲ။ ကန်တော်ကြီးဆိုလည်း အကျယ်ကြီးပါ။ စုံတွဲတွေလည်း ရှိပါတယ်။ ဒါပေမယ့် စုံတွဲတွေ ရှိတဲ့နေရာနဲ့ မိသားစုတွေ ရှိတဲ့နေရာ မတူပါဘူး။ ဘယ်သူမှလည်း ပေါ်ပေါ်တင်တင်ကြီး နမ်းတာတို့တော့ မလုပ်ရဲကြပါဘူး။ ပေါင်ပေါ်မှာ အိပ်တာတို့ ဖက်ထားတာတို့တော့ ရှိမှာပေါ့။ အဲ… မိဘတွေ အနေနဲ့ ကြည့်မယ်ဆိုရင် ကန်တော်ကြီးမှာ စုံတွဲ နှစ်ယောက် ဖက်ထားတယ်ဆိုလည်း အမြင်မတော်တာပဲလို့ သတ်မှတ်လိမ့်မယ်။ ဒါမဖြစ်သင့်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် အမြင်မတော်တာဆိုတဲ့ စာလုံးကြီးရဲ့ အဓိပ္ပာယ်က နက်နဲလွန်းတော့ ကျွန်တော်လည်း မစဉ်းစားတတ်အောင်ပဲ။
နောက်ပြီး ဒီလိုရေးထားတာ ဖတ်လိုက်ရသေးတယ်။
အမြင်မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အချို့ အတွဲတွေဆို ငယ်သေးတယ်။ အချို့တွေကတော့လည်း အလုပ်အကိုင်အဆင်မပြေသေးတာကြောင့် အိမ်ထောင်မပြုချင်သေးတာလည်း ပါသေးတယ်။ အချို့တွေကလည်း ဘွဲ့မရသေး ကျောင်းတက်နေတုန်း လူငယ်တွေ ရှိမှာပဲ။ အဲဒီ စာသားမြင်တော့ ဒေါ်နီလာသိန်း ဟိုဘက် မိဘ ဒီဘက် မိဘ ခေါ်ပြီး နားဖောက်ပေးတာကိုတောင် သွားပြီးသတိရသေးပါ့။ လူငယ်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုစေချင်လို့လားဆိုတဲ့ မေးခွန်းလို ဖြစ်လာပြီ။ မိဘတွေဆီပို့ရင် မိဘတွေက တမျိုးထင်ကုန်မယ်။ နောက်ပြီး သက်ဆိုင်ရာ မိဘဆီလို့ ပြောထားတော့ သူတို့ မိဘတွေကို ဘယ်လို သိမလဲဆိုတာကလည်း စဉ်းစားစရာပဲ။ စာကြီးက နည်းနည်း ကြောင်တောင်တောင် ဆန်နေသလိုပဲ။ ကင်မရာရိုက်ပြီး photo ကို scan လုပ်ပြီး history ရှာတဲ့ စက်များရှိနေလားတော့ မပြောတတ်ဘူး။ အဲ.. အဲလို ဖြစ်မှာကြောက်ပြီး တော်တော်များများ တည်းခိုခန်းကိုပဲ သွားကြကုန်ပြန်ရင်လည်း ရန်ကုန်က အရင်ကထက် အခြေအနေဆိုးဖို့ပဲ ရှိတော့တယ်။
နောက်ပြီး ညဘက်တွေ မီးရောင်ပြည့်ပြည့်ဝဝ မပေးနိုင်တော့ မှောင်ရိပ်ခိုလို့ရတာတွေကိုတော့ ထည့်ပြောထားတာတော့ မတွေ့ရဘူး။ မလုပ်သင့်ဘူးရယ်လို့တော့ မဟုတ်ပါဘူး။ သေသေချာချာ အထက်တန်းကတည်းမှာကတည်းက ပညာပေးပြီး knowledge ကို upgrade လုပ်ပေးထားသင့်တာပါ။ ကျွန်တော့်အမြင်မှာတော့ လူမြင်ကွင်းမှာ နမ်းတာ ကတော့ အမြင်မတော်ဘူးလို့ သတ်မှတ်လို့ရပေမယ့် စလုံးမှာက အတွဲတွေတော်တော်များများ MRT အထွက် လမ်းခွဲရင် နမ်းကြတာပဲဗျ။ MRT ပေါ်မှာလည်း အတင်းပွေ့ဖက်ထားတာတွေ ရှိနေတာပဲ။ ဒါတွေက ကျွန်တော့်အမြင်မှာ အမြင်မတော်ဖြစ်နေပေမယ့် ဒီကလူတွေမှာကတော့ ဒါဟာ အမြင်မတော်တာလို့ သတ်မှတ်တဲ့ ပုံမပေါ်ဘူး။
ကိုယ်ပိုင် အသိဉာဏ်ကို တိုးမြှင့်အောင် ငယ်ငယ်ကတည်းက ဖန်တီး မပေးပဲ ပြီးမှ အတင်း by force ဆိုတာကြီးကတော့ သိပ်တော့ သဘောမတွေ့လှဘူး။ ကျွန်တော်တို့ သူငယ်တန်းကနေ ဆယ်တန်းထိ အလွတ်ကျက်ဖြေလာပြီး တက္ကသိုလ်ရောက်မှ နင်တို့တွေ ကိုယ့်အားကိုယ်ကိုးပြီး စာဖတ်ပါလားလို့ ပြောသလိုဖြစ်နေပြီ။ ငှက်ပျော်သီး အခွံ့နွှာကျွေးလာတာ ၁၀ နှစ်လောက်ရှိပြီးမှ ကိုယ့်ဘာသာကိုယ် အခွံ့မနွှာတတ်ဘူးလားလို့ ပိတ်ဟောက်သလို ဖြစ်နေသလိုပဲ။
update:: အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ လွှတ်ပေးရင် တစ်စျေး ၊ ဖမ်းရင် တစ်စျေးများ ဖြစ်လေမလား။ အလုပ်လက်မဲ့တွေ အတွဲဖမ်းတဲ့ အလုပ်ကိုလုပ်ပြီး ဝင်ငွေတိုးပွားနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းအသစ်ဆိုလည်း မှားမယ်မထင်။
ဖတ်မိ။ ထင်မိတာလေး ရေးမိတာပါ။ ဘာကိုမှ မရည်ရွယ်မိပါဘူး။
ရောက်တက်ရာရာ
ဒီနေ့ emo လေး နဲ့ facebook မှာ စကားပြောတော့ Concept ကို ဘယ်မှာ သွားသင်ရမလဲလို့ မေးတယ်။ သူ ဝါသနာပါတာက Designer။ PHP လေ့လာဖို့လိုလားလို့ မေးတော့ ကျွန်တော်ကလည်း ပြောပါတယ်။ သိရုံလောက်ပဲ လုံလောက်တယ်။ တေဇာ အဖြေက ပိုရှင်းတယ်။ SmashingMag မှာ Programming Language အကြောင်းပါလားလို့ မေးလိုက်တော့ အဖြေက ရှင်းသွားတာပဲ။
အဲဒီမှာ ကျွန်တော်တို့ အဓိကပြောဖြစ်တာက Concept ပေါ့။ Concept ကို ဘယ်ကနေ သွားသင်ရမလဲ ??? emo ၊ မောင်ပြုံး ၊ လင်းဇော်ဝင်း ၊ထူးတေဇာ နောက်ပြီး ကျွန်တော် ၊အဲမှာပြောတာလေးတွေကို စုစည်းပြီး ကိုယ့်ဘာသာကိုယ် Article ပြန်ရေးမယ်လို့စိတ်ကူးရပြီး ပြန်ရေးဖြစ်သွားတာ။
Language ဆိုတာကတော့ Programming Language ပဲ ။ Web Developer တစ်ယောက်ဖြစ်ချင်တယ်ပဲ ဖြစ်ဖြစ် Web Designer ဖြစ်ချင်တယ်ပဲ အရင်ဆုံး HTML , CSS , Javascript ဒါတော့ တတ်ထားရမယ်။
Designer တစ်ယောက် အနေနဲ့ Tool ထက်စာရင် Idea က ပိုအရေးကြီးတယ်။ Web Designer ဖြစ်ချင်တယ်ဆိုပြီး Dreamweaver ကြီး လေ့လာနေလို့ အလုပ်မဖြစ်ဘူး။ အဲလိုပဲ Web Developer ဖြစ်ချင်တယ်ဆိုပြီး PHP , ASP.NET စတာတွေ လေ့လာနေတာ အလုပ်မဟုတ်သေးဘူး။ Designer တစ်ယောက်ရဲ့အမြင် နောက်ပြီး နိုင်ငံတကာက Web Designer တွေရဲ့ Design တွေ ၊ SamashingMag လိုမျိုး website တွေကို အမြဲဖတ်နေဖို့ လိုတယ်။ Developer လည်း အဲလိုပဲ။ နောက်ဆုံးပေါ် နည်းပညာတွေ API တွေ AJAX အကြောင်းတွေ နောက်ပြီး ဘယ် trend ကိုပြောင်းကုန်ပြီ Web Analytic Statics တွေ SEO တွေ အပြင် web master tool တွေကို ပါကောင်းကောင်း သုံးတတ်ဖို့လိုတယ်။ XML , JSON စတာတွေကို နားလည်ထားရမယ်။
အဲဒါတွေကို ဘယ်ကနေ လေ့လာမလဲ။ အများအားဖြင့် ကျောင်းနဲ့လုပ်ငန်း အတွေ့အကြုံတွေကနေ ရနိုင်တယ်။ Concept ကို ပိုင်ရင် programming language က အဓိက မကျတော့ဘူး။ Concept တစ်ခုလုံးက ကိုယ်လုပ်ချင်တာကို ဘယ်လိုလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးတယ်။ Language ကတော့ ကိုယ်လုပ်ချင်တဲ့ နေရာကို ဘယ်လိုရောက်အောင်သွားရမလဲဆိုပြီး မောင်းနှင်ပေးတာပါ။ တကယ်လို့ သင်ကားပဲမောင်းတတ်ပြီး လမ်းကြောင်းတွေ မသိရင် သင် ကားမောင် ဘယ်လောက် ကျွမ်းကျွမ်း အလကားပဲ။ အဲလိုပဲ လမ်းကြောင်းတွေ ဘယ်လောက် သိသိ ကား ကောင်းကောင်း မမောင်းတတ်ရင် လိုရာ ခရီးကို ရောက်မှာ မဟုတ်ဘူး။ တနည်းပြောရင် မောင်းဖို့ ကားက အဓိက မကျပါဘူး။ ကားတစီးက စမောင်းကာစ သင်နဲ့ အဆင်ပြေချင်မှ ပြေမယ်။ သင်လမ်းကြောင်းသိတယ် အရင်တုန်းကလည်း ကားမောင်းဖူးတယ်ဆိုရင် အဲဒီ ကားမောင်းနေရင်း အသားကျသွားမှာပါ။
ရန်ကုန်မှာလည်း ကိုရာဗီ တို့ ကိုအိမောင် တို့လို တကယ့်ကို geek ကြီးတွေ ရှိပါတယ်။ သူတို့လည်း အမြဲ concept အဓိက ထားဖို့ ကို ပြောနေတာကို myanmaritpro မှာ တွေ့ရမှာပါ။ ခက်တာက ရန်ကုန်မှာ သင်တန်းတက်နေတဲ့သူတော်တော်များများက programming language ကို ပိုစိတ်ဝင်စားတယ်။ နောက်ပြီး HTML , CSS , Javascript ကို ကျော်ပြီး ASP.NET , PHP စတာတွေကို ကျော်သင်ချင်ကြတယ်။ Website ဆိုတာ ဘာမှန်းမသိ။ Internet ဆိုတာ အခုမှ သိဖူးပြီး ASP.NET ကို လာတက်တာကိုတော့ အံသြမဆုံးဘူးပဲ။ အရင်တုန်းက ASP.NET တက်တုန်းက အဲလိုမျိုး သင်တန်းသူ သင်တန်းသားတွေ တွေ့ဖူးပါ့။ ကားလမ်းသိဖို့မပြောနဲ့ ကားတောင် မမြင်ဖူးသေးပဲနဲ့ ကားမောင်းချင်တယ် အခုသင်ပေးဆိုသလို မျိုးဖြစ်နေပြီ။ ကားမောင်းရင် ကားလမ်းကို သိရမယ်။ လမ်းပြ ဆိုင်းဘုတ်တွေကို နားလည်ဖို့လိုတယ်။ ကားအချက်ပြတာတွေကို သိဖို့လိုတယ်။ အဲလိုပဲ Web Development ပဲ ဖြစ်ဖြစ် Design ပဲ ဖြစ်ဖြစ် Tool နဲ့ တင်မပြီးဘူး။ Language တတ်ရုံတင် မပြီးဘူး။ ဆိုင်ရာဆိုင်ရာကို အမြဲလေ့လာနေဖို့ လိုတယ်။
ကျွန်တော်တို့UCSY မှာ တတ်တုန်းက Course တွေက ကောင်းပါတယ်။ Concept တွေလည်းပါပါတယ်။ သို့သော် ဘယ်သူမဆို ကိုယ် ဝါသနာပါရာပဲဖတ်မှာပေါ့။ နောက်ပြီး ဆရာမတွေ အနေနဲ့လည်း ကိုယ် ကျွမ်းကျင်ရာ သင်ခွင့်ရတာမဟုတ်ဘူးလေ။ အဲဒါကလည်း ဆိုးဝါးတာပဲ။ သူငယ်ချင်း အချို့ ဆရာမ လုပ်တုန်းကလည်း ဆရာမ ဘဝ ကို ကောင်းကောင်းသိလိုက်ရတယ်။ သူတို့မှာလည်း မစားသာဘူး။ ကျောင်းမှာ သင်တဲ့ဘာသာကို အချို့တွေဆို မသင်ခင် ကြိုဖတ်ထားရတယ်။ ဒါပေမယ့် စဉ်းစားကြည့်ဗျာ။ ကိုယ်ကျွမ်းကျင်တာက တခြား သင်ရတာက တခြား။ ဒီတော့ ဘယ်လောက်ဖတ်ဖတ် ကျွမ်းကျင်တဲ့ ဘာသာရပ်ကို ဖတ်ရတာလောက် စိတ်ဝင်စားပါ့မလား။ ဥပမာ။။ ကျွမ်းကျင်တာက programming သင်ရတာက သချင်္ာ… အဲဒီတော့ ကျောင်းသားတွေလည်း သေသေချာချာ နားမလည်ဖြစ်ကုန်ကော။ ကျောင်းကို အပြစ်ဆိုရမလားဆိုတော့လည်း ကျွမ်းကျင်ရာသင်ဆို ကျောင်းမှာ ဆရာမ အင်အားမလောက် ဖြစ်ကုန်မှာပေါ့။ အင်း… ထားပါလေ… အဲဒီတော့ နားမလည်ဘူး.. ဝါသနာမပါဘူးဆိုရင် ကျောင်းသားတွေက အတန်းလစ်ကြတာ မဆန်းဘူး။ ဒါကြောင့် Third Year ပြီးလို့ ISS တက်တဲ့သူတွေဆိုရင် ISS ကျောင်းသားဘဝကို ပိုသဘောကျ ကျတယ်။ ဒါလည်း မဆန်းပါဘူးလေ။ အရင်တုန်းက ရုံးက NUS ထဲမှာဆိုတော့ ကျောင်းသားတွေကို နေ့တိုင်း မြင်နေတွေ့နေရတယ်။ ငါတို့ ကျောင်းများ ကျောင်းတက်ရင် မနက်အစောကြီးထ ပြီးတော့ ကားက လမ်းမှာ ဆောင့်သေး။ ကျောင်းလည်းရောက်ရော စာသင်ချင်တဲ့ စိတ် ဘယ်ရှိတော့မလဲ။ ဆရာမက သေသေချာချာ မသင်နိုင်ရင် စာထဲကို ဘယ်လိုမှ စိတ်ရောက်တော့မှာ မဟုတ်ဘူး။ ကျောင်းသားအပြစ်ရယ်လို့တော့ မဟုတ်ပါဘူးလေ။ ISS တက်ခဲ့တဲ့ သူ တော်တော်များများကတော့ ISS ကျောင်းသားဘဝကို UCSY ဘဝထက် ပိုသဘောကျပြီး ပျော်ရွှင်ကြတာကို တွေ့ရမှာပဲ။ UCSY ကျောင်းသားဘဝ 10% လောက်ကသာ သူတို့ အတွက် အသုံးဝင်ခဲ့ကြတယ်။
ကျွန်တော်ဆိုလည်း ကျွန်တော် ဝါသနာပါတာကိုပဲ ဖတ်တယ်။ SE ဆိုရင် ဘယ်လောက် ဖတ်ဖတ် နားမလည်ဘူး။ အလွတ်ကလည်း မကျက်ချင်။ ဖတ်တော့လည်း နားမလည်။ နားလည်တယ်ဆိုတာက သူများကိုပါ ပြန်ရှင်းပြနိုင်မှ နားလည်တယ်လို့ ကျွန်တော် ယူဆတယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး ရေးတေးတေး သိတာက တကယ်နားလည်တာမဟုတ်ဘူး။ နားလည်ချင်ယောင်ဆောင်နေတာ။ ဟုတ်။ ကျွန်တော်လည်း SE ကို နားလည်ချင်ယောင် ဆောင်ခဲ့ပါတယ်။ ကိုယ့်ဘာသာကိုယ်ဖတ်ပြီး ကိုယ့်အတွေးနဲ့ ကိုယ်သဘောပေါက်ပြီး သူများကို ရှင်းပြဆိုရင် မရှင်းပြတတ်ဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ကို။ ကိုယ့်အတွေးကလည်း မှန်ချင်မှ မှန်မှာကို။ ဒါပေမယ့် အခုချိန်မှာ အလုပ်လုပ်လိုက်တော့ ကျောင်းကသင်တာ အချို့ကို သဘောပေါက်နားလည် သွားပြီ။
တကယ်တန်း လိုအပ်တာက Concept ပါ။ Language တစ်ခုကို လေ့လာနေရင်း Concept ကိုပါ မျက်ခြေပြတ်လို့ မဖြစ်ဘူူး။ Concept တွေ ဘယ်ကနေ သင်နိုင်လဲဆိုတော့ အတွေ့အကြုံရှိတဲ့သူတွေရဲ့ blog တွေ နောက်ပြီး website တွေမှာ ပုံမှန် ဖတ်နေလို့ရတယ်။ နောက်ပြီး wireframe ကို ရန်ကုန်မှာ အလေးမထားကြတာကိုလည်း တွေ့ရတယ်။ သင်တန်းတွေကလည်း မသင်တာလည်း ပါမှာပေါ့။ wireframe ကလည်း အရေးပါတဲ့ အရာပါ။ web development ပဲဖြစ်ဖြစ် web design ပဲ ဖြစ်ဖြစ် wireframe ကလည်း အရေးပါပါတယ်။ customer ကို design မပြခင် wireframe , mockup design စတာတွေကို ပြပြီး စိတ်ကျေနပ်တယ်ဆိုမှ project တစ်ခုကို တကယ်စတာပါ။ ဒါပေမယ့် ဒါတွေကို သင်တန်းတွေမှာလည်း မသင်ဘူး။ UCSY မှာ သင်မသင်တော့ မမှတ်မိတော့ဘူး။ ဒါကြောင့် အတွေ့အကြုံရှိတဲ့သူတွေဆီကပဲ concept တွေ idea တွေကို လေ့လာဆည်းပူးရမှာပဲ။ သင်တန်းတွေအနေနဲ့concept ကို အဓိကသင်ရင် သင်တန်းကာလ အတွင်းမှာ ပြီးတော့မှာမဟုတ်ဘူး။ ထပ်ပြောရရင်တော့ HTML , CSS , Javascript တွေက Essential ပိုင်းပါ။ Designer ပဲဖြစ်ဖြစ် Developer ပဲဖြစ်ဖြစ်လိုအပ်တယ်။ အဲဒါကို မသိဘူး ဆိုရင်တော့ ကျန်တာတွေကို ရှေ့ဆက်ဖို့မစဉ်းစားနဲ့တော့
စာတွေ့နဲ့လက်တွေ့
ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။ ဒါပေမယ့် ကျောင်းမှာကလည်း OOP concept ကို သိအောင်ပဲ သင်ပေးနိုင်တယ်။ တတ်အောင် မသင်ပေးနိုင်တော့ OOP ကို မသုံးဖြစ်တောပြန်ဘူး။ VB.NET 2003 လောက်ရောက်တော့ OOP ဖြစ်လာတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲ ဖြစ်သွားတာ။ Logic ပိုင်းတွေ ပြောင်းချလိုက်ရတာကို။ VB 6 ကနေ လာတဲ့သူ အဖို့ OOP နဲ့ အဝေးကြီးလို ဖြစ်သွားတာ။ အဲဒါကြောင့် Java ကို လုံးဝကို မထိတော့တာ။
အခုအချိန်မှာ ပြန်စဉ်းစားကြည့်လိုက်ရင် ၄ နှစ်တာ ကာလ။ ကျွန်တော့်အတွက် ၄ နှစ်ခွဲ ကာလလို့ ဆိုလို့ရမယ်။ DSE ကို ၁၀ တန်းပြီးပြီးခြင်း တက်လိုက်တော့ ၄ နှစ်ခွဲ လောက် စာတွေ တောက်လျှောက် သင်လာရတယ်။ Data Flow Diagram က DSE မှာ second term မှာ သင်တာ။ computer တက္ကသိုလ်မှာကတော့ သေချာ မသင်ဖြစ်ဘူး။ စာမေးပွဲ နီးလာမှ ဒီပုံတွေ ပါတယ်။ ဒီပုံတွေပါတယ်ဆိုပြီး ပါတဲ့ ပုံတွေပဲ သင်တာတော့ တော်တော်လေးကို ဆိုးသွားတယ်။ DSE တက်ထားလို့သာ  DFD , ERD တွေ ရနေတာ။ DSE တုန်းက project လုပ်တုန်းက DFD ကို သေချာလုပ်ခဲ့ရတာလည်း ပါတာကိုး။ ဆရာမကလည်း သေချာရှင်းပြပေးနိုင်တာလည်း ပါတယ်။ သေချာရှင်းပြနိုင်မှာပေါ့။ အဖွဲ့က ၃ ဖွဲ့ ပဲရှိတော့တာလေ။ ဒါကြောင့် project လုပ်နေတုန်း တောက်လျှောက် ဆရာမ နဲ့ သေချာ ဆွေးနွေးလုပ်ခဲ့တော့ DFD ပိုင်းတွေ data analyst ပိုင်းတွေ ERD တွေကို ကောင်းကောင်းသိခဲ့ရတယ်။ စာသင်တုန်း နဲ့ project လုပ်တဲ့ အချိန်နဲ့ မတူတာအမှန်ပဲ။ စာသင်တာက ဒါတွေဒီလိုဆွဲတယ်ဆိုတာလောက်ပဲ သင်ပေးနိုင်တာ။ လက်တွေ့ လုပ်တဲ့အခါမှသာ စာတွေ့နဲ့ ပေါင်းပြီး ဆရာမ နဲ့ သေသေချာချာ ဆွေးနွေးဖြစ်တော့မှ တတ်သွားတာ။
ကျောင်းမှာလည်း ERD , DFD တွေ သင်ပါတယ်။ ဒါပေမယ့် အခန်းထဲမှာ လူ အယောက် ၁၀၀ ကျော်ရှိတယ်။ နောက်ပြီး group ဖွဲ့ထားတာလည်း မဟုတ်။ DSE တက်တုန်းက group ဖွဲ့ထားတော့ ဆရာမကို တစ်ယောက်က သွားမေး ပြီးရင် ကျန်တဲ့လူတွေကို ပြန်ရှင်းပြဆိုတော့ အဆင်ပြေတယ်။ ဆရာမ အနေနဲ့လည်း ကျောင်းသား တစ်ယောက်ခြင်းဆီကို ပြန်မရှင်းပြနိုင်ဘူးလေ။ computer တက္ကသိုလ်မှာက အယောက် ၁၀၀ ကျော်တော့ ဘာအသံမှလည်း သေချာမကြား။ မသင်ဘူးရယ်လို့တော့ မဟုတ်ဘူး။ သင်ပါတယ်။ ကဲ..ထားပါလေ….
OOP ကတော့ ကျောင်းမှာ ရေလည်သင်တယ်။ Java မှာလည်း OOP ။ C မှာလည်း OOP။ နောက်ပြီး OOSD ။ ပြီးတော့ UML ။ OOP ကိုပဲ ၃ နှစ်လောက် သင်လာတာ။ ခက်တာက သင်ထားတာပဲရှိတယ်။ လက်တွေ့ အမှန်အကန် သုံးဖို့ကတော့ မရှိပြန်ဘူးလေ။ ကိုယ်ကလည်း အဲတုန်းက VB.NET ဆိုတော့ သုံးတော့ သုံးပါတယ်။ ဒါပေမယ့် သေသေချာချာ နားမလည်ဘူး။ အခု လုပ်ငန်းခွင် ရောက်တော့မှပဲ မဖြစ်မနေ ပြန်လေ့လာတော့မှပဲ ကျောင်းက သင်ထားတဲ့ စာတွေက လာပြီး အထောက်အပံ့ဖြစ်ကုန်တာပဲ။ နောက်ပြီး လူပျိုကြီး ရေးပေးထားတဲ့ OOP အကြောင်းတွေကလည်း လေ့လာရတာ အဆင်ပြေတယ်။ အခုလုပ်နေတဲ့ project က လုံးဝ OOP။ PHP ပေမယ့် အကုန်လုံးက object ကြီးပဲ။ Page တွေအစ object လို့ပြောရမလိုပဲ။ ဒါနဲ့ ကိုယ်လည်း OOP ကို မဖြစ်မနေလေ့လာတော့မှပဲ သိသွားတာ။ သဘောပေါက်သွားတာ။ စာတွေ့သင်ထားတာတွေက အခုချိန်မှာ အများကြီး လာပြီး အထောက်အပံ့ဖြစ်တာတော့ အမှန်ပဲ။ ကျောင်းမှာတုန်းက မတတ်ပေမယ့် တကယ်လိုအပ်လာပြီဆိုရင် ကျောင်းကဟာလေးက လာပြီး အထောက် အပံ့ဖြစ်တယ်။
အခုအချိန်မှာ စဉ်းစားကြည့်ရင် ကျောင်းက သင်တဲ့စာတွေက အဆင့်မမှီဘူးလားဆိုတော့ မဟုတ်ဘူးဗျ။ အဆင့်မှီတယ်။ course တစ်ခုကို upgrade လုပ်ဖို့ဆိုတာကလည်း မလွယ်တော့ အချို့ဟာလေးတွေတော့ နောက်နည်းနည်းလေး ကျတာတွေ ရှိတယ်။ Project Management ပိုင်းတွေ သင်တာက ဘယ်သူမှ မသုံးတော့တဲ့ management ကို အားပါးတရ သင်နေတာမျိုးပေါ့။ ဒါကလည်း course က ပြဌာန်းထားတာကို။ အနည်းအကျဉ်းလေးပါ။ စဉ်းစားလို့မရတာက ၄ နှစ်တာ ကာလမှာ သင်လိုက်တာကတော့ အများကြီးပဲ။ ဒါပေမယ့် ဘာတွေ တတ်လာသလဲလို့မေးရင်တော့ ဖြေရခက်တယ်။ programming တွေက အပြင်မှာ သင်လည်းရပါတယ်။ SE , UML , Data Analyst စတာတွေကိုလည်း သေချာသင်ပေးလိုက်တာပဲ။ ခက်တာက ဘယ်မှာ သွားသုံးရမှန်းမသိလို့ယောင်ဝါးဝါးဖြစ်ကုန်တယ်လို့ထင်တာပဲ။ third year လောက်ပြီးတာနဲ့ လက်တွေ့ လုပ်ငန်းခွင် ကို Internship လေး ဆင်းလိုက်ရရင်တောင် ကျောင်းက ၃ နှစ်လောက် သင်ထားတဲ့စာတွေက အလကားမဟုတ်ပါလားဆိုတာ သိသွားလိမ့်မယ်။ ခက်တာက ကျောင်းပြီးတာနဲ့ ကျောင်းသားတွေက ဘာလုပ်လဲဆိုတော့ သင်တန်းတွေ ထပ်တက်ကြတာပဲ။ Computer သင်တန်းတွေ စုံနေတာပဲ။ စျေးတွေကလည်း များပါ့။ သင်တန်းအများစုက Logic ကို ကောင်းကောင်းမသင်ပေးနိုင်ဘူးဗျ။ ကျွန်တော်လည်း သင်တန်းတွေ တက်ခဲ့တာပဲ။ Logic ကိုပါ သေသေချာချာ သင်နေမယ်ဆိုရင် သင်တန်းကာလ အတွင်း course က ပြီးဖို့လည်း မလွယ်ဘူးလေ။
တကယ်တန်း ကိုယ်သင်ထားတဲ့ စာတွေ့တွေက အလကား မဖြစ်သွားပါဘူး။ မေ့ရင် မေ့သွားမယ်။ တကယ်လိုအပ်လာပြီဆိုရင် အဲဒီ သင်ထားတဲ့ စာတွေက လာပြီး အထောက်အပံ့ဖြစ်မှာပါ။ ကျွန်တော့်လိုပေါ့။ OOP ကို ဖြစ်နိုင်ရင် ရှောင်ပြီး သုံးခဲ့ပေမယ့် တကယ် OOP လည်း ဖြစ်ရော ၁ ရက်လောက် စာဖတ်လိုက်တာနဲ့ သဘောပေါက်သွားတယ်။ လက်တွေ့ရေးတော့ သိသွားတယ်။ သဘောပေါက်ရုံနဲ့ မရဘူးလေ။ သိသွားဖို့က အရေးကြီးတယ်။ ကျောင်းက အတတ်နိုင်ဆုံးလုပ်ပေးနိုင်တယ်ဆိုတာကလည်း သဘောပေါက်အောင်ပဲ လုပ်ပေးနိုင်တယ်လေ။ ကျောင်းမှာက team work မရှိခဲ့တာကတော့ လုံးဝ ဆိုးရွားတယ်။ team work လေး ကို ကျောင်းမှာ ပထမနှစ်ကတည်းက လုပ်ပေးမယ်ဆိုရင် လုပ်ငန်းခွင်မှာ အဆင်ပြေတယ်။ team work မရှိတော့ team work project တွေ ရောက်ရင် အစပိုင်းတော့ နည်းနည်း ပြဿနာဖြစ်တာပဲ။ သူနဲ့ ကိုယ်နဲ့ညှိပြီး လုပ်ရတာတွေရှိတာကို။ team work အကြောင်းကတော့ နောက်မှပဲ ရေးတော့မယ်ဗျာ။ အခုလည်း ရေးရင်းနဲ့ တော်တော်ရှည်သွားပြီ။ နောက် စိတ်ကူးပေါက်မှပဲ DSE တက်တုန်းက team work အကြောင်းလေး ရေးတော့မယ်။
Flowchart
အခုနောက်ပိုင်း ကျောင်းမှာ Flowchart မသင်တော့ဘူးလို့ ကြားတယ်။ ကျွန်တော်တို့တုန်းကတော့ သင်သေးတယ်။ ကျွန်တော် programming မသင်ခင်တုန်းက pseudo နဲ့ flowchart ကို စတင်ခဲ့ရတယ်။ တနည်းပြောရင် အခြေခံကောင်းတယ်လို့ ဆိုလို့ရတယ်။ programming ပထမဆုံး စပြီး သင်ဖြစ်ခဲ့တာက ဗိုလ်တထောင် DSE တက်တုန်းကပေါ့။ အဲတုန်းက Pseudo နဲ့ Flowchart ကို ဆရာမ အေးမွန် သင်ပေးခဲ့လို့ တော်တော်လေးကို နားလည်တယ်သွားတယ်။ အခုနောက်ပိုင်း computer တက္ကသိုလ်ကလူတွေ pseudo ကို မသိ။ flowchart ကို မသိနဲ့။ ကျွန်တော်လည်း ဘယ်လိုပြောလို့ ပြောရမှန်းတော့ မသိ။ programming idea တွေကို ကျွန်တော်ကတော့ အရင်ဆုံး pseudo နဲ့ဖြစ်ဖြစ် flowchart နဲ့ဖြစ်ဖြစ် ရှင်းပြတတ်တယ်။ ဘာလို့လည်းဆိုတော့ လူနားလည်လွယ်လို့ပဲ။ PHP code ကြီး တိုက်ရိုက်ချပြရင် နားလည်မှာမဟုတ်ဘူး။ system ကတော့ ဒီလိုရေးထားတယ်။ ဒီအပိုင်းကို ဒီလိုလေး လုပ်ထားတယ်။ အဲဒါလေးကို flowchart လေးနဲ့ပြလိုက်ရင် ရှင်းလင်းသွားတယ်။ system တစ်ခုလုံး ပေါ်ပေါ်လွင်လွင် လေ့လာလို့ရတာပေါ့။ ဒါပေမယ့် အခုတော့ ကျောင်းက ကလေးတွေကို flowchart ကြီး ချပြရင်တောင် သိပ်နားမလည်ရှာဘူး။
ဒါတွေက ထားလိုက်ပါ။ အခုတော့ algorithm တစ်ခုကို ရှင်းပြစရာရှိတာကို ဘယ်လိုဖတ်ဖတ် နားမလည်ဘူး။ ဒါနဲ့ flowchart နဲ့  ဆွဲပြီး လေ့လာကြည့်တော့ တော်တော်လေး နားလည် သဘောပေါက်သွားတယ်။ ဒီအပိုင်းက ဒါလုပ်တာ။ ဒီအပိုင်းက ဒါလုပ်တာဆိုပြီး ရှင်းရှင်းလင်းလင်းသိသွားတယ်။ pseudo နဲ့ရေးထားတာဆိုတော့ စာတွေ ဖတ်ရင်း အိပ်က ငိုက်လာတာနဲ့ flowchart လေးဆွဲပြီး ရှင်းလိုက်တာ တော်တော်လေးကို ရှင်းသွားတဲ့အပြင် အိပ်ငိုက်ပါ ပြေသွားတယ်။
Flowchart အတွက် Visio ကိုပဲ သုံးတယ်။ အခြား software တွေက လှတာပဲ ရှိတယ်။ Visio လောက် ဆွဲရတာ မမြန်ဘူး။ Visio က ပုံတွေကတော့ မလှဘူး။ ဒါပေမယ့် ဆွဲရတာ အရမ်းမြန်တယ်။ UML ကိုလည်း နောက်ပိုင်း Visio နဲ့ပဲ လုပ်ဖြစ်တယ်။ မြန်လို့ဗျ။ concept draw က လှပေမယ့် ဆွဲရတာ နှေးတယ်။ ကိုယ်လိုချင်တဲ့ design ကို ပြင်နေတာနဲ့ ပုံက မဆွဲဖြစ်တော့ဘူး ဖြစ်သွားတယ်။
Flowchart ဆိုတာ ဘာလဲသိချင်ရင်တော့ wiki မှာ သွားကြည့်နိုင်ပါတယ်။ နောက်ပြီး ဒီပုံ လေးကလည်း flowchart သဘောတရားလေးကို သဘောပေါက်စေတယ်။ ဘာပဲပြောပြော flowchart လေးက အခုအချိန်ထိ အသုံးဝင်နေသေးတယ်။ algorithm အသစ်တွေကို ဖတ်တဲ့အခါ အရမ်းအသုံးဝင်နေသေးတာပဲ။
ကျောင်းတော်က…
MZ က post1 တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ..
ဆရာ ဆရာမတွေအနေနဲ့ thesis လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်သင်ကြားရတဲ့ဘာသာကို ကိုယ့် thesis လောက် အာရုံစိုက်ဖို့ မအားဘူးလေ… ဘာလို့လည်းဆိုတော့ thesis အတွက် စာတွေ အများကြီးဖတ်ရတယ်.. အဲဒီတော့ ကိုယ်သင်ကြားမယ့် ဘာသာ ကို သေသေချာချာ မဖတ်နိုင်ပဲ မနက်ဖြန် သင်မယ်ဆို ဒီနေ့မှ ပြန်ဖတ်.. သေသေချာချာ သင်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တယ်လေ… ဆရာ ဆရာမတွေ အနေနဲ့ thesis လုပ်နေတဲ့အတွက်ကြောင့် ကျောင်းသားတွေကို စာသင်တာ ကောင်းမှာ မဟုတ်တာသေချာတယ်… master thesis က လွယ်တယ်ဆိုပေမယ့် ဖတ်ရတဲ့ စာတွေကတော့ မနည်းပါဘူး.. industry အတွေ့အကြုံမရှိတဲ့အတွက် thesis လုပ်တဲ့အခါမှာလည်း လုပ်ရကိုင်ရတာ ခက်ခဲမှုတွေရှိတယ်.. ဘာလုပ်ရမှန်းမသိဘူး.. နောက်ပြီး supervisor ကလည်း thesis အတွက် ရေးပါသေးတယ်လေ… thesis ကိစ္စကို နောက်မှ ဆက်ပြောတော့မယ်… thesis လုပ်နေရတဲ့ ကျောင်းသား ကျောင်းသူတွေက အမှန်တိုင်းပြောရင် pressure ကများတယ်… သာမာန် ရိုးရိုး အလုပ်မလုပ်ပဲ လုပ်နေတဲ့လူတွေတောင် pressure များနေရင် စာလည်းသင်နေရတဲ့ ဆရာ ဆရာမတွေကလည်း တော်တော်ပင်ပန်းမှာပါ… ဒါကြောင့် စာသင်တဲ့အခါမှာ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်တဲ့ အခါမှာ ရောင်လည်လည်ဖြစ်နေတာပဲ… ရောင်လည်လည်ဖြစ်နေတော့ နားလည်အောင် ဖတ်ဖို့အတွက် အချိန်က သိပ်မပေးချင်ဘူး.. ဘာလို့လည်းဆိုတော့ ဒီမှာက မီးမလာတဲ့ အခက်အခဲ.. internet အခက်အခဲ… မပြည့်စုံတဲ့ Library စတဲ့ အခက်အခဲတွေ အပြင် အခြား မပြည့်စုံတဲ့ အခက်အခဲတွေကြောင့် thesis ကို ဦးစားပေးပြီး thesis အတွက် စာဖတ်တာနဲ့တင် ရောင်လည်လည်ဖြစ်နေတဲ့ ကိုယ်သင်ကြားရတဲ့ စာတွေ ဖတ်ဖို့ အချိန်မပေးနိုင်တော့ဘူးလေ.. .
ကျောင်းမှာ သင်ကြားတဲ့ course ကကောင်းတယ်.. ဒါပေမယ့် သင်ကြားတဲ့ course တွေကို first year ကတည်းက course တွေကို အီလည်လည်နဲ့ ဖြစ်လာခဲ့တော့… course က ဘာမှမဟုတ်တော့ဘူး.. self-study လုပ်နိုင်ဖို့ အရမ်းလိုအပ်တယ်.. ကျောင်းကလည်း self-study လုပ်ဖို့ အားမပေးဘူး.. ဆရာ ဆရာမတွေကလည်း စာသင်ဖို့အတွက် သီးသန့် train လုပ်ထားတာမဟုတ်ဘူး.. first year ကတည်းက အဲလို စလိုက်တော့ နောက်ပိုင်းမှာ တပ်ပျက်တာပဲ.. တနည်းပြောရင် ကျောင်းသားတွေအနေနဲ့ ငယ်စဉ်ကတည်းက ကိုယ်ပိုင် self-study ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မသွင်းထားဘူး.. ဒါတွေကလည်း ငယ်စဉ်ကတည်းက မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း ဆိုင်တယ်.. ဘယ်အရာမဆို ကိုယ်လုပ်မှ ကိုယ်ရမယ်.. ကိုယ်လိုချင်တဲ့အရာတွေကို ဘယ်သူမှ အရန်သင့်လာမပေးဘူး… အဲလိုစိတ်ဓာတ်လေးတွေ မရှိတော့.. သူများ အပြစ်ပုံချ အလုပ်တွေ လုပ်လာကြတယ်.. ကျောင်းမှာလည်း စာသင်တော့လည်း လိုအပ်တဲ့ ဟိုဖြတ် ဒီဖြတ်ပဲ စာသင်တော့ ပိုဆိုးကုန်တယ်… ဟိုဖြတ် ဒီဖြတ် မသင်ရင်လည်း မဖြစ်ဘူးလေ… course က ၁ နှစ်စာဆိုပေမယ့် တကယ်တန်းသင်မယ်ဆို စာအုပ်တွေက ၁ နှစ်နဲ့ မပြီးဘူးလေ… ဒါကြောင့် ၁ နှစ်အတွင်းပြီးအောင် ဖြတ်ပြီးသင်ရမှာပဲ…
ကျောင်းမှာက နိုင်ငံတကာ အဆင့်မမီဘူးဆိုတာ အမှန်ပဲ.. အခြားမကြည့်နဲ့ ကျောင်းလခပဲကြည့်လေ… နိုင်ငံတကာ ကျောင်းလခလည်းမဟုတ်တော့…. ဒီလောက်ပဲရမှာပေါ့… ကျောင်းကားခ တိုးလို့ အော်ကြတဲ့ ကျောင်းသားတွေ တစ်ပြုံကြီး… နိုင်ငံတကာ အဆင့်မီကျောင်းဖြစ်စေရမယ်… ကျောင်းလခ ကလည်း နိုင်ငံတကာ ကျောင်းလခ ဖြစ်သွားမယ်.. ဒါဆို…. အဲဒီအခါ စဉ်းစားကြည့်ပါ… လက်ရှိတက်နေတဲ့လူတွေထဲက ၂၀% လောက်ပဲတက်နိုင်မယ်… နိုင်ငံတကာနဲ့ ယှဉ်ရင် စျေးမများတဲ့ ဆေးကျောင်းကိုတောင် မတက်နိုင်လို့ ကျောင်းထွက်ရတဲ့ ကျောင်းသားတွေ ဒီနိုင်ငံမှာ များနေတာ.. ကျောင်းလခ တွေ စျေးတက်ခဲ့ရင်တော့…..
ကျွန်တော်ပြောတာ နည်းနည်းများသွားပြီ… တကယ်တန်းတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နေနဲ့.. ကိုယ်တိုင် ကြိုးစား.. တတ်နိုင်ရင် ကျောင်းပြီးတာနဲ့ စလုံးဖြစ်ဖြစ် master စတက်… ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားပေါ့ဗျာ.. အပြစ်တင်နေတာနဲ့ ကိုယ့်ဘဝကြီးက တိုးတက်သွားမှာ မဟုတ်ဘူး… ကိုယ်ပြောနေလို့လည်း သူတို့တွေက ပြင်ဖို့ အခွင့်အရေးရှိအုံးမှ ပြင်လို့ရမှာလေ… ကိုယ်တတ်နိုင်သလောက် ကျောင်းကိုဖြစ်ဖြစ် ပညာလိုချင်သူတွေကို ဖြစ်ဖြစ် ကူညီပေးပြီး ဘဝ အတွက် ရုန်းကန် လှုပ်ရှားကြတာပေါ့ဗျာ..
http://www.mysteryzillion.org/forums/showthread.php?t=4586
သင်ကော ဘာလုပ်မလဲ
ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။  မတတ်ပေမယ့် အခြေခံတွေတော့ ရသွားပါတယ်။ Programming ဆိုတာဘာလဲ HTML ဆိုတာ ဘာလဲဆိုတာ အနည်းအကျဉ်းလောက်သိသွားတယ်။ ဒါပေမယ့် Professional အနေနဲ့ ရပ်တည်တဲ့လူက လွန်စွာနည်းပါးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကကော…..
တစ်ယောက်ကတော့ hons ဆက်မတက်ပဲ လေယာဉ်ကွင်းမှာ အလုပ်ဝင်လုပ်လိုက်တယ်။ လက်ရှိ မလေးရှား air line မှာ အလုပ်ဝင်လုပ်နေတယ်။ လခက ၁ လ $400 ကျော်ဝင်တယ်။ ၂ လ မှာ ၁ ပတ်လောက် မလေးမှာ စာသွားသင်ရတယ်။ မလေးသွားချိန်မှာ သီးသန့် တနေ့ $50 ပေးတယ်။ မိသားစုအတွက် တော်တော်လေးကို အထောက်အပံ့ဖြစ်တယ်။ ညီဆေးကျောင်းသားအတွက် ကျောင်း စရိတ်မပူပဲ ထားပေးနိုင်ခဲ့တယ်။ သူ့အတွက် သူရွေးချယ်တဲ့ လမ်းမှန်သွားတယ်လို့ ဆိုရမလားပဲ။ Hardware ပိုင်းနဲ့ ဘွဲ့ရခဲ့ပေမယ့် အခုအချိန်မှာတော့ harddisk တောင် မဖြုတ်တတ်တော့ဘူး။ Computer နဲ့ အသက်မွေးမယ်ဆိုရင်တော့ အိမ်စရိတ်အတွက် အနိုင်နိုင် ကိုယ့်ထမင်းကိုယ်စားနိုင်အောင် မနည်းကြိုးစားရမလားပဲ။
နောက်တစ်ယောက်ကတော့ မိသားစု လုပ်ငန်းလုပ်တယ်။ စီးပွားရေး အကြောင်းကောင်းကောင်းသိလာတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်လဲ။ လက်ရှိ တကယ်လိုအပ်တာဘာ စပြီး ဆုံးဖြတ်နိုင်စွမ်းတွေရှိလာတယ်။ ကျွန်တော့်အတွက် လုပ်ငန်းနဲ့ ပတ်သက်ပြီး သူ့အကြံဉာဏ်ပဲယူနေရတယ်။ သူလည်း hons ဝင်ရဲ့သားနဲ့ ဆက်မတက်ပဲ မိသားစု စီးပွားရေးကို လုပ်လိုက်တာ မှန်တယ်လို့ ဆိုရမလားပဲ။
နောက်ထပ်သူငယ်ချင်းတစ်ယောက်ကတော့ OJT ဆင်းပြီး အလုပ်ဝင်လုပ်တယ်။ ၁ လမှ ၃ သောင်း ၄ သောင်းပဲရတယ်။ သူက computer မှ computer မစွန့်လွှတ်ဘူးနဲ့တူတယ်။ အခုအချိန်ထိတော့ အိမ်ကို ထောက်ပံ့နိုင်ဖို့ လိုနေသေးတယ်။ OJT ဆင်းတုန်းကတော့ သူ့ပိုက်ဆံတောင် company ကို ပေးရသေးတယ်။
နောက် ၂ ယောက်က compnay တူတယ်။ ဒါပေမယ့် တစ်ယောက်က Master ဆက်တက်တယ်။ နောက်တစ်ယောက်ကတော့ hons ပဲ တက်ပြီး အလုပ်ဝင်လုပ်လိုက်တယ်။ master သမားက master ပြီးမှ Hons သမားရှိတဲ့ အလုပ်ထဲဝင်လုပ်တယ်။ အရင် ဝင်လုပ်တဲ့လူက လခကော ရာထူးပါ မြင့်သွားပြီ။ ၁ နှစ် ဆိုတာလေးပေမယ့် အဆင့်ကတော့ ကွာသွားတာပေါ့။ လခ လည်း ကွာသွားတာပေါ့။ လုပ်သက်နဲ့ ဆုံးဖြတ်သွားတာပဲ။ company ကတော့ လခ ကောင်းတဲ့ company ပါ။ စစဝင်ဝင်ခြင်း master သမားက ၇ သောင်း လောက်ရတယ်။ ဒါပေမယ့် ကားခ ကတော့ တနေ့ ၂၀၀ နဲ့ စီးသွားရတာပေါ့။ hons ပဲ ပြီးထားတဲ့တစ်ယောက်ကတော့ ၁ သိန်း ၄ သောင်း လောက်ရတယ်။ သူလည်း တနေ့ ၂၀၀ ကားခတော့ ကုန်တာပဲ။
သူငယ်ချင်း တစ်ယောက်ကတော့ hons တက်နေရင်း ကျောင်းဆက်မတက်ပဲ air bagan က computer section မှာ ဝင်လုပ်တယ်။ အခုအချိန်မှာတော့ computer section မှာ အကြီးဆုံးဖြစ်နေပြီ။ လခ ကတော့ ၁ သိန်းကျော်ပဲ။ သေသေချာချာ မသိတော့ဘူး။
တချို့ သူငယ်ချင်းတွေကတော့ hons ပြီးတာနဲ့ စလုံးမှာ ကျောင်းသွားတက်ကျတယ်။ အခုအချိန်မှာတော့ သူ့ ဘဝ သူရပ်တည်နေနိုင်ကြပြီ။
နောက်ထပ် သူငယ်ချင်းတစ်ယောက်ကတော့ company တစ်ခုမှာ ဝင်လုပ်တယ်။ computer company ဖြစ်ပေမယ့် hardware sale company ပဲလေ။ ၆ သောင်းလောက်ပဲ ရပေမယ့် ပစ္စည်းရောင်းတဲ့အပိုင်း အဓိကပဲ။ programming တွေ ဘာတွေ မလိုဘူးလေ။
ညီငယ်တစ်ယောက်ကတော့ web designer အနေနဲ့ ဝင်လုပ်နေတယ်။ master ဆက်မတက်ဘူး။
လူတော်တော်များများ အကြောင်းတွေတော့ ပြောပြီးသွားပါပြီ။ ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းပြီးတာနဲ့ ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ရမှာပဲ။ ကျောင်းက ပညာနဲ့ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကိုယ့်ဘဝအတွက် ရပ်တည်နိုင်ဖို့အတွက် မိသားစုအခြေအနေ ပေါ်မူတည်ပြီး ဆုံးဖြတ်သွားရတာပဲ။ တကယ်တန်း လွတ်လပ်စွာနဲ့ လုပ်ချင်တာလုပ်လို့ ရတယ်ဆိုတာ ကျောင်းသားအရွယ်ပဲ။ ကျောင်းတက်နေတုန်းသာ ကိုယ့် creation တွေ ဖော်ပြလို့ရမယ်။ ဖန်တီးနိုင်မယ်။ ကျောင်းပြီးသွားရင်တော့ ကျောင်းမှာ နေထိုင်ပုံပေါ်မူတည်ပြီး ကိုယ့်ဘဝ ကိုယ့်လမ်းကြောင်းကို လျှောက်ရတာပဲ။ ကျောင်းပြီးသွားတဲ့ သူတွေဟာ အသက်က ၂၀ ဝန်းကျင်ဖြစ်လာတာနဲ့ အညီ မိသားစု အဖေ အမေ တွေကို စဉ်းစားပေးတတ်လာတယ်။ မိဘက တစ်သက်လုံး မကျွေးထားနိုင်ဘူးဆိုတာ နားလည်လာတာနဲ့ အမျှ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကိုယ့်ဘာသာ ကိုယ်အလုပ်ရှာပြီး ဝင်လုပ်ကြတာပဲ။ ကျောင်းတုန်းက အပျော်လွန်ခဲ့တဲ့ လူတွေအတွက်က အဲဒီအချိန်မှာမှ သင်တန်းတွေ တက်သူတွေကတက်။ နောက်ပြီး ကိုယ်နဲ့ ဘာအလုပ်သင့်တော်မလဲ မသိသူကမသိနဲ့ဖြစ်နေတတ်တယ်။
ဘာပဲပြောပြော ကျွန်တော့် ကျောင်းသား ဘဝကို ကျွန်တော် သတိရတယ်။ ကျွန်တော် ဖန်တီးချင်တာတွေကို လွတ်လပ်စွာ ဖန်တီးနိုင်တယ်။ အလုပ်တွေ ငွေတွေ ထည့်စဉ်းစားဖို့မလိုဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို တစ်ညလုံး လုပ်ချင်လုပ်တယ်။ ပိုက်ဆံရတဲ့ အလုပ်တွေ တစ်ခုမှ မလုပ်ခဲ့ဘူး။ ဝါသနာပါတဲ့ဟာတွေကိုပဲ ဖန်တီးခဲ့တယ်။ အခုအချိန်မှာတော့ မိဘကို လက်ဖြန့်တောင်းတဲ့ ဘဝ မရောက်အောင် ကြိုးစားပြီး နေထိုင်နေတယ်။ အခက်အခဲတွေကတော့ ရှိစမြဲပဲ။ ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်ချက်တွေ ချရတာပဲ။ မိဘအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်အောင် ကြိုးစားပြီး နေထိုင်ရတာပဲ။ ရှင်းရှင်းပြောရရင် ရည်းစားနဲ့ လျှောက်လည်ဖို့ မိဘ ဆီကနေ လက်ဖြန့်တောင်းရတာ အလွန်ရှက်ဖို့ ကောင်းတဲ့အလုပ်လို့ မြင်တယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ ကိုယ်ပိုင် creation တွေ မလုပ်နိုင်တော့ဘူး။ ဒါတွေကို ကျွန်တော် ကျောင်းပြီးတဲ့ အချိန်တွေ နောက်ပိုင်းမှာ ကျွန်တော့် post တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ လုပ်ကိုင်တဲ့အခါမှာတော့ professional အဆင့်ကို တဖြည်းဖြည်း တက်လှမ်းလာနိုင်တယ်။ တော်တော်များများကို ရအောင် ဆွဲနိုင်လာတယ်။ တနည်းမရရင် တနည်းရအောင် ကြိုးစားနိုင်လာတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ကတော့ ကျွန်တော့်ဘဝအတွက် အတွေ့အကြုံအများဆုံး ရလိုက်တဲ့ နှစ်ပဲဗျာ။ သေချာတာကတော့ လက်တွေ့ အတွေ့အကြုံကတော့ ကျောင်းမှာ မရနိုင်ဘူး။ ဒါပေမယ့် ဖန်တီးမှု အသစ်တွေ idea အသစ်တွေကတော့ ကျောင်းမှာပဲ ရနိုင်ပါတယ်။